Sunday, December 16, 2012

MIC ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများနှင့် အချို့သောကုမ္ပဏီ၊ အဖွဲ့အစည်းများအပေါ် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်ပေးထားခြင်းကြောင့် နိုင်ငံ၏ အခွန်ကောက်ခံရရှိမှုမှာ ရရှိသင့်သည်ထက်လျော့နည်းရရှိ


MIC ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများနှင့် အချို့သောကုမ္ပဏီ၊ အဖွဲ့အစည်းများအပေါ် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်ပေးထားခြင်းကြောင့် နိုင်ငံ၏ အခွန်ကောက်ခံရရှိမှုမှာ ရရှိသင့်သည်ထက်လျော့နည်းရရှိ  PDF Print
Sunday, 16 December 2012 10:42
AddThis Social Bookmark Button
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများနှင့် အချို့သောကုမ္ပဏီ၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုမှ ပေါ်ထွက်လာသည့် အသားတင်အမြတ်အပေါ် ၀င်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များပြုထားခြင်းများကြောင့် အခွန်ကောက်ခံရရှိမှုမှာ ရရှိသင့်သည်ထက် လျော့နည်းရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်၊ သက်သာခွင့်ပြုခြင်းများသည် အခွန်လျော့နည်းရခြင်း၏ အကြောင်းတစ်ရပ်ဖြစ်ကြောင်း၊ အချို့သောကုမ္ပဏီ အဖွဲ့အစည်းများ၏ ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားခြင်း၊ ပြည်တွင်း၌ထုတ်လုပ်သည့် သွင်းကုန်အစားထိုး ကုန်စည်များသည် ပြည်ပသွင်းကုန်များနှင့် ဈေးကွက်တွင် ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရေးအတွက် ယင်းတို့၏ ရောင်းရငွေအပေါ် ကျသင့်အခွန်၏ ၂၀ ရာခိုင်နှုန်းသာ ပေးဆောင်ရန် သက်သာခွင့်ပြုထားခြင်းများအပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများနှင့် အချို့သော ကုမ္ပဏီ၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုမှ ပေါ်ထွက်လာသည့် အသားတင်အမြတ်အပေါ် ၀င်ငွေခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ပြုထားခြင်းများသည် အခွန်ကောက်ခံရရှိမှု ရရှိသင့်သည်ထက် လျော့နည်းစေသည့်အချက်များတွင် ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ပြည်ပမှတင်သွင်းသည့် ကုန်စည်အချို့အပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်ပြုထားခြင်း အချို့သောဥပဒေများတွင် ၀င်ငွေခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များကို လွှမ်းမိုးအကျိုးသက်ရောက်သည့် အခွန်ကင်းလွတ်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များ ထည့်သွင်းပြဋ္ဌာန်းထားခြင်းများကြောင့် ၀င်ငွေခွန်နှင့်ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရရှိမှုမှာ ရရှိသင့်သည်ထက် လျော့နည်းရရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက   နေပြည်တော်တွင် နိုဝင်ဘာလနှောင်းပိုင်းက ပြုလုပ်ခဲ့သည့် အခွန်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီသတ္တုသိုက်အား ဓာတ်သတ္တုအကြီးစားထုတ်လုပ်ရန်အတွက် Mine Development ဆောင်ရွက်ရာတွင်  အသုံးပြုရန် ပြည်ပမှတင်သွင်းလာသည့် အမေရိကန်ဒေါ်လာ ၃၄ သန်းကျော်တန်ဖိုးရှိ ပစ္စည်းများကို ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (က) အရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ကင်းလွတ်ခွင့်ပြုပေးခဲ့ကြောင်း...
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက အခွန်ရငွေနှင့် GDP အချိုးမှာ လျော့နည်းနေကြောင်း၊ ထိုသို့လျော့နည်းရခြင်းမှာလည်း ဂျီဒီပီ တွက်ချက်မှုကိန်းဂဏန်းသည် သိသာထင်ရှားစွာ မြင့်တက်လျက်ရှိခြင်း၊ ဂျီဒီပီတွက်ချက်ရာတွင် အချိုးအစားပမာဏ ပါဝင်မှုအများဆုံးဖြစ်သည့် လယ်ယာနှင့်သားငါးကဏ္ဍတို့မှ အခွန်ပြန်လည်ကောက်ခံရရှိမှု နည်းပါးခြင်း၊ အခွန်ဆိုင်ရာကင်းလွတ်ခွင့်၊ သက်သာခွင့်များ များစွာခွင့်ပြုထားခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ လေ့လာဆန်းစစ်ချက်အရ သိရသည်။
နိုင်ငံခြားငွေဖြင့် အခွန်ကောက်ခံခြင်း၊ ပြည်ပသွင်းကုန်များအပေါ် ကောက်ခံသည့် စည်းကြပ်တန်ဖိုး (Assessed Value) သတ်မှတ်ချက်မှာ ဈေးကွက်လဲလှယ်နှုန်းထက် လျော့နည်းခြင်း၊ အခွန်ထမ်းများက အခွန်ဥပဒေများအပေါ် လိုက်နာမှုအားနည်းခြင်း၊ အခွန်ဝန်ထမ်းများကလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ရန် အားနည်းခြင်းနှင့် အခွန်ဥပဒေများအတိုင်း ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာ ဌာနအဖွဲ့အစည်းများက ပံ့ပိုးကူညီမှုအားနည်းခြင်းတို့ကလည်း အခွန်ရငွေနှင့် ဂျီဒီပီအချိုးနိမ့်ကျရသည့် အကြောင်းအချက်များဖြစ်ကြောင်း သိရသည်။
အခွန်လျော့နည်းရရှိခြင်း၏ အခြားအကြောင်းအရာတစ်ခုမှာလည်း အခွန်ပမာဏ ကြီးမားစွာပေးဆောင်ရမည့် အခွန်ထမ်းများသည် အရိပ်အမျိုးမျိုးခိုကာ အခွန်လျော့နည်းသက်သာအောင် ကြံဆောင်ကြခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက သုံးသပ်ထားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် Myanmar Wanbao Mining Copper Co.,Ltd တို့ အကျိုးတူပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီသတ္တုသိုက်အား ဓာတ်သတ္တုအကြီးစားထုတ်လုပ်ရန်အတွက် Mine Development ဆောင်ရွက်ရာတွင်  အသုံးပြုရန် ပြည်ပမှတင်သွင်းလာသည့် အမေရိကန်ဒေါ်လာ ၃၄ သန်းကျော်တန်ဖိုးရှိ ပစ္စည်းများကို ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (က) အရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ကင်းလွတ်ခွင့်ပြုပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ၂၀၁၂ ခုနှစ် သြဂုတ် ၁ ရက်က အမိန့် ကြော်ငြာစာအမှတ် (၃၅၅၊ ၃၅၆၊ ၃၅၇/၂၀၁၂) ဖြင့် ထုတ်ပြန်ခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီသတ္တုသိုက်အား ဓာတ်သတ္တုအကြီးစား ထုတ်လုပ်ရန်အတွက် ကုန်သွယ်လုပ်ငန်း အခွန်လွတ်တင်သွင်းခဲ့သည့် ပစ္စည်းများထဲတွင် ရုံးသုံးပရိဘောဂများ၊ လုပ်ငန်းခွင်သုံးကားများ၊ အကြီးစားစက်ပစ္စည်းများ၊ မီနီထရပ်ကားများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊  စက်အပိုပစ္စည်းများ ပါဝင်ကြောင်းသိရသည်။        
Comments 
 
0 #3 theinthein 2012-12-17 12:15
ပြည်းတွင်းအခွန် သူများကို လက်ညှိုးထိုးမနေနဲ့ မောင်ရင်တို့ပိုင်ဆိုင်မှုကို နိုင်ငံတော်သွင်းရင် ခုရတဲ့ အခွန်ထက် အဆ ၂၀ လောက်ပိုရမယ်ဆိုတာ မောင်ရင်တို့ ဝန်ထမ်းတိုင်းသိပါတယ်။
 
+23 #2 Zawtika 2012-12-16 13:28
Quoting Nyo Mya:
အရပ်သားပုံစံမပြောင်းမီ စစ်အစိုးရလက်ထက်မှာ...
ခုတော့ အရပ်သားပုံစံပြောင်းပီး စစ်အစိုးရလက်ထက်ပေါ့နော်
Quoting Nyo Mya:
အခုရော အဲဒီလိုဘဲ လုပ်ကြဦးမှာလား..?
လုပ်ဦးမှာပါဘဲ... အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက် ရမှာပေါ့..

Quoting Nyo Mya:
မသမာမှုတွေဖြစ်လာရင် မျက်နှာကြီးငယ်မလိုက်ဘဲ မှန်မှန်ကန်ကန်အရေးယူဖို့ အာမခံနိုင်ပြီလား….?
အာမ မခံနိုင်ပါဘူး.... နောင်လဲ အာမ မခံပါဘူး....
 
+35 #1 Nyo Mya 2012-12-16 12:54
အရပ်သားပုံစံမပြောင်းမီ စစ်အစိုးရလက်ထက်မှာ စီးပွားရေးသမားတွေက စစ်တပ်လူကြီးသားသမီးတွေနဲ့ပေါင်းပြီး စက်ရုံတွေ၊ ဟိုတယ်တွေဆောက်ဖို့ MIC မှာ Proposal တင်ကြတယ်..။ ပြီးတော့ တင်သွင်းခွင့်ရတဲ့ ဘိလပ်မြေ၊ သံချောင်း၊ ကားတွေကို အပြင်မှာ ပြန်ရောင်းစားပြီး အင်မတန်ဝင်ငွေကောင်းခဲ့ပါတယ်…။ စက်ရုံတွေ ဟိုတယ်တွေတော့ ပီပီပြင်ပြင်ဖြစ်မလာပါဘူး…။
အခုရော အဲဒီလိုဘဲ လုပ်ကြဦးမှာလား..?
မသမာမှုတွေဖြစ်လာရင် မျက်နှာကြီးငယ်မလိုက်ဘဲ မှန်မှန်ကန်ကန်အရေးယူဖို့ အာမခံနိုင်ပြီလား….?

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။