Wednesday, October 3, 2012

တပ်မတော်သာ ပြည်သူများနှင့်အတူတူ လျှောက်ပြီဆိုပါက..


Wednesday, October 3, 2012

တပ်မတော်သာ ပြည်သူများနှင့်အတူတူ လျှောက်ပြီဆိုပါက...( ဒေါ်အောင်ဆန်းစုကြည်)

တပ်မတော်သာ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မားမားမတ်မတ် ပြည်သူများနှင့်အတူတူ လျှောက်ပြီဆိုပါက နောက်ကြောင်းပြန်လှည့်ရန် အလားအလာ မရှိသလောက်ဖြစ်သွားမည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
..............................................................................................................................
Wednesday, 03 October 2012 09:03
တပ်မတော်သာ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မားမားမတ်မတ် ပြည်သူများနှင့် အတူတူလျှောက်ပြီဆိုပါက နောက်ကြောင်း ပြန်လှည့်ရန် အလားအလာ မရှိသလောက် ဖြစ်သွားမည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလပ်ခဲ့သော အမရေိကန်နိုင်ငံ ဆန်ဖရန်စစ္စကို မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် မြန်မာပြည်နိုင်ငံရေး အခြေအနေသည် မည်သည့်အဆင့်ရောက်ပါက နောက်ကြောင်းပြန်မလှည့်နိုင်ပါဘူးဟု ယူဆပါလဲ၊ ထိုအခြေအနေရောက်အောင် ဘယ်လိုဝိုင်းဝန်းပြီးတော့ လုပ်ကြရပါမည် လဲဟူသော မေးခွန်းအား ၎င်းက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နောက်ကြောင်း မပြန်နိုင်သည့်အဆင့်ဆိုသည်မှာ မရှိနိုင်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်မှုအောက်ကို ရောက်သွားသည့် ၁၉၆၂ ခုနှစ်က ဆိုလျှင် ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ ဒီမိုကရေစီနိုင်ငံတစ်ခု၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရအုပ်ချုပ်သည့် အနေအထားမှ နေ့ချင်းညချင်း စစ်အုပ်ချုပ်မှုအောက်ကို ရောက်သွားကြောင်း၊ ထို့ကြောင့် နောက်ကြောင်း ပြန်လှည့်ရန် မရသည့် အခြေအနေဆိုသည်မှာ အင်မတန်မှ ပြောရခက်ပါကြောင်း၊ တကယ်ပဲ ရှိနိုင်သလားဆိုပါကမူ ရှိနိုင်ပါကြောင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းဖြေကြားခဲ့သည်။
နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ အခြေအနေက ဘယ်လိုလဲဆိုတော့ ပြည်သူလူထုအားလုံးဟာ နောက်ကြောင်းပြန်လှည့်ဖို့ကို လုံးဝ မလိုလားတဲ့အချိန် ရောက်မှပါ။ အဲဒီဟာကတော့ တော်တော်အချိန်ယူရမှာပါ။ အခုလောလောဆယ်တော့ ကျွန်မတို့အနေနဲ့ ဒီလောက်ရောက်လို့ရှိရင်၊ ဒီအခြေအနေရောက်ရင် နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူးလို့ ပြောရမှာခက်ပါတယ်  .   .   .
''နောက်ကြောင်း ပြန်မလှည့်နိုင်တဲ့ အခြေအနေက ဘယ်လိုလဲဆိုတော့ ပြည်သူလူထုအားလုံးဟာ နောက်ကြောင်းပြန်လှည့်ဖို့ကို လုံးဝမလိုလားတဲ့ အချိန်ရောက်မှပါ။ အဲဒီဟာကတော့ တော်တော်အချိန်ယူရမှာပါ။ အခုလောလောဆယ်တော့ ကျွန်မတို့ အနေနဲ့ ဒီလောက်ရောက်လို့ရှိရင်၊ ဒီအခြေအနေရောက်ရင် နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူးလို့ ပြောရမှာ ခက်ပါတယ်။ တစ်ခုတော့ ကျွန်မပြောချင်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက တပ်မတော်ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ မားမားမတ် မတ်ပြည်သူတွေနဲ့ အတူတူ လျှောက်ပြီဆိုရင်တော့ နောက်ကြောင်း ပြန်လှည့်ဖို့ အလားအလာ မရှိသလောက် ဖြစ်သွားမယ်လို့တော့ ကျွန်မတို့ ယုံကြည်လို့ ရပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်
ယနေ့တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက်သာဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရန်အတွက် အုပ်ချုပ်ရေးပိုင်းမှာ ၀င်ရောက်စွက်ဖက်ရန် မရှိကြောင်း၊ နိုင်ငံရေးအပိုင်းတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အကာအကွယ်ပေးသည့် သဘောသာ ရှိကြောင်း၊ တပ်မတော်၏ အဓိကအလုပ်မှာ တိုင်းပြည်ကို ကာကွယ်ရန်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတက စက်တင်ဘာလ ၂၈ ရက်နေ့က အမေရိကန်တွင် မြန်မာမီဒီယာသမားများနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၂၉ ရက်နေ့တွင် BBC ၏ Hardtalk အစီအစဉ်နှင့် တွေ့ဆုံခန်းတွင်လည်း နိုင်ငံတော်သမ္မတက လွှတ်တော်တွင် ၂၅ ရာခိုင် နှုန်းနေရာယူထားသော စစ်တပ်အနေဖြင့် တိုင်းပြည်၏နိုင်ငံရေးတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
http://news-eleven.com/

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။