Friday, 05 October 2012 22:16 | |
ပုဂ္ဂလိက စက်သုံးဆီဆိုင်များဆီ အခြင်အတွယ် မပြည့်မှုအကြောင်း
အများပြည်သူအကြား ကျယ်ကျယ် ပြန့်ပြန့်ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး
သက်ဆိုင်ရာမှ ၀င်ရောက်စစ်ဆေးရာ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း ရှိ
စက်သုံးဆီ အရောင်းဆိုင် ၉၀ ရာခိုင် နှုန်းခန့်မှာအခြင်အတွယ် မပြည့်ပဲ
ပုံမှန် ထက်လျော့နည်းကြောင်း စစ်ဆေးတွေ့ ရှိရသည်ဟု ထုတ်ပြန်ထားသည်။ မြန်မာ့
ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း၊ ရန်ကုန်တိုင်း ဒေသကြီးတိုင်း
ရောင်းဝယ်ရေး အရာရှိရုံး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီး
ဌာန၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ် ဦးစီးဌာနနှင့်
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ ပါဝင်သော
စစ်ဆေးရေးအဖွဲ့ သည် စက်တင်ဘာလ ၂၆နှင့် ၂၇ ရက် နေ့များတွင်
ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင် ၂၃
ဆိုင်ကို ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီးနောက် ၂၁ ဆိုင်တွင် စက်သုံးဆီ
အခြင်အတွယ်ပြည့်မီခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။
ဝယ်ယူအသုံးပြုသူ အများပြည်သူ အနေဖြင့် ဆိုင်များမှ တောင်းယူသည့် ဈေးနှုန်းအား အတိအကျပေးချေရ သော်လည်း ကိုယ်ပေးသည့် ဈေးဖြင့် မတန်အောင် လျော့နည်းမှုမှာ ၀ယ်ယူ သုံးစွဲသူအပေါ် မသမာသည့်နည်းလမ်းဖြင့် ထပ်မံအမြတ်ထုတ်နေခြင်းဟူသည့် အခြေအနေအထိ ပြောကြားကြ ခြင်းဖြစ်သည်။ ထိုသို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ပြီးနောက် ရေနံထွက်ပစ္စည်းများ တင်သွင်း၊ သိုလှောင်ဖြန့်ဖြူးရောင်း ချခြင်းလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီဝင် ကိုယ်စားလှယ် များပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင် ၂၃ ဆိုင်အား ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ ဆိုင် ၂၁ ဆိုင်ရှိ ပန့်များမှာ သတ်မှတ်ထားသည့် အခြင်အတွယ်မပြည့် လျော့နည်းနေကြောင်း စစ်ဆေး တွေ့ရှိရခြင်းဖြစ်သည်။ စစ်ဆေးရေးအဖွဲ့မှ အခြင်အတွယ် လျော့နည်းနေသည့် ဆိုင်များ၊ ဆိုင်ဖွင့်ထားသည့် လုပ်ငန်းရှင်များအား ပထမ အကြိမ်အဖြစ် တရားဝင်သတိပေးစာ ပေးပို့ထားပြီး ထပ်မံစစ်ဆေးတွေ့ရှိ ပါက စက်သုံးဆီသိုလှောင်ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်ကိုပါ ပြန်လည် သုံးသပ်အရေးယူမည်ဟု ထုတ်ပြန် ထားသည်။ စက်သုံးဆီဆိုင်အချို့ကမူ အလေး ချိန်လျော့နည်းခြင်းမဟုတ်ဘဲ လီတာ နှင့်ဂါလန်အခြင်အတွယ် သတ်မှတ် ချက်ကွဲလွဲမှုကြောင့် စစ်ဆေးရေးအဖွဲ့ ၏ ထုတ်ပြန်ထားသည့် လျော့နည်း သည့် ဆိုင်စာရင်းတွင် ပါဝင်သွားခြင်း ဖြစ်ကြောင်း၊ လီတာမှ ဂါလန်ပြောင်းသည့် အခြင်အတွယ်အား တိကျစွာ ဖြင့် သတ်မှတ်ပေးစေလိုသည်ဟုလည်း ပြောကြားခဲ့ကြသည်။ ဆီဂါလန်မပြည့်သည့် စာရင်းတွင် ပါဝင်သော ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်ဖွင့်လှစ်ထားသည့် ကုမ္ပဏီ အချို့သို့ ဆက်သွယ်မေးမြန်းရာ လုပ်ငန်းရှင်အချို့က မြန်မာနိုင်ငံအနေဖြင့် တစ်ဂါလန်တွင် ၄ ဒသမ ၅ လီတာ သတ်မှတ်အသုံးပြုနေခြင်းဖြစ်ကြောင်း၊ ထို့အတွက် ဆီပန့်များအား တစ်ဂါ လန်လျှင် ၄ ဒသမ ၅ လီတာဖြင့် ချိန် ညှိကာတပ်ဆင်ထားကြောင်း၊ စစ်ဆေး ရေးအဖွဲ့မှ လာရောက် စစ်ဆေးရာတွင် နိုင်ငံတကာသုံးဖြစ်သည့် ဗြိတိန်၏ အခြင်အတွယ် သတ်မှတ်ချက်ဖြစ်သော တစ်ဂါလန်လျှင် ၄ ဒသမ ၅၄၆ လီ တာပါဝင်သည့် အခြင်အတွယ်ဖြင့် စစ်ဆေးခြင်းကြောင့် ကွဲလွဲခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယခုဆီလျော့သည့် စာရင်းတွင် ပါဝင်သည့် အချို့ဆိုင်များမှာမူ ဆီထည့်သည့်ပန့်အား တစ်ဂါလန်အတွက် ၄ ဒသမ ၃ လီတာဖြင့်ချိန်ညှိကာသီးသန့် လျော့နည်းစေရန် ရည်ရွယ်ပြုလုပ်သည့် ဆိုင်များရှိသည်ဟု ပုဂ္ဂလိကဆီဆိုင် လုပ်ငန်းရှင်အချို့ထံမှ သတင်းရရှိသည်။ ဆိုင်အများစုမှာမူ တစ်ဂါလန် ၄ ဒသမ ၅ လီတာထက်ပို၍ပင်လျော့နည်း ပြီးဆီဖြည့်သည့်အခါ ကားပေါ်မှဆင်းကာ စောင့်ကြည့်ရကြောင်း၊ သို့သော် ဆီဖြည့်သည့် ပန့်ကို ပြုပြင်ထားခြင်း ဖြစ်သည့်အတွက် မည်သို့ပင်စောင့်ကြည့် သည်ဖြစ်စေ ဆီအခြင် အတွယ်မပြည့်ကြောင်း၊ ဆိုးရွားစွာလျော့နည်းသည့် ဆိုင်များလည်းရှိကြောင်း ကားလုပ်ငန်းရှင်များက ပြောကြားခဲ့သည်။ ဆီဆိုင်လုပ်ငန်းရှင်တစ်ဦးက “အခုလျော့တဲ့အထဲမှာ နှစ်မျိုးရှိတယ် တစ်မျိုးက အခြင်အတွယ် စနစ်ကြောင့် နောက်တစ်မျိုးက တမင်သီးသန့်ခိုးတဲ့ သဘောလုပ်ထားကြတာပါ။ တစ်ဂါလန်ကို ၄ ဒသမ ၃ လီတာအထိ လျော့ပြီးစားနေတဲ့ ဆိုင်တွေလည်းရှိ တယ်”ဟု ထုတ်ဖော်ပြောပြခဲ့သည်။ ၀ယ်ယူသုံးစွဲသူများအပြင် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ အပေါ်တွင်ပါ နစ်နာရမည့် အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က”မြန်မာနိုင်ငံမှာ နှစ်စဉ်စက် သုံးဆီလီတာပေါင်း ၂ ဒသမ ၄ ဘီလျံ သုံးတယ်လို့ နိုင်ငံတကာသတင်းတစ်ခုမှာ ထုတ်ပြန်ထားတယ်။ ဒါက မနှစ်ကအထိ ဒီနှစ်ဆိုရင် ကားအသစ်အစီး ရေ ၅ သောင်း၊ ၆ သောင်းတိုးလာ တယ်။ ဒီတော့ လီတာပေါင်း ၃ ဘီလျံ အထိလောက်သုံးစွဲမယ်လို့ ခန့်မှန်းလို့ ရတယ်။တစ်ဂါလန်မှာ ၀ ဒသမ ၀၄၆ လျော့တယ်ဆိုရင် မြန်မာတစ်နိုင်ငံ လုံးဝယ်ယူသုံးစွဲသူတွေ တစ်နှစ်အတွင်း မှာ ဂါလန် ၆ ဒသမ ၆၇ သန်းကျော် လျော့မယ်။ တစ်ဂါလန်ကို ကျပ် ၄၀၀၀ နဲ့တွက်ရင် ကျပ်သန်းပေါင်း ၂၆၇၁၁ အထိနစ်နာသွားပြီ။ ဒါတွေကို ၀ယ်ယူသုံးစွဲသူကပဲ ကျခံနေရတာ။ စီးပွားရေးအရ ၀ယ်ယူအသုံးပြုရတဲ့သူတွေ လည်း ဒီလိုလျော့တဲ့ ဒဏ်ကြောင့် Transaction Cost တွေပိုပြီးများမယ်။ ၀ယ်ယူသုံးစွဲသူက ဆိုင်ကတောင်းတဲ့ တစ်ဂါလန်နှုန်းအတိုင်းငွေကို အတိအကျ ပေးဝယ်ကြရတာ။ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ တကယ်လို့ အခြင်အတွယ် ကွာခြားချက်ကြောင့်ဆိုရင်လည်း အခြင်အတွယ်ကို အတိအကျ သတ်မှတ်ပြီး လုပ်သင့်တယ်။ သက် သက်မယ့် လျော့အောင်လုပ်ပြီး လုပ်စားတဲ့သူတွေကိုတော့ အရေးယူသင့် တယ်။ အဓိကပြောချင်တာကတော့ သီးသန့်လျော့အောင် လုပ်ထားတဲ့ ဆိုင်တွေကိုပဲပြောချင်တာပါ”ဟု ပြောကြားခဲ့သည်။ တွံတေးမြို့နယ်အတွင်း ငါးမွေးမြူသူ လုပ်ငန်းရှင်တစ်ဦးကလည်း "စက်သုံး ဆီဆိုင်တွေကို အစိုးရကိုင်တုန်းကလဲ ဒီလိုဆီမပြည့်တဲ့ ဒဏ်ကိုခံစားရတဲ့ ဘ၀တွေကို ကျွန်တော်တို့ ဖြတ်သန်း ခဲ့ရပြီးပြီ။ ပန့်ကိုင်တွေဆီဆိုင် တာဝန်ခံတွေပဲ ချမ်းသာ။ အခုပုဂ္ဂလိကကို လွှဲတဲ့အခါ ဒီဒဏ်တွေကလွတ်ပြီလို့ တွေးထားတာ။ တောင်းတဲ့ဈေးဆစ်လို့မရဘူး ပေးရတာ။ အခြင်အတွယ်လေးတော့ ပြည့်အောင်ပေးဖို့ ၀ယ်သုံးတဲ့သူအနေ နဲ့ပြောချင်တယ်။ ကျွန်တော်တို့က ငါးမွေးတာ အမြတ်နည်းနည်းလေးနဲ့ ရပ်တည်နိုင်အောင်လုပ်နေရတာ။ ဒါဖိုးတွေပါ ထပ်ကုန်နေတာမျိုးတော့ မဖြစ်သင့်တော့ဘူး။ အခုလိုထုတ်ပြန်တာ ကောင်းပါတယ်”ဟု ပြောပြခဲ့သည်။ မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက”ဒီမှာက တစ်ဂါလန်ကို ၄ ဒသမ ၅ လီတာနဲ့ပဲ စွဲစွဲမြဲမြဲသုံး လာတဲ့အတွက် ဂျပန်က ပန့်လာဆင် ပေးတဲ့သူက ၄ ဒသမ ၅ လီတာနဲ့ လုပ်ခဲ့တယ်။ စစ်ဆေးတဲ့အခါ ဗြိတိန် အတိုင်းအတာဖြစ်တဲ့ တစ်ဂါလန်ကို ၄ ဒသမ ၅၄၆ နဲ့စစ်ဆေးတော့ တစ်ဂါလန်ကို ၀ ဒသမ ၀၄၆ လီတာ လျော့ပြီး စာရင်းထဲပါသွားတာပါ။ အဓိကပြောချင်တာက ဂါလန်နဲ့လီ တာသတ်မှတ်မှုကွာခြားသွားလို့ပါ။ ပြည်ပကသွင်းတော့ တန်နဲ့ သွင်း တယ်၊ ဆိုင်မှာ တပ်ထားတဲ့ပန့်ကျ တော့ လီတာစနစ်နဲ့ ပန့်တပ်တယ်၊ ရောင်းတော့ ဂါလန်နဲ့ရောင်းတာ ဒီ တော့အခြင်အတွယ်စနစ်သုံးမျိုးဖြစ် ပြီး အဆင်မပြေဘူး။ အခုဝယ်ယူသုံး စွဲသူတွေအဆင်ပြေအောင် ကျွန်တော့် ဆိုင် အားလုံးကို လီတာနဲ့ပဲ ရောင်းချ ပေးမယ်။ လီတာနဲ့ရောင်းချပြီး ဆီ အပြည့်အ၀ရဖို့ အာမခံပါတယ်။ အစစ် ဆေးလည်းခံနိုင်တယ်၊ ဒါမှလျော့ တယ်ဆိုရင်လည်း ကျွန်တော်တို့ ကုမ္ပဏီက တာဝန်ယူပေးသွားမယ်။ ၀ယ်ယူသုံးစွဲသူတွေ အနေနဲ့ ဒီလို ရောင်းလို့မှ နစ်နာတယ် မပြည့်ဘူး ဆိုရင်ဥပဒေကြောင်းအရပါ ကျွန်တော်တို့ကို အရေးယူနိုင်ပါတယ်။ ဒီအထိ ကျွန်တော်တို့ တာဝန်ယူပေးမှာပါ။ အခု ဖြစ်တာကလည်း အခြင်အတွယ် သတ်မှတ်မှုကွာခြားခဲ့လို့ပါ။ စစ်တာက ကုမ္ပဏီ တစ်ခုရဲ့ဆိုင်ခွဲတစ်ခုစီကိုပဲ စစ်တာပါ” ဟု ဂါလန်ဖြင့်ရောင်းချနေရာမှ လီတာ ဖြင့်ပြောင်းလဲရောင်းချမည့် အပေါ်ပြောကြားခဲ့ပါသည်။ ၂၀၀၀ စက်သုံးဆီအရောင်းဆိုင် မှ တာဝန်ရှိသူတစ်ဦးက”ကျွန်တော် တို့က တစ်ဂါလန် ၄ ဒသမ ၅ လီတာနဲ့ အများတွက်သလို တွက်ပြီး လုပ်ထားလို့စစ်ဆေးတဲ့စံချိန်နဲ့အနည်း ငယ်လွဲသွားတာဖြစ်မှာပါ။ စာရင်း ထုတ်ပြန်တဲ့အခါမှာတော့ တကယ် အများကြီးလျော့ရောင်းတဲ့ဆိုင်နဲ့ ကျွန်တော်တို့လို အခြင်အတွယ် စနစ်ကြောင့် စစ်ဆေးမှုနဲ့ ကွဲလွဲရတဲ့ဆိုင် တွေကိုတော့ ခွဲခွဲခြားခြားလေးထုတ် ပြန်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ တစ်ဂါလန် ၄ ဒသမ ၅ လီတာနဲ့အပြည့် တွက်ပြီးရောင်းပေးခဲ့တာပါ”ဟု ပြော ကြားခဲ့သည်။ Denko စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက”ကျွန် တော်တို့က အစကတည်းက အများ စုအသုံးပြုနေတဲ့ အခြင်အတွယ်ဖြစ်တဲ့ တစ်ဂါလန်ကို ၄ ဒသမ ၅ နဲ့ တိတိ ကျကျရောင်းနေတာပါ။ စစ်ဆေးပြီး ထုတ်ပြန်တဲ့အခါမှာ ဘာကြောင့်လဲ လျော့တာလဲဆိုတာတော့ မေးစေချင် တယ်။ အခုဆိုရင် တစ်လီတာကို ဘယ်လောက်နဲ့စံထား တယ်ဆိုတာကို သတ်မှတ်လိုက်ပါ။ အဲဒီအတိုင်း တိတိကျကျနဲ့ ရောင်းပေးဦးမှာပါပဲ။ အခုလည်း ကျွန်တော်တို့အများစု စံထားတဲ့နှုန်းနဲ့ ရောင်းနေတာဖြစ်လို့ စစ်ဆေးတဲ့ အဖွဲ့ စံထားတာနဲ့ ကွဲလွဲပြီးဖြစ်တာ”ဟု ပြောကြားခဲ့ပါသည်။ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေ နံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း မှ စက်သုံးဆီအရောင်းဆိုင် ၂၄၆ ခုကို ပုဂ္ဂလိကကဏ္ဍသို့ စက်သုံးဆီရောင်း ချခြင်းလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း က အဆိုပြုလွှာခေါ်ယူခဲ့ပြီး ကနဦး အနေဖြင့် ကုမ္ပဏီ ၂၀ ကျော်မှ လုပ် ကိုင်ခွင့်ရရှိသွားသည်။ ယင်းနောက် ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့တွင် ပုဂ္ဂလိကစက်သုံးဆီဆိုင်များအဖြစ် စတင်ဖွင့်လှစ် ရောင်းချခဲ့ခြင်းဖြစ်သည်။ စတင်ဖွင့် လှစ်ပြီးနောက် ပြည်ပဈေးနှင့် ပြည် တွင်းဈေး ကွာဟသည့်ဖြစ်ရပ်များကြုံ တွေ့ခဲ့ပြီးနောက်ပိုင်းတွင် ဆီအခြင် အတွယ်မပြည့်ခြင်း၊ ဆီအရည်အသွေး မပြည့်မီသည့် ဝေဖန်မှုများဆက် တိုက်ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် စက်သုံးဆီဆိုင်ဖွင့် လှစ်ခွင့်ရရှိသည့် ဆိုင်အရေအတွက် မှာ နည်းပါးလွန်းသည့် အတွက် ပြည်တွင်းဈေး၊ ပြည်ပဈေးကွာဟချက်များ ဖြစ်ပေါ်သည့် ဝေဖန်မှုနှင့်အတူ လက်ဝါးကြီးအုပ်ကာ ဈေးညှိရောင်းချမှုရှိသည့် ဝေဖန်မှုများပါ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးသူများ အသင်းအား ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌအနေဖြင့် ဦးတေဇ(ဥက္ကဋ္ဌ၊ ထူးထရေးဒင်း)မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် အောက်တိန်းအား အဆို ပါအသင်းမှသာတာဝန်ယူတင်သွင်းပြီး ပြန်လည်ဖြန့်ဖြူးနေခြင်းဖြစ်သည်။ |
ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Monday, October 8, 2012
စက်သုံးဆီဝယ်ယူသော ပြည်သူများအကြား ကျယ်ကျယ် ပြန့်ပြန့်ဝေဖန်မှုများ ထွက်ပေါ်အပြီး သက်ဆိုင်ရာမှ ၀င်ရောက်စစ်ဆေးရာ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင် ၉၀ ရာခိုင်နှုန်းခန့်မှာ အခြင်အတွယ်မပြည့်ဘဲ ပုံမှန်ထက် လျော့နည်းနေကြောင်းတွေ့ရ
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။
Powered By Blogger Widgets
P.s. ကျွန်တော်သိသလောက်တော့ သမ္မတကြီးက အချို့သော တခြားလုပ်ငန်းများကိုလည်း စစ်ဆေးရန်ညွှန်ကြားထားတယ်လို့ဆိုပါတယ်။ စစ်ဆေးလို့ အပြစ်မတွေ့ဘူးဆိုရင် အဲဒီစစ်ဆေးရေးအဖွဲ့ဟာ လာဘ်စားထားလို့ပါပဲ။ ဘာလို့လဲဆိုတော့ တိုင်ကြားစာများ ရရှိထားပြီးဖြစ်လို့ပါ။ကျောင်းတစ်ကျောင်းကိုလည်း စစ်ဆေးရာမှာ အခန်းတစ်ခန်းရဲ့စာရင်းရှိပြတင်းပေါက်က ၁၂ခု၊ တကယ်ဖောက်ထားတဲ့ပြတင်းပေါက်အရေအတွက်က ၈ခုဖြစ်နေတယ်လို့ အဲဒီကျောင်းကသူငယ်ချင်းဆရာကပြောတယ်ဗျ။ (စစ်ဆေးခိုင်းတဲ့အပိုင်းပဲ ကျွန်တော်ပြောတာနော် ၊ နောင်ကြီး...ဟဲဟဲ အရေးယူမှုအပိုင်းကတော့ ကျွန်တော်လည်း------- မကြာမီလာမည်--မျှော်)
P.s. ကျွန်တော်သိသလောက်တော့ သမ္မတကြီးက အချို့သော တခြားလုပ်ငန်းများကိုလည်း စစ်ဆေးရန်ညွှန်ကြားထားတယ်လို့ဆိုပါတယ်။ စစ်ဆေးလို့ အပြစ်မတွေ့ဘူးဆိုရင် အဲဒီစစ်ဆေးရေးအဖွဲ့ဟာ လာဘ်စားထားလို့ပါပဲ။ ဘာလို့လဲဆိုတော့ တိုင်ကြားစာများ ရရှိထားပြီးဖြစ်လို့ပါ။ကျောင်းတစ်ကျောင်းကိုလည်း စစ်ဆေးရာမှာ အခန်းတစ်ခန်းရဲ့စာရင်းရှိပြတင်းပေါက်က ၁၂ခု၊ တကယ်ဖောက်ထားတဲ့ပြတင်းပေါက်အရေအတွက်က ၈ခုဖြစ်နေတယ်လို့ အဲဒီကျောင်းကသူငယ်ချင်းဆရာကပြောတယ်ဗျ။ (စစ်ဆေးခိုင်းတဲ့အပိုင်းပဲ ကျွန်တော်ပြောတာနော် ၊ နောင်ကြီး...ဟဲဟဲ အရေးယူမှုအပိုင်းကတော့ ကျွန်တော်လည်း------- မကြာမီလာမည်--မျှော်)
သိပ်တော့အငြင်းမပွားချင်ပေမဲ့ ပြည်တွင်းကုမ္ပဏီကတရုပ်ပန့်တပ်ထားပြီးဂျပန်ကပဲတိုက်ရိုက်လာတပ်ဆင်ပေး
လက်ပူးလက်ကျပ်မိနေတာတောင်မုံလာဥလုပ်ချင်သေးတယ်နော်။.....ဂျပန်လောက်တိကျတာဂျပန်ပဲရှိတယ်။ မှားတယ်ဆိုရင်လဲတတ်ပြီးကတည်းကသိရမှာပေါ့......။
ကယောင်ကတန်းတွေလျှောက်ပြောမနေကြပါနဲ့..ခရိုနီ၊ခရိုနက်၊ခရိုပြာ၊ခရိုဝါ ခရိုတေတို့ရယ်။
တတ်နိုင်တာတော့ရှိသဗျ ….
ဆီဖြည့်ရင် ကားပေါ်ကဆင်း....Digital Counter က ပိုက်ဆံ၊ လီတာ အဲ့ဒါတွေအပင်ပန်းခံကြည့်မနေနဲ့...
ဆီဖြည့်တဲ့ကောင်လက်ကို မျက်မှောင်ကြုံ့ ပြီးသေသေချာချာကြည့်ထား … လက်ကို လျှော့လိုက်တင်းလိုက် မကစားစေနဲ့ ….
အဲ့ဒီလို ရှိုးတဲ့နေ့ကစပြီး ခါတိုင်းထဲ့နေကြ နှစ်သောင်းဖိုးထက်ပိုပြည့်တယ် ….
မြန်မာဆို ပိုဆိုးပေါ့ ဒီဗိုလ်ချုပ်အဟောင်းတွေ လက်ဝါးကြိးအုပ်ထားတာ။ သန်းရွှေသမီးတွေ ကထက်ဝက်လောက်ရှယ်ယာပါတယ်။
ဖြတ်မယ့်ဖြတ်လည်း ဒဿမတွေအားလုံးဖြတ်ပြီး တစ်ဂါလံ ၄ လီတာနဲ့ ရောင်းပါတော့လား။
လမ်းဘေးက ဓာတ်ဆီခိုးရောင်းနေတဲ့ကောင်တွေသတ်မှတ်တာဆိုရင်တော့ အဲဒီကောင်တွေနောက်လိုက်တဲ့
ကိုယ့်ကုမ္ပဏီအဆင့်ကိုယ် သဘောပေါက်ပေါ့။
မသိသေးရင်မှတ်ထားဟဲ့...
Learners' Dictionary မှာ 1gallon eqivalent to 4.5435 litres လို့ရေးထားပြီး
Oxford Dictionary မှာ 1gallon eqivalent to 4.55 litres လို့ရေးထားတယ်ဟဲ့။
သဘောမဟုတ်ဘူးလုံးဝကို ကန်းနေတာ.
သာတယ် နာ ၅ နားနဲ့လေ။နည်းနည်းတောင်းလဲ
..........အဲထဲမှာလဲပါမလားဘဲ....
Quoting myrpp: အဆင့်ချင်းတော့ မတူနိုင်ပါဘူး တခြားသူခိုးတွေသိက္ခာကျလိမ့်မယ် ဘာလို့လဲဆိုတော့ တခြားသူခိုးတွေက ကိုယ်ပိုင်အရည်အချင်းနဲ့ သတ္တိရှိရှိခိုးတာ ခရိုနီဆိုတဲ့သူခိုးတွေက ဖားလျား......က်ပြီးမှ ဘာအရည်အချင်းမှမရှိဘဲ ခိုးတာ......
အမိန်.အရ ....
ပုံ ခရိုနီကြီများ (ပြည်သူ.ချဉ်ဖတ်များ)
လုပ်ချင်တာလုပ် မျက်စေ့မှိတ်နေမဲ့ သဘော....
ပြောင်နေပြီ။ဒါနဲ့အားမရသေးဘူး………အခုကျွန်တော်တို့ချွေးနဲစာတွေကိုခိုးကြပြန်ပြီ။အချို့သူခိုးကြီးတွေက
လည်းခေါင်းပေါင်းတွေ၊ချိတ်ပုဆိုးတွေနဲ့………..
ခိုးပြီးမှဘဲချမ်းသာလာတယ်ဆိုတော့၊ခိုးနည်းကလွဲပြီး
ဘာနည်းမှသိမှာမဟုတ်ပါ။
ဒါတောင် နဲနဲပွင့်လင်းလာလို့ EMG လိုမျိုးပြည်သူ
ဘက်ရပ်တည်တဲ့မီဒီယာတွေဖေါ်ထုတ်တော့မှ
ခုမှ ပြည်သူတွေသိခွင့်ရတာ
အယင့်အယင် ဘယ်လောက်များ ခိုးလိုက်မလဲ
အချိန်တိုတိုအတွင်းမှာ တိုးပွားလာလိုက်တဲ့
သူတို့ပိုင်ဆိုင်မှုနဲ့ လုပ်ငန်းတွေကိုဘဲကြည့်ကြပါ၊
ပြီးတော့ ဒါဟာ ခိုးတဲ့ နည်းလမ်းပေါင်းများစွာထဲက
နည်းလမ်းသေးသေးလေးတစ်ခုဘဲဖြစ်အုံးမှာ။။
မီဒီယာတွေများများဖေါ်ထုတ်နိုင်ကြပါစေ၊
အစိုးရလဲ ရဲရဲဝံ့ဝံ့ဖြေရှင်းနိုင်ပါစေ။
မည်သူမဆို၊မမှန်ကြောင်းသိသောအချိန်အတွယ်ကိရိယာတစ်ခုခုကို
လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့်အသုံးပြုလျှင်၊ထိုသူကိုတနှစ်
အထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်
စေချမှတ်ရမည်။ )
ဥပဒေရှိရဲ့သားနဲ့ ဘာကြောင့် အရေးမယူတာလဲ ဆိုတာ ပြည်သူတွေကို ရှင်းပြစေချင်တယ်...
ဆီခိုးတာဆိုရင်တော့ပြောမနေနဲ့။
from top to bottom.
every classes
every walks of life.
all thieves.
education,
researches.
text books.
music
steal from outside country and
also from among each others inside the country.
the whole country is full of stealing.
Khoe Pee Yin , Khoe Yinn
Khoe Pee Yin, Khoe Yinn.
always compete who can steal more, how can steal more. .. Not competing in others good competitions like ' who can perform better ' ? .. who can do better. ? who can have higher benchmarks? etc. . .
Just for stealing and stealing and corrupt and corrupt.
And then, daily or weekly or monthly . .People also observe ' FIVE PRECEPTS ;' Ngar Par Thi La .
Amazing !
Sauk Shet Ma Sheet .
And people are lying to oneself. Lying to self.
How can this country be improved as it is full of thefts.
How can those thefts be abolished?
once abolished, there will be dim light for real true democracy.
Other wise, it will be demoCRAZY.
by
Paung Lone Phoo
ခရိုနီအကြီးကြီးတွေရော ပါတာလား...
သြ... သူတို့ပိုက်ဆံမရှိလို့ ခိုးတာကိုဗျာ....ခိုးပါစေလား EMG ရယ်...
မရိုးသားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ နည်းပါးသွားတာနဲ့ အမျှ တရားမျှတကာ ရိုးသားသော စီးပွားရေး လုပ်ငန်းရှင်များသာ ရည်ရှည်မှာ ရပ်တည်သွားနိုင်မှာပါ ။
ဘဏ်လုပ်ငန်းမှာလည်း ဒီလိုပါဘဲ ၊ မရိုးသားတဲ့ ဘဏ်တွေကို ဖယ်ရှားပြီး၊ မှန်ကန်တဲ့ ဘဏ်လုပ်ငန်းစနစ် ပေါ်ထွန်းလာဖို့ဘဲ မျှော်လင့်မိပါတယ် ။
ဗမာဟန် နှင့် လူထုကို ကလိမ်ကကျစ်လုပ်တော့တာပဲ။ အဲဒီ
လောက်လုပ်တာကို အရေးမယူနိုင်ဘူးဆိုရင် နိုင်ငံခြားရင်းနှီးမြှပ်နှံ
သူတွေ့ ကိုပဲ အားပေးရတော့မယ်။ ဒါကြောင့် မီဒီယာလွတ်လပ်ခွင့် အရမ်းလိုအပ်တယ်။ ဒါမှ သူခိုးများကို လျော်ကြေးတောင်း လိုင်စင်ဖြုတ် တရားစွဲနိုင်မှာပေါ့။
ဈေး ကျ တော. တဂါလံ ၅ ဒေါ်လာ........
ရတာက 3.8 liter...........
စီးရတာက သူများ မစီး တော့တဲ့ ၁၀ နစ်သား ကားစုတ်....
မြို့ထဲလမ်းတွေက အာဖစ်ကနစ်စတန် ထက် ဆိုး.......
Asia ကို မှီ အောင် လိုက်မလို့ဆို...........
ပုံ .....မြန်မာပြည်သား................
မင်းတို့မှ မချမ်းသာယင် ဘယ်သူ မချမ်းသာတော့ဘူး....ဒါကြောင့်လဲ အရှေ့တောင်အာရှမှာ မြန်မာဆိုတာ ထိပ်ဆုံးရောက်နေတာပေါ့ကွာ........
ဂါလန်ခွက်နှစ်ခွက် ထားပီး ခိုးတာက ကလေးကလား၊ မူကြို အဆင့် ခိုးနည်းပါ။
ဂါလန်ခွက် တစ်ခွက်ထဲနဲ့ မျက်စိ အောက်တင် လက် ဘယ်ညာပြောင်းပီး ဓါတ်ဆီ ခိုးတာ မြင်ရလို့ လက်ဖျား ခါရဘူးပါတယ်။
အခုတော့ Pump ကနေ ခိုးတယ် ဆိုတော့ နည်းပညာပိုင်းမှာ တိုးတက် သွားတယ် လို့ ဆိုရမှာပေါ့။
ကွန်ဂရက်ကျူလေးရှင်း......
ရှမ်းလမ်းဆီဆိုင်တွင်တခါလောက်ဆီလာထည့်ကြည့်ပါ
ဦး....စမ်းချောင်းမှာအခိုးဆုံးဆိုင်ဘွဲ.ရထားတာ...
Some times you have to choice the hard way. You can go with soft way all the time. Burn all those gas stations. Moe Si taun said, the power is at the open of the gun.
မည်သူမဆို၊မမှန်ကြောင်းသိသောအချိန်အတွယ်ကိရိယာတစ်ခုခုကို
လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့်အသုံးပြုလျှင်၊ထိုသူကိုတနှစ်
အထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်
စေချမှတ်ရမည်။
ပြစ်မှုကျူးလွန်သူကိုဥပဒေအရအရေးယူခြင်းမှကင်းလွတ်ခွင့်ပြုနိုင်
သည့်အာဏာစွမ်းအင်ဝန်ကြီးဌာနတွင်မရှိပါ။
Shame to companies who are on the black list. You are destroying our country. Do the business in right way and help country improvement.
အခု တွေ့ ပြီဆိုတော့ ပြည်သူတွေအတွက် ၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလား၊ ဘယ်လို နစ်နာမှုတွေကို အလျော်ပေးခိုင်းမှာလဲ........... သိချင်လိုက်တာဗျာ။
သတိပေးစာလောက်နဲ့ တော့ မလုံလောက်ဘူးထင်တယ်နော်။ ရေပေါ် အရုပ်ရေးတာကမှ အရာထင်ကျန်ခဲ့ဦးမယ်။ ထိထိရောက်ရောက် အရေးမယူဘူးဆိုရင်............... အလကားပါပဲ။ ရှက်စရာနော်။