Sunday, December 16, 2012

စီးပွားကူးသန်းဝန်ကြီးဌာနနှင့် ပြည်တွင်းပြည်ပ ပညာရှင်များပေါင်းစည်းကာ မြန်မာနိုင်ငံ၏ ကားမူဝါဒရေးဆွဲရန် စီစဉ်


စီးပွားကူးသန်းဝန်ကြီးဌာနနှင့် ပြည်တွင်းပြည်ပ ပညာရှင်များပေါင်းစည်းကာ မြန်မာနိုင်ငံ၏ ကားမူဝါဒရေးဆွဲရန် စီစဉ်  PDF Print
Sunday, 16 December 2012 09:43
AddThis Social Bookmark Button
ရန်ကုန်မြို့၊ ဦးထောင်ဘိုအ၀ိုင်းတွင် ယာဉ်ကြောပိတ်ဆို့မှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်
ha-16-12-1နည်းလမ်းမှန်ကန်သည့် ကားမူဝါဒတစ်ခု ဖြစ်ပေါ်လာစေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် ပြည်တွင်းပြည် ပမှ ကျွမ်းကျင်ပညာရှင်များ ပေါင်းစည်းကာ မြန်မာနိုင်ငံ၏ ကားမူဝါဒကို ရေးဆွဲရန်အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်လုပ်ငန်းရှင်များအသင်းဝင် ကားလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

နိုင်ငံ၏လမ်းဧရိယာနှင့် ကားအစီးရေတိုးပွားမှုနှုန်း၊ နိုင်ငံ၏ကား စက်မှုလုပ်ငန်းဖွံ့ဖြိုးစေရေး၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးတို့ကဲ့သို့သော အခြေခံအချက်များအပေါ် ပြည်တွင်းပြည်ပ ပညာရှင်များ ဖိတ်ခေါ်ဆွေးနွေးကာ မြန်မာနိုင်ငံ၏ ကားမူဝါဒကိုရေးဆွဲရန် စီစဉ်ထားသည်ဟုလည်း သိရသည်။
''စီးပွားကူးသန်းဦးဆောင်ပြီး ပြည်တွင်းက ပညာရှင်၊ ပြည်ပကပညာရှင်တွေရယ် အသင်းမှာပါတဲ့ ပညာရှင်တွေရယ်ပူးပေါင်းပြီး မြန်မာနိုင်ငံအတွက် မှန်ကန်တဲ့ကားမူဝါဒတစ်ခု ဖြစ်ပေါ်လာဖို့ ဆွေးနွေးမယ်၊ စာတမ်းတွေဖတ်မယ်။ ရလာတဲ့အချက်တွေအပေါ်မူတည်ပြီး ဆွဲမယ်။ ဆွဲတဲ့အခါ အများပြည်သူဆန္ဒနဲ့ ညီတဲ့အချက်တွေကိုပဲ အဓိကထည့်သွင်းမှာပါ'' ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ကုန်သွယ်လုပ်ငန်းရှင်များအသင်းဝင် ကားအရောင်းစင်တာ ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ကုန်သွယ်လုပ်ငန်းရှင်များ အသင်းဝင်များဖြစ်သည့် ကားတင်သွင်းရောင်းချသူ၊ ကားအရောင်းစင်တာ ဖွင့်လှစ်ထားသူများအကြား ကားမူဝါဒတစ်ခု ထွက်ပေါ်နေကြောင်းလည်း သိရသည်။
အဆိုပါကားမူဝါတွင် မြန်မာနိုင်ငံ၌ ကားဝယ်ယူအသုံးပြုသူများအနေဖြင့် ၁၀ နှစ်သက်တမ်းပြည့်သည်နှင့် မိမိကားကို အပြီးဖျက်သိမ်းပစ်ရန်၊ ဘယ်မောင်းတစ်မျိုးတည်းကိုသာ တင်သွင်းအသုံးပြုရန်ကဲ့သို့သော အချက်များပါဝင်နေကြောင်း သိရသည်။
ယင်းအပြင် ယခုတစ်ကြိမ် လွှတ်တော်ပြန်လည်ကျင်းပသည်နှင့် အဆိုပါကားမူဝါဒကို လွှတ်တော်သို့တင်ရန် ပြင်ဆင်နေသည်ဟုလည်း သတင်းရရှိပါသည်။
''လက်ရှိမှာ အင်ဂျင်နီယာအသင်းက ဦးဆောင်ပြီးရေးဆွဲထားတဲ့ ကားမူဝါဒဆိုပြီး မူဝါဒတစ်ခု ထွက်လာပါတယ်။ ဖတ်ကြည့်တော့ ၁၀ နှစ်သက်တမ်းပြည့်ပြီးတဲ့ကားဆိုရင် ဖျက်သိမ်းရမယ်ဆိုတဲ့ အချက်ပါတယ်။ ဒါကမမျတဘူး၊ အကုန်လုံးမော်ဒယ်မြင့်ပဲ စီးရမယ်၊ အများပြည်သူတွေ ပိုပြီးငွေကုန်ကြေးကျများမယ့်၊ အများပြည်သူကို ၀န်ထုပ်ဝန်ပိုးဖြစ်စေမယ့် အချက်လို့ပဲ မြင်တယ်။ မမျတဘူး၊ နိုင်ငံတကာမှာလဲ ဒီလို ၁၀ နှစ်နဲ့ဖျက်ဆိုတာ မြေမရှိတော့တဲ့ စင်ကာပူတစ်နိုင်ငံပဲ ရှိတော့တယ်။ နောက်တစ်ချက်က ဘယ်မောင်းပဲသွင်းရမယ်ဆိုတဲ့ အချက်ပါတယ်။ မြန်မာပြည်သူတွေဟာ ကိုယ်တတ်နိုင်တဲ့ငွေနဲ့ ကိုယ်နဲ့သင့်တင့်တဲ့ကား၊ ကိုယ်ကြိုက်တဲ့အမျိုးအစား မစီးရတော့ဘူးလား။ ဒါကပြည်သူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်သလို ဖြစ်နေတယ်။ ဒီလိုအချက်တွေနဲ့ ကားမူဝါဒကို လာမယ့်လွှတ်တော်မှာ တင်မယ်လို့ သိထားပါတယ်။ ကျွန်တော်တို့ကတော့ တစ်ကယ့်ကိုကျွမ်းကျင်တဲ့ နိုင်ငံတကာက ပညာရှင်တွေရယ်၊ ပြည်တွင်းက ပညာရှင်တွေရယ် ပူးပေါင်းပြီး အများဆန္ဒနဲ့အညီ ရေးဆွဲတဲ့ ကားမူဝါဒကိုပဲ ဖြစ်ထွန်းစေချင်တယ်။ လမ်းဧရိယာနဲ့ ကားအစီးရေ ကိုက်ညီမယ့်နှုန်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး ချောမွေ့မယ့်အချက်၊ နိုင်ငံမှာ ကားစက်မှုဖွံ့ဖြိုးဖို့ ဘယ်လိုလုပ်မယ်ဆိုတဲ့ အများနဲ့ဆိုင်တဲ့ နိုင်ငံနဲ့ဆိုင်တဲ့ အချက်တွေပေါ်မှာပဲ အခြေခံတဲ့ ကားမူဝါဒ ဖြစ်စေချင်တယ်။ အဲဒီအတွက် အခုလို စီးပွားကူးသန်းဦးဆောင်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့ ကားမူဝါဒတစ်ခုကို ဖြစ်ထွန်းအောင်လုပ်ဖို့ စီစဉ်ထားတာပါ'' ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ကုန်သွယ်လုပ်ငန်းရှင်များအသင်းဝင် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

Comments 

+49 #6 koyin09 2012-12-16 14:37
ဘယ် ညာ မျိုးစုံ တင်သွင်းခွင့်ပေးတာ မြန်မာပဲရှိလိမ့်မယ်။ အမိန့် အာဏာနဲ့ တားမြစ်မဲ့ အစား စင်္ကာပူလို အခွန်တိုးကောက်တာမျိုးလုပ်သင့်တယ်။ ဥပမာ ကားထုတ်လုပ်တဲ့နှစ်မှ ၃၀ ကျော်ရင် မှတ်ပုံတင်ကြေးထပ်ကောက်တာမျိုး။ လမ်းမကောင်းလို့ အက်စီးဒင့်ဖြစ်ရင် လမ်းဖောက်တဲ့ကုမ္ပဏီကို တရားစွဲခွင့် ပေးမဲ့အချက်ကို ဥပဒေမှာထည့်သွင်းသင့်တယ်။ ပွင့်လင်းမြင်သာမှုနှင့်အတူ တာဝန်ယူ တာဝန်ခံ ရတာမျိုး ဖြစ်လာအောင်ပေါ့။
 
+45 #5 minhtetpaizin 2012-12-16 14:19
အခွန်ဆောင်ထားပြီးသားကားတွေကို အပြီးဖျက်သိမ်းခိုင်း။ဖျက်သိမ်းလိုက်တဲ့ကားပြန်သွင်းလာတော့အခွန်ထပ်ကောက်။ ဒီလူတွေဒီလောက်ပဲလုပ်တက်မပေါ့ ။ပြင်ပမှာတော့ဖျက်သိမ်းရမဲ့ကားအပ်ပြီးရင် ကားဖိုးအပြင် ထပ်ပြီးပြန်ဆောင်ရမဲ့ အခွန်ဖိုးတွေမတက်နိုင်လို့ ကားဟောင်းတွေကိုပဲ ရသလောက်တော့ကြိတ်မှတ်ပြီး စီးနေကြလေရဲ့။
 
+55 #4 pstmynt 2012-12-16 12:53
သံပြားထုတ်ေ၇ာင်းစားဖို့ ပဲတတ်တဲ့ လူက
ကားမူဝါဒတွေတစ်ခုပြီးတစ်ခုထုတ်လုပ်စားခွင်ဖန်နေလေတော့
ခံကျပေဦးတော့တို့ ပြည်သူပြည်သားတွေေ၇......
 
+88 #3 ၂မောင် 2012-12-16 11:42
အင်ဂ်ျီယာအသင်း က အတွေ့အကြုံ သိတ်မရှိသူတွေနဲ့ ဖွဲံထားတာပါ..အင်ဂျင်နီယာတွေတောင် ဘယ်မှာရှိမှန်း ဘာတွေလုပ်လို့ ဘာတွေဖြစ်မြောက်ခဲ့တယ်ဆိုတာ မသိကြပါဘူး
ကားမူဝါဒရေးဆွဲရေး နဲ့ပတ်သက်လို့ အင်ဂျင်နီယာ အသင်း ကို တာဝန်မပေးသင့်ဘူး.. လက်တွေ့ အခြေအနေကို ကညန ကပို သိကျွမ်းနားလည်တယ်..
ကားပြေးဆွဲနေတဲ့ အဖွဲ့ က ပိုသိတယ်...
နိုင်ငံခြားက ပညာရှင်ဆိုတာ မြန်မာနိင်ငံ ရဲ့ လက်တွေ့ အခြေအနေ ကို မသိဘူး .. လမ်းတွေ တည်ဆောက် ကားတွေလျှင်မြန်စွာ ရှင်းထုတ်ဘို့ တော့ ကျွမ်းကျင်မယ်...
မလေးရှား နဲ့ ထိုင်း ကို အတုယူသင့်တယ် စင်္ကာပူက ရန်ကုန်တိုင်းလောက်တောင် မကြီးတဲ့ ဒေသမှာ ကားတွေလှုပ်ရှားနေတာ.. မတူဘူး .. စီးကမ်းထိန်းသိမ်းတဲ့ နည်းစံနစ်တော့ အတုယူသင့်တယ်
 
+107 #2 zawkind 2012-12-16 10:53
နိုင်ငံတကာမှာလဲ ဒီလို ၁၀ နှစ်နဲ့ဖျက်ဆိုတာ မြေမရှိတော့တဲ့ စင်ကာပူတစ်နိုင်ငံပဲ ရှိတော့တယ်။
ဘယ်သူပြောလဲ။ ရူးနေလား။ စင်္ကာပူမှာ ၁၀ နှစ် COE ကုန်ယင် နောက်ထပ် ၅နှစ်၊ ၁၀နှစ် ထပ်တိုးလို့ရတယ်... ဒါပေမဲ့ ကားဘိုးနဲ့ COE မှာ ကားဘိုးကနဲနေလို့ မတန်လို့ မတိုးကြတာ..
၁၀ နှစ်ဆိုတာ ကားစထုတ်တဲ့ နှစ်လား... စ၀င်လာတဲ့နှစ်လား...
လုပ်မယ်ဆိုလဲ သေခြာတော့ လေ့လာကြပါနော....
၁၀နှစ်ဆိုတဲ့ ကားက အသစ်ကြီးရှိသေးတယ်...
 
+112 #1 casperchitoo 2012-12-16 10:44
ဘယ်မောင်းပဲဖြစ်ဖြစ် ညာမောင်းပဲဖြစ်ဖြစ် အန္တရာယ်ကင်းဖို့က အဓိကပဲလေ...
လိုင်စင်သက်တမ်း ၁၀ နှစ်ဆိုတာက တတ်နိုင်ရုံနဲ့ ကားစီးခွင့်ကို မပေးချင်တာ...
စေတနာမရှိတာကို ပြတာပဲ...
ဦးနှောက်အရည်အသွေးရှိတဲ့ လူတွေလုပ်ပါလိမ့်မယ်...
ထွက်သွားကြပါတော့....
ဒီလောက် နှင်ထုတ်နေတာ မရှက်ကြဘူးလား.

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။