Sunday, December 16, 2012

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး ဦးပိုင်လီမိတက်၏ နာမည်ပေါက် ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိရကြောင်း သိရ


ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး ဦးပိုင်လီမိတက်၏ နာမည်ပေါက် ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိရကြောင်း သိရ   PDF Print
Friday, 14 December 2012 19:02
AddThis Social Bookmark Button
ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး အချို့ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ အမည်ပေါက်ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်၊ ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန်က ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် စုံစမ်းရေးကော်မရှင်သည် ဒီဇင်ဘာလအတွင်းမှ စတင်ကာ ရခိုင်ပြည်နယ် ဒေသများဖြစ်သည့် ကျောက်ဖြူ၊ သံတွဲနှင့် ဂွအစရှိသည့် မြို့နယ်များသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ရာ ယခုကဲ့သို့ စစ်ဆေးတွေရှိခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
''ကျွန်တော်တို့အဖွဲ့ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ရာမှာ စစ်တပ်က မြေတွေသိမ်းလို့ နစ်နာတဲ့အတွက် လယ်သမားတွေက နစ်နာလို့ တိုင်ကြားတဲ့ အမှုတွေ အများဆုံးဖြစ်ပါတယ်။ သိမ်းယူပြီးနောက်ပိုင်းမှာလည်း စစ်တပ်အတွက် အမှန်တစ်ကယ် အသုံးချခြင်း မရှိတာကို တွေ့ရပါတယ်။ သိမ်းတဲ့အခါမှာလည်း ထိုက်တန်တဲ့ လျော်ကြေးပေးတာမျိုး မရှိဘူးလို့ နစ်နာသူတွေက ပြောပါတယ်။ သိမ်းယူပြီးနောက် တစ်ချို့နေရာတွေမှာ ဦးပိုင်နာမည်ပေါက် လုပ်ထားတာ၊ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီး အမည်ပေါက်တွေ ပြန်လုပ်ထားတာတွေကို စစ်ဆေးတွေ့ရှိရပါတယ်။ ဒီတွေ့ရှိချက်တွေကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမှာဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်က အဆုံးအဖြတ်ပေးတဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးဘရှိန်က ပြောကြားခဲ့သည်။
ကျောက်ဖြူမြို့နယ်ရှိ လယ်ယာမြေနှင့် အခြားမြေများကို ဓည၀တီ ရေတပ်ဌာနချုပ်မှ သိမ်းယူခဲ့သည့် အမှု ၁ မှု၊ ခြေမြန်တပ်ရင်း ၅၄၂ မှ သိမ်းယူခဲ့သည့် အမှု ၁ မှုနှင့် ထောက်လှမ်းရေးတပ်မှ သိမ်းယူခဲ့သည် အမှု ၂ မှုရှိကြောင်း၊ ထို့ပြင် ပုဂ္ဂလိကဖြစ်သည့် ရွှေစီးပွားရေးကုမ္ပဏီမှ သိမ်းယူမှု ၁ ခုနှင့် ဒေါ်စိုးစိုးဝင်း အပေါင်း ငါးဦး ကုမ္ပဏီမှ သိမ်းယူမှု ၁ မှုနှင့် နတီးကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး နဲ့နတီးကုန်းကျေးရွာ ရဲစခန်း စခန်းမှူးပေါင်းပြီး သိမ်းယူမှု ၂ မှုရှိကြောင်း သိရှိရသည်။
''ကျောက်ဖြူမှာ လယ်ယာမြေ အမှု ၈ မှုရှိပါတယ်။ အဲဒီ ၈ မှုမှာ တပ်ကသိမ်းတာ ၄ မှု၊ အုပ်ချုပ်ရေးပိုင်းက သိမ်းတာ ၂မှု၊ ကုမ္ပဏီက သိမ်းတာ ၂ မှုဖြစ်ပါတယ်။ ထောက်လှမ်းရေးတပ်က သိမ်းရာမှာ တပ်အတွက် အသုံးမချဘဲ ဗိုလ်ချုပ်ကြီးဝင်းမြင့် (ယခင်အစိုးရအဖွဲ့ အတွင်းရေးမှူး ၃) ရဲ့ သမီး ဒေါ်နန်းရတနာဝင်း မင်္ဂလာဆောင်အတွက် လက်ဖွဲ့ပေးလိုက်တဲ့ ဖြစ်စဉ်တစ်ခု ရှိတယ်။ နိုင်ငံတော်အတွက်၊ စစ်တပ်အတွက် မဟုတ်ဘူး။ နိုင်ငံတော် ခေါင်းဆောင်ဆောင်ကြီးတွေ ဖြစ်တဲ့အတွက် နိုင်ငံတော်ခေါင်းဆောင်ကြီးတွေရဲ့ သမီးဖြစ်သူတွေအတွက် ပြည်သူတွေရဲ့ မြေကို သိမ်းပြီး လက်ဖွဲ့လိုက်တယ်'' ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဂွမြို့နယ်တွင် စစ်တပ်မှ အုန်းခြံများ သိမ်းယူမှုအတွက် တိုင်ကြားမှု ၂ ခုရှိခဲ့ကြောင်း၊ စစ်တပ်မှ နာမည်ခံ သိမ်းယူကာ မြန်မာ့စီးပွားရေး ဦးပိုင်မှ ရယူထားသည်များရှိကြောင်း သိရှိရသည်။
သံတွဲမြို့နယ်တွင် မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ တိုင်ကြားထားသော အမှုပေါင်း ၄ မှုရှိကြောင်း၊ ရေတပ်နှင့်သက်ဆိုင်သော အမှု ၁ မှု၊ ခလရ ၅၅ နှင့်သက်ဆိုင်သော အမှု ၁ မှု၊ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သမီးနှင့် ဆိုင်သောအမှု ၁ မှုနှင့် သံတွဲခရိုင် အုပ်ချုပ်ရေးမှူး သမီးနှင့် သက်ဆိုင်သော အမှု ၁ မှု တို့ ဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများနှင့် သက်ဆိုင်သော အမှုများတွင် အငြင်းပွားရာ မြေနေရာများသည် ၎င်းတို့၏ နာမည်ပေါက်များ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။
ရခိုင်ဒေသတွင် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ကြသော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ်မောင်ဦး၊ ဗိုလ်ချုပ်သောင်းအေး၊ ဗိုလ်မှူးချုပ်သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ်သိန်းဆွေ စသူတို့က သိမ်းယူ၍ ၎င်းတို့၏ မိသားစုဝင်များ အမည်ဖောက်ကြောင်း၊ ထိုလယ်မြေများသည် ရွှေဂက်စီမံကိန်း ဧရိယာတွင် ပါဝင်သည့်အတွက် လျော်ကြေးငွေ ကျပ်သိန်းထောင်ချီ ရခဲ့ကြောင်းလည်း ဧရာဝတီဝက်ဘ်ဆိုဒ် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
ပြည်ထောင်စုလွှတ်တော်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မရှင်မှ အဖွဲ့ဝင်များသည် လယ်ယာမြေနှင့် အခြားသိမ်းဆည်းခံရသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ သွားရောက် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ရာတွင် လယ်ယာမြေများ သိမ်းဆည်းခံရမှုကြောင့် တိုင်ကြားသူ အများစုမှာ အထောက်အထားများ မှန်ကန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လယ်ယာမြေများ သိမ်းဆည်းခံရမှု အများဆုံးဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိရပြီး ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် တိုင်ကြားခဲ့သည့် အမှုပေါင်း ၁၇၆ မှု ရှိကြောင်း သိရသည်။
        
Comments 
 
+4 #34 Richard147 2012-12-16 23:16
Quoting Richard147:
The Burmese military generals and cronies are still exploiting the national resources for their own interests.
The Shwe Gas project is a joint venture between China National Petroleum Corporation and Myanmar Oil & Gas Enterprise (MOGE), who are contracted to build gas and oil pipelines through Burma from the western coast of Arakan State to China’s southwest Yunnan Province.
The local ethnic people ( Arakan State, Mandalay state and Shan state ) will be staying in high risk gas explosion environments in their daily lives.
In gas and oil pipelines the smallest spark or gas leak can ignite a flame with disastrous consequences ( especially in the hot summer season).
Everyone should be aware of this life threatening project and everyone should make every effort to stop this Shwe Gas project .
You can think of the Shwe Gas pipelines as the time bomb near your house and it can explode at any time.
Once Dr L** S** pointed out about the high risk gas explosion environments in the area of Shwe Gas pipelines in his blog. Recently DR K*** M**** N*** (chemistry) also pointed out this health risk environments and high risk gas explosion environments in the area of Shwe Gas pipelines when he was interviewed by the media .
 
 +30 #33 the king 2012-12-16 19:28
ဗိုလ်ချုပ်ဝင်းမြင့်ကို နောက်ဆုံးဖြုတ်၊ထုတ်၊သတ်လုပ်တဲ့စစ်ရုံးချုပ်ကပွဲမှာဝင်းမြင့်က စားလို့ထွက်ကြေးဆိုခင်ဗျားတို့လဲထွက်ကြလို့ လူမိုက်စကားပြောပြီး ကျန်တဲ့ကြီးလေးကြီးကိုစိန်ခေါ်တယ်တဲ့။ နောက်ဆုံးပေါက်ကွဲချိန်မှာတော့တပ်ချုပ်ကြီးကို ဒေါ်ကြိုင်ကြိုင်
လည်ပင်းမှာဆွဲထားတဲ့လည်ဆွဲက၊ကျုပ်ဝယ်ပေးထားတာလို့ပြောသွားတယ်။ ဒါဆိုတော့သိမ်းထားတဲ့လယ်တွေ၊ယာတွေ၊ ဘယ်ရောက်ကုန်လဲမှန်းလို့ရပါတယ်။ အမှန်အကန်သာဆုံးစမ်းစစ်ဆေးရင်နောက်ဆုံးဘယ်မှာဂိတ်ဆုံးမလဲဆိုတာသိသာပါတယ်။ ဒါကြောင့်လဲစစ်တပ်က၂၀၀၈ ဥပေဒကြီးနဲ့ခြေကန်ပြီးကာကွယ်ထားရတာပေါ့။ ကိုသိန်းစိန်ကလဲဟိုလိုလိုဒီလိုလိုဇတ်လမ်းကလေးကပေးနေရတာပေါ့။ တကယ်လုပ်ရင်တကယ်ပျြတ်သွားမှာပေါ့။
 
+23 #32 Richard147 2012-12-16 04:50
 
 +74 #31 ooookyaw 2012-12-16 04:11
သူခိုး ဓားပြတွေကို ခိုးရာပါ တိုက်ရာပါပစ္စည်းတွေ သက်သေတွေနဲ့တကွ မိနေပြီ။ ဘာလုပ်မလဲ၊
သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ဥက္ကဌနဲ့ လွှတ်တော်အမတ်တွေက ငါတို့ရဲ့ ဆရာသမားတွေ၊ လုပ်ဖော်ကိုင်ဘက်ဟောင်းတွေပဲဆိုပြီး မျက်စိမှိတ်နေကြမလား။ အချိန်ဆွဲပြီး လူတွေ အမေ့ကို စောင့်မလား။
ဒီလို မျက်နှာလွှဲလိုက်ကြရင်ကော ပြည်သူတွေက ထိုင်ကြည့်နေကြတော့မှာလား။
 
 +49 #30 Tokegyi 2012-12-16 02:49
အေးအေး ... တို့အဖရခိုင်ပြည်ကြီးမှာလည်း စစ်တပ်ကလယ်သိမ်း၊ မြေသိမ်း၊ စိုက်ထားတဲ့ စပါးတောင် မရိတ်ရ လုယက် .. ဘင်္ဂါလီက နေတဲ့အိမ်မီးရှို့လူသတ် ... ကောင်း ကွာ .. သိပ်ကောင်း .. စစ်တပ်ရေ.. မင်းတို့ပဲ သိပ်ကောင်း ..

တောက် ..
 
 +104 #29 အောင်ဘု 2012-12-15 17:58
လူနဲ့တိရိစ္ဆာန် ဘာကွာခြားပါသလဲ ပုံသဏ္ဍန်တစ်ခုထဲ ကွဲပြားတာမဟုတ်ပါ အကျင့်စရိုက်ပါ ခြားနားပါတယ်
ဥပမာ ခွေးတိရိစ္ဆာန်အုပ်ထဲကို စားစရာတစ်ခု ချကျွေးလိုက်ကြည့်ပါ
ကိုယ့်ဖို့ပဲကြည့်ပြီး တစ်ကောင်နဲ့တစ်ကောင် အလစ်သုတ် အတင်းလု စားမာန်ခုတ် လောဘရမ္မက်တွေနဲ့ နောက်ဆုံး ကိုက်ကြခဲကြပါတယ်
တိရိစ္ဆာန်တွေဆိုတော့ တစ်ကောင်နဲ့တစ်ကောင် ညှာရမှန်းမသိဘူး ကိုယ်ချင်းစာစိတ်မရှိကြဘူး
ဒီထဲမှာတောင် တိရိစ္ဆာန်စိတ် နဲပါးတဲ့ကောင်တွေဆိုရင် ရှောင်ထွက်သွားကြပါတယ် နောက်ဆုံး ကျန်မှစားတာ တွေ့ဖူးကြမှာပါ
လူတွေထဲမှာလည်း ဒီလိုပဲ လူမပီသတဲ့ တိရိစ္ဆာန်စိတ်နဲ့ ကောင်တွေအများကြီးရှိပါတယ်
တိရိစ္ဆာန်ထက်သာတာဆိုလို့ ငါ့မိသားစုအတွက် ငါ့ဆွေမျိုးတပည့်အတွက် အသိလောက်ပဲသာပါတယ်
အသိပညာ ငွေကြေး ချို့တဲ့အားနဲသူများထံမှ လိမ်ညာလှည့်ဖျား ခြိမ်းခြောက် နည်းလမ်းပေါင်းစုံနဲ့ မတရားသဖြင့် ရယူတာမှန်သမျှ အားလုံးဟာ သခိုး ဓါးမြ များသာဖြစ်ပါတယ်
သယံဇာတပေါင်းစုံ ပေါကြွယ်နေတဲ့ ကျွန်တော်တို့ရဲ့မြန်မာပြည် ဆင်းရဲမွဲတေ နိမ့်ကျနေတာဟာ အဲဒီ သူခိုးနဲ့ ဓါးမြတွေကြောင့်ပါ
လူ့ဂုဏ်ကျတ်သရေ မင်္ဂလာကို မိမိ ကိုယ်ကျင့်တရားနဲ့သာ ရယူနိုင်၏ ငွေနဲ့လုပ်ယူ၍ ဘယ်သောအခါမှမရ စရိုက်တူရာတို့ကသာ ချီးမွန်းကြလိမ့်မည်
အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူတွေဟာ အများအကျိုးအတွက် ဦးဆောင်လုပ်ကိုင်ဖို့ သတ်မှတ်ပေးခြင်း ခံထားသူတွေဖြစ်ပါတယ် အဲဒါကို သတိပြုနားလည်ဖို့လိုပါတယ်
ယနေ့ခေတ် မဟုတ်တာ မမှန်တာ မတရားတာကို ရှက်ရမှန်းမသိ ကြောက်ကြမှန်းမသိ ဖြစ်နေကြပြီ
ဗုဒ္ဓဘာသာခံယူထားသော်လည်း သံသရာကို မကြောက် သေလျှင်အကုန်ထားခဲ့ရမည့် တစ်ဘဝစာအတွက် မိုက်နေကြလေ၏
ကိုယ့်အကုသိုလ် ခံချိန်တန်လျှင်တော့ ကျေးဇူးခံကျေးဇူးစား ဇနီး သားသမီး ဆွေမျိုးတပည့်များက လာခံပေးမည်မဟုတ် ကိုယ့်ထွင်တဲ့လမ်း ကိုယ်လျှောက်ကြရမည်ဖြစ်၏
နောင်လာမယ့် ကျွန်တော်တို့ မျိုးဆက်ကလေးငယ်တွေကို မဟုတ်တာ မတရားတာလုပ်ရင် ရှက်ဖို့ ကြောက်ဖို့ မလုပ်ဖို့ အခြေခံပညာ သင်ကြားစဉ်ကတည်းက သန္ဓေစွဲသွားအောင် သွန်သင်ဆုံးမပေးနိုင်ဖို့ အရေးကြီးပါတယ်
အဲဒါဟာ နောင်အနာဂတ် တိုင်းပြည်အတွက် အရေးကြီးဆုံးသော ပြုပြင်ပြောင်းလဲမှု့ဖြစ်ပါတယ်

လူဆိုတာ ရှက်သင့်တာကို ရှက်တက်မှ ကြောက်သင့်တာကို ကြောက်တက်မှ လူ လို့ဆိုနိုင်ပါတယ်
 
 +85 #28 Snipher 2012-12-15 17:18
တိုင်းပြည်ကို ချောက်ထဲကို ကယ်တင်ထားပါတယ်ဆိုတဲ့ နိုင်ငံစစ်ဗိုလ်ချုပ် ခေါင်းဆောင်တစ်ယောက်လုပ်ခဲ့ပြီး မိမိမိသားစုရဲ့ အပေါင်းအပါ ဆွေမျိုးအသိုင်းအ၀ိုင်း ရောင်းရင်းများ အတွက် တည်ဆဲ ပြဌာန်းထားတဲ့ ဥပဒေကို မိမိကိုယ့်တိုင် ချိုးဖောက်တာက သမိုင်းအမည်းစက်အကျည်းတန်မှုပါ။ လူ့ဂုဏ်သိက္ခာအရ လူတောတိုးလို့မရတဲ့အဆင့်အတန်းမျိုးပါပဲ။ ဒါကြောင့်လည်း မြေအောက်လှိုက်ခေါင်းတူးပြီး နေနေရတာပါ။ လုပ်ပိုင်ခွင်ရ တရားဝင်ဓါးမြတွေကို အရေးမယူနိုင်သေးတာကလည်း (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အကြောက်အကန်ငြင်းနေတာက တိုင်းပြည်ကို ကယ်တင်ထားပါတယ်ဆိုတဲ့ ယခုလက်သစ် စစ်ဗိုလ်ချုပ်ကြီးများပါပဲ။ နိုင်ငံတကာက နိုင်ငံခြားအရာရှိတွေနဲ့ တွေ့ တိုင်း တိုင်းပြည်ကို ကယ်တင်ထားပါတယ်လို့ ယခုလက်သစ် စစ်ဗိုလ်ချုပ်ကြီးများကလည်း ကြွားလုံးထုတ်နေဆဲ၊ ကျင်သုံးပြောနေဆဲပါ။ ဒီစကားလုံးမျိုးက ဆင်းရဲတဲ့ အများစု ကျုပ်တို့ရဲ့ ပြည်သူလူထုရဲ့ နှလုံးသားကို ဓားဦးနဲ့ ထိုးဆွနေသလို ခံစားနေရပါတယ်။ ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်ခဲ့တာ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်များပါပဲ။ ပြန်ကိုက်လို့ အားမရဘဲ ကျေးဇူးရှင် လယ်သမားများရဲ့ လယ်မြေများကို သိမ်းပိုက်ရဲတာ ကလည်း ကိုလိုနီခေတ်က စစ်ကျွန်ပါးဝ(အာဏာပါးဝ) ချေးထဲက လောက်ကောင်မျိုးပါပဲ။ ပြည်ထောင်စုလွှတ်တော် စုံစမ်းရေးကော်မရှင်ရဲ့ စုံစမ်းဖော်ထုတ်မှု သည် ဦးသိန်းစိန်အစိုးရအဖွဲ့ တစ်ခုလုံး ဘယ့်လို့ ဆက်လက် ဆောင်ရွက်သွားမလဲ ဆိုတာ စောင့်ကြည်လိုက်ပါဦးမယ်။ ဦးသိန်းစိန်အစိုးရ စုံစမ်းရေးကော်မရှင်ရဲ့ စုံစမ်းဖော်ထုတ်မှု သည် အစကောင်းခြေလှမ်းတစ်ရပ်အဖြစ် ကြိုဆိုရမှာပါ။
 
 +20 #27 Thandar 2012-12-15 15:47
SOME OF THOSE ROBBERS CUM THIEVES ( MG OO + THEIN SWE ) ARE IN HLUTTAW AS DEMOCRATS SITTING AT THE SIDE OF Daw Aung San Suu Kyi.
 
+100 #26 pstmynt 2012-12-15 13:57
Quoting Richard147:
This cartoon is all about Shwe Gas project.


ဒီကာတွန်းလေးဖတ်မိပြီးဒေသခံပြည်သူတွေအတွက်စိတ်မကောင်းဖြစ်မိပါတယ်ဗျာ...
 
 +99 #25 thaungmt 2012-12-15 13:33
Shwe gas pipe line ဖြတ်မယ့်နေရာကိုအတိအကျကြိုပီးသိတာက ဒီ project ကို လက်ခံခဲ့တဲ့စစ်တပ်ကပဲလေ။ လျော်ကြေးကအစ ဘယ်လောက်ဆိုတာ စီမံကိန်းမစခင်ထဲကညှိနိုင်းထားရတာဆိုတော့ တရုတ်ဖက်ကလျော်ကြေးငွေက million dollar ကိုရာနဲ့ချီပီးရှိတာပါ။
အဲဒီမှာတင် -
တချိုက တပ်တိုးချဲ့ဖို့ဆိုပီး လယ်မြေတွေသိမ်း- လျော်ကြေးကတော့ထုံးစံအတိုင်းပေါ့။ ပီးတော့ အဲဒီတပ်မြေကို Privatize လုပ်တာဆိုပီး တဖက်လှည့်နဲ့ပြန်ဝယ်။
-တချို့ကျတော့တောင်သူတွေဆီကနေကာလပေါက်ဈေးထက်နည်းနည်းပိုပေးပီး အများအပြားဝယ်၊ တောင်သူတွေခမျာတော့ စီမံကိန်းကလျော်ကြေးရမယ်မှန်းလည်းမသိ၊ တချိုဆိုရှိမှန်းတောင်မသိတော့ ကျေးဇူးတောင်တင်လို့။
- လယ်မြေမဟုတ်တဲ့ မြေလွတ်-မြေရိုင်းတွေဆိုရင်လည်း စိုက်ပျိုးရေးလုပ်မယ်ဘာညာနဲ့အစိုးရဆီမှာလျောက်ကြ၊၊ပီးတော့စာရင်းပြပီး လျော်ကြေးတွေယူကြ နဲ့ ရခိုင်တခုတည်းမဟုတ်ပါဘူး။ pipe line တလျောက်မှာ လုပ်စားလိုက်ကြတာ နေချင်းညချင်းကို Singapore မှာ condo ဝယ်တဲ့သူနဲ့၊ Bangkok မှာ apartment တွေဝယ်တဲ့သူတွေနဲ့ millionaireြ ကီးတွေဖြစ်ကုန်ကြတာပါပဲ။
 
+75 #24 Richard147 2012-12-15 13:32
 
 +48 #23 mon min 2012-12-15 12:50
သန်းခေါင်စာရင်းကောက်ရင်ပိုင်ဆိုင်မှုပါထည့်ကောက်မယ်လို့ သတင်းတခုမှာတွေ့မိတယ် EMG ရေ။
အဲဒါဆို ဒီလိုမျိုးမဟားဒရားကြီးမြေတွေသိမ်းပိုက်ထား....ရသမျှလျော်ကြေးအိတ်ထဲထည့်ထားတဲ့...အဲဒီ...သူတော်ကောင်းသူမြတ်လောင်းကြီးများရဲ့ မိသားစု ပိုင်ဆိုင်မှုတွေကို
ပြည်သူပိုင်သိမ်းပစ်ပြီး....မြေသိမ်းခံ၊အခြိမ်းခြောက်ခံပြည်သူတွေကို ပြန်ပေးရမယ်.....ပြည်သူတွေလုပ်ကိုင်စားသောက်၊အသက်ရှုချောင်ခွင့်ပေးရမယ်။
တွေးမိတာလေးက....သူတို့အတွက်ကသိပ်မလိုအပ်ပါဘူး။ပိုလျှံလို့နေပါပြီ။ဒီတော့.....သူတို့ အပြစ်ကိုဝန်ချတောင်းပန်ပြီး ပြန်ပေးရင်ပေးခိုင်း...မရရင်တော့......။
ပြည်သူ့မေတ္တာ စူးလာရင်ဖြင့် နေရထိုင်ရခက်ကုန်ကြရပါလိမ့်မယ်။.....
 
 +77 #22 kohighlander 2012-12-15 12:16
စိတ်မရှိကြပါနဲ့ခင်ဗျာ ကျွန်တော်တို့တပ်မတော်က မျိုးချစ်တပ်မတော်ဆိုတော့ အမျိုးကိုချစ်ကြောင်းသက်သေပြတာပါခင်ဗျာ
 
+98 #21 pa yit 2012-12-15 11:46
ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေကို အဲဒီမြေတွေမှာပဲ မြုပ်ပေးလိုက်ပေါ့ဗျာ
 
 +27 #20 Richard147 2012-12-15 10:57
The Burmese military generals and cronies are still exploiting the national resources for their own interests.
The Shwe Gas project is a joint venture between China National Petroleum Corporation and Myanmar Oil & Gas Enterprise (MOGE), who are contracted to build gas and oil pipelines through Burma from the western coast of Arakan State to China’s southwest Yunnan Province.
The local ethnic people ( Arakan State, Mandalay state and Shan state ) will be staying in high risk gas explosion environments in their daily lives.
In gas and oil pipelines the smallest spark or gas leak can ignite a flame with disastrous consequences ( especially in the hot summer season).
Everyone should be aware of this life threatening project and everyone should make every effort to stop this Shwe Gas project .
 
 
+68 #18 SANAYMAUNG 2012-12-15 09:13
လက်ရှိ ဦးစီးချုပ် လည်း ရခိုင် တိုင်းမှုး ဖြစ်ခဲ့ပါသည် ။ သူ ကတော့ ကင်းရှင်းခဲ့လို့လား ။ လက်ရှိဖြစ်နေလို့လား သိချင်သား ။ အမှန်အတိုင်းပြောရရင်တော့ သူနဲ့ ပါတ်သက်ပြီး အသံ မကြားခဲ့ပါဘူး ။

If you want to know whether he is cleaned or cleared you can ask to Yangon Mayor Hla Myint who handed over to do the business in People's Park and Garden place to Min Aung Hlaing's son. This is just only one among others.
 
 +82 #17 Field Co 2012-12-15 08:21
Quoting Mr.talkative11:
အကင်းပဲ ရှိသေးတယ်။
ကာကွယ်ပေးထားတဲ့ ဖွဲပုံကြီးကို ဘူဒိုဇာနဲ့ ကော်လိုက်ရင်တော့ ငတက်ပြားအားလုံး လုံးတီးဆန်နဲ့ပဲဟင်းရည် စားရတော့မယ်။ :lol: :lol: :lol:
အဲ့လိုလုပ်ရင်ကြာနေပါဦးမယ် ပြည်သူတွေ ကတဆင့် ဖော်ထုတ်လုက်ပါလား ကျုပ်လဲ သောက်မြင်ကပ်တာ ကြာပေါ့
 
+114 #16 Zawtika 2012-12-15 07:03
Quote:
xxxxxxxxxxxxxအငြင်းပွားရာ မြေနေရာများကို xxxxxxxxxxxx စသူတို့က သိမ်းယူ၍ ၎င်းတို့၏ မိသားစုဝင်များ အမည်ဖောက်ကြောင်း၊ ထိုလယ်မြေများသည် ရွှေဂက်စီမံကိန်း ဧရိယာတွင် ပါဝင်သည့်အတွက် လျော်ကြေးငွေ ကျပ်သိန်းထောင်ချီ ရခဲ့ကြောင်း xxxxxxx
စီမံကိန်း ရှိတဲ့နေရာကို သူတို့ဘဲသိတာလေ.....
စီမံကိန်း ရှိတဲ့နေရာကို သူတို့ ကြိုပီး အပိုင်စီးထားတော့ စီမံကိန်းလဲဖြစ်ရော လျှော်ကြေးကို သူတို့ အုပ်ထဲ့ လိုက်တာပေါ့...
ပြည်ပ ရင်းနှီးမြှုတ်နှံသူတွေကတော့ ဒေသခံဆင်းရဲသားပြည်သူတွေ ကိုလျော်ကြေးတွေ ပေးပီးသားဆိုပီး စိတ်အေးနေမှာပေါ့
ရှော့ပင်းမောလ်တွေ ပလာဇာတွေကော ဘာထူးလို့လဲ
ပရိုမိုးရှင်းဆိုပီး မူရင်းဈေးထက်များတာရေးပီး ခြစ်ပြထား မူရင်းဈေးကိုဘဲ စာလုံးကြီးကြီး ရေးပီးလိမ်ရောင်းတာ
နေ့တိုင်း မရောက်တဲ့လူတွေ ခံ ဘဲ... ဒါတောင် မူကြို အဆင့်ဘဲရှိသေးတာ
ပြောသားဘဲ.... ဗမာ အကြောင်း ဗမာဘဲ နားလည်ပါတယ်လို့...
 
 +56 #15 THU THU 2012-12-15 06:47
ကော်ပီ သီချင်း နှစ်သက် ကြ တဲ့ ပြည်သူ နဲ့အစိုးရရေ..
ကြုံသလို သူများ ဟာ ခိုးကျင့် စက်ဝိုင်း ပါတ်ပါတ် လည်။
အား စိုက်ထုတ် ခြင်တဲ့ စိတ် မရှိတော့လေပြီ။
 
+146 #14 Richard147 2012-12-15 04:50
 
+13 #13 Richard147 2012-12-15 04:49
[img:error]
 
+121 #12 botaw 2012-12-15 03:01
ရခိုင်ပြည်နယ်တင်ပဲလား....
အခြားအခြားသော ဒေသတွေမှာကော လို့ ဆိုလာခဲ့ရင်....
အများမှ အများကြီးပါပဲ တဲ့ ဗျာ.... :roll:
 
 +125 #11 arker 2012-12-15 01:40
Quoting Naing Tun:
သန်းရွှေ,ရွှေမန်း,မိသားစုပိုင်တွေ အများကြီးကျန်ပါသေးတယ်
ယူထားသူတွေ စာရင်း သတင်းထုတ်ပြန်ပေးဖို့
တာဝန်ရှိသူများ လုပ်ရဲလား!!!!!
မပူပါနဲ့ တဆင့်ပြီးတစ်ဆင့်လာမှာပါဗျာ.. ဆန္ဒမစောပါနဲ့ဦး
 
 +118 #10 KO KYAW - BUTALIN 2012-12-14 23:58
ထွေးညိုရေ မောင်ကြီးနဲ့ တကွပြည်သူတရပ်လုံးက ဒီမြေရှင်စနစ်ဆိုးကိုတွန်းလှန်တိုက်ဖျက်ခဲ့ကြတာ အိုးစည်ဗုံမောင်းသံတညံညံနဲ့ ပြည်သူဆင်နွှဲ အောင်ပွဲသံတွေ
--
ခေတ်နောက်ပြန်ဆွဲနေတယ်ထင်တယ်ဗျာ ကျောက်ခေတ်ကိုများပြန်သွားဦင်္ဒမလာမသိဖူး
သမိုင်းဦးဘုံမြေခေတ် ကျေးပိုင်ကျွန်ပိုင်ခေတ် မြေရှင်ပဒေသရာစ်ခေတ် ဆိုရှယ်လစ်ခေတ် အရင်းရှင်ခေတ် စသည်စသည် အခုကျနော်တို့ ခေတ်ကဘာခေတ်တုံးဗျာ မြေရှင်ဗိုလ်ချုပ်သားသမီးခေတ်လား
#10 KO KYAW - BUTALIN 2012-12-14 23:58
ထွေးညိုရေ မောင်ကြီးနဲ့ တကွပြည်သူတရပ်လုံးက ဒီမြေရှင်စနစ်ဆိုးကိုတွန်းလှန်တိုက်ဖျက်ခဲ့ကြတာ အိုးစည်ဗုံမောင်းသံတညံညံနဲ့ ပြည်သူဆင်နွှဲ အောင်ပွဲသံတွေ
--
ခေတ်နောက်ပြန်ဆွဲနေတယ်ထင်တယ်ဗျာ ကျောက်ခေတ်ကိုများပြန်သွားဦင်္ဒမလာမသိဖူး
သမိုင်းဦးဘုံမြေခေတ် ကျေးပိုင်ကျွန်ပိုင်ခေတ် မြေရှင်ပဒေသရာစ်ခေတ် ဆိုရှယ်လစ်ခေတ် အရင်းရှင်ခေတ် စသည်စသည် အခုကျနော်တို့ ခေတ်ကဘာခေတ်တုံးဗျာ မြေရှင်ဗိုလ်ချုပ်သားသမီးခေတ်လား
 
 +152 #9 kaunghtetkyaw04 2012-12-14 23:17
ဒီလိုအဖြစ်မျိုးတွေကို ဗိုလ်ချုပ်ကိုမြင်စေချင်ပါတယ် ဒါကြောင့်မို့ လဲဗိုလ်ချုပ်က ဒီစကားပြောခဲ့တာကို 'ဗမာတွေကအချင်းချင်းတွယ်ဘို့ လောက်ပဲအသုံးကျချင်တယ် ' ကိုဝင်းမြင့်ေ၇ ခဗျားတို့ ကတော့ တော်တော်ကိုယ်ချင်းစာတ၇ားမ၇ှီတဲ့ လူတွေပဲဗျာ သောက်၇ှက်ကိုမ၇ှိကြဘူး ဘယ့်နှယ်ဗျာ ဒီလောက်အပင်ပန်းခံ ဆင်း၇ဲမျိုးစုံခံ ထမင်းတောင်နပ်မှန်အောင်အသည်းအသန်၇ုံးကန်ပြီးတသက်လုံးကြိုးစားပြီးလယ်လုပ်လာခဲ့ကြတဲ့ လူတွေဆီကမှခဗျားတို့ က အတ္တတွေေေေ၇ှ့ တန်းတင်ပြီး ဟိုဟာနဲ့ ချိန်းချောက်ဒါနဲ့ ချိန်းချောက် ပြီးလယ်တွေယာတွေကို နည်းမျိုးစုံနဲ့  သိမ်းလာခဲ့ကြတာ ခဗျားတို့ မှတ်ထားဖို့ က ခခဗျားတို့ ဆီမှာပဲ သားသမီးတွေ၇ှိကြတာမဟုတ်ဘူး သူတို့ မှာလဲ မိသားစုတွေ၇ှိကြတယ် ဟိုးဘိုးဘွားအဉ်ပဆက်ကတည်းက ဒီလယ်ဒီယာတွေပဲ လုပ်ကုငိလာခဲ့ကြတာ ခဗျားတို့ လက်ထက်ကြမှ နည်းမျိုးစုံတွေသုံးပြီး ကိုယ်ပိုင်တွေသမ်းနေကြတာ ခများတို့ အဲ့ဒိသောက်ကျင့်တွေ၇ှိနေသမျှ တော့ တသက်ံလုံးချမ်းသာမှမဟုတ်ဘူး
 
+158 #7 JungleBoy 2012-12-14 22:11
တိုင်းပြည်ကို ဖွတ်ကျောပြာစုဖြစ်အောင် လုပ်သွားခဲ့သူတွေ ဒီနေ့အချိန်မှာ အေးအေးဆေးဆေး ဇိမ်ကျကျ နေထိုင်ပြီး အစိုးရအပေါ် သြဇာညောင်းနေတုန်းပဲ။ ရခိုင်ပြည်နယ်မှာ တာဝန်ယူခဲ့ကြတဲ့ တိုင်းမှုးတွေထဲမှာ မောင်ဦးဟာ အယုတ်မာဆုံးပါ။
 
+129 #6 Mr.talkative11 2012-12-14 21:56
အကင်းပဲ ရှိသေးတယ်။
ကာကွယ်ပေးထားတဲ့ ဖွဲပုံကြီးကို ဘူဒိုဇာနဲ့ ကော်လိုက်ရင်တော့ ငတက်ပြားအားလုံး လုံးတီးဆန်နဲ့ပဲဟင်းရည် စားရတော့မယ်။ :lol: :lol: :lol:
 
+104 #5 ssslanxess 2012-12-14 21:37
ထပ်ပြီးသိမ်းမနေပါနဲ.တော.လို.ပြောလိုက်ပါ...မြန်မာပြည်ကို..သူတိုကို.ခွဲ.ခြမ်းစိတ်ဖြာပြီးပေလိုက်ပါ..
ကျန်တဲ..ပြည်သူတွေကတော..မြန်မာပြည်ကနေ..ရိုဟင်ဂျာတွေလို.လှေကလေးတွေလှော်ပြီထွက်ပေး
လိုက်ကြပါ။
 
 +103 #4 htoosan 2012-12-14 20:46
လက်ရှိ ဦးစီးချုပ် လည်း ရခိုင် တိုင်းမှုး ဖြစ်ခဲ့ပါသည် ။ သူ ကတော့ ကင်းရှင်းခဲ့လို့လား ။ လက်ရှိဖြစ်နေလို့လား သိချင်သား ။ အမှန်အတိုင်းပြောရရင်တော့ သူနဲ့ ပါတ်သက်ပြီး အသံ မကြားခဲ့ပါဘူး ။
 
+146 #3 Change 2012-12-14 20:16
Quote:
"နိုင်ငံတော်ခေါင်းဆောင်ကြီးတွေရဲ့ သမီးဖြစ်သူတွေအတွက် ပြည်သူတွေရဲ့ မြေကို သိမ်းပြီး လက်ဖွဲ့လိုက်တယ်''
နိုင်ငံတော်ခေါင်းဆောင်ကြီးရဲ့ သမီးဖြစ်သူအတွက် ပြည်သူတွေရဲ့ သယံဇာတတွေကို သိမ်းပြီး "စိန်"တွေကို လက်ဖွဲ့လိုက်တယ်....
 
+231 #2 peterhuaqiang 2012-12-14 20:01
ဒါတောင် ၃မြို့နယ်ဘဲ ရှိသေးတယ်နော် မြန်မာတစ်နိုင်ငံလုံး ပေါင်းလိုက်ရင် အုပ်ချုပ်သူတွေ တယောက်မှ လွတ်မှာ မဟုတ်ဘူး ၊ တိုင်းပြည်ကပြည်သူပိုင်ဆိုင်တာ ဘာတစ်ခုမှ မရှိဘူး၊ နေရာကောင်းမှ အိမ် ခြံ မြေ ၊ တွင်းထွက် လုပ်ကိုင်ခွင့် ၊ လမ်း တံတား ဆောက်လုပ်ခွင့်၊ ရုပ် သံ လုပ်ငန်း၊ အားလုံး အားလုံး လုပ်ငန်းတွေအကုန်လုံး အုပ်ချုပ်သူ လူတန်းစားများ အဖွဲ့နဲ့ ၊ စစ်တပ်ပိုင်ဘဲရှိပါတော့တယ်၊ ပြည်သူပိုင်တာဆိုလို့ သူတို့ယူထားတဲ့ အကြွေးတွေ ဆပ်ပေးဘို့ဘဲ ရှိပါတယ်
 
+215 #1 kokokokokoko 2012-12-14 19:29
မျိုးချစ်စိတ်အရမ်းပြင်းထန်လွန်းလို့ အမိမြေကိုချစ်လွန်းလို့ သားစဉ်မြေးဆက် ချစ်ခွင့်ရအောင် သိမ်းပိုက်ထားတာဖြစ်မှာပါ။
 
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။