ပြည်မြန်မာနှင့် The Messenger ဂျာနယ် နှစ်စောင်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးဥာဏ်ဝင်း တရားစွဲ |
Sunday, 07 October 2012 13:51 |
ရွေးကောက်ပွဲကော်မရှင်က မမှန်မကန် သတင်းပေးမှုဖြင့် တရားစွဲဆို
ခံထားရသည့်အပေါ် ပြည်တွင်း သတင်းဂျာနယ် နှစ်စောင်ဖြစ်သည့်
ပြည်မြန်မာဂျာနယ်နှင့် The Messenger ဂျာနယ်များတွင် ဖော်ပြချက်များ
နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးဥာဏ်ဝင်း က
မန္တလေးတိုင်းဒေသကြီး တရားရေး ဦးစီးဌာနသို့ အောက်တိုဘာလ ၁ ရက် နေ့က
တရားစွဲဆိုမှု ပြုလုပ်ခဲ့သည်။
ပြည်မြန်မာဂျာနယ်နှင့် The Messenger ဂျာနယ်တို့တွင်ရေးသား ဖော်ပြခဲ့သော
‘စာမဖတ်သော စာရေး ဆရာ၊ ဒီမိုကရေစီမသိသော ဒီမိုက
ရေစီဘက်တော်သား’ဆောင်းပါးနှင့် ပတ်သက်၍ အရေးယူပေးပါရန်
ဦးဥာဏ်ဝင်းကမန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးဌာနသို့လျှောက်ထား
ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းဆောင်းပါးပါ ရေးသားဖော်ပြချက်တို့မှာ တရားရုံး၌ စစ်ဆေးမည့်အမှုအား တရားသူကြီး အမိန့်မချမှတ်သေးမီ တရားသူကြီးအပြစ်မြင်အောင် သုံးနှုန်းစွက်ဖက်သည်ဟု ယူဆသောကြောင့် တရားရုံးအားမထေမဲ့မြင်ပြုမှု အက်ဥပဒေပုဒ်မ (၃)ဖြင့် စာရေးသူကိုဥပဒေနှင့် ပြည်မြန်မာဂျာနယ်မှ အယ်ဒီတာချုပ် ဒေါက်တာတင်ထွန်းဦး၊ The Messenger ဂျာနယ်မှ အယ်ဒီတာချုပ် ဦးထက်ဦးဇော်တို့ အား အရေးယူပေးပါရန် လျှောက်ထားခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမျိုးတင့်၏ ပြောကြားချက် အရ သိရသည်။ ဦးဥာဏ်ဝင်းသည် ဧပြီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သောကြားဖြတ် ရွေးကောက်ပွဲတွင်မဲရုံအချို့ရှိ ဆန္ဒမဲလက်မှတ်များတွင် ဖယောင်းသုတ် ထားသည်ဟု ဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြား ခဲ့သည့်အပေါ် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က မမှန်မကန် သတင်းပေး တိုင်ကြားမှုဖြင့်ပြန်လည် တရားစွဲဆိုခြင်းခံခဲ့ရခြင်း ဖြစ်သည်။ “ဒီအမှုတန်းလန်းကြီးမှာ ဆောင်းပါးရှင်က ကျွန်တော့်မှာအပြစ်ရှိတယ်၊ ကျွန်တော်မှားတယ်၊ ဒါတွေရေးနေတယ်။ မှားတယ်၊ မှန်တယ်၊ အပြစ် ရှိတယ်၊ မရှိဘူးဆိုတာက တရားရုံး ကဆုံးဖြတ်ရမယ့်ဟာ။ တရားရုံး မဆုံး ဖြတ်ခင် ဒီလိုရေးတာဟာ တရားရုံး ကို မထေမဲ့မြင်လုပ်တာလို့ ကျွန်တော် အဲဒီလိုတရားစွဲတာပါ”ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။ ကော်မရှင်က တရားစွဲဆိုထား သည့် တရားရုံးမှာ ဇမ္ဗူသီရိမြို့နယ် တရားရုံးဖြစ်သောကြောင့် ယခုဂျာ နယ် နှစ်စောင်ကို တရားစွဲဆိုရာတွင် မန္တလေးဒေသကြီး တိုင်းတရားရုံးတွင် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။ ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲတွင် ဖယောင်း ဖြစ်စဉ်လုံးဝမရှိခဲ့ကြောင်း ၂၀၁၂ ခု နှစ် မေလ ၉ ရက်နေ့က မမှန်သတင်းပေးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၂ အရ နေပြည်တော်ဇမ္ဗူသီရိတရားရုံး တွင်တရားစွဲဆိုခဲ့သည့်အမှုဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ The Messenger ဂျာနယ် တာဝန်ခံအယ် ဒီတာကိုသူရအောင်က “ကျွန်တော်တို့ အခုထိတော့ ဘယ်ဟာကို တရားစွဲတယ်ဆိုတဲ့ဟာ၊ ဘယ်ဆောင်းပါး၊ ဘယ်သတင်းကိုစွဲတယ် ဆိုတာကို သေချာမသိရသေးဘူး။ ပြီးတော့ တရားရုံးကသော် လည်းကောင်း၊ တ ခြားတစ်ခုက သော်လည်းကောင်း ကျွန်တော်တို့ကိုတရားဝင်အကြောင်း ကြားတာမျိုးမရှိသေးပါဘူး။ ဦးဥာဏ်ဝင်းဘက်ကရောပေါ့။ အဓိကက တော့ တရားစွဲတယ်ဆိုတဲ့ဟာကဗျာ။ ကျွန်တော်တို့မှာ ပထမအဆင့်အနေနဲ့ ညှိနှိုင်းလို့ရတယ်ဗျာ။ ဆိုလိုတာက တရားမစွဲခင်မှာ ညှိနှိုင်းလို့ရတဲ့ အဆင့်ရှိတယ်ဗျာ။ ချက်ချင်းကြီး တရားစွဲတဲ့ တုံ့ပြန်မှုတစ်ခုခုစရတာ ကျတော့ စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခုလို့ ကျွန်တော်မြင်တယ်။ NLD ရဲ့ အတွင်းရေးမှူး တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ဂျာနယ်တွေ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေကို သူ့အနေနဲ့ ဘယ်လိုရှုမြင်ထားလဲဆိုတာ မရှင်း လင်းဘူးလို့တော့ ကျွန်တော်မြင် တယ်။ NLD နဲ့ ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ ဒီလိုကိစ္စမျိုးမှာ တခြား အမှုပြုလုပ်နေတဲ့ ၀န်ကြီးဌာနတွေလို မလုပ်ဘဲနဲ့ အရင်ဆုံးညှိနှိုင်းသင့်တဲ့ ဟာမျိုးသွားသင့်တယ်။ နောက်တစ်ခုကမှ နောက်ထပ်အဆင့်အဆင့်ပေါ့။ တကယ်လို့ မပြေလည်ဘူးဆိုရင် တရားစွဲတာမျိုး။ အဲဒါမျိုးတော့ ကျွန်တော် တို့က ပိုဖြစ်စေချင်တာပေါ့နော်။ အခု ဟာက ထစ်ခနဲရှိ စာနယ်ဇင်းကိုတရား စွဲတယ်ဆိုတဲ့ဟာမျိုးကျတော့ ကောင်းတဲ့အလေ့အထလို့တော့ ကျွန်တော် တို့မမြင်ပါဘူး”ဟု ဖြေကြားခဲ့သည်။ ပြည်မြန်မာသတင်းဂျာနယ် အယ်ဒီတာချုပ်ဒေါက်တာတင်ထွန်း ဦးက “ဘယ်ဟာကို စွဲတယ်ဆိုတာတော့ မသိသေးဘူး။ ဘာစာမှလည်း မလာသေးဘူး။ ဒါပေမယ့်’စာမဖတ် သော စာရေးဆရာ၊ ဒီမိုကရေစီမသိသော ဒီမိုကရေစီ ဘက်တော်သား’ ဆိုတဲ့ဆောင်းပါးကြောင့် လို့တော့ ကြားတယ်။ အဲဒီဆောင်းပါးကြောင့် ဆိုရင်တော့ ကျွန်တော်တို့ ဂျာနယ်ရော၊The Messenger ဂျာနယ်ရော ဒီဆောင်းပါးက ပါတာပဲ။ ရေးသူ လည်းတူတယ်။ ခေါင်းစဉ်လည်းဒါပဲ။ အတွင်းစာသားကလည်း အတူတူပဲ။ ထည့်တာကခုနစ်လပိုင်းမှာ။ အဲဒီအချိန်တုန်းက သိတဲ့အတိုင်းပဲ ကျွန်တော်တို့က စာပေစိစစ်ရေးက နေ တင်ထုတ်စနစ်နဲ့ သွားနေရတာ။ အဲဒီအချိန်မှာ ဒီဆောင်းပါး ပါသွား တာ။ ကျွန်တော့်အနေနဲ့တစ်လျှောက် လုံးမှာ သူတစ်ပါးကို ထိခိုက် နစ်နာစေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘာမှ မဖော်ပြခဲ့ဖူးပါဘူး။ ဆောင်း ပါးကို သတိထားကြည့်ရင် နှစ်စောင် စလုံးမှာ အားလုံးတူနေတယ်။ ကျွန်တော်တို့အနေနဲ့ ငြင်းပယ်လို့မရတဲ့ အခြေအနေကြောင့်ပဲ ထည့်လိုက်ရ တယ်လို့ပြောချင်ပါတယ်။ အခုတရားစွဲတဲ့အပေါ်မှာတော့ ကျွန်တော့်အနေ နဲ့ကတော့ ပြေပြေလည်လည် ဖြစ်စေချင်တယ်။ မီဒီယာနဲ့နိုင်ငံရေး ပါတီတွေကတော့ ကိုင်းကျွန်းမှီ၊ ကျွန်း ကိုင်းမှီ အပြန်အလှန် ဆက်စပ်နေတာပါ။ တရားရုံးမရောက်ခင်မှာ ညှိနှိုင်းလို့ရနိုင်ရဲ့နဲ့ ဒီလိုတန်းပြီး တရားစွဲတာကိုတော့ စိတ်မကောင်းဖြစ်မိပါတယ်” ဟု ဖြေကြားခဲ့သည်။ |
Comments
ဒါမှ မဟုတ် ဒါးတွေ ဘာတွေနဲ့များ ....
ဒီမိုကရေစီဘက်တော်သားတဲ့..ဟုတ်လား.ဟားဟားဟား...
အဲဒါဆိုငါကလဲမင်းတို့ကိုပြောမယ်..ပညာမတတ်သောစာနယ်ဇင်း
သမား..လိမ်စရာမရိရင်.ကိုယ့်ပေါင်ကိုပြန်လိမ်နေသောအစိုးရလို့......
အစိုး၇အလိုကျဟောင်ပေးနေရတဲ့...တွေဆိုတာလူတိုင်းသိပါ
တယ်.ဆရာကြီးဇော်ဇော်အောင်ပြောတဲ့ပဥမံတပ်သားတွေဆိုတာဒီကောင်
တွေပဲ..ကျော်မင်းဆွေ..မင်းကဘာပြောတယ်.အာဏာရုင်ဆန်
တယ်တဲ့.ဟုတ်လား..အဲဒိစကားတွေကိုမင်းပထွေးတွေကို
သွားပြော...စာနယ်ဇင်းအရေခြုံထားတဲ.သူခိုးတပည့်...လူမိုက်တပည့်တွေ....
We will fight all bull shift USDP peoples.
စာနယ်ဇင်းမှာဖော်ပြတဲ့သတင်းကြောင့်နစ်နာသူကဥပဒေအရ
မဆောင်ရွက်မီစာနယ်ဇင်းနဲ့ညှိရမယ်၊မညှိဘဲတရားစွဲတာဟာ
ကောင်းတဲ့အလေ့အထမဟုတ်ဘူးဆိုတာကတစ်ဖက်သတ်ဆန်လှ
ပါတယ်၊အခွင့်အရေးယူလွန်းရာကျပါတယ်။
စာနယ်ဇင်းတွေအနေနဲ့တရားရုံးမှာစစ်ဆေးဆဲအမှုနဲ့ပတ်သက်ပြီး
သတင်းဖော်ပြတော့မယ်ဆိုရင်၊အဲဒီသတင်းဖော်ပြချက်ဟာဥပဒေနဲ့
ညီမညီနားလည်ထားပြီးဖြစ်သင့်တယ်လိုထင်ပါတယ်။
ဦးဥာဏ်ဝင်းကမန္တလေးတိုင်းဒေသကြီး၊တရားလွှတ်တော်ကိုလျှောက်
ထားရာမှာစာနယ်ဇင်းထုတ်ဝေသူတွေကိုချန်လှပ်ထားတယ်လို့ထင်ပါ
တယ်။
( ဟုတ်ကဲ့ ဦးညဏ်ဝင်း ဆိုတာဘာလဲ မသိပဲနဲ့ သွားဆော်တာကိုး၊၊) ဒီဖယောင်း ကိစ္စ က တကယ်ဖြစ်ခဲ့တယ်ဆိုတာတောင် မသိလောက်အောင် ခင်များဒို့ ဂျာနယ်တွေ ဘယ်မှာ အလေသွားလိုက်နေတာလဲ?
လုပ်ပါဦး EMG အဲ့ဒီ ဆောင်းပါး ဖြတ်ပိုင်းလေး။။။။
သတင်းရဲ့တာဝန်ယူမှုဆိုတာက နောက်မှဖြစ်လာမယ့်ကိစ္စမျိုးဆိုတော့သတင်းစာတိုက်အနေနဲ့ တာဝန်ယူမှုရှိရပါမယ်။ အခုကိစ္စက ဒီမိုကရေစီရဲ့ ကျင့်သားမရသေးတဲ့ ချိန်ကိုက်မှုတစ်ခုပါပဲ။ ပုဂ္ဂိုလ်ရေး
ထိခိုက်မှုကို ဦးမတည်ရင်တော့ နားလည်ပေးလို့ရပါတယ်။ ခက်တာ
က ဂျာနယ်တိုက်က NLDရဲ့ ပြိုင်ဘက်လွတ်တော်အမတ်ဆိုတော့ နည်းနည်းတော့ ပြောစရာဖြစ်နေတာပေါ့။ ခွင့်လွှတ်ပေးလိုက်ပါဆရာတို့ရေ၊
သရုပ်ဆောင်လောကမှာလဲ policy ကားရိုက်သောသရုပ်ဆောင်နဲ့ မရိုက်သောသရုပ်ဆောင်
ရယ်လို့ရှိကြပါတယ်။ ရိုက်တဲ့သူတွေက မြေကွက်တို့ ၊ ဟိုတုန်းကဇိမ်ခံပစ္စည်းဖြစ်ခဲ့တဲ့ဖုန်းတို့
ရလို့ ရိုက်ကြပြီး အပြင်မှာတော့ မလွှဲမရှောင်သာလို့ ရိုက်ရတာပါလို့ အကြောင်းပြလေ့ရှိကြပါတယ်။
ဒါပေမယ့် policy ကား ဘယ်တော့မှမရိုက်တဲ့ နာမည်ကြီးသရုပ်ဆောင်တွေကို ကြည့်ခြင်းအားဖြင့်
ကိုယ်ကိုယ်တိုင်က ပါလို့ဖြစ်တယ်ဆိုတာ သိသာပါတယ်။(မသေချာပေမယ့် ကြားဖူးတာကတော့
သရုပ်ဆောင်တစ်ယောက်ဟာ policy ကားမရိုက်ချင်ရင် အလှူငွေထည့်ဝင်ပြီးရှောင်နိုင်ပါတယ်တဲ့။)
တစ်ဖက်ကလည်း Media ကို Media နဲ့တိုက်မယ်လို့ ကြွေးကြော်နေတာ ဒီလို Media တွေအားကိုး
ရှိလို့ပါ။
ကျုပ်ကတော့ အဲလိုမထင်ပါ။
ဦးဥာဏ်ဝင်းတို့ ရှင်းရှင်းလင်းလင်းမြင်လွန်းလို့ အခုလိုလုပ်တယ်လို့ထင်ပါတယ်။
ဆရာတို့ဖက်ကသာ ဒီအမှုကို မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ဖြေရှင်းနိုင်ရင် နောင်တချိန်မှာ စာနယ်ဇင်းတွေရလာမဲ့ အကျိုးကျေးဇူးကို မြင်ဖို့လိုတယ်လို့ထင်ပါတယ်။
EMG အယ်ဒီတာချုပ်နှင့်တကွ စာနယ်ဇင်းဆရာများခင်ဗျား
ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဆရာတို့ကြောက်နေရတဲ့ နောက်ကွယ်ကဖိအားပေးနေကျ ရန်သူကြီးကို ဆရာတို့စာနယ်ဇင်းဆရာတွေအားလုံး ဝိုင်းဝန်းဖော်ထုတ်ကြဖို့ အချိန်ကောင်းလို့ထင်ပါတယ်ခင်ဗျား။
ဒါပဲပေါ့။
ဒီလိုဖြစ်တတ်မှန်း ဦးဥာဏ်ဝင်းတို့လည်း သိပါလိမ့်မယ်။
ဆရာတို့ဖက်က ဆောင်းပါးရဲ့မူလဇာစ်မြစ်ကို ရှင်းပြတာမျိုး လိုချင်တာလို့ထင်ပါတယ်။
အခုလည်း လူသိရှင်ကြားမလုပ်ရင်၊ ဆရာတို့က အထက်ကိုကြောက်ပြီး တိုးတိုးတိတ်တိတ် ဖြေရှင်းရင် စာနယ်ဇင်းလောကမှာ အုပ်ချုပ်သူတွေ ခြေရှုပ်တတ်ကြောင်း ပြည်သူတွေမသိလိုက်မှာစိုးလို့ တရားရုံးပို့တယ်လို့ထင်ပါတယ်။
ဆရာတို့ဖက်က စာနယ်ဇင်းတွေရဲ့ အကြာက်တရားဆိုတဲ့ ခေါင်းစဉ်မျိုးနဲ့ ပြည်သူသိအောင်ဖွင့်ချဖို့ အခြေအနေကောင်းဖန်တီးပေးလိုက်တာပဲ။
ဆရာတို့ကနေတဆင့် ဒီဆောင်းပါးဖြစ်ပေါ်လာအောင် ဖန်တီးတဲ့အခြေအနေကို ရည်ရွယ်တရားစွဲဆိုလိုတဲ့ တရားရင်ဆိုင်မှုလို့ မြင်ပါတယ်။
ကျုပ်တို့ပြည်သူတွေကတော့ ဆရာတို့ဖက်က ကြောက်ပြီးအမှန်အတိုင်းမပြောပဲ တရားခံအစစ်အစား ဆရာတို့ခေါင်းခံမခံ စောင့်ကြည့်ရတော့မှာပဲ။
ဆရာတို့ကိုယ်တိုင် စာနယ်ဇင်းအကျိုးအတွက် အမှန်အတိုင်း ထုတ်ဖော်ပြောဆိုကြပါလို့ တိုက်တွန်းလိုပါတယ်။
This was hot news during election time and many people said that the paper can not easily tick, something is wrong.
U Tin Aye's commission allowed to approve NLD win because of president U Thein Sein, not because of their honest.
Secondly, why Dr Tin Htun Oo allow to print this. What I thought is he is a loser during election.He is from USDP party.U Tin Aye, please stop doing unreasonable
things suing NLD.This is the time to walk together with NLD.
So it is political pressure? Then please understand that U Nyan Win is suing journals to counteract to give a political message, an evidence usable for the case that the Election Commission sued him for political reasons too. A conspiracy theory in the aftermath of th USDP ugly loss.
If both journals regretted that they were sued now, and if they said they were pressured to print this article, then they also should have contacted U Nyan Win once the news came out that the Electoral Commission sued him, in order to apologize and work out a solution early on. These journals should be accountable for their action whatever the reasons they had to do it. Own it up and face the consequences!
P. S - This comment is not meant to endorse U Nyan Win's side entirely. It is annnoying to see "Yuu chin yawn saung; pretend to be temporarily foolish".