Wednesday, October 3, 2012

မှတပါး အခြားမရှိ ( ကြေးနီတောင်စီမံကိန်းနှင့် ပတ်သက်၍ )


Wednesday, October 3, 2012

မှတပါး အခြားမရှိ ( ကြေးနီတောင်စီမံကိန်းနှင့် ပတ်သက်၍ ) 

မှတပါး အခြားမရှိ ( ကြေးနီတောင်စီမံကိန်းနှင့် ပတ်သက်၍ ( သို့ ) မည်သည့်စီမံကိန်းဖြစ်ဖြစ် အကောင်ထည်ဖော်တဲ့အခါ )
by Ko Baloi on Wednesday, October 3, 2012 at 5:33am ·

မြန်မာနိုင်ငံမှာ အခုတလော နေ့တဓူဝကြားနေရတဲ့သတင်းကတော့ ကြေးနီစီမံကိန်းကြောင့် ဒေသခံပြည်သူတွေ ထိခိုက်နစ်နာဆုံးရှုံးနေရတဲ့အတွက် ဒေသခံပြည်သူတွေ ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ သတင်းတွေပါပဲ။ အစိုးရ
အနေနဲ့ ပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကအနေနဲ့ ပဲဖြစ်ဖြစ် ဘယ်လိုစီမံကိန်းမျိုးတွေအကောင်ထည်ဖော်ဖော်၊ စီမံကိန်းတွေ အကောင်ထည်ဖော်တဲ့နေရာမှာ အထူးဂရုစိုက်ရမှာက ဒေသခံပြည်သူတွေရဲ့ အကျိုးကျေးဇူးကိုရှေးရှုပြီး၊ ဒေသခံပြည်သူများ ထိခိုက်နစ်နာမှုမဖြစ်စေရန် စီမံကိန်းတွေကိုအကောင်ထည်ဖော်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
နိုင်ငံတော်နဲ့ ပြည်သူအများအကျိုးအမြတ်ရရှိရေးအတွက် အစိုးရ၏ စီမံကိန်းများကို မဖြစ်မနေအကောင်ထည်
ဖော်တဲ့နေရာမှာလည်း ဒေသခံပြည်သူတွေရဲ့အကျိုးကိုပါ မဖြစ်မနေထည့်သွင်းစဉ်းစားရပါတယ်။ မိမိအကောင်ထည်ဖော်မယ့် စီမံကိန်းကြီးကြောင့် မဖြစ်မနေပြောင်းရွေ့ရမယ့် အိုးအိမ်များနဲ့ လယ်ယာမြေများ
ကို စီမံကိန်းကိုအကောင်ထည်ဖော်ကြမည့် မည်သူမဆို၊ ပြောင်းရွေ့ရမည်သူများကို ပြောင်းရွေ့စရိတ်အပြင် ၎င်းတို့ဘဝ ရှင်သန်ရပ်တည်ရေးအတွက် ထိုက်သင့်ထိုက်တန်တဲ့ လျော်ကြေးငွေများ ပေးအပ်ရပါ့မယ်။ မိမိက
တော့လိုတာထက်ပိုပြီး အကျိုးအမြတ်ကို ပိုယူမယ် ဒေသခံပြည်သူတွေဖြစ်ချင်ရာဖြစ်ဆိုတဲ့ မိမိရဲ့ ဝိသမလော
ဘ အကျိုးမြတ်ရရှိဖို့တခုတည်းကိုသာကြည့်ပြီး ပါးကွက်သားဆန်ဆန် စီမံကိန်းများကို အကောင်ထည်ဖော်လို့မရပါ။ မိမိအကျိုးအမြတ်ရရှိရေးအတွက်ကိုသာ ရှေးရှုပြီး ဒေသခံပြည်သူတွေအတွက် ဘာအကျိုးမှ မခံစားရပဲ( မဆလ ) န.ဝ.တ ( နအဖ ) ခေတ်ကလို ဘာကိုမှဂရုမစိုက်ပဲ အာဏာကိုအလွဲသုံးစားလုပ်ပြီး အာဏာရှင်ဆန်ဆန် စီမံကိန်းတွေကို အကောင်ထည်ဖော်တည်ဆောက်လို့ရတဲ့ ခေတ်ကာလလည်းမဟုတ်တော့ပါ။ ဒါကြောင့် ဒေသခံပြည်သူအများရဲ့ နစ်နာဆုံးရှုံးမှုတွေကို လျှော်ကြေးငွေအဖြစ် စီမံကိန်းကိုတည်ဆောက်ကြမယ့် အစိုးရပဲ
ဖြစ်ဖြစ်၊ ပုဂ္ဂလိကကုမ္မဏီတွေကပဲဖြစ်ဖြစ် ၎င်းတိုရဲ့ နစ်နာမှုတွေကို ထိုက်ထိုက်တန်တန် ပေးဆောင်ရမှာဖြစ် ပါတယ်။ အဲဒီလိုမှ မဟုတ်ပဲ စီမံကိန်းတွေကို ဖြစ်ချင်ရာဖြစ် အကောင်ထည်ဖော်တည်ဆောက်နေရင်၊ လက်ရှိ
အစိုးရဟာ အာဏာရှင်အရေကိုခြုံထားတဲ့ အစိုးရသာဖြစ်ချေမည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သို့ ဦးတည်သွားနေလျှင်၊ စည်းမရှိ- ကမ်းမရှိလုပ်ရပ်တွေ ကို စွန့်လွှတ်ကြရပါလိမ့်မည်။ ကြေးနီစီမံကိန်းသည် စစ်တပ်အသိုင်းဝိုင်း ဦးပိုင်များက ပါဝင်ပါတ်သက်နေခြင်းကြောင့် ရပ်ပစ်ရန်အခက်ကြုံနေလျှင်၊ အဲဒီစစ်တပ် အသိုင်းဝိုင်းကို ပထမအဆင့်အနေနဲ့ အပြုသဘောဘောင်ထဲက ကြားခံလူတွေကသွားရောက်ဆွေးနွေးပြီး၊ လက်ရှိခံစားနေရတဲ့ ဒေသခံပြည်သူတွေရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်ခဲတွေနှင့် အနာဂတ်ဒေသခံပြည်သူ
တွေရဲ့ ဘဝတွေကို ဘယ်ပုံဘယ်နည်း အကောင်းဆုံးဖြစ်လာအောင် ဖြေရှင်းကူညီဆောင်ရွက်ရမလဲဆိုတာ
စေ့စပ်ဆွေးနွေးပေးသင့်ပါတယ်။ အကယ်၍ ထိုစေ့စပ်ဆွေးနွေးမှုကို စစ်တပ်အသိုင်းဝိုင်းက လက်မခံပဲ ငြင်းဆန်
ပယ်ချခဲ့ရင် မြစ်ဧရာလို တပြည်လုံးအတိုင်းသာအရ ငြိမ်းချမ်းစွာတောင်းဆိုဆန္ဒပြယုံမှတပါး အခြားမရှိပါ။

တချိန်တခါ အရင်စစ်အစိုးရလက်ထက်က အကောင်ထည်ဖော်ခဲ့တဲ့ စီမံကိန်းတွေဟာလည်း၊ လူထုအတွက် အကျိုးမပြုရင် ( သို့ ) ပညာရှင်များကသုံးသပ်ပြီး သဘာဝရင်းမြစ်တွေ များစွာထိခိုက်နစ်နာဆုံးရှုံးမှု များဖြစ်
နေသည်ဟုသုံးသပ်လျှင်၊ ဒီ- စီမံကိန်းတွေကို လွှတ်တော်မှာဆွေးနွေးကာ မဲခွဲဆုံးဖြတ်ပြီးတော့ဖြစ်ဖြစ်
( သို့တည်းမဟုတ် ) အများပြည်သူတွေရဲ့ ဆန္ဒအရ ရပ်ပစ်ရပါ့မယ်။ ((( မှတ်ချက် ။ ။ ယနေ့ဒီအချိန်အခါမှာ
လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရမယ့် ကာလဟုတ်သေးပါ။ ဒါကြောင့် အများပြည်သူရဲ့ ဆန္ဒ ( သို့ ) ဧရာဝတ
မြစ်ဆုံစီမံကိန်းကလိုပဲ သမ္မတအမိန့်နဲ့ ရပ်ဆိုင်းပစ်ရပါ့မယ် )))
အကယ်၍ အစိုးရကနေပြီး ဒီ- စီမံကိန်းဟာ ဒေသခံပြနည်သူတွေနဲ့ ပြည်သူလူထုအတွက် အကျိုးရှိကြောင်း ခိုင်လုံတဲ့ အထောက်ထားနဲ့ တင်ပြနိုင်မည်ဆိုလျှင်ပင်၊ မည်သည့်စီမံကိန်းကြီးကြောင့်ဖြစ်စေ မဖြစ်မနေပြောင်း ရွေ့ကြရမယ့် ဒေသခံပြည်သူတွေအပေါ် ပြောင်းရွေ့စရိတ်နဲ့ သိမ်းဆည်းထားသည့် လယ်မြေများအပေါ် ထိုက်သင့်ထိုက်တန်တဲ့ နစ်နာဆုံးရှုံးမှုတွေကို လျှော်ကြေးငွေ အဖြစ်စီမံကိန်းကိုတည်ဆောက်ကြမယ့် အစိုးရပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကကုမ္မဏီတွေက ပဲဖြစ်နေဖြစ်နေ ဆုံးရှုံးနစ်နာသွားခဲ့တဲ့ လျှော်ကြေးငွေများကို ၂ ဆ ( သို့ ) ၃ဆတိုးပေးဆောင်ယုံမှ တပါး အခြားမရှိပါ။
ဘာကြောင့် ၂ ဆ ( သို့ ) ၃ ဆ ဆုံးရှုံးနစ်နာမှုတွေကို တောင်းဆိုရသလဲဆိုရင် စီမံကိန်းကြောင့် ရရှိလာမယ့်အကျိုးအမြတ်တွေကို ဒေသခံပြည်သူတွေမှာလည်း ခံစားပိုင်ခွင့်ရှိလို့ပါပဲ

( ကိုဗလိုင် )

((( ကြွယ်ဝချမ်းသာသူများအား အသိပေးခြင်း )))
ဝိသမလောဘဇောဆိုတာ    မရှိဆင်းရဲသားတွေက  ချမ်းသာချင်တဲ့ဇောကြောင့်   ဖြတ်လမ်းနည်းသုံးကာ
ဝိသမလောဘဇောတက်တာကို ရှုထောင့်တခုကနေကြည့်ပြီး နားလည်လက်ခံပေးလို့ရပေမယ့်...ချမ်းသာ
အတိနဲ့ ငွေကြေးပြည့်စုံသူတွေက ဝိသမလောဘဇောတက်တာကို လက်ခံပေးလို့ မရပါ။
မရှိဆင်းရဲသားပြည်သူများအပေါ် နိုင်ထက်စီးနင်း မလုပ်ကြပါနဲ့။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။