မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေး ဥပဒေကြမ်း အမေရိကန်သမ္မတ ဘာရက်အိုဘားမား လက်မှတ်ရေးထိုး |
Saturday, 06 October 2012 11:12 | |
အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ
ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးဥပဒေကြမ်းကို အောက်တိုဘာလ ၅ ရက်နေ့က
လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။ အဆိုပါဥပဒေကြမ်းကို အမေရိ ကန်ကွန်ဂရက် လွှတ်တော်က ပြီးခဲ့သည့်လက အတည်ပြုခဲ့ပြီး ယခုကဲ့သို့ သမ္မတအိုဘားမားက လက်မှတ်ရေးထိုးလိုက်သည့်အတွက် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံကို အကူအညီပေးနိုင်တော့မည် ဖြစ်သည်။ “ဒီဥပဒေကို အကောင်အထည်ဖော်ခြင်းဟာ မြန်မာနိုင်ငံမှာ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ကောင်းမွန် တဲ့အုပ်ချုပ်မှု၊ ပြုပြင်ပြောင်းလဲမှုတို့ မှာ တိုးတက်မှုရှိလာစေဖို့အတွက် ဒီဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေ၊ မူဝါဒတွေကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ပုံဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု အမေရိကန်လက်ထောက် ဘဏ္ဍာရေး ၀န်ကြီးနီးလ်ဝိုလင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ဘဏ္ဍာရေးအဖွဲ့အစည်းများမှ ငွေကြေးချေးငှားမှု ပြန်လည်မစတင်မီ အဆိုပါဘဏ်များအပေါ် တင်ရှိနေသည့် ကြွေးကျန်များကို ပြန်ဆပ်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ပို့ကုန်များကို အမေရိကန်နိုင်ငံသို့ တင်သွင်းမှုပိတ်ဆို့ ထားခြင်းကို ဖြေလျှော့သွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတဦးသိန်းစိန်နှင့် စက်တင်ဘာလ ၂၆ ရက်နေ့က နယူးယောက်မြို့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့ပြီး မကြာမီ ယခုကဲ့သို့ သမ္မတအိုဘားမား၏ ဥပဒေကြမ်း လက်မှတ်ရေးထိုးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်နေမှု ဆက်လက်ဖြစ်ပေါ် တိုးတက်မှုများကို အသိအမှတ်ပြုခြင်းနှင့် အစိုးရနှင့် အတိုက်အခံနှစ်ဖက်စလုံးမှ တောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မိမိတို့၏ ကုန်သွယ်မှုဆက်ဆံရေးကို ပုံမှန်ဖြစ်ရေး ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာ တွင် ပြောကြားခဲ့သည်။ “အရေးယူပိတ်ဆို့မှုတွေ ဖြေလျှော့တာကို ကျွန်မအလေးအနက် ထောက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ပြည်သူတွေ အနေနဲ့ မိမိတို့ ရဲ့ ကိုယ်ပိုင်ကံကြမ္မာအတွက် စတင် တာဝန်ယူရမှာ ဖြစ်လို့ပါ။ ဒီမိုကရေစီ ဖြစ်ထွန်းရေး အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ဖို့အတွက် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ အပေါ် မိမိတို့ အနေနဲ့ မမှီခိုသင့်တော့ပါဘူး။ ကျွန်မတို့အနေနဲ့ ကိုယ့်ဖာသာကိုယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကျွန်မတို့ကို ကူညီနိုင်တဲ့ တခြားနည်းလမ်းတွေ လည်းရှိပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံပြီးနောက် ၀ါရှင်တန်ဒီစီရှိ U.S. Institute of Peace တွင် စက်တင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့ သည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် အမေရိကန် ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင်နိုင်ရန် ခွင့်ပြုကြောင်း ဇူလိုင်လ ၁၁ ရက်နေ့ က ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများအတွက် ချီးမြှင့်သည့် အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျှော့လျက် ရှိနေသည်။ |
Comments
သို့သော် ---
လွတ်လပ်ရေးကိစ္စ အရေးဆိုဖို့ အသွား၊ ဗိုလ်ချုပ် ပြောခဲ့သော စကားတခွန်းကို မှတ်သား ဖူးပါသည်။
'I hope for the best, but I'm prepared for the worst.'
(အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်၊ အဆိုးဆုံး ဖြစ် ရင်လဲ ရင်ဆိုင်ဖို့ အသင့်ပဲ။)
ဆိုခဲ့သည့်အတိုင်း၊ "သတိ" ဟူသည် ပိုသည် မရှိပါ။
"စီ အိုင် အေ ခြေရှုပ်သမျှ" စာအုပ် ကို ဖတ်ထားစေခလို။
ငါတို့ မြန်မာတွှေေ၇ှ့ သို့ ချီပြီ။
ငါတို့ အတွှက်ေ၇ှ့ ဆုံးတနေ၇ာကို ငါတို့ ပြန်လာပြီ။
ေ၇ှာင်လော....၇ှားလော။
ကို အလေးထားနိုင်မှ အမေရိကဈေးကွက်ထဲကို တိုးဝင်နိုင်မည်။
လူကြီး/လူငယ် လက်ဖက်ရည်ဆိုင်ထိုင် လေကန်နေတာတွေ ရပ်သင့်ပြီ။
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
စေတီစပါး များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
မစားလေရ ၀မ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောက ပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့း
(ဆရာဇော်ဂျီ)
သူတို့စိနသားတွေ ထမင်းလေးဝလာတော့အရှေ့ပင်လယ်မှာ စွာကျယ်ကျယ်လုပ်နေတာ၊ အခုတော့ သူ့နောက်ဘက် တည့်တည့်မှာ သူ့ပါပါးရောက်လာတော့မယ်။
တို့အဘနဲ့တို့အမေတို့ ဘယ်လိုကစားကွက်ရွှေ့မလဲဆိုတာ သိပ်စိတ်ဝင်စားစရာကောင်းနေပြီ။မြန်မာတို့တူဖြစ်တဲ့အလှည့်ပြန်ရောက်တော့မယ်။