Western Union ကနေ မြန်မာပြည်ကို ငွေလွှဲမယ်၊ မနေ့က အွန်လိုင်းဈေး ၈၄၅ ကျပ်
အမေရိကန်အခြေစိုက် Western Union Company သည် နိုင်ငံပေါင်း ၂၀၀ ကျော်တွင် ငွေပေးချေမှု လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ငွေလွှဲနှုန်း ထားများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နှုန်းများကို အခြေခံကာ သတ်မှတ်ထားကြောင်း သိရသည်။
လက်ရှိ ရန်ကုန်တွင်ရှိသော မြန်မာအရှေ့တိုင်းဘဏ် ရှစ်ခုတွင် စတင်လုပ်ကိုင်နေပြီဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ၁၉ နေရာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြား ငွေလွှဲလုပ်ငန်းများကို လုပ်ကိုင်ခွင့်ရခဲ့သော ဘဏ်များမှာ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ အာရှစိမ်းလမ်းမှု ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ် စသည်တို့ဖြစ်ကြရာ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့မှာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံတို့နှင့် အပြန်အလှန် ငွေလွှဲလုပ်ငန်းများကို လွန်ခဲ့သောလများတွင် စတင်လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ “
အမေရိကန်မှ ၀က်ဆိုက်ပေါ်တွင် တွက်ချက်ရာတွင် ယမန်နေ့ အွန်လိုင်းဈေးနှုန်းမှာ ၈၄၅ ကျပ် ကို ၁ ဒေါ်လာဖြင့် ညီသည်ဟု ဆိုသည်။ သို့သော်လည်း လွှဲရန်အတွက် ခလုပ်မှာ နည်းပညာအခက်အခဲများကြောင့် နှိပ်၍ မရပေ။ (မိုးမခဖြည့်စွက်ချက်)
News Watch Weekly ကောက်နုတ်ချက်
No comments:
Post a Comment