Saturday, December 8, 2012

လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် တရုတ်အစိုးရ၏ မူဝါဒမပြောင်းလဲနိုင်သော်လည်း ဆက်လက်ရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်မှုရှိနိုင်ဟုဆို


လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် တရုတ်အစိုးရ၏ မူဝါဒမပြောင်းလဲနိုင်သော်လည်း ဆက်လက်ရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်မှုရှိနိုင်ဟုဆို   PDF Print
Friday, 07 December 2012 14:50
AddThis Social Bookmark Button

thn-7-12-1လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒ မပြောင်းလဲနိုင်သော်လည်း တရုတ်ကုမ္ပဏီများ၏ ဆက်လက် ရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr. Li Junhua က ပြည်တွင်းမီဒီယာများနှင့် ဒီဇင်ဘာ ၇ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

''တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံအပေါ် မူဝါဒ လုံးဝ အပြောင်းအလဲမရှိပါဘူး။ မြန်မာနိုင်ငံအခက် အခဲရှိရင်လည်း မိတ်ဆွေလိုပဲ သဘောထားပါတယ်။ လက်ပံတောင်းတောင် စီမံကိန်းရပ်လိုက်လည်း တရုတ်အစိုးရ ပေါ်လစီ မပြောင်းနိုင်ပါဘူး။ ဒါပေမယ့် တရုတ်ကုမ္ပဏီတွေ ဆက်လက်ရင်းနှီးမြှုပ်နှံမှာလား ဆိုတာတော့ ပြောမရနိုင်ပါဘူး။ ဒါကိုတော့ ထိခိုက်မှုရှိနိုင်ပါတယ်'' ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက တရုတ်နိုင်ငံသာမက အခြားနိုင်ငံများမှပါ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ လာရောက်ဆောင်ရွက်ရန် ကောင်းမွန်တည်ငြိမ်သည့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် လိုအပ်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံမှ လာရောက်ပြုလုပ်သော စီမံကိန်းများမှာ ပွင့်လင်းမြင်သာမှု အားနည်းနေသည်ဟု နိုင်ငံအတွင်း ဝေဖန်မှုများထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ၎င်းက မြန်မာ အစိုးရ ဥပဒေအရ ပွင့်လင်းစေဖို့ လိုအပ်သည့် ကိစ္စဆိုလျင် ပွင့်လင်းစွာ ပြုလုပ်သွားမည်ဟု ဆိုသည်။
'' ပြည်သူတွေသိတာ ပိုများရင် မှန်ကန်တဲ့ အမြင်ပိုရှိနိုင်ပါတယ်။ နောင်ဆိုရင် တရုတ်ကုမ္ပဏီတွေ အခြားစီမံကိန်းတွေကို ဆောင်ရွက်တဲ့အခါမှာ ပြည်သူသိသင့်တာတွေ ကို ပြည့်စုံအောင် ကြေညာပေးပါမယ်။ တရုတ်ကုမ္ပဏီတွေ စီးပွားရေး လာရောက်လုပ်ကိုင်တဲ့အခါမှာ နှစ်ဦးနှစ်ဘက် သဘောတူညီပြီးမှ လုပ်တာဖြစ်လို့ မသိစေချင်တာမရှိပါဘူး'' ဟု သံအမတ်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
လက်ပံတောင်း၊ ကြေးနီတောင်စီမံကိန်းနှင့် ပတ်သက်၍ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆနပြမှုများ ဖြစ်ပေါ်နေသဖြင့် ယင်းကိစ္စများကို စုံစမ်းရန် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ်ပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဒီဇင်ဘာ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
'' ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော်မရှင်နဲ့ အပြည့်အစုံ ပူးပေါင်းဆောင်ရွက်သွားပါမယ်။ ဒီကော်မရှင် ဖွဲ့စည်းတာကိုလည်း ကြိုဆိုပါတယ်။ ကျွန်တော်တို့အနေနဲ့ မပြောချင်တဲ့ လျို့ဝှက်ချက်ဆိုတာ မရှိပါဘူး။ ဒီကော်မရှင်က မျှတမှန်ကန်တဲ့ အစီရင်ခံစာ ထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။ ဒီလိုအစီရင်ခံစာ ထွက်ပေါ်လာရင် လက်မခံစရာ မရှိပါဘူး'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီတူးဖော်မှု စီမံကိန်းကို ယူဂိုစလားဗီးလား၊ ကနေဒါနိုင်ငံများမှ စတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ တတိယမြောက် စီမံကိန်းလုပ်ကိုင်သည့် နိုင်ငံသာဖြစ်ကြောင်း တရုတ်သံအမတ်ကြီးက ပြောကြားသွားခဲ့သည်။
ထို့ပြင် ၎င်းက ပြည်တွင်းတွင် ဖြစ်ပေါ်နေသော ဆန္ဒပြမှုများကို နှစ်ဦးနှစ်ဘက် အကျိုးအမြတ် ပြေလည်အောင် ညှိနှိုင်းလျင် ပြေလည်သွားမည်ဟု ထင်ကြောင်း ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ သပိတ်စခန်းများကို နိုဝင်ဘာလ ၂၉ ရက် နေ့၊ နံနက် ၃ နာရီက လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်နှိမ်နင်းမှုအပေါ် နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် လူပုဂ္ဂိုလ်များက ရှုတ်ချခဲ့ကြသည်။
 

Comments 

 
+2 #20 myo1 2012-12-08 16:45
"တရုတ်ကုမ္ပဏီတွေ ဆက်လက်ရင်းနှီးမြှုပ်နှံမှာလား ဆိုတာတော့ ပြောမရနိုင်ပါဘူး။ ဒါကိုတော့ ထိခိုက်မှုရှိနိုင်ပါတယ်" ဟေး ဟေး ဟေး.....၀မ်းသာလိုက်တာသံအမတ်ကြီး.....နောက်တစ်ခေါက်လောက် ထပ်ပြောပါဦးလား....
 
 
+18 #19 myanmayatanar 2012-12-08 10:55
တရုတ်ကတော့ မလာလေ ကြိုက်လေပဲ။ ဘာလို့လဲဆိုရင် ရှင်းပြစရာမလိုလောက်အောင် အကြောင်းတွေ ရှိနေလို့ပါပဲ။ တရုတ်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေကို ကြည့်ရင် ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ အာဏာရှင်အစိုးရတွေ အုပ်စိုးနေတဲ့ နိုင်ငံတွေပဲ များပါတယ်။
 
 
+26 #18 sans 2012-12-08 10:45
ကြေးနီတောင်စီမံကိန်းက အစိုးရ က၁၆.၈%၊ဦးပိုင်က ၁၃.၈% ၀မ်ပေါင် က ၁၃.၃% ဆိုထားပါတယ်။ကြားထဲက ၅၆.၁% က ၅၆.၁+၁၃.၈% က ၆၉.၄%တရုတ်ပါ။တရုတ်ကို ပေးလိုက်ရတဲ့ အချိုးနဲ့ မြန်မာပြည် ပျက်စီးသွားတဲ့ ပတ်ဝန်းကျင်၊တရုတ်တွေ စွန့်ပြစ်လို့ ဖြစ်ပေါ်လာတဲ့ ရောဂါဆန်း၊မိန်းခလေးများ ကို ပျက်စီးစေသောတရုတ် လုပ်ရပ် မြေ အိမ်ယာ အလုပ်မဲ့သွားတဲ့ မြန်မာပြည်သား ဆုံးရှုံ့း မှု့တို့ ကြောင့်ဒီစီမံကိန်းဟာ လုံးဝ လုံးဝ ဖျက်သိမ်းသင့်သော စီမံကိန်းဖြစ်ပါတယ်။ဒီစီမံကိန်းပျက်သွားလို့ နောက်ထပ် တရုတ်ရင်းနှီးမြူပ်နှံမှု့တွေဆက် မလာတော့ဘူးဆို မြန်မာပြည်သားတွေ အလွန် ၀မ်းသာကြပြီး ရှေးလျှောက်မြန်မာပြည်ချမ်းသာတော့မယ်နမိတ်ကောင်းတခုပါ။ဝမ်းသာစွာနဲ့ဖျက်သိမ်းသင့်ပါတယ်။
 
 
+13 #17 smart_grid 2012-12-08 10:11
ရင်းနှီးမြှုပ်နှံမှုတွေဟာ သူ့ အမျိုးအစား၊ သူ့ အချိန်အခါနဲ့ အသုံးချနိုင်ရင် အကျိုးရှိပြီး၊ အဲ့သလို မဖြစ်ခဲ့ရင် HOST country မှာသာလျင် ပိုပြီးနစ်နာ တတ်ပါတယ်။
မြစ်ဆုံနဲ့ ပတ်သက်လို့ နာမည်ကြီး Quote တစ်ခု ရှိခဲ့ပါတယ်။
“ကိုယ်မှ ကုန်အောင် မသုံးနိုင်ရင် ရောင်းရမှာပဲ” ဆိုတာ၊
ထောက်ခံတယ်၊ ရောင်းပါ၊ အခုလို ၈.၅% နဲ့တော့ မဟုတ်ဘူး။
နိုင်ငံတော်၊ ဒါမှ မဟုတ် အများပိုင် Company က စီမံကိန်း တစ်ခုလုံး ၁၀၀% ရင်းနှီးမြှုပ်နှံပြီး၊ တည်ဆောက်ပြီး၊ ထွက်လာမယ့် လျှပ်စစ်ကို ရောင်း၊ အဲဒီ အချိန်လောက်ကျရင်၊ ကိုယ့်ဆီက လျှပ်စစ် ဝယ်မယ့်သူက ဘယ်လောက် ဗိုက်နာနေနိုင်သလဲ တွက်ကြည့်လိုက်။
မြစ်ဆုံ ဆောက်ချင်တယ်လို့ ပြောတာ မဟုတ်ဘူးနော်၊
ပေးသင့်တဲ့ ဥပမာပဲ ပေးထားတာ။
 
 
+41 #16 ၂မောင် 2012-12-07 23:05
ဝေးဝေး ကဘဲ ခင်ကြတာကောင်းပါတယ်..
 
 
+66 #15 kominmin.mdy 2012-12-07 21:23
သောက်ခွက်ကိုကဖြတ်ရိုက်ချင်စရာ ။ ဒါပါပဲနောက်ဆုံးတော့လဲရင်းနှီးမြုပ်နှံမှုနဲ့ချိန်းခြောက်နေတာပါပဲ။မလာလေကောင်းလေပဲ။ အစကတည်းကမှန်မှန်ကန်ကန်နဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့ရင်ဒါမျိုးကို
ဖြစ်စရာအကြောင်းမရှိဘူး။
 
 
+56 #14 ကျောက်ဆည်သား 2012-12-07 21:18
တယုတ်တွေ မလာလေကြိုက်လေပဲ
 
 
+64 #13 aung naing oo 2012-12-07 20:54
Quoting Public Servant:
Quote:
မြန်မာ အစိုးရ ဥပဒေအရ ပွင့်လင်းစေဖို့ လိုအပ်သည့် ကိစ္စဆိုလျင် ပွင့်လင်းစွာ ပြုလုပ်သွားမည်ဟု ဆိုသည်။

ဆိုတော့ အရင်က မပွင့်လင်းစေချင်ခဲ့လို့ပေါ့.. ဟုတ်ပါစ...။

ကောင်းပါပြီ.....ဒါဆိုရင် မြစ်ဆုံကိစ္စကိုဘယ်လိုသဘောတူစာချုပ်ချုပ်ထားတယ်၊နောက်ပြီးတော့ပိုက်လိုင်းကိစ္စ(အခုမှရထား လမ်းပါတယ်ဆိုသိရတယ်)ဘယ်လိုသဘောတူထားပြီးတော့ဘယ်လို၊နှစ်ဘယ်လောက်ခွင့်ပြုထားတယ်၊မြန်မာပြည်ထဲမှာရှိရှိသမျှတရုတ်စီမံကိန်းတွေကိုထင်သာမြင်သာရှိအောင်၊မြန်မာပြည်သူအားလုးံသိရှိရအောင်ချပြရဲသလားလို့၊တောင်းဆိုပါတယ်။ :cry:
 
 
+102 #12 Snipher 2012-12-07 19:11
ဝမ်ပေါင်နဲ့ တရုတ်အစိုးရက ကြေးနီပြဿနာတွေ ဖြစ်လာတော့ ဦးပိုင် ကုမ္မဏီကို မြားဦး လှည့်လာနေတာပါ။ ဦးပိုင်ကလည်း သူ့တို့ဘက် မြားဦးလှည့်လာတော့ သံဃာနဲ့ လူထုကို အပြတ်ချေမှုန်းတာတွေ လုပ်လာရတာပါပဲ။ ဦးပိုင်က လေ(Air)နဲ့ ကြေးနီစီမံကိန်းကို ရင်းနှီးမြှပ်နှံထားတော့ တရုတ်ရဲ့ဖိအားကို လန့်နေရတာပေါ့။ တရုတ်ဖော်ကောင်လုပ်မှာကိုလည်း ဦးပိုင်က စိုးရိမ် နေရှာတယ်။ တရုတ်နိုင်ငံရဲ့ အဖက်ဖက်က ဖိအားတွေများ လာတော့ ဦးပိုင်(အာဏာရှင်ဟောင်းများရဲ့ ရှားပါး-ခိုးစားစရိတ် လစာ ရှယ်ယာများ)ကုမ္မဏီက ဆန္ဒပြသံဃာနှင့်လူထုကို ရုပ်ပျက်ဆင်းပျက် ဖိထောင်း ဖြိုခွင်း လာတော့တာပါပဲ။ တိုင်းပြည်ကို နောက်ပြန်လှည့်သွားမယ်လို့ ခြိမ်းခြောက်ထားတဲ့ အာဏာရှင်ဟောင်းများရဲ့ ဦးပိုင်ကုမ္မဏီဖြစ်နေတော့ သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အစစအရာရာ သတိထားလုပ်ကိုင် နေကြရတာကို ပြည်သူလူထုအနေနဲ့ နားလည်ဖို့ လိုအပ်ပါတယ်။
 
 
+97 #11 Zawtika 2012-12-07 18:05
Quote:
တရုတ်ကုမ္ပဏီများ၏ ဆက်လက် ရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း ..........

ဝမ်းသာပါတယ်
 
 
+62 #10 Public Servant 2012-12-07 17:57
Quote:
မြန်မာ အစိုးရ ဥပဒေအရ ပွင့်လင်းစေဖို့ လိုအပ်သည့် ကိစ္စဆိုလျင် ပွင့်လင်းစွာ ပြုလုပ်သွားမည်ဟု ဆိုသည်။

ဆိုတော့ အရင်က မပွင့်လင်းစေချင်ခဲ့လို့ပေါ့.. ဟုတ်ပါစ...။
 
 
+54 #9 Wunna Aung 2012-12-07 17:54
Quoting zawkind:

မြေတစ်ဧကကို ၅၀၀၀ ကျပ်ပဲရှိတဲ့အချိန်မှာ ...

မြေတဧက ၅၀၀၀ ပေါက်ဈေးတဲ့... ကောင်းကြသေးရဲ့လားဗျ.. အဲဒီဈေးနဲ့ရယင် တရုတ်ပြည်တပြည်လုံးကို ၀ယ်ပစ်လိုက်မယ်...

ကုန်ကျငွေကို ဖယ်ပြီး ....
အဲဒါပြသနာဘဲ... ကျုပ်တို့မြို့က အလှူခံလို ကုန်ကျစားရိတ်လဲ နှုတ်လိုက်ရော... စာရင်းရှင်းတမ်းက..

ဘုရားထံမှ ရရန် ၅ကျပ်တဲ့....

အင်း... တိုင်းပြည်ကများ ပြန်ပေးနေရလား မသိ... အဲဒီကုန်ကျစားရိတ်ထဲမှာ ဘယ်သူကို ဘယ်လောက်လတ်ထိုးရတာ... သူတို့ xx ချတာ တွေရောပါလား မသိ...


ခင်ဗျားရဲ့commentကသွေးထွက်အောင်မှန်လို့100%ထောက်ခံပါတယ်။

တရုတ်လားဒေါ်လာဘီလျံချီရင်းနှီးပြီးဒီလောက်%နဲ့တင်းတိမ်မှာ။

ဝမ်ပေါင်ကကုန်ကျစရိတ်ပိုပြတော့ရောဘယ်သူကသိလို့လဲ? စာရင်းစစ်ချုပ်ရုံးကကောဒါတွေကိုကိုင်တွယ်ရလို့လား။ ဦးပိုင်ဆိုတာနဲ့တင်ဘယ်သူမှဝင်စစ်လို့ရမှာမဟုတ်ဘူးလေ။

ဖြစ်သင့်တာက....

(၁)အမြတ်အချိုးကိုမြန်မာပြည်သူတွေ(နိုင်ငံတော်)ပိုမိုရရှိစေရန်

(၂)၀မ်ပေါင်ရဲ့စာရင်းများကို စိတ်ချယုံကြည်ရတဲ့ ပြည်တွင်း၊ပြည်ပအတတ်ပညာရှင်အဖွဲ့ကစစ်ဆေးအတည်ပြုရန်

(၃)နစ်နာသူလယ်မြေပိုင်ရှင်များကို နစ်နာသမျှအပြည့်အ၀ လျှော်ကြေးရရှိရန် (2010မှာတုန်းက တဧက5000 သာတန်ကြေးရှိပါတယ်ဆိုတာကို လုံးဝလက်မခံပါ။)

(၄)သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးဝမ်ပေါင်မှတာဝန်ယူရန်

(၅)ဦးပိုင်ကိုဖယ်ရှားပြီးဦးပိုင်ရမည့်ဝေစု%ကိုနိုင်ငံတော်ရမည့်% တွင်ထည့်ပေါင်းပေးရန်

(၆)အကျိုးလိုလို့ညောင်ရေလောင်းတဲ့ အိမ်၊၊ကျောင်း၊ဘုန်းကြီးကျောင်းဆောက်ခဲ့တာတွေလာမပြောနဲ့။ ၀မ်ပေါင်ရဲ့အသုံးစရိတ်ထဲပါပြီးနေပြီ။
 
 
+95 #8 Mr.talkative11 2012-12-07 17:50
Quote:
တရုတ်ကုမ္ပဏီတွေ ဆက်လက်ရင်းနှီးမြှုပ်နှံမှာလား ဆိုတာတော့ ပြောမရနိုင်ပါဘူး။ ဒါကိုတော့ ထိခိုက်မှုရှိနိုင်ပါတယ်

အဲဒါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါကြောင့် ခပ်တည်တည်နေလို့ မရတော့ပဲ ရှင်းရလင်းရပြီပေါ့။
တယုတ်ကုမ္ပဏီတွေ မလာတော့ဘူး ပြောရင် ဒီထက်တောင် ဝမ်းသာမိမှာဗျာ ။
အခုလာမဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေကိုတောင် ပြန်ရုပ်သိမ်းပေးပါလို့ တောင်းဆိုချင်ပါတယ်။
ပြောသာပြောရတာ၊ အရမ်းအရမ်းကို ကျေးဇူးသိတတ်ပြီး ရှိတာအကုန် လက်ညှိုးထိုး ကျေးဇူးဆပ်ချင်တဲ့၊ ဆွေမျိုးပေါက်ဖော်ဆို ပြီး ရှိခိုးမတတ် ချစ်ကြောက်ရိုသေတဲ့ ဘိုးတော်တွေ ရှိနေတော့လဲ အခက်သားလား။
ဪ ပြည်သူ့ဆန္ဒလား ၊ နိုင်ငံတော် ဆန္ဒလား ။
 
 
+119 #7 mon min 2012-12-07 17:14
ခြိမ်းခြောက်သလိုလိုပဲ....သံအမတ်ကြီးစကားက။ ခင်ဗျားတို့တွေလာမမြုပ်နှံလဲဘာမှတော့မဖြစ်ပါဘူး။
ခင်ဗျားတို့နိုင်ငံငတ်နေတုန်းကကျွန်တော်တို့နိုင်ငံကပေးထားကမ်းထားထောက်ပံ့ထားတဲ့ကျေးဇူးတောင်ခင်ဗျားတို့ပြန်မှတ်မိရဲ့လား။
အခုမှလာပြီး ကလေးကွက်လာနင်းနေတယ်။ မနေချင်၊မရင်းနှီးမမြုပ်နှံချင်ရင်လဲ ထွက်သွားလိုက်ပါ။ မျက်စိနောက်၊နားရှုပ်တာသက်သာတယ်။
ကျွန်တော်တို့ဆီကနေခင်ဗျားတို့ယူသွားတာတွေ တအားကိုများနေပါပြီ။တော်လောက်ပြီပေါ့။
ကျွန်တော်တို့နိုင်ငံထဲမှာနေချင်ရင်တော့ ကျွန်တော်တို့ ပြည်သူတွေ၊ပြည်သူ့ဆန္န ကိုလေးစားရမှာပဲ....
 
 
+86 #6 K Soe 2012-12-07 16:38
အဓိကပြဿနာတခုက ရင်းနှီးမြှုပ်နှံမှုမှာ ပွင့်လင်းမြင်သာမှူ/ အကျိုးအမြတ်ခွဲဝေမှု(လူတစုစာအတွက်မဟုတ်) / ဘေးထွက်ဆိုးကျိုး ( ပတ်ဝန်းကျင်နှင့် လူမှုဘဝ ) စတာတွေ မရှိခဲ့ရင် တရုတ်နိုင်ငံ မှမဟုတ်ပါဘူး ၊ ဘယ်နိုင်ငံ မဆိုဆန့်ကျင် ကန့်ကွက်သွားရမှာပါ။
ကြောက်တာတွေ/ကျေးဇူးတွေ ဘေးဖယ် သူတို့ကိုမုန်းစရာမရှိပါ ။

ကျွန်တော်တို့အတိတ်ကမှားခဲ့ပါတယ်၊ ခုထက်ထိလည်းလွဲနေပါတယ် နောင်လည်း မှန်ဖို့ ကြိုးစားနေရတုန်းပါ...... ဆိုရင်ဖြင့်
 
 
+70 #5 U Mar Ga 2012-12-07 16:23
''အကျိုးအမြတ်ခွဲဝေမှုမှာ ထွက်လာသမျှ ပစ္စည်းအပေါ်မှာ ခွဲဝေယူခြင်းဖြစ်ပြီး ကုန်ကျငွေကို ဖယ်ပြီး ကျန်တာကို မြန်မာအစိုးရ က ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ ၁၃ ဒသမ ၈၊ ၀မ်ပေါင်မှ ၁၃ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ခွဲဝေထားတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံတာက ၀မ်ပေါင်ကုမ္ပဏီပဲ ဖြစ်ပေမယ့် ၃ ဖွဲ့ခွဲဝေယူကြတာပါ''
ဒါဆို ဦးပိုင်က နိုင်ငံတော်/ သတ္ထုတွင်း ၀န်ကြီးဌာနက ရရမဲ့ ခွဲတမ်းကို ၀င်ပြီး ဖြတ်ခုတ်တာပေါ့။
နောက်တစ်ခုက ဦးဝေလွင်ရှင်းတဲ့အထဲမှာပါတဲ့ ထုတ်လုပ်မှုစရိတ်က များလွန်းနေသလားလို့။
အကောင်းဆုံးက ဦးပိုင်ရော/ ၀မ်ပေါင်ရော နောက်ဆုတ်ခိုင်း၊
ကမ္ဘာမှာ စံချိန်မီတဲ့ ကုမ္ပဏီတစ်ခုကို လေလံတင် လက်လွှဲလိုက်။
ဒေသခံတွေအတွက် ရှင်းလင်းရမှာတွေကို အစိုးရက စီမံကိန်းအကြိုစရိတ်ထဲက ရှင်းပေးလိုက်။
 
 
+77 #4 klvnaung 2012-12-07 16:13
ဘယ်တော့မှမလာနဲ့။ အခုလည်းထွက်သွား။
 
 
+134 #3 myoz 2012-12-07 15:54
တရုတ်က လာမရင်းနှီးလဲ မလွမ်းလောက်ပါဘူးဗျာ။
လာလုပ်မှာကိုတောင် ကြောက်နေရသေး။

ခုလဲ မြေပေါ်မြေအောက် သယံဇာတတွေ ကုန်လုပါပြီဗျာ။
ကုန်တော့မှ မလာဘူးလို့ အသံကောင်းဟစ်တာကတော့..

မြန်မာ့သယံဇာတတွေကို စိတ်ကြိုက်ချယ်လှယ်ပြီး လုပ်ချင်တိုင်းလုပ်လို့မရတော့ဘူးဆိုတာ သိသွားပြီ ထင်ပါရဲ့
 
 
+85 #2 ssslanxess 2012-12-07 15:42
အင်း ဒီစကားက မြန်မာကပြေားရမှာပါ..
 
 
+131 #1 Orgalisan 2012-12-07 15:05
ရုပ်ကိုက ဖြတ်ရိုက်ချင်စရာ
တယုတ်က ကုမ္ပဏီတွေ မလာလေ ကောင်းလေ
ဘာများ ကောင်းကျိုးပေးဘူးလဲ။
"" တရုတ်ကုမ္ပဏီတွေ ဆက်လက်ရင်းနှီးမြှုပ်နှံမှာလား ဆိုတာတော့ ပြောမရနိုင်ပါဘူး။ ဒါကိုတော့ ထိခိုက်မှုရှိနိုင်ပါတယ်'' ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ""
ဘာကိုထိခိုက်မှုရှိနိုင်တာလဲ။ သူတို့အကျိုးစီးပွားလား။
အချောင်ရတာတွေ ထိခိုက်နိုင်တာလား။
 

1 comment:

  1. ကြေးနီတောင် ဆိုတာ မဟုတ်ပါ
    ရွှေကြော တူးနေတာပါ
    မကျေနပ် ရင် အန်တီပြောသလို
    တူးထားတဲ့ မြေကြီးတွေ ပြန်ပို့လိုက်
    ရွှေကြောက မလေးရှားအထိရှည်တယ်
    ယူရေနီယံ ပါထွက်ပါတယ်
    အဲဒါကြောင့် မြေအတိုင်း အကြမ်းအတိုင်း သယ်နေတာ
    နညိးပညာ ညံ့တဲ့ အပေါ် ယုတ်မာတာပါ

    ReplyDelete

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။