မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ အစီရင်ခံစာထွက်ရှိ
အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု ၂၇ ခု၊ မြေယာသိမ်းဆည်းမှု ၂၆ ခုနှင့် ညှဉ်းပန်းနှိပ်စက်မှု ၂၁ ခုတို့ပါဝင်သည်ကိုတွေ့ရှိရပြီး အဆိုပါအခြေအနေတွေကိုဖြစ်ပေါ်စေတာကတော့ လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်တိုက်ပွဲများ၊ အစိုးရစစ်တပ်နှင့် စီးပွားရေးလုပ်ငန်းတွေကြောင့် ဖြစ်သည်ကို လေ့လာတွေ့ရှိရတယ်လို့ စစ်တမ်းကဖော်ပြထားပါတယ်။ ထို့ပြင် လယ်ယာမြေဥပဒေအားနည်းသည့်အတွက် အစိုးရနှင့် နီးစပ်သည့် စီးပွားရေးအုပ်စုတို့မှ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခွင့်ရရနေခြင်းဖြစ်တယ်လို့လည်း စစ်တမ်းကဖော်ပြထား ပါတယ်။
ထို့ပြင် အဆိုပါစစ်တမ်းအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား တနိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားပြုနိုင်ခြင်းမရှိသော်လည်း လတ်တလော ဖြစ်ရပ်မှန်လေ့ လာချက်များအရ မြန်မာနိုင်ငံအ၀ှမ်း မိသားစု (သို့မဟုတ်) ရွာလုံးကျွတ် အသက်မွေးဝမ်းကျောင်း မှုအခြေအနေများ ဆုံးရှုံးနေရသည်ဟု ဖော်ပြထားပါသည်။
အဆိုပါစစ်တမ်းနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက ဤနေရာတွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။
မိုးမခ
No comments:
Post a Comment