Monday, October 8, 2012
မြန်မာနိုင်ငံတွင် လူ ၁၀၀ လျှင် ၇ ဦးသာ မိုဘိုင်းဖုန်း အသုံးပြုနိုင်၊ ကျေးလက်နေပြည်သူများအား GSM မိုဘိုင်းဖုန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းမည့်အစီအစဉ်အား ဝေဖန်မှုများရှိနေ
မြန်မာနိုင်ငံတွင် လူ ၁၀၀ လျှင် ၇ ဦးသာ မိုဘိုင်းဖုန်း အသုံးပြုနိုင်၊ ကျေးလက်နေပြည်သူများအား GSM မိုဘိုင်းဖုန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းမည့်အစီအစဉ်အား ဝေဖန်မှုများရှိနေ  PDF Print
Sunday, 07 October 2012 10:58
AddThis Social Bookmark Button
8013b
မော်ဒယ်လ်မြင့် ယာဉ်တစ်စီးပေါ်၌ ဖုန်းပြောနေစဉ်
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ကျေးလက်နေ ပြည်သူများအား
 ဂျီအက်စ်အမ် ၂.၇၅ မိုဘိုင်းဖုန်းများ နိုင်ငံ့ဝန်ထမ်းများအား ရောင်းချပေးသကဲ့သို့ အရစ်ကျငွေပေးချေသည့် စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သို့ သော်မကြာမီကာလများအတွင်း
 နိုင်ငံ တကာနည်းတူ ဖုန်း Sim card  တန်ဖိုးများ လျှော့ချရတော့မည် ဖြစ်ရာ ယခုကဲ့သို့ ဈေးနှုန်းလျှော့ချခြင်း မရှိဘဲ ရောင်းချသည့်အပေါ် ဝေဖန်မှုများထွက်ပေါ် ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အချိန်တွင် လူ၁၀၀ဦးလျှင် ခုနစ်ဦးသာ မိုဘိုင်းဖုန်း အသုံးပြုနိုင်ကြောင်းလည်း
 စာရင်းဇယားများအရ သိရှိရပါသည်။
“ကျေးလက်နေပြည်သူတွေကတော့ ဒီလိုအရစ်ကျစနစ်နဲ့ ရောင်းပေးတဲ့အတွက် ပျော်နေမှာပဲ။ 
ဒါပေမယ့်လည်း သူတို့တွေက မိုဘိုင်းဖုန်းတစ်လုံးကို အဲလောက်တန်ဖိုးမပေးရဘူး ဆိုတာကိုတော့ 
သူတို့သိချင်မှ သိမယ်။ သူတို့ကတော့ အားပေးကြမှာပါ။သူတို့အတွက် ဆက်သွယ်ရေး 
အဆင်ပြေသွားတာတော့ အမှန်ပါပဲ။ ၀မ်းနည်းစရာကောင်းတာက သူတို့တွေ ဖုန်းတစ်လုံးကို ဈေးကြီးပေး
ဆက်သွယ်ရေးက ဒီလိုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်နေကြမှာပါ။ နောက်ဆုံး မိုဘိုင်းဖုန်းတွေကို လတ်တလောမှာ ဈေးမလျှော့ပေးနိုင်ရင် တောင်မှပဲ ခေါ်ဆိုခတွေကို လျှော့ပေးစေချင်တယ်။ လူအိပ်တဲ့အချိန်တွေ တော့မဟုတ်ဘူးပေါ့ဗျာ။” ဟု ကိုထက်လင်းစိုး(Mr. Htet Computer Virus Lab)က
 ပြောကြားခဲ့ပါသည်။
မကြာခင် ‘သုည’ တန်ဖိုးဖြစ်ရတော့မယ့် Sim card ကို ဆင်းရဲပြီးရင်း ဆင်းရဲ၊ မွဲပြီးရင်း မွဲနေတဲ့ ကျေးလက်နေလူထုကို ညာရောင်းသလိုမျိုးဖြစ်နေတာကိုရော မြန်မာ့ ဆက်သွယ်ရေးက စဉ်းစားမိရဲ့လား မသိဘူး။ ဒါဟာမလုပ်သင့်ဘူးလို့ မြင်ပါတယ်  . . .
မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆသည် ၂၀၁၁ ခုနှစ် မတ်လကုန်တွင် ၃.၈ သာရှိခဲ့ရာမှ လက်ရှိ 
အချိန်တွင် မိုဘိုင်းတယ်လီဖုန်း သိပ်သည်းဆမှာ ၇.၅ အထိရှိလာပြီဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများအား မီရန်ဆောင်ရွက်ရဦးမည် ဖြစ်ကြောင်း သိရသည်။
GSM/ UMTS မိုဘိုင်းတယ်လီဖုန်းများအား လွှမ်းခြုံဧရိယာအတွင်း ရှိ ကျေးလက်ဒေသများမှ ပြည်သူများ
 အတွက် အရစ်ကျရောင်းချပေးရာတွင် သတ်မှတ်ချက်များအတိုင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း
 သိရသည်။
8013
ရန်ကုန်မြို့တွင်း လိုင်းကားစီးရင်း ဖုန်းပြောနေသည့် ခရီးသွားတစ်ဦး
အဆိုပါ သတ်မှတ်ချက်များမှာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ အာမခံသော ပုဂ္ဂိုလ်များဖြစ်ရန်၊ 
မြို့နယ်အုပ်ချုပ်ရေးမှူးမှ အနီးကပ်ကြီးကြပ်ကွပ်ကဲရန်၊ သက်ဆိုင်ရာမြန်မာ့ဆက်သွယ်ရေး လုပ်ငန်း 
 တိုင်းဒေသကြီးပြည်နယ် မန်နေဂျာများမှ ကြီးကြပ်ရောင်းချရန်၊ GSM(2.75G) မိုဘိုင်းတယ်လီဖုန်းများ အား နိုင်ငံဝန်ထမ်းများ ရောင်းချပေး နေသည့်အတိုင်း ပထမအရစ် ၄၀၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ပြီး 
လစဉ် ၁၀၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်သည်။ တယ်လီဖုန်းများ ရောင်းချရငွေမှ ၂ ရာခိုင် နှုန်းကို ကြီးကြပ်မှုစရိတ်အဖြစ် ကျေးရွာနှင့်မြို့နယ်များသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ထည့်ဝင်သွားမည် စသည့်အချက်များပါဝင်ကြောင်း သိရသည်။
“သူတို့ရဲ့ ပထမနှစ် စီမံကိန်းက ဖုန်းအလုံးရေ လေးသန်းမှာတစ်သန်း ကျော်လောက်ပဲ ရောင်းရသေး
တယ်လို့တော့ ကြားရပါတယ်။ ဒီအတွက်ပစ္စည်းတွေ အကုန်လုံးလည်း တပ်ထားပြီး သွားပြီလို့တော့
လည်း ကြားတယ်။ ဒီကုန်ကျစရိတ်တွေကြောင့် သူတို့ဘက်က ဈေးလျှော့ရောင်းပေးလို့ မရ သေးဘူးလို့
 ပြောပါတယ်။ သူတို့တွေ ဘယ်လောက်ရင်းထားရတယ် ဆိုတာကို သူတို့ တွက်ပြထားတာတွေတော့
 ရှိတယ်။ အခုကျွန်တော့ အမြင်ကတော့ အခုသူတို့ အရစ်ကျစနစ်နဲ့ ရောင်း ကြည့်လို့ဝယ်လိုအားရှိနေသေး
တယ် နောက်ပြီး ၀ယ်လိုအားမရှိတော့ဘူး ဆိုရင်တော့ သူတို့တဖြည်းဖြည်းနဲ့ လျှော့ပေးမှာပါ။”ဟုလည်း
 ဦးဇော်မင်းဦး (မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်များအသင်း - အတွင်းရေးမှုး) ကလည်း ရှင်းပြခဲ့သည်။
ထို့ပြင်အရစ်ကျစနစ်ဖြင့် ၀ယ်ယူမည့်သူများအနေဖြင့် သဘောတူ စာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး အဆိုပါ စာချုပ်တွင် မိမိဆန္ဒအရ ၀ယ်ယူခြင်း ဖြစ်ကြောင်း၊ ကျန်ရှိသည့်ငွေများကို လစဉ်ပေးသွင်းရမည်၊ မြန်မာ့ဆက် သွယ်ရေးမှကနဦး တပ်ဆင်ခနှုန်းထားများ လျှော့ချပါက ပြောင်းလဲလျှော့ချသည့် နှုန်းအသစ်အားခံစားခွင့်ရရှိမည်၊ နှုန်းထား
အသစ်ထက် ကျော်လွန်သွင်း ၍ သွင်းထားပြီးဖြစ်ပါက ပိုမိုပေး သွင်းထားမိသည့် ငွေပမာဏအားပြန် လည်ထုတ်ပေးမည် မဟုတ်ကြောင်း၊ မိုဘိုင်းတယ်လီဖုန်းခ ငွေများအား ကျေး ရွာအုပ်ချုပ်ရေးမှူးမှစုစည်း၍ နီးစပ် ရာမြို့နယ် ဆက်သွယ်ရေးစခန်းများ သို့ ပေးသွင်းရမည်၊ အင်တာသုံးစွဲ လိုပါက သတ်မှတ်နှုန်းထားအတိုင်း သုံးစွဲခွင့်ရှိမည်၊ အရစ်ကျပေးသွင်းငွေ ကို လစဉ်ပေးသွင်းခြင်းမရှိခြင်း၊ သုံးစွဲနေစဉ် ပြည်ပနိုင်ငံများနှင့် တရားမ၀င် ခေါ်ဆိုမှုများရှိသည်ဟု သံသယဖြစ် ဖွယ်ရှိသည်ဟု စစ်ဆေးတွေ့ရှိပါက လိုင်းဖြတ်တောက်မည်၊ ပထမအရစ် ငွေပေးသွင်းပြီးချိန်တွင် စတင်သုံးစွဲ ခွင့်ရှိမည်၊ ငွေအကျေပေးသွင်းပြီးချိန် တွင် တယ်လီဖုန်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ အထောက်အထား များအား လွှဲပေးမည်၊ တပ်ဆင်ခပေး သွင်းမှုမကျေခင် လွှဲပြောင်းရောင်းချ ခြင်း၊ ပေါင်နှံခြင်းများမပြုလုပ်ရ စသည့်အချက်များကိုထည့်သွင်းချုပ် ဆိုရမည်ဖြစ်ကြောင်း သိရသည်။
မိုဘိုင်းတယ်လီဖုန်းများရောင်း ချရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် ကနဦးတပ်ဆင်ခ ၄၀၀၀၀ ကျပ်ပေးသွင်းပြီးချိန်တွင် ၂ရာခိုင်နှုန်း ခွဲဝေပေးသွားမည်ဖြစ်သည့်အပြင် လစဉ်ကျပ် ၁၀၀၀၀ ပေးသွင်းချိန်တွင် လည်း ၂ ရာခိုင်နှုန်းခွဲဝေ ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
သို့သော်လည်း ယင်းကဲ့သို့ ကျေးလက်နေပြည်သူများအား အရစ်ကျစနစ်ဖြင့် ရောင်းချမည့်အပေါ် နယ်ပယ်အသီးသီးမှ ဝေဖန်မှုများ ပိုမိုလာခဲ့ပြီး မိုဘိုင်းဖုန်းကတ်များ၏ တန်းဖိုး ကိုလည်း အခြားဒေသတွင်းနိုင်ငံများ နည်းတူဖြစ်သင့်သည့် တန်းဖိုးတစ်ခု သို့ အမြန်ဆုံးလျှော့ချပေးရန်လည်း လိုလား လျက်ရှိကြောင်း သိရှိရသည်။  ကျေးလက်ဒေသတွင် မိုဘိုင်းဖုန်းများ အား အရစ်ကျစနစ်ဖြင့် ရောင်းချမည့် အစီအစဉ်အပေါ် ဒေါက်တာကျော်သန်းမိုး (လက်ထောက် ကထိက-ရန်ကုန် တက္ကသိုလ်)ကလည်း” ဒီဖုန်းကတ် တွေက သူများနိုင်ငံမှာဈေး ပေါပေါ နဲ့အလကားပေးနေတာတွေ။အခုက ရောင်း မကုန်တဲ့ အခြေအနေဆိုတော့ ထိုးရောင်းတဲ့သဘောလို့ထင်ပါတယ်။ ဈေးချရ တော့မယ့် အခြေအနေမျိုးမှာ ဈေးမလျှော့တာက သူတို့အမြတ် မရမှာစိုးလို့ ရောင်းပေးတယ်လို့ ထင် တာပဲ။ အမှန်တကယ်ဒီဖုန်းကတ်တွေ အလကားပေးလိုက်လို့လဲ ဘာမှမဖြစ် ပါဘူး။ ဖုန်းဆက်ခနဲ့တင် အများကြီး ပြန်ရနေပြီး ဈေးအသက်သာဆုံးလေး ငါးသောင်းလောက်နဲ့ ရောင်းပေးရင်တောင် ၀မ်းသာစရာ ဖြစ်ရမယ့်ဟာ လေ။ ဖုန်းမရှိတာ ထက်စာရင်ဒီလို ရောင်းပေးတာ ကောင်းတယ်လို့ အကောင်းဘက်ကတွေးလို့ရသလို မကောင်းတဲ့ ဘက်ကတွေးကြည့်ရင်တော့ ဒါလူလည်ကျတာပဲ။သူတို့ ရောင်းမကုန်တော့လို့ ထိုးရောင်းတယ် လို့ထင်တာပဲ။” ဟု ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် လူနေဧရိယာ၏ ၈၅ ရာခိုင်နှုန်းအား မိုဘိုင်း တယ်လီဖုန်း ဆက်သွယ်ရေးဖြင့် လွှမ်း ခြုံထားနိုင်ပြီဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် GSM/ UMTS  တိုးချဲ့တပ်ဆင်ရေး စီမံကိန်းအရ ဆက်သွယ်ရေး ၀န်ဆောင်မှုပေးသည့် မိုဘိုင်းတယ်လီဖုန်း ရေဒီယိုစခန်း ၇၀၀ ခန့်ရှိပြီး မို ဘိုင်းတယ်လီဖုန်းရေဒီယိုစခန်းမှ မြေ ပြန့်ဒေသတွင် ၇ မိုင်မှ ၈ မိုင်ခန့် အကွာအဝေးအထိသုံးစွဲနိုင်ပြီး၊ တောင် ပေါ်ဒေသဖြစ်ပါကသုံးစွဲနိုင်မှုမှာ ယင်း အကွာအဝေးထက် လျော့နည်းနိုင်ကြောင်း သိရသည်။
“မကြာခင် ‘သုည’ တန်ဖိုးဖြစ်ရတော့မယ့် Sim card ကို ဆင်းရဲပြီးရင်း ဆင်းရဲ၊ မွဲပြီးရင်းမွဲနေတဲ့ ကျေးလက်နေလူထုကို ညာရောင်းသလို မျိုးဖြစ်နေတာကိုရော မြန်မာ့ဆက်သွယ်ရေးက စဉ်းစားမိရဲ့လား မသိဘူး။ ဒါဟာမလုပ်သင့်ဘူးလို့ မြင်ပါတယ်။ ဒီအစီအစဉ် ကို ကန့်ကွက်ပါတယ်။ မ၀ယ်ကျပါနဲ့ အားလုံးသပိတ်မှောက်ကြပါ”ဟု IT ပညာရှင်တစ်ဦးက ပြောပါသည်။
8013c
Comments 
+5 #23 talkativelousy 2012-10-08 12:10
Quoting ForwardThinker:
Quoting MagicGuy:
ထိုင်းမှာ ဆင်းကဒ် အခမဲ့
မလေးမှာ ဆင်းကဒ် အခမဲ့
စင်္ကာပူမှာ ဆင်းကဒ် အခမဲ့
လားအိုမှာ ၁.၅ ဒေါ်လာ လောက် (ကုမ္ပဏီ အလိုက် နဲနဲ စီကွဲတယ်)
ကမ္ဘောဒီယားမှာ ၁ ဒေါ်လာ လောက် (ကုမ္ပဏီ အလိုက် နဲနဲ စီကွဲတယ်)
ဗီယက်နမ်မှာ ၁ ဒေါ်လာ လောက် (ကုမ္ပဏီ အလိုက် နဲနဲ စီကွဲတယ်).
မြန်မာမှာ ၂၅၀ ဒေါ်လာလောက်..
ဒီတော့ သိသာမြင်သာတာက မြန်မာက လုပ်နေတဲ့သူတွေ အသုံးမကျဘူး၊ မတရားဘူး။ ဒါပဲ။ လားအိုတွေ၊ ကမ်ပူးချားတွေ၊ ဗီယက်ကောင်းတွေဆီမှာ တပည့်ခံ၊
ထိုင်းတွေ၊ မလေးတွေ၊ စင်္ကာပူတွေဆီမှာ ကျွန်ခံ သင့်တယ်။
့မြန်မာ ပြည်သူတွေရှေ့မှာ ကျွန်တော်မျိုးတို့ သေသင့်ပါတယ် ဆိုပီး ကိုယ့် ဟိုဟာ ကိုယ် ခဲနှင့်ထုပီး သေကြကွာ။
ဟုတ်တယ်ဗျို့၊ ဒီနိုင်ငံတွေ (လားအို၊ ကမ္ဘောဒီယာ) တွေလည်း တရုပ်ပစ္စည်းသုံးတာပါပဲ၊ တရုပ်ကြီးလည်း သူ့ပစ္စည်း သူသုံးပီး လုပ်တာပါပဲ၊ ဒီနည်းပညာအတွက် ကရိယာ ဈေးက ကမ္ဘာနှင့် အဝှမ်း ကျနေတာ မြန်မာမှ မကျတာ ဘာကြောင့်လည်း။
သက်ဆိုင်ရာ ဝန်ကြီးများ၊ ညွှန်ချုပ်တွေ၊ ဥညမ တွေ ဖြေကြပါ။
ဒီနှုံးနှုင့်ဆိုလျှင် တပည့်ခံ၊ ကျွန်ခံရုံတင်မကဘူး၊ ဥရောပ တို့၊ အမေရိက တိုဆို့ ဒီလူကြီးတွေ (*ဟိုဟာပါ*) ခံသင့်တယ်
ပစ္စည်း ဈေးကွက်ခြင်းတူတူ၊ သုံးတဲ့ နည်းပညာခြင်းတူတူ၊ ဝယ်လိုအားခြင်းတူတူ၊ (စင်္ကာပူ၊ မလေး ထက်တောင် အများကြီး ကြီးသေးတယ်) မြန်မာက ဘာလို့ ပိုပီး မတန်တဆ၊ (အလွန်အမင်း၊ မတရားသခြင့်) ဈေးကြီးနေရတာလည်း ဆိုတာ သက်ဆိုင်ရာ လူကြီးများ ဖြေပါ။
As of world Bank figures, the GDP/capital (in US$) of those countries are:
Singapore = 61,103 (2011)
Malaysia = 15,589 (2011)
Thailand = 8,703 (2011)
Vietnam = 3,435 (2011)
Cambodia = 2,372 (2011)
Laos = 2,809 (2011)
Myanmar = 1,325 (2011)
So obviously, Myanmar is super lowest income country BUT that has extremely highest phone price. Seems people of Myanmar are crazy to own a mobile which is not useful (network is not cover most of the country, connection is being interrupted time to time, the congestion of calls is most of the time, data connection (internet connection) is always not working) for them at all. So such a plan of selling the Mobile in such price to rural people is simply cheating to them. Government lead corruption and exploitation.
+7 #22 Righteous 2012-10-08 11:11
မလေးရှားမှာ sim card အခမဲ့အပြင် ဝယ်ထားတဲ့ဖြတ်ပိုင်းကိုပြန်ပို့ပေးရင် ၁၀ ရင်းဂစ် talktime ထပ်ရပါသေးတယ်ခင်ဗျ။ telecommunication မှ မဟုတ်ပါဘူး အင်တာနက်လိုင်းများကိုလည်း ကနဦးတပ်ဆင်ခ ထက် ပြောဆိုခ၊ လစဉ်ကျေးများ အပေါ်မှာသာမှီခိုသင့်ပါတယ်။ အသုံးပြုသူများလာလေ ဆက်သွယ်ရေးလုပ်ငန်းပိုပြီ တွက်ချေကိုက်လေပါပဲ။
P.s. အဲ အစ်ကိုတို့တစ်ခုတော့ရှိသေးတယ်ဗျ၊ ရောင်းတာလည်းရောင်းကျပေါ့ဗျာ၊ တာဝါတိုင်လေးတွေလည်း လုံလုံလောက်လောက်လေးစိုက်၊ internet connection speed လေးလည်းကောင်းအောင်လုပ်ကျပါဦးဗျာ။ အိတ်ထဲပိုက်စံထည့်ဖို့ပဲစဉ်းစားနေတော့ အဲဒီဘက်ကိုအာရုံမရတော့မှာစိုးလို့ပါဗျာ
+23 #21 Naung2Naung 2012-10-08 09:38
လူအခြင်းခြင်း...လှည့်ပတ်ခြင်း...ကင်းဝေးကြပါစေ
+33 #20 Naung2Naung 2012-10-08 09:36
မြန်မာ့ဆက်သွယ်ရေး မှ နံမည်ကောင်းယူပြီး မသိနားမလည်သော ကျေးလက်နေပြည်သူများကို ဒုက်ခပေးရန်ကြံစည်ခြင်းဖြစ်သည်.... ၂သိန်းဖြင့်ရောင်းလို့မကုန်သောကြောင့်၎င်း...ကြားကာလ ၁သိန်းဖုန်းများထွက်ရှိလာလျှင် လက်ရှိစီမံကိန်းဖုန်းများရောင်းမထွက်ဖြစ်မည်ကိုသိသော်ကြောင့် ယခုကဲ့သို့စီမံခြင်းဖြစ်သည်....အမှန်တကယ်စေတနာဖြူစင်ပါလျှင် ကျေးလက်နေပြည်သူများကို ၀န်ထုပ်ဝန်ပိုမဖြစ်အောင် ၁သိန်းထက်နည်းသောတန်ဘိုးဖြင့်ရောင်းချသင့်ပါသည် ကျေးလက်နေပြည်သူများကို ငွေကြေးအရှုပ်အရှင်းဖြစ်ပြီး..ရုံးဂတ်ရောက်အောင်ပို့ဆောင်မည့် ဆက်သွယ်ရေးပင်ဖြစ်တော့သည်
+23 #19 AlbertNT 2012-10-08 09:30
telecommunication ဆိုတာ long term investment လုပ်ပြီးဖြေးဖြေးချင်းမှအရင်းကျေ၊ အမြတ်ရအောင် လုပ်တဲ့စီးပွားရေးမျိုးပါ။ အခုဟာက အခုချက်ချင်း ဆိုသလိုအရင်းကျေရုံမက အမြတ်ရနေပြီ တစ်သက်လုံးလဲ သုံးစွဲတဲ့သူတွေဆီက ဝအောင်အိပ်ကပ်နှိုက် ဦးမှာ။ အမြတ်ငွေသာ အစာလိုမျိုးအဆိပ်ဖြစ်တတ်ရင်ကောင်းမှာပဲ။
+32 #18 sawscorpionoo 2012-10-08 06:35
ဘယ်လောက်ကောင်းအောင်လုပ်လုပ် အကောင်းပြော
မခံရဘူး...အခုspeedမြန်အောင်လုပ်ထားတယ်..တဲ့
ဟုတ်တယ် အရမ်းမြန်နေဘီ.....4.6mbကိုဒေါင်းတာ
နာရီဝက်ကျော်ကျော်ပဲကြာတော့တယ်...သူများနိုင်ငံ
တွေမှာ 30sec ပဲ....ဟား ဟား...
+15 #17 Zawtika 2012-10-08 05:53
Quoting ForwardThinker:
Quoting MagicGuy:
ထိုင်းမှာ ဆင်းကဒ် အခမဲ့
မလေးမှာ ဆင်းကဒ် အခမဲ့
စင်္ကာပူမှာ ဆင်းကဒ် အခမဲ့
လားအိုမှာ ၁.၅ ဒေါ်လာ လောက် (ကုမ္ပဏီ အလိုက် နဲနဲ စီကွဲတယ်)
ကမ္ဘောဒီယားမှာ ၁ ဒေါ်လာ လောက် (ကုမ္ပဏီ အလိုက် နဲနဲ စီကွဲတယ်)
ဗီယက်နမ်မှာ ၁ ဒေါ်လာ လောက် (ကုမ္ပဏီ အလိုက် နဲနဲ စီကွဲတယ်).
မြန်မာမှာ ၂၅၀ ဒေါ်လာလောက်..
ဒီတော့ သိသာမြင်သာတာက မြန်မာက လုပ်နေတဲ့သူတွေ အသုံးမကျဘူး၊ မတရားဘူး။ ဒါပဲ။ လားအိုတွေ၊ ကမ်ပူးချားတွေ၊ ဗီယက်ကောင်းတွေဆီမှာ တပည့်ခံ၊
ထိုင်းတွေ၊ မလေးတွေ၊ စင်္ကာပူတွေဆီမှာ ကျွန်ခံ သင့်တယ်။
့မြန်မာ ပြည်သူတွေရှေ့မှာ ကျွန်တော်မျိုးတို့ သေသင့်ပါတယ် ဆိုပီး ကိုယ့် ဟိုဟာ ကိုယ် ခဲနှင့်ထုပီး သေကြကွာ။
ဟုတ်တယ်ဗျို့၊ ဒီနိုင်ငံတွေ (လားအို၊ ကမ္ဘောဒီယာ) တွေလည်း တရုပ်ပစ္စည်းသုံးတာပါပဲ၊ တရုပ်ကြီးလည်း သူ့ပစ္စည်း သူသုံးပီး လုပ်တာပါပဲ၊ ဒီနည်းပညာအတွက် ကရိယာ ဈေးက ကမ္ဘာနှင့် အဝှမ်း ကျနေတာ မြန်မာမှ မကျတာ ဘာကြောင့်လည်း။
သက်ဆိုင်ရာ ဝန်ကြီးများ၊ ညွှန်ချုပ်တွေ၊ ဥညမ တွေ ဖြေကြပါ။
ဒီနှုံးနှုင့်ဆိုလျှင် တပည့်ခံ၊ ကျွန်ခံရုံတင်မကဘူး၊ ဥရောပ တို့၊ အမေရိက တိုဆို့ ဒီလူကြီးတွေ (*ဟိုဟာပါ*) ခံသင့်တယ်
ပစ္စည်း ဈေးကွက်ခြင်းတူတူ၊ သုံးတဲ့ နည်းပညာခြင်းတူတူ၊ ဝယ်လိုအားခြင်းတူတူ၊ (စင်္ကာပူ၊ မလေး ထက်တောင် အများကြီး ကြီးသေးတယ်) မြန်မာက ဘာလို့ ပိုပီး မတန်တဆ၊ (အလွန်အမင်း၊ မတရားသခြင့်) ဈေးကြီးနေရတာလည်း ဆိုတာ သက်ဆိုင်ရာ လူကြီးများ ဖြေပါ။
ဖေါဝပ်သင့်ခါ ပြောတဲ့ ဟိုဟာ ဆိုတာ ဘာပါလဲ တဲ့
အဘက နားမလည်လို့ ပါတဲ့
ပွင့်လင်းလူ့ အဖွဲ့အစည်းတွေ ခေတ်စားနေချိန်မှာ အထာတွေ ဘာတွေနဲ့ မပြောဘဲ
ပိုပီး ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာ ရှိအောင် ဒိန်းဒေါင်လို ဒဲ့ဒိုးကြီး ပြောစေချင်ပါတယ်တဲ့..
အဘ က ပြောတာနော်
+18 #16 Thiha yz 2012-10-08 02:51
ရှင်းရှင်းလေးပါ။ဗေဒင်မမေးနဲ့ဆန်ကုန်တယ်။
ဆက်သွယ်ရေးနဲ့အပေါင်းပါတွေ(ဗိုလ်ချုပ်ကြီးတွေလဲပါတယ်) အားလုံးက ကက(တေ) ကိုကြောက်တယ်လေ။
+31 #15 ရန်ကုန်အောင် 2012-10-08 01:36
Quote:
ထို့ပြင်...............သဘောတူ စာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး အဆိုပါ စာချုပ်တွင် မိမိဆန္ဒအရ ၀ယ်ယူခြင်း ဖြစ်ကြောင်း၊ :-x ကျန်ရှိသည့်ငွေများကို လစဉ်ပေးသွင်းရမည်၊.......... လျှော့ချပါက..................၊.......... ကျော်လွန်သွင်း ၍ သွင်းထားပြီးဖြစ်ပါက ပိုမိုပေး သွင်းထားမိသည့် ငွေပမာဏအားပြန် လည်ထုတ်ပေးမည် မဟုတ်ကြောင်း၊ :zzz .............. ကျေး ရွာအုပ်ချုပ်ရေးမှူးမှစုစည်း၍ ............ ပေးသွင်းရမည်၊ အင်တာသုံးစွဲ ...................၊ သုံးစွဲနေစဉ် ပြည်ပနိုင်ငံများနှင့် .......... သံသယဖြစ် ဖွယ်ရှိသည်ဟု ................ လိုင်းဖြတ်တောက်မည်၊ :cry: ..................တပ်ဆင်ခပေး သွင်းမှုမကျေခင် လွှဲပြောင်းရောင်းချ ခြင်း၊ ပေါင်နှံခြင်းများမပြုလုပ်ရ ....................
:P
ဝက်တုပ် တုပ်ပြီး၊ ခွေးရိုက်နွားရိုက် ရိုက်တယ်ဆိုတာ ဒါပဲထင်တယ်။
သောက်ရှက်ကို တကယ် မရှိဘူး။
စကားပုံထဲကအတိုင်းပေါ့လေ..............
သူခိုးကြီးတော့ ဓါးပြ၊ ဓါးပြကြီးတော့ သူပုန်၊ သူပုန်ကြီးတော့ .xxxxxxxx ပေါ့။
မသိနားမလည်တာကို အခွင့်ကောင်းယူ၊ မျက်နှာပြောင်တိုက်ပြီး၊ သေတဲ့အထိ သောက်ရှက်မရှိတာ ဒို့ ဗမာပါလားလို့  ရာဇ၀င်တွေ ရိုင်းလိုက်လေဗျာ။
+39 #14 khinmaungthet 2012-10-07 23:40
(သုံးစွဲနေစဉ် ပြည်ပနိုင်ငံများနှင့် တရားမ၀င် ခေါ်ဆိုမှုများရှိသည်ဟု သံသယဖြစ် ဖွယ်ရှိသည်ဟု စစ်ဆေးတွေ့ရှိပါက လိုင်းဖြတ်တောက်မည်၊ ) ဒါကြီး က ဘာတုန်း ။ ဖုန်း လိုင်း ပေါ် ကနေ နိုင်ငံခြား နဲ့  စကား ပြော တာ ဘယ်လိုပုံစံ နဲ့ တရားမ၀င်တာတုန်း ။ ငကြောင် !
+63 #13 Snipher 2012-10-07 20:36
ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို ပြောချင်တာက အာဆီယံနိုင်ငံတွေလည်း ထမင်းတော့ သုံးနပ်စားတာပါပဲ။ လူသားတိုင်းမှာ လူသားရပိုင်ခွင့်ဆိုတာ ရှိပါတယ်။ အဲဒီရပိုင်ခွင့်တွေ ကို ပေါ်တင်ကြီးချိုးဖောက်နေတာကတော့ မင်းတို့အဖွဲ့တွေ ၀ဋ်လည် လိမ့်မယ်။ မိမိလူမျိုးရဲ့ စိတ်ဆန္တကို မင်းတို့အဖွဲ့တွေ ချိုး
ဖောက်နေတာက အရင် ကိုလိုနီခေတ်က လောက်ကောင်အမျိုးသားသစွာဖောက်တွေပါပဲ။
+75 #12 botaw 2012-10-07 19:56
ခရိုနီ ဆီဆိုင်တွေက အလေးခိုးတယ်။
ခရိုနီဆက်သွယ်ရေးကုမ္ပဏီတွေက ရှေ့အလားအလာမမျှော်မှန်းတတ်တဲ့ ကျေးလက်လူထုကို နှပ်ချမယ်။
နှပ်ချရုံမက ကျေးဇူးရှင်ကြီးတွေအဖြစ်လည်း အမြင်ခံရဦးမယ်။
ထိုင်းမှာ သက်ဆင်ကို ပညာတတ်လူတန်းစားက ဘာလို့ အသည်းအသန်ဆန့်ကျင်ကြသလဲ ဆိုတာ နည်းနည်းသဘောပေါက်သွားတယ်။
+65 #11 kzthein 2012-10-07 18:59
မြန်မာပြည် ခရိုနီတွေရဲ့ ကမ္ဘာနှင်. ရင်ဘေင်တန်းယှဉ်ပြိုင်မည်. ဈေးကွက်မြှင်.တင်ေ၇း နည်းဗျူဟာတစ်ခုပါ။ ရက်စက်လွန်းလှပါသည်။
+91 #10 ForwardThinker 2012-10-07 18:32
Quoting MagicGuy:
ထိုင်းမှာ ဆင်းကဒ် အခမဲ့
မလေးမှာ ဆင်းကဒ် အခမဲ့
စင်္ကာပူမှာ ဆင်းကဒ် အခမဲ့
လားအိုမှာ ၁.၅ ဒေါ်လာ လောက် (ကုမ္ပဏီ အလိုက် နဲနဲ စီကွဲတယ်)
ကမ္ဘောဒီယားမှာ ၁ ဒေါ်လာ လောက် (ကုမ္ပဏီ အလိုက် နဲနဲ စီကွဲတယ်)
ဗီယက်နမ်မှာ ၁ ဒေါ်လာ လောက် (ကုမ္ပဏီ အလိုက် နဲနဲ စီကွဲတယ်).
မြန်မာမှာ ၂၅၀ ဒေါ်လာလောက်..
ဒီတော့ သိသာမြင်သာတာက မြန်မာက လုပ်နေတဲ့သူတွေ အသုံးမကျဘူး၊ မတရားဘူး။ ဒါပဲ။ လားအိုတွေ၊ ကမ်ပူးချားတွေ၊ ဗီယက်ကောင်းတွေဆီမှာ တပည့်ခံ၊
ထိုင်းတွေ၊ မလေးတွေ၊ စင်္ကာပူတွေဆီမှာ ကျွန်ခံ သင့်တယ်။
့မြန်မာ ပြည်သူတွေရှေ့မှာ ကျွန်တော်မျိုးတို့ သေသင့်ပါတယ် ဆိုပီး ကိုယ့် ဟိုဟာ ကိုယ် ခဲနှင့်ထုပီး သေကြကွာ။
ဟုတ်တယ်ဗျို့၊ ဒီနိုင်ငံတွေ (လားအို၊ ကမ္ဘောဒီယာ) တွေလည်း တရုပ်ပစ္စည်းသုံးတာပါပဲ၊ တရုပ်ကြီးလည်း သူ့ပစ္စည်း သူသုံးပီး လုပ်တာပါပဲ၊ ဒီနည်းပညာအတွက် ကရိယာ ဈေးက ကမ္ဘာနှင့် အဝှမ်း ကျနေတာ မြန်မာမှ မကျတာ ဘာကြောင့်လည်း။
သက်ဆိုင်ရာ ဝန်ကြီးများ၊ ညွှန်ချုပ်တွေ၊ ဥညမ တွေ ဖြေကြပါ။
ဒီနှုံးနှုင့်ဆိုလျှင် တပည့်ခံ၊ ကျွန်ခံရုံတင်မကဘူး၊ ဥရောပ တို့၊ အမေရိက တိုဆို့ ဒီလူကြီးတွေ (*ဟိုဟာပါ*) ခံသင့်တယ်
ပစ္စည်း ဈေးကွက်ခြင်းတူတူ၊ သုံးတဲ့ နည်းပညာခြင်းတူတူ၊ ဝယ်လိုအားခြင်းတူတူ၊ (စင်္ကာပူ၊ မလေး ထက်တောင် အများကြီး ကြီးသေးတယ်) မြန်မာက ဘာလို့ ပိုပီး မတန်တဆ၊ (အလွန်အမင်း၊ မတရားသခြင့်) ဈေးကြီးနေရတာလည်း ဆိုတာ သက်ဆိုင်ရာ လူကြီးများ ဖြေပါ။
+58 #9 visuta 2012-10-07 17:27
EMG ကိုလဲ ဒီထက်မက ဖော်ထုတ်ရေးသားပေးဖို့ တောင်းဆိုပါတယ်။
+49 #8 a myin hman 2012-10-07 17:26
Quoting MagicGuy:
ထိုင်းမှာ ဆင်းကဒ် အခမဲ့
မလေးမှာ ဆင်းကဒ် အခမဲ့
စင်္ကာပူမှာ ဆင်းကဒ် အခမဲ့
လားအိုမှာ ၁.၅ ဒေါ်လာ လောက် (ကုမ္ပဏီ အလိုက် နဲနဲ စီကွဲတယ်)
ကမ္ဘောဒီယားမှာ ၁ ဒေါ်လာ လောက် (ကုမ္ပဏီ အလိုက် နဲနဲ စီကွဲတယ်)
ဗီယက်နမ်မှာ ၁ ဒေါ်လာ လောက် (ကုမ္ပဏီ အလိုက် နဲနဲ စီကွဲတယ်).
မြန်မာမှာ ၂၅၀ ဒေါ်လာလောက်..
ဒီတော့ သိသာမြင်သာတာက မြန်မာက လုပ်နေတဲ့သူတွေ အသုံးမကျဘူး၊ မတရားဘူး။ ဒါပဲ။ လားအိုတွေ၊ ကမ်ပူးချားတွေ၊ ဗီယက်ကောင်းတွေဆီမှာ တပည့်ခံ၊
ထိုင်းတွေ၊ မလေးတွေ၊ စင်္ကာပူတွေဆီမှာ ကျွန်ခံ သင့်တယ်။
့မြန်မာ ပြည်သူတွေရှေ့မှာ ကျွန်တော်မျိုးတို့ သေသင့်ပါတယ် ဆိုပီး ကိုယ့် ဟိုဟာ ကိုယ် ခဲနှင့်ထုပီး သေကြကွာ။
ဘယ်သူသေသေ ငတေမာရင်ြ­ပီးရောဆြို­ပီး၊ လုပ်နေတာ၊ သိသိကြီးနဲ့ လဲ ခံခဲ့ပြီးပြါ­ပီ၊ ခု ထပ်လုပ်ဦးမယ်ဆိုရင်တော့၊ အင်း ဆက်ြ­ပီး ခံ လိုက်ကြဦး စို့ လို့ဘဲြေ­ပာရမှာပေါ့လေ၊ ဒို့ကြ­ပည်သူတွေြ­ဖစ်နေတာကိုး
+80 #7 visuta 2012-10-07 17:14
သမ္မတကြီးစီးပွားရေး တိုးတက်ဖို့ အဓိက ဖြေရှင်းရမည့် ပြသ်သနာမှာ ခရိုနီတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်မလဲဆိုတာပါဘဲ။ မိုဘိုင်းဖုန်းပြသ်သနာမှာလဲ ခရိုနီတွေက ဆုပ်ကိုင်ထားသောကြောင့် သမ္မတကြီးဘယ်လိုမှမတတ်နိုင်ပေ။ မိုဘိုင်းဖုန်းအကြောင်းပြောလျှင် မြန်မာပြည်မှာ လူဖြစ်ရတာ အင်မတန် လူဖြစ်ရှုံးပါသည်။ တခြားနိုင်ငံတွေမှာ အလကားရနေတဲ့ ကာဒ်ကို မြန်မာပြည်မှာ ဘယ်နိုင်ငံမျိုးမှ မတောင်းသော ငွေကြေးကို တောင်းနေသောကြောင့်ဖြစ်သည်။ ဆက်သွယ်ရေးရုံးကို ဆက်သွယ်ရေးဝန်ကြီးကို စုပေါင်းဆန္ဒထုတ်ဖော်ပြသ၇ုံကလွဲလို့ ဘာမှနည်းလမ်းမရှိပေ။ လက်ရှိအစိုးရသည် ပြောင်းလဲနေသည်ဆိုသော်လည်း တွန်းမှသွာသော် ရွေ့သော်သူများဖြစ်သည်။ ဒါကိုမမေ့သင့်ပေ။
+38 #6 myo chit boy 2012-10-07 16:43
လုပ်ပုံကိုင်ပုံကတော့ ပညာပါတယ်။
+55 #5 netoluso 2012-10-07 16:22
ပြောပြန်ရင်လဲဆက်သွယ်ရေဥပဒေကဘယ်လိုဖြစ်လို့နဲ
တနှစ်ကျော်နှစ်နှစ်နီပါုးလည်းကြာလာပြီ..
ဒုဝန်ကြီးတွေ ညွှန်ချုပ်တွေလဲပြောင်းပြီပြီဘာလိုနေတာလဲ..
ချထားတဲ့ဖုန်းတွေုကလဲအဆင့်တန်းကတော့သိတဲ့အတိုင်
တော်နေ ဖိုဂျီ မျော်ရတာလဲမော လာတော့မယ်အရှေ့တောက်အာရှ
ဆီိးဂီမ်းတွေ့တော့မယ်ဒီပုံအတိုင်ဆိုလို့ကတော့
+108 #4 tntun 2012-10-07 14:59
တောသူတောင်သားတွေကိုတော့မလုပ်သင့်ပါဘူး။
ဇာတ်တူသားစားလို့အားမရသေးပဲ မိဘအသားပါစားဖို့ကြံစည်ဝံ့တာ အံ့သြမိပါသည်။
နိုင်ငံရေးပါတီများနှင့် လွတ်လပ်သောအဖွဲ့အစည်းများ တောနေပြည်သူများ အလိမ်အညာမခံရရေး
ဝိုင်းဝန်းသင့်ကြပါသည်။
+109 #3 MagicGuy 2012-10-07 14:21
ထိုင်းမှာ ဆင်းကဒ် အခမဲ့
မလေးမှာ ဆင်းကဒ် အခမဲ့
စင်္ကာပူမှာ ဆင်းကဒ် အခမဲ့
လားအိုမှာ ၁.၅ ဒေါ်လာ လောက် (ကုမ္ပဏီ အလိုက် နဲနဲ စီကွဲတယ်)
ကမ္ဘောဒီယားမှာ ၁ ဒေါ်လာ လောက် (ကုမ္ပဏီ အလိုက် နဲနဲ စီကွဲတယ်)
ဗီယက်နမ်မှာ ၁ ဒေါ်လာ လောက် (ကုမ္ပဏီ အလိုက် နဲနဲ စီကွဲတယ်).
မြန်မာမှာ ၂၅၀ ဒေါ်လာလောက်..
ဒီတော့ သိသာမြင်သာတာက မြန်မာက လုပ်နေတဲ့သူတွေ အသုံးမကျဘူး၊ မတရားဘူး။ ဒါပဲ။ လားအိုတွေ၊ ကမ်ပူးချားတွေ၊ ဗီယက်ကောင်းတွေဆီမှာ တပည့်ခံ၊
ထိုင်းတွေ၊ မလေးတွေ၊ စင်္ကာပူတွေဆီမှာ ကျွန်ခံ သင့်တယ်။
့မြန်မာ ပြည်သူတွေရှေ့မှာ ကျွန်တော်မျိုးတို့ သေသင့်ပါတယ် ဆိုပီး ကိုယ့် ဟိုဟာ ကိုယ် ခဲနှင့်ထုပီး သေကြကွာ။
+99 #2 salamander 2012-10-07 12:33
ဘယ်လိုတွေလုပ်နေကြတာလဲကွယ်။ ကားဈေးတွေကလည်း ဖြစ်သင့်တဲ့ဈေး မဟုတ်သေးဘူး။ ဖုန်းဈေးလည်း တူတူပဲ။ လခကတော့ မတိုးဘူး။ အခွန်အခတွေကတော့ တိုးလာတယ်။ မြေဈေးကတက်မြဲတိုင်းတက်တယ်။ ဟော ... ရေဈြေးလည်း တက်ရင်းနဲ. ၈သိန်းနားကပ်လာပြီ။ တခြားကုန်ဈေးနှုန်းတွေလည်းထူးမခြားနားပါပဲ။ ဟင်း ....... :cry:
+107 #1 Mr.talkative11 2012-10-07 12:26
ကျနော်တို့နိုင်ငံက ဘာလုပ်လုပ် တဆင့်ပြီးတဆင့် ညင်ညင်သာသာလေး လုပ်တာဗျ။
ဒီမိုကရေစီပြောင်းတော့ 'road map' လေးနဲ့ တဆင့်ချင်း၊ ယုံကြည်ချက်ကြောင့်အကျဉ်းကျသူတွေ လွှတ်တော့လဲ တသုတ်ပြီးတသုတ် တဆင့်ချင်း၊ ကားပါမစ်တုန်းကလဲ ပေါ်လစီ တွေ ပြောင်းတာ တဆင့်ချင်း၊
အခုလဲ အင်း... ညင်ညင်သာသာလေးပေါ့ ;-)
No comments:
Post a Comment
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။