Saturday, December 8, 2012

ကြေးနီစီမံကိန်းအတွက် ရယူထားသည့် မြေဧကခြောက်ထောင်အတွက် ၀မ်ပေါင်ကုမ္ပဏီက တစ်ဧကလျင် ကျပ် ၅ သိန်းခွဲဖြင့် ပေးလျော်ပြီးဖြစ်သည်ဟု တရုတ်သံအမတ်ကြီးပြောကြား



ကြေးနီစီမံကိန်းအတွက် ရယူထားသည့် မြေဧကခြောက်ထောင်အတွက် ၀မ်ပေါင်ကုမ္ပဏီက တစ်ဧကလျင် ကျပ် ၅ သိန်းခွဲဖြင့် ပေးလျော်ပြီးဖြစ်သည်ဟု တရုတ်သံအမတ်ကြီးပြောကြား  
PDF Print
Friday, 07 December 2012 16:00 
AddThis Social Bookmark Button
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ကိုင်ရန် ရယူထားသည့် မြေဧက ၆၀၀၀ အတွက် ၀မ်ပေါင်ကုမ္ပဏီက တစ်ဧကလျင် မြန်မာငွေကျပ် ၅ သိန်းခွဲဖြင့် အမေရိကန်ဒေါ်လာ ၅ သန်းအထိ ပေးလျော်ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr. Li Junhua က ပြည်တွင်းမီဒီယာများနှင့် ဒီဇင်ဘာ ၇ ရက်နေ့ကတွေ့ဆုံစဉ် ပြောကြားလိုက်သည်။

'' ၀မ်ပေါင်ကုမ္ပဏီက ၂၀၁၀ ပြည့်နှစ်မှာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ တိုင်ပင်ပြီးလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။ ရွာသားတွေ ရဲ့မြေယာကိုရယူရာမှာ မြန်မာနိုင်ငံရဲ့ ဥပဒေများနဲ့ ကိုက်ညီတဲ့ စီမံကိန်းဖြစ်ပါတယ်။ အဲဒီအချိန်က မြန်မာဥပဒေအရ မြေတစ်ဧကကို ၅၀၀၀ ကျပ်ပဲရှိတဲ့အချိန်မှာ ၀မ်ပေါင်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ မြန်မာကုမ္ပဏီနဲ့ ပြည်သူရဲ့လိုအပ်ချက်ကို ညှိနှိုင်းပြီးတော့ တစ်ဧကကို ကျပ် ၅ သိန်း ၅ သောင်း လျော်ပေးခဲ့ပါတယ်'' ဟု သံအမတ်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် ဒေသခံပြည်သူများအတွက် နေထိုင်စရာအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများ ဆောက်လုပ်ပေးရန် စီစဉ်ထားရှိကြောင်း ပြောကြားခဲ့သည်။
'' လက်ရှိအချိန်ထိ ရွာသူရွာသားတွေနေဖို့ အိမ်ခြေ ၂၀၀၊ မူလတန်းကျောင်း တစ်ကျောင်း၊ ဆေးရုံ တစ်ရုံ၊ ဘုန်းကြီးကျောင်း တစ်ကျောင်း တည်ဆောက်ပေးပြီး ဖြစ်ပါတယ်'' ဟု ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။ထိုကဲ့သို့ ၀မ်ပေါင်ကုမ္ပဏီမှ ဆောင်ရွက်ပေးမှုများကို ကျေနပ်မှုမရှိပါက လက်ရှိဥပဒေနှင့်အညီ ညှိနှိုင်းတောင်းဆိုနိုင်သည်ဟု ၎င်းကဆိုသည်။
'' ဒေသခံတွေက အထင်လွဲလို့ အရင်တုန်းက အသေးစိတ်သတင်းတွေကို မသိလို့ ယခုဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် နောင်မှာ လာရောက်ရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီများအတွက်  ကောင်းကျိုးမရှိနိုင်ပါဘူး'' ဟု သံအမတ်ကြီးက သုံးသပ်သည်။လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ၀မ်ပေါင်ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံငွေမှာ အမေရိကန် ဒေါ်လာ တစ်ဘီလျံဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ကာလမှာ နှစ် ၃၀ ဖြစ် သည်။
''အကျိုးအမြတ်ခွဲဝေမှုမှာ ထွက်လာသမျှ ပစ္စည်းအပေါ်မှာ ခွဲဝေယူခြင်းဖြစ်ပြီး ကုန်ကျငွေကို ဖယ်ပြီး ကျန်တာကို မြန်မာအစိုးရ က ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ ၁၃ ဒသမ ၈၊ ၀မ်ပေါင်မှ ၁၃ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ခွဲဝေထားတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံတာက ၀မ်ပေါင်ကုမ္ပဏီပဲ ဖြစ်ပေမယ့် ၃ ဖွဲ့ခွဲဝေယူကြတာပါ'' ဟု ၎င်းက ဆက်လက် ပြောကြားသွားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီတူးဖော်မှု စီမံကိန်းကို ယူဂိုစလား ဗီးလား၊ ကနေဒါနိုင်ငံများမှ စတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ တတိ ယမြောက် စီမံကိန်းလုပ်ကိုင်သည့် နိုင်ငံဖြစ်ကြောင်း သိရသည်။
Comments 
+1 #28 myo1 2012-12-08 16:37
လယ်တစ်ဧက ၅၀၀၀ ကျပ်...ဟုတ်လား??...ဘယ်ခေတ်ဘယ်အခါကဈေးလဲ တရုတ်ရယ်....ဆေးလေးဘာလေးသွားစစ်ကြည့်ဦး....

+4 #27 Richard147 2012-12-08 16:14
+6 #26 cristalrose12 2012-12-08 11:53
Quoting သဇင်:
Quoting Field Co:
Quoting slinn:
Quote:
'အကျိုးအမြတ်ခွဲဝေမှုမှာ ထွက်လာသမျှ ပစ္စည်းအပေါ်မှာ ခွဲဝေယူခြင်းဖြစ်ပြီး ကုန်ကျငွေကို ဖယ်ပြီး ကျန်တာကို မြန်မာအစိုးရ က ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ ၁၃ ဒသမ ၈၊ ၀မ်ပေါင်မှ ၁၃ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ခွဲဝေထားတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံတာက ၀မ်ပေါင်ကုမ္ပဏီပဲ ဖြစ်ပေမယ့် ၃ ဖွဲ့ခွဲဝေယူကြတာပါ''


့မြန်မာအစိုးရက ၁၆.၈ %
ဦးပိုင် ၁၃.၈%
ဝမ်ပေါင် ၁၃.၃%
သင်္ချာတွက်လိုက်တော့ ၁၆.၈+၁၃.၈+၁၃.၃ = ၄၃.၉%
ဒီတော့ (၁၀၀% - ၄၃.၉%) = ၅၆.၁% ကဘယ်ရောက်သွားတာလဲ။
တဝက်ကျော်ကျော်လောက် ပျောက်နေတယ်။ ရှင်းကြပါ။

တော်တော်တုန်းပါလားကွ အကျိုးအမြတ်ကိုပြောတာကွ အရင်းကို မင်းအဖေ တရုပ်က စိုက်ထားတာလေကွာ ပြောတော့ မြန်မာတွေအတာကို တရုပ်က လူလည်လုပ်တာတဲ့ လုပ်မှာပေါ့ မင့်တောင် အနေသေးတာပဲ

နားမလည်လို့မေးပါရစေ အကျိုးအမြတ်တွက်တာ အရင်းပါထည့်ပေါင်းပြီးမှ % နဲ့ပြန်ခွဲတာလား ဥပမာ အရင်းက၁၀၀ ရောင်းရငွေက စုစုပေါင်းက ၁၅၀ အဲဒါကို % တွက်ပြီး အစိုးရက ခွဲယူတာလား


ဟုတ်တယ်။ စာချုပ်လေး တောင်းကြည့်ချင်လိုက်တာနော်။
+20 #25 sans 2012-12-08 11:03
ဒေသတခုမှာ စက်ရုံစီမံကိန်း တခုရှိတယ်ဆို ရင် ဒေသခံတွေ ရဲ့ စီးပွားရေးကို ကြည့်ရပါမယ်။တကယ်လို့ အဲ့ဒီဒေသ ကစီးပွားရေး လူမှု့ရေး ပတ်ဝန်ကျင်း ကျန်းမာရေး အစစ အဆင်ပြေရင် ဒီစီမံကိန်း ကဒေသ ခံတွေ ကို အကျိုးပြုတဲ့ အတွက် ဒီစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်ကြမှာ မှုတ်ပါဘူး။ခုတော့ တရုတ်က စီမံကိန်းရဲ့ ၆၉.၄% က တရုတ်ယူထားပြီး ဒေသခံတွေ ကျန်းမာရေါ် စီပွားရေး ပတ်ဝန်ကျင် ဆုတ်ယုတ်သွားတဲ့အတွက် ဒီလိုစီိမံကိန်းမျိုး ကို ဆက်လုပ်ဖို့ လုံးဝ လုံးဝ မသင့်ဘူးဆိုတာ ဦးဏှောက်ရှိတဲ့ ပညာရှိတွေ သိကြပါတယ်။နောက်နောင် တရုတ်နဲ့ဆက်မလုပ်ဖြစ်ရင်မြန်မာပြည်သူတွေ ၀မ်းသာကြမှာ အမှန်ပါ။ခုတောင်ပိုက်လိုင်းတွေ နေရာယူထားလို့မြန်မာပြည်သားရဲ့ လယ်မြေမြောက်မြားစွာဆုံးရှုံးတဲ့ အပြင်လူမျိုခြင်းလည်းခံနေရပါဘီ။
+9 #24 smart_grid 2012-12-08 10:00
နိုင်ငံရဲ့ သယံဇာတကို အချိန်အခါအလိုက် နိုင်ငံအတွက် အကျိုးအမြတ် အရှိဆုံး အခြေအနေ မှာ ထုတ်ယူ အသုံးချရတာမျိုး ရှိနိုင်ပါတယ်။
ဝမ်ပေါင်က မြေလျော်ကြေးပေးတယ်၊ ဒါဟာ ဥပဒေ အရ ဖြစ်တယ်၊ ဥပဒေနဲ့ အညီ ဖြစ်တယ်ဆိုရင် ...
ဦးပိုင်က အမြတ်ငွေရပြီး အမြတ်ခွန် ဆောင်တယ်ဆိုရင် ...
နိုင်ငံတော်က ဂျီဒီပီ တက်တယ်ဆိုရင် ...
ဒေသခံက ဒီ စီမံကိန်း ရပ်ရင် ပျက်ရင် တော်ပြီဆိုရင် ...

ဒီ လက်ပံတောင်းတောင်ဆိုရင်လည်း ..
မြေလျော်ကြေးကို နည်းနေတယ်လို့ ဒေသခံက၊ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေက စနစ်တကျ ပြန်လည် ပြောဆိုလာရင် ဝမ်ပေါင် အနေနဲ့ တိုးမြှင့် ပေးဖို့ ပြန်သုံးသပ်သင့်တယ်။

ဦးပိုင်က ဒေသခံတွေအတွက် လူမှုစီးပွား ဖွံ့ဖြိုးမှု အစီအစဉ် တွေ ရေးဆွဲရမယ်။ စီမံကိန်း ဝေစုထဲကနေ စိုက်ပျိုးစရိတ် ကို အတိုးမဲ့ ကာလရှည် ထုတ်ချေးတာမျိုး၊ အဲဒီ ဒေသခံတွေအတွက် လျှပ်စစ် ဓာတ်အား ရရှိရေး စိုက်ထုတ်ပေးတာမျိုး၊ လမ်းတွေ ဖောက်ပေးတာမျိုး၊
ဒါတွေကို ဦးပိုင်က ပြန်ပြီး ရင်းနှီးရမယ်။

အဲဒါ မျိုးကိုမှ တာဝန်သိတယ်၊ တာဝန်ခံတယ် ဆိုတဲ့ သမ္မတကြီးရဲ့ ပထမ ဆုံး မိန့်ခွန်းနဲ့ ညီလိမ့်မယ်။

နိုင်ငံတော်ကတော့ အဲဒီ ဒေသခံတွေ အတွက် ပညာရေး၊ ကျန်းမာရေး စရိတ်တွေ ကျခံပေးတာမျိုး၊
အလုပ်အကိုင် အခွင့်အလမ်း မြှင့်တင်ပေးတာမျိုး၊
စက်မှုလယ်ယာ နည်းပညာတွေ အသုံးပြုလာနိုင်တာမျိုး၊
အဲဒါတွေ စီစဉ်ပေးရမယ်။

ဒေသခံပြည်သူက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် ရှိရင်းမြေကို အသုံးချခွင့် ပေးထားလို့ ရလာတဲ့ အကျိုးအမြတ်ကို အခြားဒေသက ပြည်သူထက် ပိုပြီး အကျိုးရှိရှိ အသုံးချနိုင်အောင် ကြိုးစားဖို့လိုပါတယ်။

ကျွန်တော်က တတ်လို့တော့ မဟုတ်ဘူး၊ အားလုံးက ဒီထက် ပိုပြီး အမြင်ကျယ်မှသာ တခြား ရင်းနှီးမြှုပ်နှံမှု အလားအလာတွေနဲ့ အဆင့်တူ ဆွေးနွေး သုံးသပ်နိုင်လိမ့်မယ် ထင်တယ်။
အီးယူ၊ အမေရိကန် လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဆွေးနွေးတဲ့အခါမှာ .. အခု ဝမ်ပေါင်နဲ့ လိုမျိုးထက် ကိုယ်က ပိုပြီး တောင်းတတ်၊ ယူတတ်နေရမယ် ထင်တယ်။
+9 #23 သဇင် 2012-12-08 09:51
Quoting Field Co:
Quoting slinn:
Quote:
'အကျိုးအမြတ်ခွဲဝေမှုမှာ ထွက်လာသမျှ ပစ္စည်းအပေါ်မှာ ခွဲဝေယူခြင်းဖြစ်ပြီး ကုန်ကျငွေကို ဖယ်ပြီး ကျန်တာကို မြန်မာအစိုးရ က ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ ၁၃ ဒသမ ၈၊ ၀မ်ပေါင်မှ ၁၃ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ခွဲဝေထားတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံတာက ၀မ်ပေါင်ကုမ္ပဏီပဲ ဖြစ်ပေမယ့် ၃ ဖွဲ့ခွဲဝေယူကြတာပါ''


့မြန်မာအစိုးရက ၁၆.၈ %
ဦးပိုင် ၁၃.၈%
ဝမ်ပေါင် ၁၃.၃%
သင်္ချာတွက်လိုက်တော့ ၁၆.၈+၁၃.၈+၁၃.၃ = ၄၃.၉%
ဒီတော့ (၁၀၀% - ၄၃.၉%) = ၅၆.၁% ကဘယ်ရောက်သွားတာလဲ။
တဝက်ကျော်ကျော်လောက် ပျောက်နေတယ်။ ရှင်းကြပါ။

တော်တော်တုန်းပါလားကွ အကျိုးအမြတ်ကိုပြောတာကွ အရင်းကို မင်းအဖေ တရုပ်က စိုက်ထားတာလေကွာ ပြောတော့ မြန်မာတွေအတာကို တရုပ်က လူလည်လုပ်တာတဲ့ လုပ်မှာပေါ့ မင့်တောင် အနေသေးတာပဲ

နားမလည်လို့မေးပါရစေ အကျိုးအမြတ်တွက်တာ အရင်းပါထည့်ပေါင်းပြီးမှ % နဲ့ပြန်ခွဲတာလား ဥပမာ အရင်းက၁၀၀ ရောင်းရငွေက စုစုပေါင်းက ၁၅၀ အဲဒါကို % တွက်ပြီး အစိုးရက ခွဲယူတာလား
+13 #22 zeroworld 2012-12-08 09:43
Quote:
ဒေသခံတွေက အထင်လွဲလို့ အရင်တုန်းက အသေးစိတ်သတင်းတွေကို မသိလို့ ယခုဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် နောင်မှာ လာရောက်ရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီများအတွက် ကောင်းကျိုးမရှိနိုင်ပါဘူး'' ဟု သံအမတ်ကြီးက သုံးသပ်သည်။


္နအဲဒါမင်းအလုပ်မဟုတ်ဘူး။ ကိုယ်အလုပ်ကိုယ်လုပ်၊
မင်းပြောတဲ့စကား အစိမ်းရောင်တွေဘဲနားထောင်လိမ့်မယ်။
+28 #21 အောင်ဘု 2012-12-08 09:27
မြန်မာ့ဥပဒေအတိုင်း မြေတစ်ဧက ၅၀၀၀ ကျပ် တဲ့ပြောပြီ
လွှတ်တော်တွင်းမှ ပြည်သူ့ကိုယ်စားလှယ်ခံယူထားသူ ဥပဒေပြု ပုဂ္ဂိုလ်ကြီးများခင်ဗျား
လွတ်တော်အစည်းဝေးများ၏ နေ့စဉ်စားသောက်နှင့် အထွေထွေကုန်ကျစရိတ်များသည်
ပြည်သူလူထုထံမှ ကောက်ခံရရှိထားသော ငွေကြေးများဖြင့် သုံးစွဲထားခြင်းဖြစ်ပါကြောင်း
ပြည်ထောင်စုမြန်မာနိုင်ငံသားများသည် မြန်မာ့တပ်မတော်အား လူနှင့်သူနှင့်တူအောင် မထောက်ပံ့ မကျွေးမွေးနိုင်ပါသဖြင့်
မြန်မာ့စီးပွါးရေးဦးပိုင်လီမိတက်မှ သူတော်ကောင်းကြီးများက
တိုင်းပြည်တွင်း မြေပေါ်မြေအောက် ရေပေါ်ရေအောက်ရှိသမျှ ထုခွဲရောင်းချ၍ စေတနာများစွာဖြင့် ကျွေးမွေးစောင့်ရှောက်နေရကြောင်း မှတ်တမ်းတင်ထားပေးပါရန် အဆိုတစ်ရပ် တင်သွင်းလိုက်ပါသည် ခင်ဗျား
+43 #20 Zawtika 2012-12-08 05:47
တစ်ဧကလျင် မြန်မာငွေကျပ် ၅ သိန်းခွဲ ဆိုတာ အဲဒီမြေပေါ်က ထွက်မဲ့ သုံးနှစ်စာ ထွက်ကုန်တန်ဘိုး....... ပါတဲ့ဗျာ..

ကဲ ကဲ
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ဆိုတဲ့ ဒုသီလသမဂ္ဂ က
ဘုရားတည်ကျောင်းဆောက် ငရဲ တံခါးခေါက်နေတဲ့
သောနုတ္တိုရ် မစ္စတာ ငတက်ပြား တွေကို မေးပါရစေ။

မင်းတို့ကော မုံရွာဒေသက ကိုယ့် ဗမာ အချင်းချင်း ကို ဘာတွေ ပေးခဲ့ကြသလဲ....
+102 #19 arluuma 2012-12-07 22:45
ကျွန်တော် မကြာခဏစဉ်းစားတဲ့ အချက်တချက်ရှိတယ်ဗျ။ ရွှေမန်း၊ ဇော်မင်းတို့ရဲ့ သားသမီးတွေ၊ သန်းရွှေမြေးတို့၊ တေဇသားတို့လည်း ကျွန်တော်တို့နဲ့ အသက်ချင်း မတိမ်းမယိမ်း လူငယ် လူလတ်တွေဆိုတော့ အွန်လိုင်းသုံးမှာ၊ ဖေ့ဘုတ်သုံးမှာဘဲလို့လေ။ အဲဒါ သူတို့ အဖေတွေ အဖိုးတွေ ပြည်သူပိုင်ပစ်စည်းတွေကို ဘယ်လိုဘုန်းတာတွေ၊ နိုင်ငံရဲ့သယံဇာတတွေကို ဘယ်လိုခိုးတာတွေ၊ အရှက်ဆိုလို့ တစက်မှမရှိဘဲ မျက်နှာပြောင်ပြောင်နဲ့ သူတော်ကောင်းယောင်ဆောင်ပြီး ဓါးပြတိုက်တာတွေ ဖတ်ရမှာဘဲလို့။

ကျောတနေရာစာ အိပ်ယာလေးရဖို့၊ ထမင်းဝိုင်းမှာ အသားလေးတတုံးတဖတ်ပါဖို့အရေး နေ၀င်မိုးချုပ် ရုန်းကန်နေရတဲ့ လူအများစုကြီးရဲ့ ထမင်းလုတ်ကို လုသွား၊ခိုးသွားတဲ့ ကိုယ့်အဖေ၊ကိုယ့်အဖိုး ခွေးသူခိုးကြီးတွေ
အကြောင်းကို ဘယ်လိုမျက်နှာနဲ့ ဖတ်နေရမယ်ဆိုတာ သူတို့အစားတွေးကြည့်တာတောင် ရဲရဲမတွေးဝံ့ပါဘူးဗျာ။ ကျွန်တော်သာ သူတို့နေရာဆို မျက်နှာဓါးနဲ့လှီးပစ်လိုက်တာ ကြာပြီ။

အခု Field Co လို အနာပေါ်ဒုတ်ကျ ဖြစ်နေတဲ့လူတွေကို ကျွန်တော် နားလည်ပေးပါတယ်ဗျာ။ ကျွန်တော်တို့လို မသိနားမလည်တဲ့ မြန်မာလူမျိုးအများစု လူအတွေကိုလည်း ခင်ဗျားတို့က ပြန်နားလည်ပေးပါ။ ကျွန်တော်တို့ အဖေတွေ၊ အဖိုးတွေက ခင်ဗျားတို့ အဖေတွေ၊အဖိုးတွေလို သူခိုး၊ဓါးပြမဟုတ်တော့ ကျွန်တော်တို့ကို ခင်ဗျားတို့လို နိုင်ငံတကာက ကျောင်းကြီးကျောင်းကောင်းတွေမှာ ပညာမသင်ပေးနိုင်ဘူးလေဗျာ။ ကျွန်တော်တို့ အတာ မဆန်းပါဘူး။

အဲ သိပ်တော့ကိုယ့်ကိုကိုယ် ဟုတ်လှပြီထင်မနေနဲ့ဗျ။ တံခါးဖွင့်ပြီဆိုတော့ မကြာခင်မှာ ခင်ဗျားတို့ နိုင်ငံတကာကလုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်ရတော့မယ်။ အဲဒီအခါကျရင် အရင်ကလို သေနတ်ပြ မြေသိမ်းလောက် တတ်ရုံနဲ့ စီးပွားရေးသမားနာမည်ခံလို့ မရဘူးနော်။ ခင်ဗျားတို့ အဖေတွေ၊အဖိုးတွေ အ၀ီစိအကျခံပြီးခိုးခဲ့ပေးတာတွေက ခင်ဗျားတို့ သိပ်မုန်းတဲ့ အမေရိကန်၊ အင်္ဂလန်က စီးပွားရေးသမားတွေအတွက် အဆင်သင့်စုဆောင်းထားပေးခဲ့သလို ဖြစ်နေဦးမယ်။
-77 #18 Field Co 2012-12-07 21:33
Quoting slinn:
Quote:
'အကျိုးအမြတ်ခွဲဝေမှုမှာ ထွက်လာသမျှ ပစ္စည်းအပေါ်မှာ ခွဲဝေယူခြင်းဖြစ်ပြီး ကုန်ကျငွေကို ဖယ်ပြီး ကျန်တာကို မြန်မာအစိုးရ က ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ ၁၃ ဒသမ ၈၊ ၀မ်ပေါင်မှ ၁၃ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ခွဲဝေထားတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံတာက ၀မ်ပေါင်ကုမ္ပဏီပဲ ဖြစ်ပေမယ့် ၃ ဖွဲ့ခွဲဝေယူကြတာပါ''


့မြန်မာအစိုးရက ၁၆.၈ %
ဦးပိုင် ၁၃.၈%
ဝမ်ပေါင် ၁၃.၃%
သင်္ချာတွက်လိုက်တော့ ၁၆.၈+၁၃.၈+၁၃.၃ = ၄၃.၉%
ဒီတော့ (၁၀၀% - ၄၃.၉%) = ၅၆.၁% ကဘယ်ရောက်သွားတာလဲ။
တဝက်ကျော်ကျော်လောက် ပျောက်နေတယ်။ ရှင်းကြပါ။

တော်တော်တုန်းပါလားကွ အကျိုးအမြတ်ကိုပြောတာကွ အရင်းကို မင်းအဖေ တရုပ်က စိုက်ထားတာလေကွာ ပြောတော့ မြန်မာတွေအတာကို တရုပ်က လူလည်လုပ်တာတဲ့ လုပ်မှာပေါ့ မင့်တောင် အနေသေးတာပဲ
+135 #17 arluuma 2012-12-07 20:57
ကြေးနီထွက်တဲ့ မြေတစ်ဧကကို ၅၅၀၀၀၀ကျပ်
ဧက ၆၀၀၀ဆိုတော့ ၅၅၀၀၀၀ကျပ်ကို ၆၀၀၀ နဲ့ မြှောက်ရင်
၃၃၀၀၀၀၀၀၀၀ ကျပ်။ အဲဒါကို ၈၀၀နဲ့စားကြည့်ရင် ဒေါ်လာ ၄.၁၂၅ သန်း။

ဒီနေ့ကြေးနီပေါက်ဈေးက တပေါင်ကို ၃.၆၅ ဒေါ်လာ (သို့) မက်ထရစ်တတန်ကို ဒေါ်လာ ၈၀၀၀ ကျော် ။ ကျွန်တော် အဲဒီ ဧက ၆၀၀၀ကို ဒေါ်လာ သန်း ၄၀ ပေးပြီးဝယ်မယ်ဗျာ။ ၀မ်ပေါင်ကို ပြန်ရောင်းမလား မေးကြည့်ပေးပါ။ လက်ငင်းချေပါ့မယ်။ ( ရှိလို့မဟုတ်ဘူးနော်၊ အဲဒီမြေကိုဘဲ လက်ညှိုးထိုးပြပြီး ဒီကဘဏ်တွေဆီက ချေးမှာ။ )

လွှတ်တော်အမတ်တွေလည်း လမ်းထိပ်ကအမှိုက်ပုံ ဖယ်ရှားပေးရန် အစီအစဉ်ရှိ၊မရှိဆိုတဲ့ အဆိုတွေ ခဏရပ်ပြီး မြေတဧက ၅၀၀၀နဲ့ သိမ်းလို့ရတဲ့ ဥပဒေကို ပြင်ပါဦးလို့။

တရုတ်ကို အပြစ်တင်လို့ မရဘူးဗျ။ အဲဒီဥပဒေကို သုံးပြီး အခုခင်ရွှေတို့လည်း ဧကဘယ်နှစ်သိန်းရှိပြီလည်း မသိဘူး သိမ်းနေတာ။ အရင်ကလည်း ဇော်မင်းရဲ့ မကွေးတိုင်းထဲမှာ နှမ်းစိုက်မှာလိုလို၊ကြက်ဆူစိုက်မှာလိုလို လုပ်ပြီး သစ်တောတွေကို မြေလွတ်မြေရိုင်းပါဆိုပြီး ဧကသိန်းဂဏန်းယူ၊သစ်ခုတ်ရောင်းပြီး တောကတုန်းဖြစ်မှ နိုင်ငံတော်ကို နှမ်းစိုက်ရတာ မကိုက်လို့ပါဆိုပြီး ပြန်အပ်သွားတဲ့ ထွန်းမြင့်နိုင်တို့၊တိုးနိုင်မန်းတို့တွေ လုပ်စားသွားတာလည်း အဲဒီ တဧက ၅၀၀၀ အကွက်ဘဲ။

အဲဒီကာလလောက်ဘဲ။ ဘယ်ခွေးသူတောင်းစားလည်း မသိဘူး၊ ဥပဒေအထက်မှာ ဘယ်သူမှမရှိပါဘူးဆိုပြီး အချိန်ကိုက် တော်သလင်းခွေးအူသံနဲ့ အူသွားတာ။
+46 #16 LandHunter 2012-12-07 20:28
ဦးပိုင် မှရှယ်ယာ တစ်ဝက်ကို မုံရွာနယ် ပြည်သူလူထု အတွက် သုံး ပေးနိုင် ရင် ပိုကောင်း သွားနိုင်ပါတယ်
+85 #15 nyi nyi han 2012-12-07 20:06
မြန်မာနိုင်ငံ၏ဥပဒေတွေနှင့် အားနည်းချက်များကို ထုံးလိုကြေရေလိုနှောက် ဒင်းတို့ကသဘောပေါက်နားလည်နေပေမဲံ့ ဟိုခန်းမထဲက လူ၅၀၀ကျော်၆၀၀လောက်လူတွေကတော့....အင်း..
ဟိုမရောက်ဒီမရောက် ကိစ္စလေးတွေ ထထစာတွေဖက်ပြရတာကိုဘဲ တာဝန်ကျေလှပြီထင်နေကျတုန်း...
ဒီမှာတော့ အသွေးရောအသားရော အရိုးထဲကပါ ပါကုန်ပြီ...
+56 #14 mg.khaing 2012-12-07 19:16
တော်ပြီကွာ..ဘာမှကိုပြောချင်စိတ်မရှိတော့ဘူး ဒီနွားတွေကို...
+72 #13 topgun 2012-12-07 19:14
သိပ်မပြောကြပါနဲ့ကွာ နောက်တခါဆိုရင် ဝေလွင်က ကျော်ဆန်းကိုပါ စစ်ကူခေါ်လာပြီး လွှတ်တော်ထဲ နှစ်ယောက်ပေါင်း ချုံးပွဲချငိုနေကြမှဖြင့်
+102 #12 Zawtika 2012-12-07 18:52
ဗမာစစ်တပ်က သူခိုးတွေ အကြောင်း တရုတ်ထက်ပိုပီး ဘယ်သူမှ မသိပါ။
လားရှိုးပေါက် ဘိန်းရာဇာ နော်ခမ်း ကို တရုတ်ပြည်ကို မရမက ဂျွမ်းပစ်ပီး အတင်း ပင့်သွားတာလဲ ဗမာစစ်တပ်က ဗိုလ်ချုပ်တွေကို ဇက်ခွန့်ပီး နဖါးကြိုး ထိုးချင် လို့ပါဘဲ။
အဲဒါကြောင့်လဲ
ဗမာစစ်တပ်က ဗိုလ်ချုပ်တွေ တရုတ်ကို ကြောက်ရပါတယ်ဆိုတာကို လူကြားသူကြားမှာတောင်
ဖုံးမနိုင် ဖိမရ ရင်ဘတ်စည်တီး တလူလူး တလှိမ့်လှိမ့် ငိုကြီးချက်မ
ဖြစ်နေတာပေါ့...
+131 #11 myatminchit 2012-12-07 18:43
ဦးပိုင်က ပွဲခယူတာလား... ဘာတာဝန်တွေ ယူထားလဲမသိဘူး... ဒီစီမံကိန်းမှာ...

ဟုတ်တယ်။ အမေစုတို့အဖွဲ့အဲဒါလေးပါ စုံစမ်းပေးပါ။ ရင်းနှီးမြုပ်နှံတာက ၀မ်ပေါင်ဆိုရင် ဦးပိုင်က ဘာဝင်လုပ်တာလဲ။ ကျွန်တော်တို့ နိုင်ငံက မြေနဲ့သံယံဇာတ စိုက်တယ်ဗျာ။ ၀မ်းပေါင်က ထုတ်လုပ်ကုန်ကျစရိတ်နဲ့ အရင်းအနှီးတွေ စိုက်တယ်ဗျာ။ ဒီတော့ ဦးပိုင်က ဘာရစရာရှိလဲ။ အရင် အစိုးရလက်ထက်တုန်းကတော့ လုပ်ချင်တာ လုပ်ခဲ့လို့ရပေမယ့် ဒီခေတ်မှာတော့ အခွင့်ထူးခံလူတန်းစား၊ အဖွဲ့အစည်း ဆိုတာ မရှိသင့်တော့ပါဘူး။
+71 #10 Zawtika 2012-12-07 18:43
ကျွန်တော့ Commment အဟောင်းလေးပါ။

Quote:


#2Zawtika2012-12-01 16:15
ဝမ်ပေါင်က စီမံကိန်း ဆက်လုပ်ချင်တယ်...
ဝမ်ပေါင် နဲ့ ပါတ်သက်လို့ လောလောဆယ် ဘာမှ မပြောချင်...
တရုတ်က လူလည် ဘဲ..
စီမံကိန်း ဒေသမှာ ဘာတွေဖြစ်နိုင်တယ်ဆိုတာ တွက်မိပီးသား ဖြစ်မှာပါ...
စာချုပ် ချုပ်တုန်းကလဲ စီမံကိန်း ဒေသခံတွေကို မစို့မပို့ ကျမ်းမစူးယုံ တော့ လျော်ခဲ့ပီး ဖြစ်မှာပါ။
အဲဒီ ကျမ်းမစူးယုံ မစို့မပို့ လျော်ကြေးကို ဦးပိုင် သူခိုး ဒါးပြ သူတောင်းစားတွေက အိပ်ထဲ ထည့်လိုက်တော့
့............. မြင်တော်မူကြတဲ့ အတိုင်းပါဘဲ..........

တရုတ်ကတော့ မစားရတဲ့ အမဲ သဲ နဲ့ ပက်မှာပါ။
အရင်ဆုံးတော့ သူ့ ခွေးလည်မျိုကို သူ အရင် နင်းမှာဘဲလေ...
+121 #9 Snipher 2012-12-07 18:36
“အဲဒီအချိန်က မြန်မာဥပဒေအရ မြေတစ်ဧကကို ၅၀၀၀ ကျပ်ပဲရှိတဲ့အချိန်မှာ ၀မ်ပေါင်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ မြန်မာကုမ္ပဏီနဲ့ ပြည်သူရဲ့လိုအပ်ချက်ကို ညှိနှိုင်းပြီးတော့ တစ်ဧကကို ကျပ် ၅ သိန်း ၅ သောင်း လျော်ပေးခဲ့ပါတယ်'' ဟု သံအမတ်ကြီးက ပြောကြားခဲ့သည်။
မြန်မာဥပဒေအရ မြေတစ်ဧကကို ၅၀၀၀ ကျပ်ပဲရှိတယ်ဆို တာ ကျွန်တော်လက်ခံပါတယ်။ ပါးရိုက်မှုတောင်မှ ကျပ်(၁၀၀၀)နဲ့ ပွဲသိမ်းခဲဖူးတဲ့ အစဉ်အလာလည်းရှိပါတယ်။ ဒါက ပညာရှိနည်းနဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေများကို သံအမတ်ကြီးက သရော်တော်တော် ပြောလိုက်တဲ့စကားပါပဲ။ မြန်မာနိုင်ငံလက်ရှိ ဥပဒေများရဲ့ (၆၀)ရာခိုင်နှုန်းလောက်ဟာ ကိုလိုနီခေတ်နှင့် မဆလ ခေတ်က ဥပဒေတွေပဲများပါတယ်။ ဖျက်သိမ်းသင့်တာဖျက်သိမ်း၊ ပြုပြင်သင့်တာပြုပြင်ဖို့ လွှတ်တော်မှာ ရှိတဲ့ လူကြီးများက တာဝန်ယူလုပ်ဆာင် ကြိုးပမ်း ရမှာပါ။ မြန်မာနိုင်ငံဥပဒေရဲ့ အားနည်းချက်ကို အခွင့်ကောင်း တစ်ခု အနေနဲ့ ယူဆထားတာကလည်း တရုတ်နိုင်ငံပဲဖြစ်ပါတယ်။
ကြေးနီစီမံကိန်းနှစ်(၆၀)ဂရန်ထုတ်ယူခွင့်ပြုချက်ဆိုတာ ဗြိတိန်နိုင်ငံကို တရုတ်က အရင် ဌားရမ်းထားခဲ့တယ် ဆိုတဲ့ ဟောင်ကောင်ကျွန်းသက်တမ်းသာသာ နီးနီးလောက်ရှိနေပါတယ်။ တိုင်းပြည်ကို လူ့တစ်စုက တကယ့်ရောင်းစားသွားတယ်ဆိုတဲ့ စကား သည် မြန်မာပြည်အတွက် ထားခဲ့တဲ့စကားပါပဲ။
+43 #8 aung naing oo 2012-12-07 18:12
ကိုင်းလျှော်ပြီးပြီတဲ့နော်၊ ရှင်းပေကြတော့ ငါမဟုတ်ဘူး၊သူဘဲလို့ အော်ကြပေတော့။
+103 #7 slinn 2012-12-07 17:53
Quote:
'အကျိုးအမြတ်ခွဲဝေမှုမှာ ထွက်လာသမျှ ပစ္စည်းအပေါ်မှာ ခွဲဝေယူခြင်းဖြစ်ပြီး ကုန်ကျငွေကို ဖယ်ပြီး ကျန်တာကို မြန်မာအစိုးရ က ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ ၁၃ ဒသမ ၈၊ ၀မ်ပေါင်မှ ၁၃ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ခွဲဝေထားတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံတာက ၀မ်ပေါင်ကုမ္ပဏီပဲ ဖြစ်ပေမယ့် ၃ ဖွဲ့ခွဲဝေယူကြတာပါ''


့မြန်မာအစိုးရက ၁၆.၈ %
ဦးပိုင် ၁၃.၈%
ဝမ်ပေါင် ၁၃.၃%
သင်္ချာတွက်လိုက်တော့ ၁၆.၈+၁၃.၈+၁၃.၃ = ၄၃.၉%
ဒီတော့ (၁၀၀% - ၄၃.၉%) = ၅၆.၁% ကဘယ်ရောက်သွားတာလဲ။
တဝက်ကျော်ကျော်လောက် ပျောက်နေတယ်။ ရှင်းကြပါ။
+86 #6 Wunna Aung 2012-12-07 17:52
Quoting zawkind:
မြေတစ်ဧကကို ၅၀၀၀ ကျပ်ပဲရှိတဲ့အချိန်မှာ ...

မြေတဧက ၅၀၀၀ ပေါက်ဈေးတဲ့... ကောင်းကြသေးရဲ့လားဗျ.. အဲဒီဈေးနဲ့ရယင် တရုတ်ပြည်တပြည်လုံးကို ၀ယ်ပစ်လိုက်မယ်...

ကုန်ကျငွေကို ဖယ်ပြီး ....
အဲဒါပြသနာဘဲ... ကျုပ်တို့မြို့က အလှူခံလို ကုန်ကျစားရိတ်လဲ နှုတ်လိုက်ရော... စာရင်းရှင်းတမ်းက..

ဘုရားထံမှ ရရန် ၅ကျပ်တဲ့....

အင်း... တိုင်းပြည်ကများ ပြန်ပေးနေရလား မသိ... အဲဒီကုန်ကျစားရိတ်ထဲမှာ ဘယ်သူကို ဘယ်လောက်လတ်ထိုးရတာ... သူတို့ xx ချတာ တွေရောပါလား မသိ...


ခင်ဗျားရဲ့commentကသွေးထွက်အောင်မှန်လို့100%ထောက်ခံပါတယ်။

တရုတ်လားဒေါ်လာဘီလျံချီရင်းနှီးပြီးဒီလောက်%နဲ့တင်းတိမ်မှာ။

ဝမ်ပေါင်ကကုန်ကျစရိတ်ပိုပြတော့ရောဘယ်သူကသိလို့လဲ? စာရင်းစစ်ချုပ်ရုံးကကောဒါတွေကိုကိုင်တွယ်ရလို့လား။ ဦးပိုင်ဆိုတာနဲ့တင်ဘယ်သူမှဝင်စစ်လို့ရမှာမဟုတ်ဘူးလေ။

ဖြစ်သင့်တာက....

(၁)အမြတ်အချိုးကိုမြန်မာပြည်သူတွေ(နိုင်ငံတော်)ပိုမိုရရှိစေရန်

(၂)၀မ်ပေါင်ရဲ့စာရင်းများကို စိတ်ချယုံကြည်ရတဲ့ ပြည်တွင်း၊ပြည်ပအတတ်ပညာရှင်အဖွဲ့ကစစ်ဆေးအတည်ပြုရန်

(၃)နစ်နာသူလယ်မြေပိုင်ရှင်များကို နစ်နာသမျှအပြည့်အ၀ လျှော်ကြေးရရှိရန် (2010မှာတုန်းက တဧက5000 သာတန်ကြေးရှိပါတယ်ဆိုတာကို လုံးဝလက်မခံပါ။)

(၄)သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးဝမ်ပေါင်မှတာဝန်ယူရန်

(၅)ဦးပိုင်ကိုဖယ်ရှားပြီးဦးပိုင်ရမည့်ဝေစု%ကိုနိုင်ငံတော်ရမည့်% တွင်ထည့်ပေါင်းပေးရန်

(၆)အကျိုးလိုလို့ညောင်ရေလောင်းတဲ့ အိမ်၊၊ကျောင်း၊ဘုန်းကြီးကျောင်းဆောက်ခဲ့တာတွေလာမပြောနဲ့။ ၀မ်ပေါင်ရဲ့အသုံးစရိတ်ထဲပါပြီးနေပြီ။
+101 #5 linthet 2012-12-07 16:57
''အကျိုးအမြတ်ခွဲဝေမှုမှာ ထွက်လာသမျှ ပစ္စည်းအပေါ်မှာ ခွဲဝေယူခြင်းဖြစ်ပြီး ကုန်ကျငွေကို ဖယ်ပြီး ကျန်တာကို မြန်မာအစိုးရ က ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ ၁၃ ဒသမ ၈၊ ၀မ်ပေါင်မှ ၁၃ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ခွဲဝေထားတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံတာက ၀မ်ပေါင်ကုမ္ပဏီပဲ ဖြစ်ပေမယ့် ၃ ဖွဲ့ခွဲဝေယူကြတာပါ''

ဦးပိုင်က ပွဲခယူတာလား... ဘာတာဝန်တွေ ယူထားလဲမသိဘူး... ဒီစီမံကိန်းမှာ...
+110 #4 linthet 2012-12-07 16:54
'' လက်ရှိအချိန်ထိ ရွာသူရွာသားတွေနေဖို့ အိမ်ခြေ ၂၀၀၊ မူလတန်းကျောင်း တစ်ကျောင်း၊ ဆေးရုံ တစ်ရုံ၊ ဘုန်းကြီးကျောင်း တစ်ကျောင်း တည်ဆောက်ပေးပြီး ဖြစ်ပါတယ်''

ဘာလုပ်စားရမှာလဲ .... KTV လား ... massageလား... လုပ်တတ်တဲ့လယ်မှ မရှိတော့တာ...
#3 linthet 2012-12-07 16:52
ကမ္ဘာပေါ်မှာ နေထိုင်စရာ နေရာလေး တစ်ခု ... ၄ပေ ၆ပေတောင် ၅၀၀၀ နဲ့မရဘူး... အိမ်ခြံမြေ ပွဲစားတွေ အလုပ်မရှိဖြစ်ကုန်မယ်... အဲလောက်နဲ့ရရင်
+118 #2 zawkind 2012-12-07 16:27
မြေတစ်ဧကကို ၅၀၀၀ ကျပ်ပဲရှိတဲ့အချိန်မှာ ...

မြေတဧက ၅၀၀၀ ပေါက်ဈေးတဲ့... ကောင်းကြသေးရဲ့လားဗျ.. အဲဒီဈေးနဲ့ရယင် တရုတ်ပြည်တပြည်လုံးကို ၀ယ်ပစ်လိုက်မယ်...

ကုန်ကျငွေကို ဖယ်ပြီး ....
အဲဒါပြသနာဘဲ... ကျုပ်တို့မြို့က အလှူခံလို ကုန်ကျစားရိတ်လဲ နှုတ်လိုက်ရော... စာရင်းရှင်းတမ်းက..

ဘုရားထံမှ ရရန် ၅ကျပ်တဲ့....

အင်း... တိုင်းပြည်ကများ ပြန်ပေးနေရလား မသိ... အဲဒီကုန်ကျစားရိတ်ထဲမှာ ဘယ်သူကို ဘယ်လောက်လတ်ထိုးရတာ... သူတို့ xx ချတာ တွေရောပါလား မသိ...
+118 #1 U Mar Ga 2012-12-07 16:22
''အကျိုးအမြတ်ခွဲဝေမှုမှာ ထွက်လာသမျှ ပစ္စည်းအပေါ်မှာ ခွဲဝေယူခြင်းဖြစ်ပြီး ကုန်ကျငွေကို ဖယ်ပြီး ကျန်တာကို မြန်မာအစိုးရ က ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ ၁၃ ဒသမ ၈၊ ၀မ်ပေါင်မှ ၁၃ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ခွဲဝေထားတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံတာက ၀မ်ပေါင်ကုမ္ပဏီပဲ ဖြစ်ပေမယ့် ၃ ဖွဲ့ခွဲဝေယူကြတာပါ''
ဒါဆို ဦးပိုင်က နိုင်ငံတော်/ သတ္ထုတွင်း ၀န်ကြီးဌာနက ရရမဲ့ ခွဲတမ်းကို ၀င်ပြီး ဖြတ်ခုတ်တာပေါ့။
နောက်တစ်ခုက ဦးဝေလွင်ရှင်းတဲ့အထဲမှာပါတဲ့ ထုတ်လုပ်မှုစရိတ်က များလွန်းနေသလားလို့။
အကောင်းဆုံးက ဦးပိုင်ရော/ ၀မ်ပေါင်ရော နောက်ဆုတ်ခိုင်း၊
ကမ္ဘာမှာ စံချိန်မီတဲ့ ကုမ္ပဏီတစ်ခုကို လေလံတင် လက်လွှဲလိုက်။
ဒေသခံတွေအတွက် ရှင်းလင်းရမှာတွေကို အစိုးရက စီမံကိန်းအကြိုစရိတ်ထဲက ရှင်းပေးလိုက်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။