You
said all the monks are flawless ,we all know that point. But , the
monks your government killed in 2007 revolution were with flaw? Weren't
you a religious affairs' minister that time? Don't try to cheat people
publicly ( We all know you were cheating all the time , but we just want
you not to cheat publicly). Actually , Lt General Ko Ko must apologize
the monks as well as the people. We never accept people were wicked ,
only you guy were wicked all the time.
ပြောင်ကြီးအဆိုး၇ဘက်တော်သားပီသပါပေတယ်...
ကျွန်မတို့ ကျောမွဲလူတန်းစားတောင်သူတွေဆိုတာ နေလယ်နေ့ခင်း လူမြင်သူမြင်အချိန်မှာပဲ ရဲရဲဝံ့ဝံ့ ဆန္ဒဖော်ထုတ်တာဖြစ်တယ်.. သတ္တိရှိတဲ့သူတွေဆိုရင် လူမြင်သူမြင်အချိန်မှာ သပိတ်စခန်းကိုဖြိုခွဲပါလားတဲ့..။ ဒီကိစ္စက သူရဲဘောကြောင်းတဲ့ကိစ္စရပ်ဖြစ်တာကြောင့် .. အနာဂတ်တိုင်ပြည်အတွက်စိုးရိမ်မိရပါတယ်ဟု လက်ပံတောင်းသံမဏိမယ်ကပြောဆို
ဘယ်လိုလဲဆိုတော့ အပြစ်တစ်ခုလုပ်လိုက်မိတဲ့သူဟာ သူကျူးလွန်တဲ့ အပြစ်ရဲ့ ပမာဏကိုလိုက်ပြီး တစ်ချိန်မှာ ဆိုးကျိုးကို ခံရတော့မှာ ဖြစ်ပါတယ်။ လေးလံတဲ့ဝန်ထုပ်ကြီးတစ်ခုကို ထမ်းထားရသလိုပါပဲ။ သံဃာတွေကို လောင်တိုက်သွင်းခဲ့တဲ့သူတွေ ထမ်းထားရတဲ့ဝန်ထုပ်ကြီးကတော့ အတိုင်းအဆမရှိအောင် ကြီးမားလှပါတယ်။
အဲဒီအဖြစ်က လွတ်ချင်ရင် အကျူးလွန်ခံရတဲ့ သံဃာတွေဆီကို တိုက်ရိုက်တာဝန်ရှိတဲ့သူတွေကိုယ်တိုင်သွားပြီး မှားသွားမှန်း တကယ်သိပါပြီ၊ လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်၊ နောက်ဒီလိုမလုပ်တော့ပါဘူး၊ ရခဲ့တဲ့ဒဏ်ရာတွေ နစ်နာမှုတွေကို အတတ်နိုင်ဆုံး ပြန်လည်ကုစားပေးပါမယ်လို့ တောင်းပန်ရပါမယ်။ သံဃာတွေကလည်း ခွင့်လွှတ်ကြမှာပါပဲ။
ဒီလိုဆိုရင် ကျူးလွန်ခဲ့သူတွေရဲ့ ခေါင်းပေါ်မှာ ရွက်ထားရတဲ့ ဝန်ထုပ်ကြီးကို ချခွင့်လိုက်ရတာပါပဲ။ ဝန်ချတောင်းပန်တယ်ဆိုတာ ဒါပါပဲ။
လုပ်ခဲ့မိတာကို အမှန်ထင်နေရင်၊ မှားမှန်းသိရဲ့နဲ့ မတောင်းပန်နိုင်ဘူးဆိုရင်တော့ ဝန်ထုပ်ကြီးကို ဆက်ရွက်ထားကြပေါ့။ အဲဒီဝန်ထုပ်ကြီးဟာ တစ်နေ့တခြား လေးလာပြီး ကျူးလွန်သူတွေကို အဝီစိရောက်အောင် မြှုပ်ပစ်လိုက်ပါလိမ့်မယ်။
ဗုဒ္ဓဘာသာဝင်တွေ သိရှိလိုက်နာရမယ့် ကံကံင်္၏အကျိုးဆိုတာ ဒါပါပဲ။ ဒါကိုမှ မသိဘူး၊ မလိုက်နာနိုင်ဘူးဆိုရင်တော့ သင်္ကန်းတွေ ဘယ်လောက် ကပ်ကပ်၊ ဘုရားထီးတွေ ဘယ်လောက်တင်တင် အမည်ခံဗုဒ္ဓဘာသာဝင်တွေမျှသာ ဖြစ်ပါတယ်။
ဆောင်ရွက်ပါတော့လား
သံဃာတွေကပဲ အနုံအအ တွေလိုလို...
ဟိုလူကို အပြစ်ဖို့ချင်တာလိုလို... ဒီလူကို လက်ညှိုးထိုးချင်တာလိုလို....
ဝါဒဖြန့်တာလိုလို... ဥပဒေအရဆိုတဲ့ စကားလုံးကို ထည်လဲ သုံးပြီး ခြိမ်းခြောက်သတိပေးချင်တာလိုလိုနဲ့....
ရိုးသားစွာ တောင်းပန်နေတယ်လို့ ယုံကြည်စရာ မကောင်းတဲ့ စကားလုံးတွေပါ ....
အရင်းစစ်လိုက်တော့ သူတို့ (အကြမ်းဖက်တဲ့သူတွေ)မမှားဘူး
(ဘာလက်နက်မှ မပါဘဲ ငြိမ်ခံနေရတဲ့သူတွေ)ရဟန်းရှင်လူတွေပဲ မှားနေတယ်လို့ ပြောချင်တဲ့ အဓိပါယ် သက်ရောက်သွားတာပါပဲ...
Action Speak Louder Than Words !
မဟန ဆိုတာ သံဃာထုကို အမှန်တကယ် ကိုယ်စားပြုပါသလား။
လက်သုံးစကား မသမာသူ လူတစ်စုရဲ့ သွေးထိုးမြှေက်ပင့်ကြောင့်ဆိုတဲ့ ဖန်တရာတေ စကားလုံးကို ခုချိန်ထိ အသုံးပြုနေသေးတာဟာ
ဆန္ဒပြသံဃာတော်တွေဟာ ဘာမှနားမလည်ဘဲနဲ့ သူများပြောသမျှ ယုံတဲ့ အတုံးအအတွေလို့ ဆိုလိုတာလား။
အမှန်တကယ် ပြည်သူဆန္ဒကို နားမလည်တာလား။
ရူးရူးမိုက်မိုက်နဲ့ ဆက်ရမ်းမယ်လို့ ပြောတာလား။
ပြောင်းယောင်ယောင်ပြပြီး သံဃာနဲ့ ပြည်သူပြည်သားတွေကို လှည့်စားဘို့ ကြိုးစားနေတာလား။
ဦးသိန်းစိန်ထွန်းရေးတဲ့ အမြဲစီးဆင်းနေမယ့် ဧရာဝတီ ဆိုတဲ့ ၀တ္ထုထဲက ဧရာဝတီ ဥပမာလို တပ်မတော်ကဘဲ မျိုးဆက်မပြတ် စီးဆင်းနေမယ်ထင်သလား။
အာဏာရှင်ကို ရွံမုန်းတဲ့ လွတ်လပ်မှုကို မြတ်နိုးတဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်ဘို့အသင့်ဖြစ်နေတဲ့ အမြဲစီးဆင်းနေမယ့် သံဃာ၊ ကျောင်းသား၊ ပြည်သူတွေ မရှိဘူးထင်နေလား။
အမှားပြုမိရင် တောင်းပန်တယ်ဆိုတာ လူယဉ်ကျေးတို့ရဲ့ အပြုအမူပါ။
စစ်အစိုးရအဆက်ဆက် တခါမှ မလုပ်ဖူးတဲ့ တောင်းပန်မှုဆိုပြီး ကျေဇူးတောင်တင် အသိအမှတ်ပြုချင်ပေမဲ့ ရိုးသားမှုမရှိတာတော့ အထင်အရှားပါ။
တကယ် ရိုးသားမှုရှိရင် ဖြစ်ဖြစ်ချင်း ခံရသူတွေကို တာဝန်ရှိသူကိုယ်တိုင် သွားတောင်းပန်ရမှာပါ။
အခုတော့ တကယ်လုပ်တဲ့သူလဲမပါ တကယ်ခံရတဲ့သူလဲ မပါတဲ့ပွဲကတော့ ရီစရာကြီးဗျ။ ဒီကြားထဲ ကိုယ်နဲ့မဆိုင်သလို ခပ်တည်တည်နဲ့ နိုင်ငံခြားသွားလိုက်တာဟာ ရုပ်ပျက်လှပါတယ်။
တောင်းပန်တဲ့ စကားလုံးတွေကလဲ အချိန်ယူရေးထားတာ ဆိုတော့ ဝါဒဖြန့်စာတွေထက်တောင် ထက်ပါ့ဗျာ ဘလိတ်ဒါးလို ပါးပါးလေးနဲ့ မြ နေတာပဲ။
ဝန်ကြီးဆိုသူတွေ...
ညွှန်မှူးဆိုသူတွေ...ရဲ့ ပြောကြားတဲ့စကားတွေကို
မီဒီယာတွေထဲမှာ တွေ့ ရ ကြားရတာတွေကို ရိုးရိုးသားသား
သုံးသပ်ရမယ်ဆိုရင်..လုံးဝမရိုးသားပါဘူး
မုသားတွေ..အခြေအမြစ်မရှိတဲ့ တဖတ်သတ်စွပ်စွဲမှုတွေ..
အရင်စိုးရနဲ့ အရင်ကလူတွေရဲ့ လုပ်ရပ်မှားတွေကို ကာကွယ်ပြော
ဆိုမှုတွေ..မပွင့်လင်းမှုတွေနဲ့ ပြည့်နှက်နေပါတယ်...
ပြောရမယ်ဆိုရင် အရင်အစိုးရရဲ့ စရိုက်အတိုင်းပါပဲ....
အင်းပေါ့လေ...အခုအစိုးရအဖွဲ့ လဲ အရင်အစိုးရအဖွဲ့ ထဲကလူ
တွေပဲဟာကို...
မှားလို့တောင်းပန်တာ လား မမှားကြောင်းလျှောက်လိုတာလား မသဲကွဲပါ
အားလုံး ထွက်ခိုင်း ပြီးတော့၊ ဘာဆက် လုပ်ခိုင်းဦးမှာလဲ ဟင် ?
ဘာအခွင့်ရေးမှ ရယူလိုမှု့မရှိ ဘာအမြတ်ထုတ်လိုမှု့မှ မရှိ
လောကီ လောကုတ် ကောင်းကျိုးများကို ငြိမ်းချမ်းစွာဖြင့် ဆောင်ရွက်ခြင်းသည် ဘုရားရှင်လက်ထက်ကတည်းကရှိခဲ့၏
တိုင်းပြည်နဲ့လူမျိုး ရှေ့အနာဂတ်အတွက် အမြော်အမြင်မရှိပဲ ကို်ယ့်ရာထူး စည်းစိမ်ချမ်းသာမှု့အတွက် မတရားလုပ်နေမှု့မှန်သမျှကို ဝိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ပစ်ကြပါစို့
ခုလိုတောင်းပန်တယ်ဆိုတာ၊အပေါင်းလက္ခဏာဆောင်တယ်လို့ယူဆလို့ရပါတယ်ဗျာ
You said all the monks are flawless ,we all know that point. But , the monks your government killed in 2007 revolution were with flaw?
Weren't you a religious affairs' minister that time? Don't try to cheat people publicly ( We all know you were cheating all the time , but we just want you not to cheat publicly). Actually , Lt General Ko Ko must apologize the monks as well as the people. We never accept people were wicked , only you guy were wicked all the time.
တိုင်းရင်းသား နဲ့ တိုင်းရင်းသား ကို သွေးခွဲ
တိုင်းရင်းသား နဲ့ ဗမာ ကို သွေးခွဲ
ဗမာ နဲ့ ဗမာ ကို သွေးခွဲ
သံဃာထု နဲ့ သံဃာထု ကို သွေးခွဲ
လူထု နဲ့ သံဃာထု ကို သွေးခွဲ
နောက်ပီး...
မကြာမှီ လာမည်............... မျှော်
တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစား နေတဲ့လူတွေကမှ သူတော်ကောင်း.....
Quote: စီမံကိန်းကတော့ မဆလ လက်ထက်ကတဲက စခဲ့တာဆိုတော့ လုပ်ကြံဖန်တီး သွေးထိုးမှုတွေက တော်တော်နောက်ကျတယ်လို့ ဆို နိုင်တယ်နော်
Quote: စိတ်မကောင်း တဲ့ မျက်နှာတွေက ကြည့်တောင် မကြည့်ရဲဘူး
Quote: ယုံရင် မှားမယ်
Quote: အာဏာရှင် သစ္စာ အဓိဌာန် ကို ခဏခဏ လာ ရွတ် မပြနေ ပါနဲ့
စာရင်းချုပ်လိုက်ရင် ခံလိုက်ရတာ ငထွား တို့ချည်းပါဘဲ
Quote: အဲဒီ ပုဂ္ဂိုလ်တွေက မီးလောင်ဗုံး နဲ့ ပစ်မယ်ဆိုတာ ကြိုသိနေတာ ပိုထူးခြား မနေဘူးလား သုနခေါ ရဲ့
Quote: မင်းတို့ရိုးလိုက်သမျှ မင်းတို့မယားငယ် ဘို့ချည်းပါဘဲ
ပြောသွားတာ အားလုံး အနှစ်ချုပ်ရင် သံဃာ နှင့် ပြည်သူ ကို သပ်လျှို သင်းခွဲ ချင်တယ် ဆိုတာ အထင်အရှားပါဘဲ..