အမေရိကန်သမ္မတ အိုဘားမား ဘန်ကောက်ကို ရောက်ပြီး ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံ
(photo by Yingluck Shinawatra Facebook)
အိုဘားမားသည် လေယာဉ်ပေါ်မှ ဆင်းသည်နှင့် ဘန်ကောက်မြို့ လျောင်းတော်မူဘုရားရှိရာ Wat Pho ဘုန်းကြီးကျောင်းသို့ သွားရောက်မည်၊ ယင်းနောက် အသက် ၈၄ နှစ် ရှိပြီဖြစ်သော ထိုင်းဘုရင်ထံ သွားရောက် တွေ့ဆုံမည်ဟု ထိုင်းအခြေစိုက် သတင်းဌာနများ၏ အစောပိုင်း သတင်းများ တွင် ရေးထားသည်။
ယနေ့ည ဘန်ကောက်တွင် နေထိုင်ပြီး မနက်ဖြန်တွင် ရန်ကုန်မြို့တော်သို့ သွားရောက်မည် ဖြစ်သည်။
၎င်း၏ အင်္ဂါနေ့ အစီအစဉ်မှာ ကမ္ဘောဒီးယားနိုင်ငံရှိ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖြစ်သည်။
မိုးမခအထောက်တော် အမှတ် ၀၀၁
No comments:
Post a Comment