Wednesday, October 3, 2012

ဥဒေပညာရှင်အချို့သည်ပွင့်လင်းစွာ ဆွေးနွေးမှုအားနည်းနေ


Tuesday, October 2, 2012

ဥဒေပညာရှင်အချို့သည်ပွင့်လင်းစွာ ဆွေးနွေးမှုအားနည်းနေ

ဥဒေပညာရှင်အချို့သည်ပွင့်လင်းစွာ ဆွေးနွေးမှုအားနည်းနေကြောင်း
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီအတွင်းရေးမှူးပြောကြား
by Yangon Media Group on Monday, October 1, 2012 at 7:07am ·
ဝေမာသိမ့်
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကရန် ကုန်တိုင်းဒေသကြီးအတွင်း တရားရုံး များသို့လေ့လာသည့်အခါ ဥပဒေပညာ ရှင်များအချို့သည် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် အားနည်းနေကြောင်းတွေ့ ရှိရသည်ဟု အဆိုပါကော်မတီအတွင်း ရေးမှူးဦးဝင်းမြင့်က ဆိုသည်။
    ''တရားရုံးတွေကို သွားလေ့လာ တဲ့အခါမှာ ဥပဒေပညာရှင်တွေကိုယ် တိုင် တချို့လည်းပွင့်ပွင့်လင်းလင်း မပြောရဲ၊ မဆွေးနွေးရဲကြတာတွေရှိ တယ်။ တချို့လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး အကြံဉာဏ်တွေပေးတာ ရှိတယ်။ တချို့လည်းတရားဥပဒေ စိုးမိုးရေးကို ကြိုးစားလိုတဲ့သူတွေလည်း ရှိပါတယ်။ တချို့လည်း ရင်ထဲမှာ တော့ရှိတယ်အခုထိမပြောရဲသေးတာ တွေတွေ့ရတယ်။ ကျွန်တော်ဆို လိုချင် တာကဥပဒေသမားကိုယ်တိုင်က ပညာတတ်ကြီးတွေ ကိုယ်တိုင်က ပွင့် ပွင့်လင်းလင်း မပြောရဲ တော့ တိုင်းသူ ပြည်သားသာမန်အရပ်သားကတော့ ပိုဆိုးတာပေါ့''ဟု ဦးဝင်းမြင့်က ဆိုသည်
တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီသည်  ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စက် တင်ဘာ(၂၅)ရက်မှစက်တင်ဘာ(၂၇) ရက်နေ့အထိတာမွေမြို့နယ်တရားရုံး၊ အရှေ့ပိုင်းခရိုင်တရားရုံး နှင့်ရန်ကုန် တိုင်းဒေသကြီးတရားလွှတ်တော်ရုံး တို့တွင် လေ့လာမှုများပြုခဲ့ကြောင်းသိ ရသည်။ ထိုသို့လေ့လာရာတွင် ကော် မတီမှအတွင်းရေးမှူးဦးဝင်းမြင့်၊အဖွဲ့ ဝင်များဖြစ်ကြသည် ဦးသိန်းညွှန့်၊ဒေါ် လဲ့လဲ့ဝင်းဆွေ၊ ဦးမင်းဆွေအပါအဝင် အဖွဲ့ဝင်(၅)ဦးတို့ လေ့လာခဲ့ကြောင်း သိရသည်။
ဦးဝင်းမြင့်က''အားလုံကို ပွင့်လင်းလာစေချင်တယ်။ ထင်သာ မြင်သာဖြစ်စေချင်တယ်။အကောင် အထည်ဖော်ပေးစေ ချင်တယ်။အစိုးရဆိုတာ ရှိမှန်းမသိရ အောင် ဘဝလုံခြုံမှုအပြည့်ရအောင် ကျွန်တော်တို့ ကော်မတီအနေနဲ့တက် နိုင်သလောက်တော့ကြိုးစားသွားမယ်'' ဟုဆိုသည်။
တရားဥပဒေစိုးမိုးရေးနှင့်  တည်ငြိမ်အေးချမ်းရေးကော်မတီအဖွဲ့ ဝင် ဦးသိန်းညွှန့်က''တရားရေးအဖွဲ့ အစည်းတွေကို ထိန်းကျောင်းဖို့၊ထိန်း ညှို့ကြဖို့ ကျွန်တော်တို့ကော်မတီအ နေ့လေ့လာခဲ့ တယ်''ဟု ဆိုသည်။ တရားဥပဒေစိုးမိုရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကို ဩဂုတ်လ(၂၁)ရက်နေ့တွင် ကော်မ တီဥက္ကဋ္ဌအဖြစ် ကော့မှူးမဲဆန္ဒနယ် မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား တာ ဝန်ပေးအပ်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၁၅)ဦးဖြင့် ပြည်သူ့ လွှတ်တော် တွင် အတည်ပြုဖွဲ့စည်းခဲ့ သည်။အဆိုပါကော်မတီသည် ပထမ အကြိမ် စတုတအကြိမ်ပြည်သူ့လွှတ် တော်အစည်းအဝေးများပြီးဆုံးရပ် နားချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဥပဒေပညာရှင်များထံမှ အကြံဉာဏ်ရယူခြင်းအခမ်းအနားကို စက်တင်ဘာ(၁၈)ရက်နေ့တွင် ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခန်း မတွင်ကျင်းပအကြံများရယူခဲ့သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။