Thursday, November 1, 2012

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့အား စွပ်စွဲပြစ်တင်သော အဆိုအား ရုပ်သိမ်း



ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့အား စွပ်စွဲပြစ်တင်သော အဆိုအား ရုပ်သိမ်း  
PDF Print
Wednesday, 31 October 2012 13:10
AddThis Social Bookmark Button
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ခန်းမတွင် အောက်တိုဘာလ ၃၁ ရက်က ပြုလုပ်သော ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးနောက်ဆုံးနေ့တွင် စွပ်စွဲပြစ်တင်ခြင်းခံရသော လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးသန်းထွန်းက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များသို့ ၎င်းအား စွပ်စွဲပြစ်တင်ထားသော အဆိုနှင့်ပတ်သက်၍ လွှတ်တော်သို့ တောင်းပန်ကြောင်း တင်ပြပါသည်။

အဆိုပါတောင်းပန်ခြင်း အပေါ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်မှ ဝန်ကြီးအား သတိပေးထားပြီး ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။ အဆိုပါ ရှင်းလင်းပြောကြားခဲ့ခြင်းကြောင့် လွှတ်တော်သို့ တင်သွင်းသော လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံ (၁၉) ဦးမှ စွပ်စွဲပြစ်တင်ခြင်း အဆိုအား ရုပ်သိမ်းပေးရန် လွှတ်တော်သို့ ပြန်လည်တင်သွင်းခဲ့ရာ လွှတ်တော်မှ လက်ခံ၍ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအား စွပ်စွဲပြစ်တင်သော အဆိုအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
Comments 
+12 #1 nyi nyi han 2012-10-31 23:50
ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့...
မလုပ်ကြပါနဲ့တော့ဗျာ....တော်လောက်ပါပြီ...
ခင်ဗျားတို့ကိုယ်စားရှက်လွန်းလို့ပါ....

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။