Monday, October 8, 2012

မြန်မာ့ပညာရေးစနစ် ညံ့ဖျင်းမှုကြောင့် လူငယ်မျိုးဆက်များအကြား လုပ်နိုင်ကိုင်နိုင်သည့်သူများ ရှားပါးခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို


မြန်မာ့ပညာရေးစနစ် ညံ့ဖျင်းမှုကြောင့် လူငယ်မျိုးဆက်များအကြား လုပ်နိုင်ကိုင်နိုင်သည့်သူများ ရှားပါးခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို  PDF Print
Monday, 08 October 2012 14:13
AddThis Social Bookmark Button

su-810
မြန်မာ့ပညာရေးစနစ် ညံ့ဖျင်းမှုကြောင့် လူငယ်မျိုးဆက်များအကြား လုပ်နိုင်ကိုင်နိုင်သည့် သူများ ရှားပါးခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ယနေ့ (အောက်တိုဘာလ ၈ ရက်နေ့) နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်က ပြုလုပ်ခဲ့သော အမေရိကန်နိုင်ငံ ခရီးစဉ် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲ၌ မြန်မာ့ပညာရေးနှင့် ပတ်သက်၍ ပြောဆိုရာတွင် ညံ့ဖျင်းသည့် ပညာရေးစနစ်ကြောင့် လူငယ်မျိုးဆက်များအကြား လုပ်နိုင်ကိုင်နိုင်သည့်သူများ ရှားပါးသွားခဲ့ရကြောင်း၊ အဆိုပါညံ့ဖျင်းမှု၏ အကျိုးဆက်ကို တတ်နိုင်သလောက် ပြုပြင်ပြီး ရုန်းထွက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ပြုလုပ်သော အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်အား သွားရောက်ရခြင်း ရည်ရွယ်ချက်၊ မီဒီယာ၏ အရေးပါမှု၊ မြန်မာနိုင်ငံ၏ တရားစီရင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံသို့ သွားရောက်ရသည့် ခရီးစဉ် ရည်ရွယ်ချက်မှာ အကြောင်းအချက် နှစ်ခု ရှိပြီး မြန်မာ့ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ကူညီလုပ်ဆောင်ပေးခဲ့သည့် အမေရိကန်အစိုးရ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး ကဏ္ဍများမှ အရေးပါသောပုဂ္ဂိုလ်များကို ကျေးဇူးတင်စကား ပြောကြားရန်နှင့် မြန်မာ့ဒီမိုကရေစီလမ်းစ စတင်ရောက်ရှိနေပြီဖြစ်ကြောင်းကို ရှင်းလင်းပြောကြားရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရီးစဉ်ကာလအတွင်း ပညာရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာပုဂ္ဒိုလ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်သဘောတူညီမှုနှင့် မူများအရ ဆွေးနွေးသည့်ကိစ္စရပ်များကို အသေးစိတ်ထုတ်ပြန်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့ပြင် စီးပွားရေးနှင့် ပတ်သက်ပြီး ချင့်ချိန်ပြီး မှန်ကန်သော ရင်းနှီးမြုပ်နှံမှု ဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်းကို ခရီးစဉ်ကာလအတွင်း ပြောကြားခဲ့ကြောင်း၊ ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်ပြီး ရေရှည်အကျိုးဖြစ်ထွန်းမှု (မိမိအကျိုးစီးပွား အပါအ၀င် ပြည်သူများ၏ အကျိုးဖြစ်ထွန်းမှု) ကို ထည့်သွင်းစဉ်းစား၍ မှန်ကန်စွာ သုံးသပ်ပြီး လုပ်ဆောင်ရန် လိုအပ်မည်ဟု ၎င်းက ပြောကြားခဲ့သည်။
သတင်းမီဒီယာများနှင့် ပတ်သက်၍ မှန်ကန်သောသတင်း ဖြန့်ချိရေးက အရေးပါမည်ဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူမှုများကို ဖော်ထုတ်ရာတွင် အချက်အလက်ခိုင်မာမှုများကို ဦးစာပေး၍ ရေးသားဖော်ထုတ်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပညာရေးနှင့် ပတ်သက်ပြီး ရန်ကုန်တကသိုလ် ပြန်လည်ရှင်သန်ရေး ကိစ္စရပ်ကို အလေးအနက်ထား ပြောကြားသွားခဲ့သည့်နည်းတူ ကျန်းမာရေးစနစ်တွင်လည်း ရန်ကုန်ဆေးရုံကြီးအား ဆေးရုံအင်္ဂါရပ်နှင့်အညီ ပြန်လည် အဆင့်မြင့်တင်ရန် လိုအပ်မည့်ကိစ္စရပ်များကိုလည်း ပြောကြားခဲ့ပါသည်။
တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များတွင် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရာ၌ လူတစ်ဦးချင်းစီအလိုက် ပြုပြင်ပြောင်းလဲမှုက အရေးပါမည်ဖြစ်ကြောင်းနှင့် ပြည်မြန်မာ ဂျာနယ်နှင့် The Messenger ဂျာနယ်များကို တရားစွဲဆိုရခြင်း ကိစ္စရပ်မှာလည်း သတင်းဌာနနှင့် သတင်းထောက်များကို အငြိုးထားလို၍ မဟုတ်ဘဲ တရားဥပဒေစိုးမိုးရေးကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အလားတူ ပြည်သူများက လိုလားမှု ရှိပါက သမ္မတ ဖြစ်လာမည်ဆိုသော ကိစ္စရပ်နှင့် ပတ်သက်၍မူ သူ့အနေဖြင့် ပါတီခေါင်းဆောင်တစ်ဦး ဖြစ်နေသည့်အတွက် သမ္မတအဖြစ် တာဝန်ထမ်းဆောင် ရမည်ဆိုပါကလည်း တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်ကသာ လုပ်ဆောင်သွားလိမ့်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်ကို ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်စဉ်ကပင် ချမှတ်ထားသောမူတစ်ခု ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်ခြေ၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ကြောင်း၊ ထိုင်ခုံနေရာ လုခြင်း ဆိုသည်မှာ ထိုင်ခုံ မရှိစဉ်ကပင် ရှိနေခဲ့သည့်ကိစ္စဖြစ်ပြီး ယခုထိုင်ခုံ ရှိလာချိန်တွင် ထိုကိစ္စရပ်များ ပိုဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုကိစ္စရပ်များကို သင်ခန်းစာယူ၍ အဖွဲ့ချုပ်ကို ပိုမိုရင့်ကျက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အမေရိကန်ခရီးစဉ်အပြီး တရုတ်နိုင်ငံသို့ ဘွားရောက်ဖွယ်ရှိကြောင်း သတင်းများနှင့် ပတ်သက်၍မူ သူ့အနေဖြင့် တရုတ်နိုင်ငံသို့ သွားချင်စိတ်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့်အပြင် နှစ်နိုင်ငံ ပြည်သူများအကြား ပိုမိုရင်းနှီးစေရန် ရည်ရွယ်၍ သွားလိုခြင်းသာဖြစ်ကြောင်း၊ နှစ်နိုင်ငံ နွေးထွေးသည့်ဆက်ဆံရေးကို ထူထောင်ဖို့ လိုကြောင်းနှင့် တတ်နိုင်သလောက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်ခရီးစဉ်မှ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် အခက်အခဲဆုံးကာလကို ဖြတ်သန်းရလိမ့်မည်ဆိုသော စကားနှင့် ပတ်သက်၍မူ အဖြစ်များကို အဖြစ်များအတိုင်း မမြင်ဘဲ ဖြစ်စေချင်သည့်ဆန္ဒအတိုင်း တင်မြင်ယူဆနေပါက စိုးရိမ်ရမည့်အနေအထား ဖြစ်ခြင်းကြောင့် ထိုစိုးရိမ်မှုများ ဖြစ်ပေါ်လာမည့် အချိန်ကို အခက်အခဲဆုံးကာလဟု ဖွင့်ဆိုရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

Comments 
+2 #13 kinglakeshore 2012-10-09 09:30
လောလောဆယ်တော့ ကဏ္ဍအတော်များများမှာ “အတ္တဟိတ” “ပရဟိတ” စာလုံးရေးပြဖို့ လိုတယ်လို့ ထင်ပါတယ် :-*
 
+12 #12 ကျောင်းသားကြီး 2012-10-09 07:25
Quoting kowuntho:
ဟီး တဆက်တည်း ပြောရ ရင် EMG ရဲ့ အင်္ဂလိပ် သတင်း နဲ့ ပတ်သက်ပြီး ဝမ်းသာရပေမဲ့ အင်္ဂလိပ်စာ အရေး အသား တော်တော် ညံ့ တာကို တွေ့ ရပါတယ်။။
D 8) 8)
မြန်မာတွေ အင်္ဂလိပ်စာညံ့တာတော့မဟုတ်ဘူး ဒါပေမဲ့ အတွေးအခေါ်မကျယ်ပြန့်တာ၊ အင်္ဂလိပ်စာရေးရင်အင်္ဂလိပ်လို ပီပီသသရေးဖို့ သင့်တယ်။ ဒါပေမဲ့ မြန်မာပြည်က အင်္ဂလိပ်စာတွေအားလုံးဟာ မြန်မာလိုတွေးပြီး အင်္ဂလိပ်လို တိုက်ရိုက်ဘာသာပြန်ရေးနေတော့ အင်္ဂလိပ်တွေ နားလည်ဖို့ အရမ်းခက်သွားတယ်။ စကားလုံးတွေကတော့ မှန်ချင်မှန်မယ် ဒါပေမဲ့ အဓိပါယ်တွေက အထားသိုမှားနေတာအများကြီးပဲ။ ဥပမာပြောရ၇င်။ ဗမာလို ကိုယ့်အားကိုယ်ကိုး ကိုယ့်ေ့ခြထောက်ပေါ်ကိုရပ်နိုင်ပြီးဆို တဲ့ ဗမာစကားကို မြန်မာပြည်က နာမည်ကြီး မြန်မာ့အသံက အင်္ဂလိပ်စာပို့ ချသူက ဘယ်လိုပြောလဲဆို။ I can stand on my own feet ဆိုပြီး တိုက်ရိုက်ဘာသာပြန်ပြောတယ်။ အင်္ဂလိပ်တွေနားမလည်ဘူ;/ နားလည်အောင် ရေးချင်ရင် I can survive myself, or I can support myself etc. စသဖြင့် အင်္ဂလိပ်အဓိပါယ်ပေါက်အောင် နားလည်အောင်ရေးရမှာ။ နေ၀င် နဲ့ သန်းရွှေ မြန်မာမှုပြုကောင်းတဲ့ သောက်တလွဲ ပညာရေးစံနစ်ကြောင့်ပါပဲ။ Burma ကို မြန်မာလုပ်လိုလုပ် မဟုတ်တဲ့ နေရာမှာ တလွဲ ဆံပင်ကောင်းဆိုတာပေါ့။
 
+23 #11 kokokokokoko 2012-10-08 23:18
ှအမှန်အတိုင်းဝန်ခံကြပါ။
အုပ်ချူပ်သူအစိုးရအတွင်း ၆၀ ရာခိုင်နူန်း မိမိကိုယ်မိမိ ကိုယ်ကျင့်တရားကောင်းစွာ နဲ့တိုင်းပြည်အ
ကျိုးဆောင်ရွက်ချင်သလား?
ပြည်သူ့ဝန်ထမ်းအတွင်း ၆၀ ရာခိုင်နူန်း မိမိကိုယ်မိမိ ကိုယ်ကျင့်တရားကောင်းစွာ ပြည်သူ့အကျိုး
ဆောင်ရွက်ချင်သလား?
စီးပွားရေးလောကအတွင်း ၆၀ ရာခိုင်နူန်း မိမိကိုယ်မိမိ ကိုယ်ကျင့်တရားကောင်းစွာ သမာအာဇိဝ
ကျကျ စီးပွားရှာသလား?
ပြည်သူ ၆၀ ရာခိုင်နူန်း မိမိကိုယ်မိမိ အသိအတတ်ပညာ လေ့လာတိုးတက်လိုမူ့ရှိသလား?
ဤ ၄ ချက်နဲ့ပြည့်စုံလျင် ဒို့နိုင်ငံ တိုးတက်ကြီးပွားမူ့လမ်းပေါ်ရောက်ပြီ။
လမ်းပေါ်ရောက်အောင်အရင်ကျိုးစားကြပါ။အမေစုကိုလေးစားချစ်ခင်ရင် လက်ခုတ်တီးနေရုံနဲ့
ဘာမှဖြစ်မလာပါ။ ကျိုးစားကြပါ လိုက်နာဆောင်ရွက်ကြပါ။
 
+13 #10 Zawtika 2012-10-08 20:36
Quoting Change:
Quoting Zawtika:
မြန်မာ့ပညာရေးစနစ် ညံ့ဖျင်းမှုကြောင့် လူငယ်မျိုးဆက်များအကြား လုပ်နိုင်ကိုင်နိုင်သည့် သူများ ရှားပါးခဲ့ရကြောင်း
အဲက်ဒါ.... အဲက်ဒါ
အဲက်ဒါမျိုးကို ဖြစ်စေချင်တာ
အဲက်သလိုဖြစ်သွားအောင် လုပ်လိုက်ရတာ ဖတ်ဖတ်ကိုမောလို့... ဟူး.....
အဲဒီ ငတုံးတပြုံကြီး နဲ့ မောင်ကြီးနှမ ရှေ့ရေး တွေးမိတိုင်း ရင်လေးတယ်။
ဒါ ဒါ ဒါ.... ဒီ ဒီ ဒီ.... ဒါ ဒါ ဒါ ဒီ.. ဒု
ဒါ ဒါ ဒါ.... ဒီ ဒီ ဒီ.... ဒါ ဒါ ဒါ ဒီ.. ဒု
ဟား...ဟာ...ဟာ...
အဲက် ဒါ ငါတို့ ထုံပေပေကြီးလုပ်ခဲ့တာကွ.....
ဆရာ့ထက် တပည့် လက်စောင်းထက် ဆိုတာ စာတွေ့ မဟုတ် ငါတွေ့
 
+12 #9 Change 2012-10-08 20:29
Quoting Zawtika:
မြန်မာ့ပညာရေးစနစ် ညံ့ဖျင်းမှုကြောင့် လူငယ်မျိုးဆက်များအကြား လုပ်နိုင်ကိုင်နိုင်သည့် သူများ ရှားပါးခဲ့ရကြောင်း
အဲက်ဒါ.... အဲက်ဒါ
အဲက်ဒါမျိုးကို ဖြစ်စေချင်တာ
အဲက်သလိုဖြစ်သွားအောင် လုပ်လိုက်ရတာ ဖတ်ဖတ်ကိုမောလို့... ဟူး.....
အဲဒီ ငတုံးတပြုံကြီး နဲ့ မောင်ကြီးနှမ ရှေ့ရေး တွေးမိတိုင်း ရင်လေးတယ်။
ဒါ ဒါ ဒါ.... ဒီ ဒီ ဒီ.... ဒါ ဒါ ဒါ ဒီ.. ဒု
ဒါ ဒါ ဒါ.... ဒီ ဒီ ဒီ.... ဒါ ဒါ ဒါ ဒီ.. ဒု
ဟား...ဟာ...ဟာ...
အဲက် ဒါ ငါတို့ ထုံပေပေကြီးလုပ်ခဲ့တာကွ.....
 
+16 #8 kowuntho 2012-10-08 20:20
ဟားဟာ EMG ရေကြိုက်တယ်ဗျာ။။ ရုပ်သံကို။။ ဒါပေမယ် ဝေဖန်တယ်ဆို ၊ ကျွန်တော့အထင်ပြောရရင် လိုဂို က EMG ဆိုပြီး ထောင့်လေးမှာ ဆိုပိုကောင်းမယ် ။။ ပြီးရင် EMG ကို ကိုယ်စားပြုတဲ့ သင်္ကေသ တခုခုလုပ်နိုင်ရင်ကောင်းမယ်။။
တင်ပြသူအနေနဲ့ လည်း ရုပ်ချောစရာ မလိုပဲမဲ့၊ ကြည်လင် မြူးကြွ တဲ့ သူမျိုး၊ စိတ်ဝင်စားဘို့ကောင်းတဲ့သူမျိုး ဖြစ်သင့်ပါတယ်။။ ရုပ်က မိတ်ကပ် နဲ့လုပ်လို့ရပါတယ်။။ နိုင်ငံတကာ မှာ ဖျော်ဖြေရေး တင်မဟုတ်ပါဘူး။။သတင်း မျိုးစုံမှာပါ ကြည့်သူကို စိတ်ဝင်စား အောင် လုပ်ပါတယ်။။ ကျေးဇူးတင်ပါတယ်ခင်များ။။ ကျွန်တော် ဝန်းသို ပါ။။းP
ဟီး တဆက်တည်း ပြောရ ရင် EMG ရဲ့ အင်္ဂလိပ် သတင်း နဲ့ ပတ်သက်ပြီး ဝမ်းသာရပေမဲ့ အင်္ဂလိပ်စာ အရေး အသား တော်တော် ညံ့ တာကို တွေ့ ရပါတယ်။။
Dr THA ကို လည်း (ပြောပြချင်ပါတယ် ဆောင်းပါးလေး ) လုပ်ပါဦးလို့.ဒေါ်စုနဲ့ ဦးသိန်းစိန် ပြန်လာ။။ ကြေးနီတောင်၊ ကုလားအစည်းအရုံး ရုံးထိုင်မဲ့ ကိစ္စ။။ 8) 8)
 
-27 #7 Zawtika 2012-10-08 20:10
ထိုကိစ္စရပ်များကို သင်ခန်းစာယူ၍ အဖွဲ့ချုပ်ကို ပိုမိုရင့်ကျက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ရင့်လဲ ရင့်ကျက်ရော ဘာမှ ဆက်လုပ်လို့ မရတော့ဘူး.......
 
+15 #6 Zawtika 2012-10-08 20:06
မြန်မာ့ပညာရေးစနစ် ညံ့ဖျင်းမှုကြောင့် လူငယ်မျိုးဆက်များအကြား လုပ်နိုင်ကိုင်နိုင်သည့် သူများ ရှားပါးခဲ့ရကြောင်း
အဲက်ဒါ.... အဲက်ဒါ
အဲက်ဒါမျိုးကို ဖြစ်စေချင်တာ
အဲက်သလိုဖြစ်သွားအောင် လုပ်လိုက်ရတာ ဖတ်ဖတ်ကိုမောလို့... ဟူး.....
အဲဒီ ငတုံးတပြုံကြီး နဲ့ မောင်ကြီးနှမ ရှေ့ရေး တွေးမိတိုင်း ရင်လေးတယ်။
ဒါ ဒါ ဒါ.... ဒီ ဒီ ဒီ.... ဒါ ဒါ ဒါ ဒီ.. ဒု
ဒါ ဒါ ဒါ.... ဒီ ဒီ ဒီ.... ဒါ ဒါ ဒါ ဒီ.. ဒု
 
+38 #5 Snipher 2012-10-08 19:39
ပညာရေးညံ့ဖျင်းမှုကြောင့် လူငယ်မောင်မယ်တွေလည်း ဟိုသင်တန်း ကောင်းနိုးနိုး ဒီသင်တန်းကောင်းနိုးနိုး လုံးချာလည်
လိုက်နေတော့တာပဲ။ သင်တန်းလုပ်စားတဲ့သူတွေပဲ ကြီးပွားကုန်ပြီ။
သင်တန်းဆင်းလက်မှတ် (10)ခုလောက်ပြလည်း အလုပ်ရဖို့က
မလွယ်ဘူး။
 
+67 #4 Iron Door 2012-10-08 19:15
ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်ဖွင့်စေချင်ပါတယ်၊ အဲဒီရန်ကုန်တက္ကသိုလ်ကြီးကသာ ကမ္ဘာကျော်မြန်မာတွေ မွေးထုတ်ပေးခဲ့တာပါ၊ အဲဒါ မြန်မာ့ပညာရေးရဲ့ ဘူမိနတ်သန်အောင်မြေပါ။ မြန်မာနိုင်ငံမှာ ယူနီ တွေအများကြီးမလိုဘူး၊ ကောင်းမွန်တဲ့ပညာရေးစနစ်နဲ့ ကျောင်းကောင်းကောင်း နဲနဲရှိရင်ရပါပြီ၊ ခုတော့ ကျောင်းတွေက တောတွေတောင်တွေ လယ်ကွင်းတွေထဲမှာ၊ ကျောင်းသားတွေ အားကစားလုပ်၊ စာကြည့်ရမဲ့အချိန်၊ တခြားဗဟုသုတလေ့လာရမဲ့အချိန်တွေမှာ ကျောင်းအသွားအပြန် ၃နာရီ မှ ၄နာရီခရီးဟာဖြစ်ကိုမဖြစ်သင့်ပါဘူး၊ ဘယ်လိုရွှေညဏ်တော်စူးရောက်တွေလုပ်ခဲ့တာလဲ၊ ဒါတွေပြင်သင့်ပါတယ်။ သိပ်စိတ်ပျက်ဖို့လဲကောင်းပါတယ်။
 
+57 #3 Snipher 2012-10-08 18:15
ူ ပြည်သူများက လိုလားမှု ရှိပါက သမ္မတ ဖြစ်လာမည်ဆိုသော ကိစ္စရပ်နှင့် ပတ်သက်၍မူ သူ့အနေဖြင့် ပါတီခေါင်းဆောင်တစ်ဦး ဖြစ်နေသည့်အတွက် သမ္မတအဖြစ် တာဝန်ထမ်းဆောင် ရမည်ဆိုပါကလည်း တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်ကသာ လုပ်ဆောင်သွားလိမ့်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်ကို ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်စဉ်ကပင် ချမှတ်ထားသောမူတစ်ခု ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
(ဝေ့လည်ကြောင်ပတ်မပြောသော စကားလုံးများက ခေါင်းဆောင်ကောင်းပီသပါပေသည်။)အမေစုသမ္မတဖြစ်လာအောင် တပ်မတော်သားအမတ်များက ကူညီဆောင်ရွက် သင့်ပေ သည်။ ၈၈ကျောင်းသားများကိုလည်း ချန်မနေရစ်ကြပါနှင့်။
 
+15 #2 Ta Pyay Thu Ma Shwe Hta 2012-10-08 15:56
အခက်အခဲဆုံးကာလကို ဖြတ်သန်းရလိမ့်မည်ဆိုသော စကားနှင့် ပတ်သက်၍မူ အဖြစ်များကို အဖြစ်များအတိုင်း မမြင်ဘဲ ဖြစ်စေချင်သည့်ဆန္ဒအတိုင်း တင်မြင်ယူဆနေပါက စိုးရိမ်ရမည့်အနေအထား ဖြစ်ခြင်းကြောင့် ထိုစိုးရိမ်မှုများ ဖြစ်ပေါ်လာမည့် အချိန်ကို အခက်အခဲဆုံးကာလဟု ဖွင့်ဆိုရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
There you go! To those recklessly optimistic people who define NATO about democratic reforms as if democracy is materialized in the country and to those who preach for extreme measures leaning towards genocide about ethnic and minority (the 'Others'/ Aliens) for their religious beliefs and race. To those who want to pour oil onto a small fire and burn the whole country. Democracy is a concept, a "long" process that every single citizen is responsible to work to get it and maintain it (gist from her Freedom from Fear book). To those who overworship her and expect miracles from her overnight! I personally think she is a miracle-maker. Still, I find that people expect and ask too much from her.
တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များတွင် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရာ၌ လူတစ်ဦးချင်းစီအလိုက် ပြုပြင်ပြောင်းလဲမှုက အရေးပါမည်ဖြစ်ကြောင်းနှင့် ပြည်မြန်မာ ဂျာနယ်နှင့် The Messenger ဂျာနယ်များကို တရားစွဲဆိုရခြင်း ကိစ္စရပ်မှာလည်း သတင်းဌာနနှင့် သတင်းထောက်များကို အငြိုးထားလို၍ မဟုတ်ဘဲ တရားဥပဒေစိုးမိုးရေးကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
She always makes sense! This is for U TR Aung and Dr TT Oo who gave lame excuses about printing the article featuring the contempt of the Court.
 
+80 #1 KO KYAW - BUTALIN 2012-10-08 15:14
အမေစုခင်ဗျာ လုပ်နိုင်ကိုင်နိုင်ရှိတဲ့လူတွေကလည်း အကုန်လုံးနီးပါးအပြင်ပဲရောက်နေကြတာပါခင်ဗျား။ ပညာရေးစနစ်တင်မကပါဘူး အုပ်ချုပ်ရေးနှင့် နိုင်ငံစီမံခန့် ခွဲရေးတွေမှာ သူများနိုင်ငံမှာ ၂ ရက်လောက်ပြီးတဲ့အလုပ်ကို ကျနော်တို့ နိုင်ငံမှာ ၂ ပတ်ကနေတစ်နှစ်နှစ် နှစ်နဲ့ ချီပြီးကြာတာတွေရှိပါတယ်။ ကုန်ထုတ်လုပ်မှုကသူများနဲ့ ယှဉ်ယင်တောင် ကုန်စည်တင်သွင်း တင်ပို့ ကိစ္စတွေမှာ ကျနော်တို့ နိုင်ငံက လိုင်စင်ကိစ္စနဲ့ ဆိပ်ကမ်းရှင်းလင်းရေးမှာသူများထက် လနဲ့ ချီပြီးပိုကြာခဲ့တာတွေရှိပါတယ်။ 2000 ခုနှစ်ပတ်ဝန်းကျင်က မြန်မာနိုင်ငံကစက်ရုံတွေကိုအလုပ်အပ်ဖို့ လာတဲ့ကုမ္မဏီတွေဟာ ဒီကိစ္စနဲ့တင် အလုပ်မအပ်ပဲပြန်ပြေးကြရတာတွေအများကြီးပါ။ ကြိုးနီစနစ်တွေနဲ့  ကုန်ထုန်လုပ်မှု productivity ကိုထိခိုက်စေတဲ့ဗျူရိုကရေစီစနစ်တွေကို မြေလှန်ပြုပြင်မှ သူများနဲ့ ရင်ဘောင်တန်းနိုင်မည်ထင်ပါသည်ခင်ဗျာ။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။