ငြိမ်းချမ်းစွာ အဆုံးသတ် စေချင်တဲ့ အာရှရဲ့  မီးတောက်တစ်ခု
- 02 October 2012 |
- By Venus News Journal
ကြောင့် ခေါင်းအေးအေးထားပြီး ဆောင်ရွက်ကြဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က တရုတ်နဲ့ ဂျပန်ကို စက်တင်ဘာလ ၂၇ ရက်နေ့ (ကြာသပတေးနေ့)က တိုက်တွန်းလိုက်ပါ တယ်။ ဒါပေမယ့် နောက်နာရီပိုင်းအတွင်း မှာပဲ တရုတ်နဲ့ဂျပန်သံတမန်တွေဟာ ကုလ သမဂ္ဂမှာ မခံချိမခံသာ စကားတွေနဲ့ အပြန် အလှန်ထိုးနှက်ကြပါတော့တယ်။ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ ယခုသီတင်းပတ်ကျင်းပတဲ့ ကုလသမဂ္ဂအ ထွေထွေညီလာခံရဲ့ အစည်းအဝေးပြင်ပချိန် မှာတော့ ဟီလာရီကလင်တန်က တရုတ် နိုင်ငံခြားရေးဝန်ကြီး ယန်ကျီချီနဲ့ တွေ့ဆုံပါ တယ်။ အာရှတိုက်ရဲ့ အင်အားကြီးနှစ်နိုင်ငံ စီးပွား ရေးဆောင်ရွက်ချက်တွေပျက်ပြားစ ပြုပြီဖြစ်တာမို့ ဒီအငြင်းပွားမှုကို ဖြည်းဖြည်း ချင်းလျှော့ချလိုက်တာသာ အရေးကြီးပါ တယ်လို့ ကလင်တန်က ပြောခဲ့ပါသဗျာ။ သဘာဝဓာတ်ငွေ့တွေြွကယ်ြွကယ် ဝ၀ရှိတယ်လို့ ကျွန်းနားနေသူတွေထင်ထား တဲ့၊ အဲဒီလူမနေတဲ့ ကျွန်းလေးတွေကို တရုတ်လို ဒိုင်ဩယုကျွန်းများလို့ ထင်ရှား ပြီး ဂျပန်လို ဆန်ကာကုကျွန်းများကို အမည်တွင်ပါသတဲ့ ။ အဲဒီကျွန်းတွေဟာ ၁၈၉၅ ခုနှစ်ကတည်းက ဂျပန်တို့ရဲ့ အုပ် ချုပ်မှုအောက်မှာရှိခဲ့တာပါ။ ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံဆိုတာက လည်း သယံဇာတတွေအများအပြားပိုင် ဆိုင်တဲ့ တိုင်းပြည်တွေပါ။ ဒီကိစ္စပေါ်မှာ တိုက်ရိုက်လုပ်ကိုင်ဖို့နဲ့ တင်းမာမှုတွေ လျှော့ချဖို့ အရည်အချင်းလည်းရှိကြတာ ချင်းအတူတူပါ။ တရုတ်နိုင်ငံခြားရေးဝန်ကြီ ယန်က လည်း အလျှော့မပေးပါဘူး။ ကုလသမဂ္ဂ အထွေထွေညီလာခံ တရုတ်နိုင်ငံက ပြော တဲ့ မိန့်ခွန်းမှာ ပေကျင်းဘက်က ရပ်တည် ချက်ကို အားနဲ့မာန်နဲ့ ပြောခဲ့ပါတယ်။ အဲဒီ ကျွန်းတွေကိုရှေးပဝေသဏီခေတ်တွေက တည်းက တရုတ်နိုင်ငံက ပိုင်ခဲ့တယ်ပေါ့။ စစ်ဖြစ်တာ ကျင်မင်းဆက်ကို ဂျပန်က အနိုင်တိုက်ခဲ့ပြီး နောက်ပိုင်း ၁၈၉၅ ခုနှစ်မှာ အဲဒီကျွန်းတွေကို သိမ်းယူသွားတယ်ပေါ့။ ဒီအကြောင်းအရာပဲ ယန်က ပြောသွားခဲ့ တာပါ။ ပြီးတော့ ဒီလအစောပိုင်းမှာ ပုဂ္ဂလိက ပိုင်ရှင်လက်ထဲကနေ ဒီကျွန်းတွေ ကို ဂျပန်အစိုးရကဝယ်ယူသွားတာနဲ့ ပတ် သက်ပြီး ယန်က ပြစ်တင်ရှုတ်ချလိုက်ပါ သေးတယ်။ အဲဒါဟာ တရုတ်နိုင်ငံတစ်လွှားမှာ ဆန္ဒပြကန့်ကွက်စေတဲ့ မီးပွားတစ်ခုပါ။ ပြီး တော့ နှစ်နိုင်ငံအကျိုးတူကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေကို ထိန်းချုပ်ဟန့် တားဖို့ပေကျင်းကို စေ့ဆော်ခဲ့တဲ့အရာဟာ လည်း အဲဒီကိစ္စပါပဲ။ ဂျပန်က ရယူလိုက်တဲ့ ဒီလုပ်ဆောင် ချက်ဟာ လုံးဝတရားမဝင်ကြောင်းနဲ့ ဥပဒေ နဲ့မညီကြောင်း ယန်ကပြောခဲ့ပါသေးတယ်။ အဲဒီကျွန်းအရောင်းအဝယ်ကိစ္စနဲ့ပတ်သက် ပြီး တိုကျိုက ပြောတာကတော့ ဂျပန်တက်ြွကလှုပ်ရှားသူတွေက ဒီကျွန်းတွေသုံးစွဲမှုကို တားဆီးလိုက်တာဟာ အငြင်းပွားမှုကို လျော့သွားအောင် လုပ်ကိုင်တာပါတဲ့။ ယန်ကတော့ ထိပ်တန်းခေါင်းဆောင် တွေစုံတဲ့ အထွေထွေညီလာခံကြီးမှာ အား မနာလျှာမကျိုးဒီလိုပြောပါတယ်။ "ဂျပန်က ဒိုင်ဩယုနိုကျွန်းကိုခိုးယူပြီး ကျွန်းတွေကိုပေါင်းစည်းလိုက်တယ်၊ တရုတ်နိုင်ငံက အဲဒီကျွန်းတွေအပေါ်မှာ အချုပ်အခြာအာ ဏာပိုင်စိုးမှုတွေရှိနေတယ် ဆိုတဲ့ သမိုင်းဝင်အချက်အလက်ကိုတော့ သူတို့တွေ ပြောင်းလို့မရပါဘူး" (ဒိုင်ဩယုဒို)ဆိုတာက ကျွန်းစုတွေ ထဲက ပင်မကျွန်းကြီးကို တရုတ်က ခေါ် တာသာဖြစ်ပါတယ်ဗျာ။ ကုလသမဂ္ဂအထွေထွေညီလာခံကြီး မှာ စကားရည်လုပွဲကျင်းပနေတယ်တောင် ထင်ရလောက်အောင်ဗျာ၊ ဂျပန်နိုင်ငံက လည်း သူတို့ဘက်ကအရှိတရားကို အများ သိအောင် ထုတ်ဖော်ပြတာပေါ့။ ဒီကျွန်းစု တွေနဲ့ပတ်သက်လာရင် အချုပ်အခြာအာ ဏာပိုင်ဆိုင်မှု အငြင်းပွားစရာမလိုတော့ ကြောင်း၊ ၁၈၉၅ ခုနှစ်မှာ ဒီကျွန်းစုတွေကို ပေါင်းစည်းမယ်လို့ မဆုံးဖြတ်ကြခင်ကပဲ ဒီကျွန်းစုတွေကို ဂျပန်နိုင်ငံက စစ်တမ်း ကောက်တိုင်းတာခဲ့ကြောင်း၊ ဒီကျွန်းစုတွေ ကို တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားလည်း မရှိပါ ကြောင်းဆိုပြီးတော့ တိုကျိုရဲ့ ရပ်တည် ချက်ကို ထပ်ပြောခဲ့ပါတယ်။ ၁၉၇၀ ဝန်းကျင်လောက်မှ တရုတ် အစိုးရနဲ ထိုင်ဝမ်အာဏာပိုင်တွေက၊ ဆန် ကာကုကျွန်းတွေအပေါ် နယ်မြေအချုပ် အခြာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး သူတို့အဆို ကို စလုပ်ခဲ့တာပါလို့ ကုလသမဂ္ဂဆိုင်ရာ ဂျပန်နိုင်ငံ ဒုတိယသံအမတ်ကြီး ကာဇူအို ကိုဒါမာက ပြောပြခဲ့ပါတယ်။ အဲဒီမတိုင်ခင် တရုတ်ဘက်က ဘယ်လိုကန့်ကွက်ချက် တစ်စုံတစ်ရာမျှ မဖော်ပြခဲ့ပါဘူးလို့လည်း ထပ်လောင်းပြောပြခဲ့ပါသေးတယ်။ အနိုင်မခံအရှုံးမပေးချင်တာကြောင့် တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂသံအမတ်ကြီး လီဘောတုန်းက ဆင်ခြင်တုံတရားနဲ့ ယုတ္တိ ရှိမှုကို ဖီဆန်ထားတဲ့ အတုအလိမ်တင်ပြ ချက်တွေကို အသုံးချနေရာတာပဲလို့ ဂျပန် သံတမန်ကို ပစ်ပစ်ခါခါကြီး လူကြီးလူ ကောင်းတွေကြားထဲ ပြောရဲတာအံ့ဩစရာ ပါပဲဗျာ။ အဲဒီကျွန်းဒေသဟာ တကယ့်ပြဿ နာစိန်ပါပဲ။ ထိုင်ဝမ်ကလည်း အဲဒီဒေသ အပေါ်မှာ သူပိုင်တဲ့ အချုပ်အခြာအာဏာ ရှိတယ်လို့ ဆိုလာပြန်ပါတယ်။ ဟီလာရီကလင်တန်ကတော့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရိုဂန်မာရယ်၊ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကင်ဆွန်ဝှမ်ရယ်နဲ့ ၂၀၁၂ စက်တင်ဘာ ၂၈ ရက်(သာကြာနေ့)မှာနည်းလမ်းသုံးသွယ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပါတယ်။ အမေရိကန် နိုင်ငံနဲ့ မဟာမိတ်တွေဖြစ်နေကြတဲ့ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း အဏ္ဏဝါရေ ပြင်နယ်မြေပိုင်ဆိုင်ရေးအငြင်းပွားမှုတွေ ကြောင့် များမကြာမီလတွေမှာပဲ တုန်လှုပ် ချောက်ချားစရာ ဆက်ဆံရေးကိုတွေ့ရ ပါတယ်။ ကုလသမဂ္ဂအစည်းအဝေးပြင်ပချိန် မှာ တစ်နာရီကြာဆွေးနွေးစဉ်တုန်းကတော့ ဂျပန်သံအမတ်ကြီးဂန်မာက အငြင်းပွားမှု အပေါ်မှာ ကန့်သတ်ချက်ကို ကျင့်သုံးဖို့ တရုတ်ကို တိုက်တွန်းခဲ့ပါတယ်။ ဂျပန် သံ အမတ်တွေက (တင်းမာတဲ့) တွေ့ဆုံပွဲလို့ ကင်ပွန်းတပ်ကြပါတယ်။တရုတ်သံအမတ် ယန်ရဲ့ တင်းမာခတ်ထန်တဲ့ ပြောဆို ချက်ကို ဂန်မာကသည်းခံနားထောင်ခဲ့ရလို့ပါ။ သံအမတ်ကြီးယန်က တွေ့ဆုံညှိနှိုင်း စေ့စပ်ဆွေးနွေးမှုကနေ အဲဒီအငြင်းပွားမှုကို ကိုင်တွယ်ရမယ်လို့ တိုကျိုကိုတောင်းဆို ခဲ့ပါတယ်။ ဂျပန်ဝန်ကြီးအဖွဲ့က အတွင်း ရေးမှူးဖြစ်သူ အိုဆာမူဖူဂျီမူရာကတော့(နှစ် နိုင်ငံအကျိုးတူပူးပေါင်းဆက်ဆံရေးကို ထိန်းသိမ်းဖို့နဲ့ ခိုင်မြဲဖို့အတွက် အဲဒီအချက် က လိုအပ်ပါတယ်)လို့ဆိုခဲ့ပါတယ်ဗျာ။ တရုတ်နဲ့ဂျပန်တို့ဟာ အငြင်းပွားနေ တဲ့ ကျွန်းတွေအနီးကရေပြင်မှာကြောင်နဲ့ြွကက်လိုက်တမ်းပြေးတမ်းကစားတာလို့ မျိုးကင်းလှည့်သင်္ဘောတွေကို ပို့လွှတ်ထား လိုက်ပါတော့တယ်။ အဲဒီမှာ မျှော်လင့် မထားတဲ့ရေယာဉ်ချင်းတိုက်မှု၊ ဒါမှမဟုတ် အခြားအန္တရာယ်ကြုံရတဲ့ဖြစ်ရပ်တွေဟာ ပဋိပက္ခနယ်ခြားလေးမှာ အရှိန်မြင့်လာနိုင် တယ်ဆိုတဲ့ စိုးရိမ်မကင်းစရာတွေပေါ်လာ တော့တာပါပဲ။ ဒီအငြင်းပွားမှုဆီက ပေါ်လာတဲ့ စီးပွားရေးဆိုးကျိုးရဲ့ သင်္ကေတသစ်က တော့ ပြန်လည်သန့်စင်ထားတဲ့ ကြေးနီ တွေကို ဝယ်သူတရုတ်နဲ့ ရောင်းသူဂျပန် တိုဟာ သင်္ဘောတင်ပို့ဆောင်မှုသဘောတူ စာချုပ်ကို ၂၀၁၃ ခုနှစ်အထိ သက်တမ်းတိုး ရွှေ့ဆိုင်းလိုက်ကြပါတော့တယ်ဗျာ။ တရုတ်နဲ့ ဂျပန်ကုမ္ပဏီတွေဟာ ယခု သီတင်းပတ်ဆွေးနွေးပွဲတွေမှာ အရောင်း အဝယ်တည့်အောင်၊ ဆွေးနွေးမှု ပီပြင် အောင် မလုပ်နိုင်ခဲ့ကြတော့ပါဘူး။ ရောင်း ချသူ ဂျပန်တွေက ပြီးခဲ့တဲ့နှစ်ကစပြီး ဈေး နှုန်း ၁၀ ရာခိုင်နှုန်းအထိလျှော့ချပေးချင် စိတ်ရှိနေတာတောင်မှ ဒီဆွေးနွေးပွဲတွေနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ တရုတ်အုပ်ချုပ်ရေး ပိုင်းက စကားပြောလာပါတော့တယ်။ အမေရိကန်ပြည်ထောင်စုကတော့ ဒီ လိုမျိုး အချုပ်အခြာပိုင်ဆိုင်တဲ့ အငြင်းပွားမှု အပေါ်မှာ အခိုင်အမာစွဲယူမထားသင့် ကြောင်း၊ ဂျပန်နဲ့တရုတ်အတွက်တော့ သူ တို့ရဲ့ ကွဲပြားချက်တွေကို ငြိမ်းချမ်းစွာ ဖန် တီးနိုင်ရေးသည်သာ အရေးကြီးသည်ဟု ယုံကြည်သင့်ကြောင်း အကြိမ်ကြိမ်ပြောပြ ဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန် မာန်သစ်နိုး အာရှဘက်မှာ တင်းမာမှုတွေနဲ့အတူ အဓိကရုဏ်းဆန်ဆန် ဖြစ်ပျက်နေတဲ့ ကျွန်းမြေလုပွဲကြီးဟာ အာရှတိုက်မိသားစု ဝင်တွေအတွက် စိတ်မချမ်းမြေ့စရာ ပြဿနာတစ်ရပ်ပါ။ အဲဒီပြဿနာ ဘယ်လောက်တောင်ကြီးထွားလို့ ရှေ့အနာဂတ်မှာ ဘယ်ပုံအဆုံး သတ်သွားမယ်ဆိုတာ မသိနိုင်လောက်အောင်တွေးမိတိုင်း ရင်လေးမိတာပါ။ အရှေ့ ဂျပန်လုံခြုံရေးစာချုပ်ဟာ စစ်ရေးတိုက်ခိုက် လာပါက အခုအငြင်းပွားနေတဲ့ ကျွန်းများ နှင့် သက်ဆိုင်လာမည်ဖြစ်တယ်လို့ ဝါရှင် တန်က အကြိမ်ကြိမ်အတည်ပြုပြောထား တာလည်းရှိပါရဲ့ဗျာ။ ဟီလာရီကလင်တန်နဲ့ ယန်တို့တွေ့ ဆုံစဉ်ကတော့ အမေရိကန်နဲ့ အနီးကပ် မဟာမိတ်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံအပါအဝင် အရှေ့တောင်အာရှ အိမ်နီးချင်းတိုင်းပြည် အချို့နဲ့ပတ်သက်ပြီး ပေကျင်းကကြီးစိုး ထားတဲ့ တောင်တရုတ်ပင်လယ်ထဲက နယ် မြေပိုင်းခြားရေးအငြင်းပွားမှုတွေကိုလည်း ဟီလာရီကလင်တန်က ကိုင်တွယ်ခဲ့ပါသေး တယ်။ တကယ်တော့ တရုတ်ဟာ နယ်ရုပ် တရုပ်စီကို စားပြီး စစ်တုရင်ကစားပွဲကို အနိုင်နဲ့ပိုင်းချင်တဲ့စိတ်မျိုးရှိတာပါ။ အငြင်းပွားမှုတွေကို ပြေလည်အောင် အများအကျိုးရှိမယ့် မူဘောင်တစ်ရပ်ကို သဘောတူနိုင်ဖို့၊ အမေရိကန်ပြည်ထောင်စု နဲ့ အရှေ့တောင်အာရှ နိုင်ငံတချို့က နှိုး ဆော်တာကို တရုတ်ကတင်းခံထားပါ တယ်။ သူ့သဘောက ဒေသတွင်း နိုင်ငံ ငယ်လေးတွေ တစ်နိုင်ငံချင်းစီနဲ့သာသီးခြား စီဆွေးနွေးလိုတဲ့ သဘောမျိုးကိုတွေ့ရပါ တယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကမ္ဘောဒီး ယားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံ တွေနဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေး ပွဲမျိုးပြန်စဖို့ တရုတ်ရဲ့ကြိုးပမ်းချက်ကို ကလင်တန်က ကြိုဆိုလိုက်သေးတယ်။ ဒါဟာတိုးတက်မှုရဲ့ သင်္ကေတပဲလေ။ ဒီလိုမျိုးအပြုသဘောဆောင်တဲ့တွေ့ ဆုံဆွေးနွေးမှုတွေလုပ်မှသာ၊ လာမယ့် နိုဝင် ဘာလမှာကျင်းပမယ့် အရှေ့အာရှထိပ်သီး ညီလာခံအထိဆက်ပြီးဦးတည်ဆောင်ရွက် နိုင်မယ်လို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်ထားတာတွေ့ရပါတယ်။ တကယ်တော့ကမ္ဘာမြေပေါ်မှာ ခဏ တာရပ်တည်ခွင့်ရတဲ့လူသားတွေအနေနဲ့ 'ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး'ဆို တာကိုပဲ နှလုံးသားရဲ့ဦးနှောက်မှာတည် ထားသင့်ပါတယ်။ အတ္တတွေကို ထည့်မ ထားသင့်ပါဘူး။ ကမ္ဘာကြီးငြိမ်းချမ်းစေ ချင်ရင် ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းအေးမြ နေချင်တယ်ဆိုရင် အဝါရောင်အတ္တတွေကို နှလုံးအိမ်ထဲက ထုတ်ပစ်လိုက်သင့်ပါ တယ်။ အရှေ့အာရှဒေသတစ်ခုတည်းမှာပဲ တရုတ်နိုင်ငံက ကျွန်းစုပိုင်ဆိုင်ရေးအတွက် ဂျပန်နဲ့ တစ်ဖက်၊ တောင်တရုတ်ပင်လယ် ပြင်မှာလည်း ဗီယက်နမ်နဲ့ တစ်ဖက်၊ ဖိလစ်ပိုင်နဲ့တစ်ဖက်၊ အရှေ့ပင်လယ်မှာ ဆို လည်း ရုရှားနဲ့တစ်ဖက် ဒီလိုအငြင်းပွားမှု တွေကို ဖန်တီးပြီးအကျိုးမရှိတဲ့ အလုပ် တွေကို လုပ်နေတယ်လို့ ရိုးရိုးလေးမြင်လို့ ရပါတယ်။ ဗုဒ္ဓရဲ့အဆုံးအမကို ခံယူတယ်ဆိုတဲ့ တိုင်းပြည်တွေအနေနဲ့ အစွန်းနှစ်ပါးမသွား ဘဲ အလယ်အလပ်လမ်းစဉ်ကို လိုက်နာ ကျင့်သုံးရင် ကမ္ဘာကြီးက စစ်တွေရပ်စဲသွား မယ်ဆိုတာ အခိုင်အမာယုံကြည်မိပါရဲ့ဗျာ။
No comments:
Post a Comment