Wednesday, October 3, 2012

တရုတ်ထိပ်တန်း ခေါင်းဆောင် ပေါ်ဇီလိုင် ကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခံရ

 

တရုတ်ထိပ်တန်း ခေါင်းဆောင် ပေါ်ဇီလိုင် ကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခံရ 

ပေါ်ဇီလိုင်နိုဝင်ဘာလတွင် ပြုလုပ်မည့် အုပ်ချုပ်ရေး လွှဲပြောင်းမှုအတွက် ၄င်းနှင့် ပတ်သက်၍ စုံစမ်းရာတွင် ၄င်းသည် အဂတိလိုက်စားခြင်းမှ သည် မလျော်ကန်သော လိင်မှုဆိုင် ရာ အပြုအမူအထိရှိသည်ဟု စွပ်စွဲ ခံခဲ့ရကြောင်း၊ ပါတီမှ ထုတ်ပယ် လိုက်ကြောင်း၊ ဂုဏ်သိက္ခာမဲ့သူ နိုင်ငံရေးခေါင်းဆောင်ပေါ်ဇီလိုင်နှင့် ပတ်သက်၍ တရုတ်ကွန်မြူနစ် ခေါင်းဆောင်များ အကြိတ်အနယ် ဆွေးနွေးခဲ့ကြရသည်ဟု သတင်း ရရှိသည်။ ဝင့်ကြွားလွန်းသော အဆိုပါ ခေါင်းဆောင်သည် ယခုအခါရာဇ ဝတ်မကင်းသည့် စွပ်စွဲချက်များဖြင့် ရင်ဆိုင်နေရကြောင်း၊နိုင်ငံပိုင်စင်ဟွာ သတင်းဌာနက ထုတ်ပြန်ကြေညာ ခဲ့သည်။ မစ္စတာ ပေါ်ဇီလိုင်သည် အကြီးအကျယ် လာဘ်စားမှုများပြု လုပ်ခဲ့ကြောင်း၊ အာဏာကိုအလွဲ သုံးစားလုပ်ခဲ့ကြောင်း၊ ဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင် အသတ်ခံရ မှုတွင် သူ၏ဇနီးပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ သူသည်အဓိကတာဝန် ရှိသူဖြစ်ကြောင်း၊ အမျိုးသမီးတော် တော်များများနှင့်လည်း လိင်မှု ဆက်ဆံ လျက်ရှိခဲ့ကြောင်း စင်ဟွာ သတင်းဌာနက စွပ်စွဲဖော်ပြခဲ့သည် ဟုသိရသည်။ အသက် ၆၃ နှစ်အရွယ်ရှိ ယခင်က ခြုံကင်းမြို့ရှိပါတီအတွင်း ရေးမှူးဖြစ်ခဲ့သူ ပေါ်ဇီလိုင်သည် ယခုနှစ်ဆောင်းရာသီအုပ်ချုပ်ရေး လွှဲပြောင်းမည့်ကာလတွင် ပိုမိုအဆင့် မြင့်သည့်ဌာနကိုရောက်ရှိမည်ဟု တစ်ချိန်က သတ်မှတ်ခံထားရ သည်ဟု သိရသည်။ "ပေါ်ဇီလိုင်ရဲ့ ရာဇဝတ်မကင်း တဲ့ မတရားလုပ်ဆောင်ချက်တွေအ ပေါ် ကျွန်တော်သံသယဝင်မိတယ်။ သက်သေခံချက်တွေကို ကျွန်တော့် အနေနဲ့ကြည့်ချင်သေးတယ်။ဒါဟာ ရာဇဝတ်မကင်းတဲ့ပြစ်မှုတစ်ရပ်အဖြစ် ပြောင်းလဲသွားတဲ့ နိုင်ငံရေးတိုက်ပွဲ တစ်ခုလို့ အမည်မထင်ရှားသော အခြားပြစ်မှုများလည်းပါဝင်ခဲ့ကြောင်း ကျွန်တော်ထင်တယ်"ဟု တရုတ် နိုင်ငံ၏ လက်ဝဲဝါဒနှင့်ပတ်သက်၍ ထင်ရှားကျော်ကြားသူလည်းဖြစ်၊ ပေကျင်းတက္ကသိုလ်မှ ဘောဂဗေဒ ပါမောက္ခတစ်ဦးဖြစ်သူ "ဟန်တေ ကျင့်" (HanDeqiang) ကထိုသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။ "သူတို့တွေက ပေါ်ဇီလိုင်ရဲ့နိုင်ငံ ရေးလုပ်ငန်းထဲကနေ သူ့ကိုဖယ် ရှားလိုက်ချင်ကြတာပါ။ အုပ်ချုပ် ရေးအပြောင်းအလဲဖြစ်တော့မယ့် တရုတ်နိုင်ငံမှာ ပုဂ္ဂိုလ်ရေးနိုင်ငံရေး ဩဇာတိက္ကမ ရှိတဲ့ခေါင်းဆောင်မျိုး ဖန်တီးမယ့်ဘယ်သူမဆိုအတွက် ဒီ ကိစ္စဟာလုံးဝမဖြစ်သင့်ပါဘူး" ဟု အောက်စဖို့ဒ်တက္ကသိုလ်ရှိတရုတ် နိုင်ငံရေးကျွမ်းကျင်သူ "ရာနာမစ် တာ"(Rana Mitta) က APသတင်း ဌာနသို့ထုတ်ဖော်ပြောဆိုခဲ့သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။