]စီးပွားရေးနယ်ပယ်မှာ
ပုဂ္ဂလိက လုပ်ကိုင်နိုင်စွမ်း မြှင့်တင်ပေးနေသလို နိုင်ငံတော်ပိုင်
စီးပွားရေးလုပ်ငန်းများကိုလည်း စွမ်းဆောင်ရည်မြင့်မားလာ အောင်
ဖွဲ့စည်းတည်ဆောက်မှု အပြောင်းအလဲတွေ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အရင်းအနှီး
ဈေးကွက်၊ ငွေကြေးဈေးကွက် ထွန်းကားရှင်သန်လာအောင်
နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး
ပြင်ဆင်မှုများဆောင်ရွက်နေပြီဖြစ်သလို အများပိုင်ကုမ္ပဏီတွေ
တိုးပွားရှင်သန်အောင်လည်း ဆောင်ရွက်နေပြီဖြစ်ပါ တယ်။ ပုဂ္ဂလိကဘဏ်တွေ
ခိုင်မာကောင်းမွန်လာအောင် မြှင့်တင်ပျိုးထောင်ပေးနေသလို အသေးစားနဲ့အလတ်စား
စက်မှုလုပ်ငန်းရှင်တွေ အရင်းအနှီး၊ နည်းပညာ တိုးမြှင့်ရရှိစေရေးအတွက်လည်း
ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းတွေကို
လက်ဝါးကြီးအုပ်ချယ်လှယ် ချုပ်ကိုင်ထားတာတွေ လျော့နည်းကျဆင်းသွားပြီး
နိုင်ငံသားတိုင်း လက်လှမ်းမီရယူသုံးစွဲနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း
ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းများကို
ပုဂ္ဂလိကပိုင်ပြောင်းလဲရာမှာလည်း လူတစ်စုလက်ဝယ်သို့ မရောက်ရှိစေရန်၊
မညီမျှမှုနှင့် မဖြစ်ပေါ်စေရန်၊ စွမ်းရည်မြှင့်တင်မှုကို အဟန့် အတားမဖြစ်စေရန်
အဖက်ဖက်ကသုံးသပ်ပြီးဆောင်ရွက်နေပါတယ်}
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (အစိုးရသက်တမ်း တစ်နှစ်ပြည့်ချိန်တွင် လွှတ်တော်မှတစ်ဆင့် ပြောကြားခဲ့သည့်မိန့်ခွန်းမှ)
]နိုင်ငံတော်သမ္မတကြီးက
ပြောကြားပါတယ်။ ရန်ကုန်မြို့ကြီးကို စင်ကာပူလိုဖြစ်အောင် ခင်ဗျားတို့
ကြိုးစားညှိနှိုင်းပြီး လုပ်ကြည့်ပါ။ ကိုယ့်အခြေအနေနဲ့
ကိုယ်ကိုက်အောင်လုပ်ပါလို့ ပြောထားတယ်။ အခုကျွန်တော်ပြောချင်တာက
ကမာရွတ်လှည်းတန်းမွှာမေ်ငခ တွေများလာလို့ ဂုံးကျော်တံတားကို လာမယ့်
လေးလအတွင်း အပြီးလုပ်မယ်။ အလားတူ ရွှေဂုံတိုင်၊ တာမွေ ၅ လမ်းခွဆုံနဲ့
ဘုရင့်နောင်လမ်းဆုံမှာ လုပ်မယ်။ အကယ်၍ လေးလနဲ့ အပြီးလုပ်မယ်ဆိုပြီး
မပြီးရင်လည်း လူထုကို ကျွန်တော်တို့တောင်းပန်ရမှာပေါ့။ ခင်ဗျားတို့
မြန်မြန်လေးလုပ်ပေးပါ။ွှမေ်ငခ သိပ်ကျပ်နေတယ်လို့ နိုင်ငံတော်သမ္မတကြီးကပြော
တယ်။ ကျွန်တော်ရန်ကုန်ကို သွားတုန်းကဆိုရင် မီးပွိုင့်မှာ သုံးလေးခါမိ
အချိန်တော်တော်ကြာသွားတယ်။ ကျွန်တော်ကတော့ ဖုန်းရှိလို့ အလုပ်လုပ်လို့ရတယ်။
အလုပ်သမားတွေက အလုပ်ကပြန်ပြီး အိမ်ရောက်မှ
ထမင်းချက်ရမယ့်သူမျိုးတွေအတွက်ဆိုရင်တော့ အရမ်းကြန့်ကြာနေလို့ မဖြစ်ဘူး။
အိမ်ကိုလည်းပြန်ချင် မီးပွိုင့်ကလည်း အကြာကြီး မိမိနေတော့
အလုပ်သမားတွေအတွက် အဆင်မပြေဘူး။ ထို့အတူ ဘုရင့်နောင်တံတားမှာလည်း
ယာဉ်တွေကျပ်နေလို့ ဘုရင့်နောင် တံတားရဲ့ မလှမ်းမကမ်းမှာ တံတားတစ်ခု
ထပ်ထိုးမယ်။ ဒါကတော့ လေးလနဲ့မပြီးဘူး။ တစ်နှစ်လောက်လည်း ကြာရင်ကြာမယ်။}
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင်ကျင်းပသည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်များမှ)
]အိမ်ခြံမြေဈေးတွေ
သင့်တော်တဲ့ နှုန်းထားနဲ့ ဖြစ်ပေါ်လာဖို့ကို အထေနဲ့ ထိန်းရမှာပေါ့။ အထေနဲ့
မြေကြီး ဈေးကျအောင်လုပ်မယ်။ တိုက်ခန်းတွေကိုလည်း အထေနဲ့ပဲ ထိုက်သင့်တဲ့
ူနလနူ ရောက်အောင် ကျွန်တော်ဆွဲချမယ်]
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က ကျင်းပသော
အမေရိကန်ပြည်ထောင်စု နယူးယောက်မြန်မာမိသားစုနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်များမှ)
အစိုးရတာဝန်ရှိသူအချို့၏ ပြောကြားခဲ့သည်များကို ပြန်လည် ကောက်နှုတ်ဖော်ပြခြင်း
"စီးပွားရေးနယ်ပယ်မှာ ပုဂ္ဂလိက လုပ်ကိုင်နိုင်စွမ်း မြှင့်တင်ပေးနေသလို
နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကိုလည်း
စွမ်းဆောင်ရည်မြင့်မားလာအောင် ဖွဲ့စည်းတည်ဆောက်မှု အပြောင်းအလဲတွေ
ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အရင်းအနှီး ဈေးကွက်၊ ငွေကြေးဈေးကွက်
ထွန်းကားရှင်သန်လာအောင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး
ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်သလို အများပိုင်ကုမ္ပဏီတွေ
တိုးပွားရှင်သန်အောင်လည်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေ
ခိုင်မာကောင်းမွန်လာအောင် မြှင့်တင်ပျိုးထောင်ပေးနေသလို အသေးစားနဲ့ အလတ်စား
စက်မှုလုပ်ငန်းရှင်တွေ အရင်းအနှီး၊ နည်းပညာ တိုးမြှင့်ရရှိစေရေးအတွက်လည်း
ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြည်သူ့ရေးရာ ၀န်ဆောင်မှုလုပ်ငန်းတွေကို
လက်ဝါးကြီးအုပ် ချယ်လှယ်ချုပ်ကိုင်ထားတာတွေ လျော့နည်းကျဆင်းသွားပြီး
နိုင်ငံသားတိုင်း လက်လှမ်းမီ ရယူသုံးစွဲနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း
ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းများကို
ပုဂ္ဂလိကပိုင်ပြောင်းလဲရာမှာလည်း လူတစ်စုလက်ဝယ်သို့ မရောက်ရှိစေရန်၊
မညီမျှမှုနှင့် မဖြစ်ပေါ်စေရန်၊ စွမ်းရည်မြှင့်တင်မှုကို အဟန့်အတား မဖြစ်စေရန်
အဖက်ဖက်က သုံးသပ်ပြီးဆောင်ရွက်နေပါတယ်"
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (အစိုးရသက်တမ်း တစ်နှစ်ပြည့်ချိန်တွင် လွှတ်တော်မှတစ်ဆင့် ပြောကြားခဲ့သည့်မိန့်ခွန်းမှ)
"နိုင်င်ငံတော်သမ္မတကြီးက ပြောကြားပါတယ်။ ရန်ကုန်မြို့ကြီးကို
စင်ကာပူလိုဖြစ်အောင် ခင်ဗျားတို့ ကြိုးစားညှိနှိုင်းပြီး လုပ်ကြည့်ပါ။
ကိုယ့်အခြေအနေနဲ့ကိုယ် ကိုက်အောင်လုပ်ပါလို့ ပြောထားတယ်။
အခုကျွန်တော်ပြောချင်တာက ကမာရွတ်လှည်းတန်းမှာ Traffic တွေများလာလို့
ဂုံးကျော်တံတားကို လာမယ့် လေးလအတွင်း အပြီးလုပ်မယ်။ အလားတူ ရွှေဂုံတိုင်၊
တာမွေ ၅ လမ်းခွဆုံနဲ့ ဘုရင့်နောင်လမ်းဆုံမှာ လုပ်မယ်။ အကယ်၍ လေးလနဲ့
အပြီးလုပ်မယ်ဆိုပြီး မပြီးရင်လည်း လူထုကို ကျွန်တော်တို့
တောင်းပန်ရမှာပေါ့။ ခင်ဗျားတို့ မြန်မြန်လေး လုပ်ပေးပါ။ Traffic
သိပ်ကျပ်နေတယ်လို့ နိုင်ငံတော်သမ္မတကြီးက ပြောတယ်။ ကျွန်တော်ရန်ကုန်ကို
သွားတုန်းကဆိုရင် မီးပွိုင့်မှာ သုံးလေးခါမိ အချိန်တော်တော်ကြာသွားတယ်။
ကျွန်တော်ကတော့ ဖုန်းရှိလို့ အလုပ်လုပ်လို့ရတယ်။ အလုပ်သမားတွေက
အလုပ်ကပြန်ပြီး အိမ်ရောက်မှ ထမင်းချက်ရမယ့် သူမျိုးတွေအတွက်ဆိုရင်တော့
အရမ်းကြန့်ကြာနေလို့ မဖြစ်ဘူး။ အိမ်ကိုလည်း ပြန်ချင် မီးပွိုင့်ကလည်း
အကြာကြီး မိမိနေတော့ အလုပ်သမားတွေအတွက် အဆင်မပြေဘူး။ ထို့အတူ
ဘုရင့်နောင်တံတားမှာလည်း ယာဉ်တွေကျပ်နေလို့ ဘုရင့်နာင်တံတားရဲ့
မလှမ်းမကမ်းမှာ တံတားတစ်ခု ထပ်ထိုးမယ်။ ဒါကတော့ လေးလနဲ့မပြီးဘူး။
တစ်နှစ်လောက်လည်း ကြာရင်ကြာမယ်။"
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင်ကျင်းပသည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်များမှ)
"အိမ်ခြံမြေဈေးတွေ သင့်တော်တဲ့ နှုန်းထားနဲ့ ဖြစ်ပေါ်လာဖို့ကို tax နဲ့
ထိန်းရမှာပေါ့။ tax နဲ့ မြေကြီး ဈေးကျအောင်လုပ်မယ်။ တိုက်ခန်းတွေကိုလည်း
tax နဲ့ပဲ ထိုက်သင့်တဲ့ level ရာက်အောင် ကျွန်တော်ဆွဲချမယ်"
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က
ကျင်းပသော အမေရိကန်ပြည်ထောင်စု နယူးယောက်မြန်မာမိသားစုနှင့် တွေ့ဆုံပွဲတွင်
ပြောကြားခဲ့သည်များမှ)
|
Comments
ကိုယ့်မိသားစုစားဝတ်နေရေးအတွက်ပြည်တွင်းမှာရိုးရိုးသားသားရှာဖွေစားသောက်ဖို့မဖြစ်နိုင်လို့ပြည်ပမှာ မိသားစုတွေနဲ့ခွဲခွာပီးနေကြရတာလည်းရင်နာဖို့ကောင်းပါတယ်။
“မလုပ်သင့်တဲ့အလုပ်မို့ မလုပ်ဘဲနေလိုက်တာ၊ ဥပမာ ရှင်ဘုရင်က တိုင်းသူပြည်သားတွေရဲ့ လိုအင်ဆန္ဒတွေ၊ ပျော်ရွှင် ငြိမ်းချမ်းမှုတွေအတွက် မစွမ်းဆောင်နိုင်ဘူးဆိုရင် ဒါမလုပ်သင့်တဲ့ အလုပ်ကိုလုပ်နေတာ၊ လုပ်နိုင်စွမ်းရှိသူတွေကို လုပ်ခွင့်ပေးလိုက်မယ်ဆိုရင် ဒါဟာမလုပ်ခြင်းအားဖြင့် သူတစ်ပါးအကျိုးကို ဆောင်ရွက်လိုက်တာပါပဲ၊ ဒါကိုပဲ မလုပ်ပရဟိတ လို့ပြောလို့ခေါ်လို့ရပါတယ်”
စဉ်းစားစရာပါ၊ အရာရာနောက်ကျနေတဲ့ ကျွန်တော်ချစ်တဲ့ တိုင်းပြည်ကြီးအတွက် အဓိကကျသော ပြုပြင်ပြောင်းလဲမှုတွေမှာ ဘာတွေကအဟန့်အတား ဖြစ်နေပါသလဲ။ တတ်သိနားလည်သူများက ဘာမှမလုပ်ဘဲဘေးထိုင်နေလို့လား၊ ပါဝင်ပတ်သက်ခွင့်ရရက်သားနဲ့ အကန့်အသတ်တွေကြောင့်ချုပ်တီးထားရသလား။ အလုပ်ပရဟိတကို ဆုပ်ကိုင်စေချင်ပါတယ်။
လုပ်ငန်းတိုင်း စီမံချက်တိုင်းအတွက်၊ ပြုပြင်ပြောင်းလဲမှုတိုင်းအတွက် ဆုံးဖြတ်ပိုင်ခွင့် ရှိသူများကိုလည်း မလုပ်ပရဟိတစိတ်ဓါတ်လေးကို စဉ်းစားမိစေချင်တယ်။ လိုက်နာကျင့်သုံးဖို့လည်း အလေးအမြတ်တိုက်တွန်းပါတယ်။
အရေးအကြီးဆုံးတစ်ချက်ကတော့ တိုင်းသူပြည်သားတိုင်း ကိုယ့်ဝန် ကိုယ့်အားအလျောက်ရရှိထားတဲ့တာဝန်နဲ့ လုပ်သင့်လုပ်ထိုက်တဲ့လူ့ဝတ္တရားတွေအတိုင်း အားကြိုးမာန်တက် တစ်စိတ်တစ်ဝမ်းတည်းချီတက်သွားနိုင်ဖို့ပါပဲ။
ကိုကိုယ်တိုင်က အခြေခံလူတန်းစား အိမ်ဌားနေ .ကားတိုးစီး လစာ ၁သိန်း ၀န်းကျင်နဲ့ နေရတာတော့ ဒီဆောင်းပါး ကိုအရမ်း ခံစားရတာပဲ .. ကိုယ်ကိုတိုင်က ကြိုးစားပါလျှက် ဒီဘ၀က မတက်တာ အမြဲတမ်းလဲ အဖြေရှာမိပါတယ် .. ကိုယ့်အိမ် စီးပွားရေးအဆင်မပြေတာ အစိုးရကို အော်ဆဲ ဆိုသလို အသိညဏ်မဲ့နေတာမဟုတ်ပါဘူး အရင်းစစ်လိုက်တော့ ရေးရေး ပေါ်ဆိုသလို ပြောရရင်တော့ အစိုးရပေါ့ ..
ဒီလို အစိုးရရဲ့ မူဝါဒချမှတ် တာတွေ .. ကိုကြီးညီလေး တွေ ..အမျိုးတစုကောင်းစားရေတွေ လုပ်နေမှတော့ .. ကျွန်တော်တို့ဘယ်လောက်ကြိုးစားကြိုးစား ဖြစ်နိုင်ပါ့မလားတောင် စိတ်ပျက်အားလျှော့မိတယ် ..ကျွန်တော်တို့ လူငယ်တွေ အတွက်နေရာတောင် ရှိပါတော့မလား
( ကျွန်တော်ပြောချင်တာတွေ တော့အများကြီးရှိတာပေါ့ဗျာ ..ခံစားချက်တွေပါ ..စာနဲ့ ရိုက်ရတာ အဆင်မပြေတာရယ် .စာစီပြီးသေချာမပြောတတ်လို့ပါ ..)
( အစိုးရသစ်၏ မူဝါဒများအရ မော်တော်ကားဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်း၊ တယ်လီဖုန်းဈေးနှုန်းတို့ ကျဆင်းလာသော်လည်း အခြေခံလူတန်းစားများအတွက် အကျိုးသက်ရောက်မှု မရှိသေးဘဲ ပိုမိုကျပ်တည်းလာကြောင်း သိရပါသည်။ )
မော်တော်ကားတွေ စသွင်းရတော့မယ်ဆိုတော့ လေးဘီးကား ကို ညဘက် ၂နာရီလောက် ၈ သိန်းပေးပြီးလာ ၀ယ်တာကို ပျော်ပြီးရောင်းလိုက်တဲ့သူ မနက်လဲကြရော သိန်း ၄၀ ၅၀ ဖြစ်သွားလို့ .စိတ်ဓါတ်ကျသွားတဲ့လူ .
တယ်လီဖုန်းဈေးတွေကို .တထစ်ချင်းလျှော့ပြီး ရသမျှသဲ့ယူ ..နယ်ကလူတွေ ကို နားလည်ပါးရိုက်လုပ်ပီး မကုန်ကုန်အောင် အရစ်ကျ ထိုးရောင်းတာတွေ
စက်သုံးဆီ တွေကို အများလိုလိုင်စင်တော့လျှောက်ပါရဲ့ ပေါင်းရိုက်ပြီး ပိုသွင်းလာတာတွေ ..ဆီခိုးတာတွေ နီးစက်ရာလူတွေ ပဲ ဆီဆိုင်ဖွင့်ခွင့်ရတာတွေ
( အများပြည်သူအနေဖြင့်သာ ဆိုက်ကားနင်းသူမှအစ ဈေးရောင်းသူများ၊ ၀န်ထမ်းများအဆုံး အခွန်အရပ်ရပ် ထမ်းဆောင်ကြသော်လည်း အစိုးရဖြင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီးများကမူ အခွန်ရှောင်ကာ လုပ်ကိုင်နေဆဲဖြစ်ရာ၊ ၎င်းတို့ အခွန်ရှောင်သည့်ဒဏ်ကို အများပြည်သူကသာ ပြန်လည်ခံစားရပြန်သည် )
ဦးစိုးသိန်း ရှယ် ရာပါတဲ့ဆိပ်ကမ်း က အကောက်ခွန်မဲ့ ..ဆိုတာတွေလဲဖတ်ရမှာပေါ့ .အများကြီးပါ အခွန်ရှောင်တာတွေ .. မဟုတ်တဲ့ ပို့ကုန်သွင်းကုန် အသေးစား Company လေးတွေကျတော့ အခွန်ကိစ္စနဲ့ bLACK LIST ဖြစ်လို့ဖြစ် ..ပြောပြီး သွားပီ ..ဆိုက်ကားနင်းတဲ့သူ တွေတောင် .အခွန်ဆောင်တယ် ..
(အစိုးရသစ်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ များစွာပြုလုပ်ခဲ့သည်ဟု ဆိုသော်လည်း အစိုးရသစ်လက်ထက် မတိုင်မီ တည်ရှိခဲ့သည့် ခရိုနီစီးပွားရေး၊ လက် ၀ါးကြီးအုပ် စီးပွားရေးစနစ်များအား ယခုအချိန်အထိ ပြောင်းလဲနိုင်ခြင်း မရှိသေးသည်ကို ရင်းနှီးမြှုပ်နှံမှု အချက်အလက်များက ဖော်ပြနေသည်။ )
အဲဒီအချက်လက်တွေ ကို အမြဲတမ်းမြင်နေရပါတယ်..တပတ်တခါ သတင်းတွေပြောင်းသွားပေမယ့်မမေ့ပါဘူး
ဟုလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်နိုင်က သုံးသပ်(ဖွံ့ဖြိုးပြီးနိုင်ငံတွေတောင်မှ Change တစ်ခုအတွက် အချိန်ငါးနှစ်၊ ၁၀နှစ်ကြာမှ သိသာပါတယ် ) ..
ဒါတွေရေရှည်စီမံကိန်းပါ ..လောလောဆယ်တော့
( အစိုးရအနေနဲ့ ရေရှည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ လုပ်သလို အခြေခံ လူတန်းစားတွေ အချိန်တိုအတွင်း ခံစားသိရှိနိုင်မယ့် မူဝါဒမျိုးလည်း ချမှတ်သင့်ပါတယ် ) . ပါမောက္ခ ဒေါ်လှမြင့်
Everyone is cordially invited to participate in collection of
JOKES OF THE NEW YEAR 2013 to here , anywhere, in E M G comment areas.
A commenter called ' Wa Ha Ha Ha ' will compile all suggestions and post here by January.
There are lots of JOKERS in Myanmar, believe it or not.
Jokers are not only in playing cards, and Batman movies. They are almost everywhere in Myanmar Administration Areas - from top brass to low ranked officials. But we focus more on top level ones. Please participate to celebrate NEW YEAR with Jokers' words of Myanmar.
ဒါပေမဲ့ထမင်းမငတ်ဘူး...
အဲဒီတုန်းကငွေကြေးတန်ဖိုးရှိတယ်...
တိုင်းပြည်ကချမ်းသာတယ်...
လူတွေအကျင့်စာရိတ္တတွေကောင်းကြတယ်...
တိုင်းပြည်မှာဆင်းရဲတဲ့လူတန်းစားကိုဘယ်သူတွေကမွေးဖွားပေးတယ်ဆိုတာဆန်းစစ်ကြည့်ဖို့လိုပါလိမ့်မည်...
တိုင်းပြည်အုပ်ချုပ်မင်းလုပ်လိုသူတွေ...
ကိုယ်ကျိုးရှာစီးပွါးရေးသမားတွေ...
အကျင့်ပျက်ဝန်ထမ်းတွေ...
တိုင်းပြည်အုပ်ချုပ်မင်းလုပ်လိုသူတွေ...
လွန်ခဲ့တဲ့အနှစ်၂၀ကျော်က အုပ်ချုပ်ခဲ့သူတွေရဲ့အကြောင်းကိုတော့သိပြီးသားပဲ...
တိုင်းပြည်ရဲ့သံယာဇာတတွေ မြေယာတွေကို ဘယ်သူတွေနဲ့ပေါင်းစားခဲ့တယ်...
နည်းလမ်းမမှန်တဲ့စီးပွါးရှာနည်းတွေကို ကိုယ်ကိုတိုင်လည်းလုပ်တယ် ပြည်သူတွေကိုလည်းသင်ပေးခဲ့တယ်...
ဈေးအကြီးဆုံးဖုန်း...ကားတွေဖြစ်ခဲ့တယ်...
စားအုန်းဆီကိုညအိပ်စောင့်ပြီးတန်းဆီဝယ်ရတယ်...
ပါမစ်ရတဲ့သူတွေ ပေါင်းစားတတ်သူတွေချမ်းသာတယ်...
ငွေကြေးဖောင်းပွတယ်...
အလုပ်အကိုင်အခွင့်အလမ်းဆိုတာမရှိဘူး...
တိုင်းပြည်အတွက် ဆင်းရဲသားတွေမွေးထုတ်ပေးတယ်...
ဒါပေမဲ့...သူတို့အမျိုးတွေအားလုံးချမ်းသာကြတယ်...စီးပွါးရေးလုပ်ငန်းတွေပိုင်ဆိုင်ကြတယ်...
သူတို့ကိုယ်သူတို့တိုင်းပြည်ရဲ့ကယ်တင်ရှင်ကြီးအဖြစ် မှတ်ယူထားကြတယ်...
ကိုယ်ကျိုးရှာစီးပွါးရေးသမားတွေ...
ကျွန်တော်တို့နိုင်ငံမှာပိုက်ဆံရှိသူအတော်များများရဲ့အကျင့်စရိုက်တွေ အကျင့်စာရိတ္တတွေကရောကောင်းပါရဲ့လား?
စီးပွါးရှာတတ် ငွေစုဆောင်းတတ် အသုံးနဲ့အဖြုန်းကိုခွဲခြားတတ်ရုံနဲ့တော်လှပါတယ်လို့ပြောနိုင်ပြီလား?
ဘယ်လိုနည်းလမ်းနဲ့စီးပွါးဖြစ်ခဲ့ကြသလည်း...
ပိုင်ရာဆိုင်ရာတွေနဲ့ပေါင်းပြီးလုပ်ပိုင်ခွင့်တွေရခဲ့ကြတယ်..
အမြတ်ရရေးကိုသာရည်ရွယ်ပြီး ဈေးကွက်ကိုထိန်းချုပ်ခဲ့ကြတယ်...
အမြတ်ရရေးကိုသာရည်ရွယ်ပြီး အတုလုပ်တာ၊အရောင်ဆိုးဆေးတွေသုံးတာ စတဲ့မသမာမှုတွေလုပ်ခဲ့ကြတယ်...
ကိုယ်ရဲ့ထုတ်ကုန်ကိုမသမာတဲ့နည်းလမ်းတွေ သုံးခဲ့တဲ့အတွက်အများသူငါရဲ့ကျန်းမာရေးကိုထိခိုက်စေခဲ့သလားဆိုတာမတွေးကြဘူး...
သူတို့ဥစ္စာဓနတိုးပွါးအောင်လုပ်သမျှတွေဟာ တရားတဲ့အလုပ်လို့မှတ်ယူထားကြတယ်...
အကျင့်ပျက်ဝန်ထမ်းတွေ...
ဝန်ထမ်းတွေရာခိုင်နှုန်းအတော်များများက ငွေကြေးဖောင်းပွ စားလို့မလောက်တဲ့အတွက် အကျင့်စာရိတ္တတွေပျက်စီးကုန်ကြတယ်?
လာဘ်ယူပြီးမှအလုပ်လုပ်တတ်လာကြတယ်...
ရေသာခိုကြတယ်...
အချောင်ရမည့်နေရာကိုသာရှာကြတယ်...
ကြာလာတာနဲ့အမျှ ခိုးတာ၊အလွဲသုံးစားလုပ်တာတွေကို တရားတဲ့အလုပ်တွေလို့မှတ်ယူထားကြတယ်...
သာမန်ပြည်သူတွေ...
ဆင်းရဲရတာ အပျင်းထူ၊ ပိုက်ဆံရှာချင်စိတ်မရှိ၊အရက်သောက်လို့ ဆိုတာတွေကြောင့်လို့ပြောရင် အမှန်ကြီးတွေပဲမဆိုနိုင်ဘူး...
ပညာကောင်းကောင်းမသင်နိုင်ခဲ့တာ...
အလုပ်အကိုင်အခွင့်အရေးတွေနည်းပါးခဲ့တာ...
ကျန်းမာရေးအခြေအနေတွေဆိုးဝါးလာတာ...
လူနေမှုအဆင့်အတန်းတွေနိမ့်ကြလာတာ...
အစိုးရအထောက်အပံ့မရှိတာ...
ဆင်းရဲမှု့ကိုဘယ်သူတွေကဖန်တီးပေးတာလည်းခင်ဗျာ...
ကုလားတွေ ကြီးပွားတယ်
စစ်တပ်အသိုင်းအ၀ိုင်း အိုကေ
ဝန်ထမ်း အကြီးပိုင်း စိုပြေ
အောက်ခြေ ပြည်သူတွေ ကြာလေ၊ ငတ်လေ
ဒီ့ထက်ဆိုးလာရင် ပေါက်ကွဲတော့မှာ
သိပ်မကြာတော့ပါ
ဒါပေမယ့်သူ့ကိုအနီးကပ်ဝန်းရံနေတဲ့လူတွေရဲ့အရည်အချင်းကိုတော့အားမရဘူး။ဖယောင်းတိုင်ကိုအိမ်မှာထွန်းပြီးအေးအေးဆေးဆေးနေကြပါလို့ပြည်သူတွေကိုပျက်ရယ်ပြုတဲ့လူ၊လှည်းတန်းဂုံးကျော်ကိုလေးလနဲ့ဆောက်မယ့်လူ၊တရုတ်ကိုကျေးဇူး
ရှင်လို့ထင်နေတဲ့လူတွေနဲ့ဒီလိုပဲ့ရှေ့ဆက်သွားနေမယ်ဆိုရင်တော့…………..
ယွင်းအောင်ဘယ်သူတွေက ဘယ်လိုလုပ်ခဲ့တယ်ဆိုတာမိမိကိုယ်မိမိ အသိဆုံးပါ။ ဒီလူတွေကပဲအခုတိုင်း
ပြည်ကိုအဖက်ဖက်က ပြုပြင်ပြောင်းလဲမူ့တွေကိုလုပ်ပြီး တိုးတက်အောင်ဆောင်ရွက်မယ်လို့ အော်နေပြန်
တယ်။အဲဒီလိုအော်နေမဲ့အစား မိမိအရင်ကဆောင်ရွက်ခဲ့တဲ့ပျက်းဆီးရေးလမ်းကြောင်းရဲ့ ဆန့်ကျင်ဘက်
ကိုပြန်လျောက်ရင် တိုးတက်မူ့တွေဖြစ်လာမယ်ဆိုတာ သူတို့အသိဆုံးပါ။ ပြည်သူလူထုရဲ့အကျိုး တိုင်းပြည်
တိုးတက်မူ့အကျိုး ဆောင်ရွက်လိုသောစိတ်မရှိသော အစိုးရအုပ်ချုပ်မူ့ (Not only Precident, Not only Minister, All Government Staffs) အဆောက်အဦးတည်မြဲအမြစ်တွယ်နေသရွေ့ တိုင်းပြည်ဘယ်တော့
မှမတိုးတက်ပါ ပြည်သူလူထုဆင်းရဲတွင်းက မလွတ်မြောက်နိုင်ပါ။
မိမိကိုယ်ကိုကောင်းအောင်ကျိုးစားမည် မိမိအတန်းကိုကောင်းအောင်ကျိုးစားမည် မိမိကျောင်းကိုကောင်းအောင်ကျိုးစားမည် မိမိတိုင်းပြည်အတွကိုကောင်းအောင်ကျိုးစားမည် လို့ငယ်ငယ်
တုန်းကအော်ဆိုခဲ့တာအမှတ်ရပြီး မိမိကိုယ်ကိုကောင်းအောင်ကျိုးစားကြပါဦးလို့ ။
လူတိုင်း လူတိုင်း ကိုယ်ကျင့်တရားကောင်းအောင် ပြုပြင်နိုင်ပါစေ။
စကားကုန်သွားပြီလားဟေ့??????
ဟုတ်ကဲ့... အဓိကဟာတွေ မပြောင်းလဲသေးလို့ပါ..
နိုင်ငံခြားက ရင်းနှီးသူတွေ လာလို့ အလုပ်အကိုင်တွေ ပေါ်လာရင်တောင်မှ ဈေးချိုတဲံ လုပ်အားခနှုန်းနဲ့ဆိုရင်တောင် မြန်မာပြည်တွေ တော်တော်တောင့်ခံနိုင်ကြပါပြီ.. အနည်းဆုံး တစ်ရက်လုပ်ခဈေးနဲ့ အလုပ်သမားအခွင့်အရေးတွေကို အလုပ်သမားသမ္မဂ္ဂတွေ နဲ့ ဖွဲ့ခွင့်ပေးပြီးတော့ အလုပ်သမားဝန်ကြီးဌာနက လူတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်သင့်နေပါပြီ.. အလုပ်သမားအခွင့်အရေးဆိုတာ အစိုးရရုံးပိတ်ရက်တွေမှာ ခွင့်ရက်ခံစားခွင့်တွေ အချိန်ပိုကြေးခံစားခွင့်တွေ တစ်နှစ်အတွက် ခွင့်ရက်တွေ အားလုံးကို အခုအချိန်ကတည်းက ကြိုတွေးပြီးတော့ သေချာလုပ်ဆောင်သင့်နေပါပြီ..
အမတ်မင်းတွေနဲ့ အစိုးရက လူကြီးတွေအတွက် မနက်ည အချိန်တန်ရင် စားစရာတွေ စားပွဲပေါ် အခန့်အသင့်ရောက်နေပေမဲ့ ဒီလို အဆင်ပြေပြေနဲ့ မစားနိုင်တဲ့ ငါတို့ ပြည်သူတွေ အများကြီးရှိနေပါသေးတယ်ဆိုတာ အခု သတင်းဆောင်းပါးထဲက ပုံတွေကိုကြည့်ပြီးတော့ ထမင်းစားတိုင်း နှလုံးသွင်းသင့်ပါတယ်..
ပြီးတော့ နိုင်ငံခြားမှာရောက်နေတဲ့ အခြေအနေမဲ့ အလုပ်သမားတွေအတွက်လည်း မြန်မာပြည်ထဲမှာ အလုပ်အကိုင်တွေ ပေါလာလို့ အလုပ်လစာတွေ နိုင်ငံတကာဈေးဖြစ်လာလို့ မြန်မာပြည်ပြန်လာနိုင်ဖို့လည်း စဉ်းစားပေးကြပါဦး.. ဒီမှာ စက္ကန့် နာရီနဲ့ အမျှ လုံခြုံမှုမရှိပဲနဲ့ သူများ တကာဆီမှာ ကျွန်သာသာ ကုန်းနေအောင် အလုပ်လုပ်ကြရပြီးတော့ သူတို့ နိုင်ငံသားတွေနဲ့ စာရင် မဖြစ်စလောက်ငွေလေးပဲရကြပါသေးတယ်.. ပါမစ်ကြေးတွေက တစ်နှစ်လုပ်ခရဲ့ သုံးပုံတစ်ပုံလောက်ပေးထားတာတောင်မှ လမ်းမှာရဲနဲ့တွေ့လို့ စကားရှည်ရှည်မပြောချင်ရင် ထပ်ပေးရပါသေးတယ်.. တရားမဝင်နေတဲ့လူတွေဆိုရင်တော့ အထုအထောင်းခံရပြီးတာတောင်မှ ပါသမျှပါ ယူသွားတာတွေက အမြဲတမ်းကြားနေရတဲ့ သတင်းတွေပါပဲ..
ဒါပေမဲ့ ဒီက နိုင်ငံသားတွေကို နင်တို့ကောင်တွေကြည့်နေ ငါတို့ အစိုးရပြောင်းလဲနေပြီ.. အခု နင်တို့ နိုင်ငံမှာ ငါတို့ မျက်နှာငယ်ခံ အလုပ်လုပ်နေရပေးမဲ့ နောက် သုံးနှစ် လေးနှစ်ပဲ စောင့်ကြည့် နင်တို့ဆီမှာ မြန်မာတစ်ယောက်မှ မကျန်ပဲ အိမ်ပြန်အလုပ်လုပ်နိုင်ကြတော့မှာလို့ ကြွားထားတာ..
မြန်မာနိုင်ငံဖြစ်ရတာ မွေးကတည်းက ဂုဏ်ငယ်ခဲ့တာ ဂုဏ်ယူပြီးတော့ သူများတွေလို ထောင်ထောင်ထောင်ထောင် နေချင်လှပါပြီ..
အစိုးရဘက်မှာလဲ ဆိုးမွေတွေ ရှင်းရလို့ တိုးတက်သင့်သလောက် မတိုးတက်ရတာလို့ စောဒကတက်ဖွယ်ရှိပါတယ်။
အဓိကပြသနာက မလွန်ဆန်နိုင်ခြင်း၊ ပြတ်သားမှုမရှိခြင်း၊ အပြောအလုပ် မညီခြင်း နဲ့ အရည်အချင်းမပြည့်ခြင်း များလို့မြင်ပါတယ်။
အခြားဒီမိုကရက်တစ်နိုင်ငံများမှာတော့ ကိုယ်မလုပ်နိုင်ရင် လုပ်နိုင်တဲ့လူကို လူကြီးလူကောင်းပီသစွာ နေရာဖယ်ပေးလိုက်တာပါပဲ။
Change ရဲ့နောက်မှာ အကောင်းနဲ့အဆိုးတွဲပါလာတာပုံမှန်းမှန်းသိတယ်...ဒါပေမယ့်မြန်မာနိုင်ငံအတွက်အကောင်ဘက်ကိုအမြန်ရောက်ဖို့ဆုတောင်းပေးပါတယ်..