Thursday, November 1, 2012

တရားမ၀င်ကုန်ပစ္စည်းများ ၀င်ရောက်မှုတားဆီးရေးအဖွဲ့စတင်ဖွဲ့စည်း၊ နယ်စပ်ကုန်သွယ်မှုပမာဏကြီးမားသည့် မူဆယ်-မန္တလေးနှင့် မြ၀တီ-ရန်ကုန်လမ်းကြောင်းတို့တွင် အဓိကစစ်ဆေးမည်


တရားမ၀င်ကုန်ပစ္စည်းများ ၀င်ရောက်မှုတားဆီးရေးအဖွဲ့စတင်ဖွဲ့စည်း၊ နယ်စပ်ကုန်သွယ်မှု ပမာဏကြီးမားသည့် မူဆယ်-မန္တလေးနှင့် မြ၀တီ-ရန်ကုန်လမ်းကြောင်းတို့တွင် အဓိကစစ်ဆေးမည်   PDF Print
Wednesday, 31 October 2012 13:38
AddThis Social Bookmark Button
မြ၀တီကုန်သွယ်ရေးဇုန်အား အောက်တိုဘာလအတွင်းတွေ့ရစဉ်
thn-31-10-5တရားမ၀င်ကုန်သွယ်မှုများ လျော့နည်းစေရန်အတွက် တရားမ၀င်ပစ္စည်းများဝင်ရောက်မှုတားဆီးရေး Mobile Team  များဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ ပြောကြားချက်အရ သိရှိရသည်။

Mobile Team ၏ ပညာပေးကာလကို နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ဒေသအခြေအနေပေါ်မူတည်ကာ ပညာပေးကာလတိုးခြင်း၊ လျော့ခြင်းများကို ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ယင်းသို့ စစ်ဆေးဆောင်ရွက်ရာ၌ နယ်စပ်ကုန်သွယ်မှုပမာဏကြီးမားသည့် မူဆယ်-မန္တလေးနှင့် မြ၀တီ-ရန်ကုန်လမ်းကြောင်းတို့တွင်      ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူ ဆယ်-မန္တလေးလမ်းကြောင်းတွင် နိုဝင်ဘာလ ၁ ရက်နေ့၌ စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
''ပြည်တွင်းကို တရားမ၀င် ကုန်ပစ္စည်းတွေ နယ်စပ်စခန်းတွေကနေ ၀င်ရောက်လာတဲ့အတွက် စားသုံးသူတွေကို အန္တရာယ်ရှိစေပါတယ်။ အခု Mobile Team အဖွဲ့အနေနဲ့ကတော့ နယ်စပ်ကုန်သွယ်ရေးစခန်းများရဲ့အနီးတစ်ဝိုက် (၅ မိုင်နဲ့ ၁၀ မိုင်အတွင်း) ရှိ တရားမ၀င်ကုန်သွယ်မှုလမ်းကြောင်းများနဲ့ တရားမ၀င်ကုန်သွယ်မှုဆောင်ရွက်ခြင်းကို တားဆီးဖို့နဲ့ထိန်းချုပ် ဖို့ဆောင်ရွက်မှာပါ။ ဒီအဖွဲ့မှာ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်စပ်ကုန်သည်အသင်းနဲ့ RUM-FCCI စတဲ့အဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟုလည်း နယ်စပ်ကုန် သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကုန်ပစ္စည်းများစစ်ဆေးရာ၌ နယ်စပ်ကုန်သွယ်ရေးစခန်းပတ်ဝန်းကျင်ရှိ ရှောင်ကွင်းလမ်းများ၊ မြစ်ချောင်းများ၊ ပင်လယ်ရေကြောင်းမှ ၀င်ရောက်နိုင်သည့် ၀င်ပေါက်ထွက်ပေါက်များ၊ ဆိပ်ကမ်းများ၊ လေဆိပ်များနှင့် လိုအပ်ပါကဈေးကွက်များအထိ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်သွယ်မှုကို အတားအဆီးမဖြစ်စေရန်အတွက် Spot Check  စနစ်ကျင့်သုံးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
မြန်မာနိုင်ငံ၌ တရားဝင်ဖမ်း ဆီးမှု၊ ကုန်တင်ပို့မှုအား စိစစ်နိုင်မှုမရှိခြင်းကြောင့် မှောင်ခိုကုန်သွယ်မှုပမာဏသည် တရားဝင်ကုန်သွယ်မှုပမာဏထက် ၁၀ ဆမှ အဆ ၂၀ ရှိလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က ပြော ကြားခဲ့ပါသည်။
နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၄၀ ဒသမ ၀၉၃ သန်းရှိပြီး နယ်စပ်မှ တင်ပို့မှုပမာဏမှာ အမေရိကန် ဒေါ်လာသန်း ၈၄၀ ကျော်ရှိကာ နယ်စပ်မှ ပြန်လည်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာသန်း ၄၄၉ ကျော်ရှိကြောင်းလည်း သိရှိရသည်။
 

Comments 

 
0 #5 kat267 2012-11-01 22:48
ပြောထားတဲ့စကားအတိုင်း လုပ်မယ်ဆိုရင်တော့ ကောင်းပါတယ်။
ဒါပေမယ့် မူဆယ်နဲ့ပတ်ဝန်းကျင်းက ဒေသခံများ ပြောစကားကို ပြန်ပြီးပြောပြရမယ်ဆိုရင် ၁၀၅ မိုင်စခန်းမှာ အဆိုတစ်ခုရှိပါသတဲ့
အဲဒီအဆိုက သိသာသိစေ၊ မမြင်စေနဲ့တဲ့။ မြန်မာပြည်ကို တရုတ်
ကနေ ခိုးဝင်တဲ့ အပေါက်တွေလည်း ရှိပါသတဲ့။ နောင် ကျောက် ဖြူအထိ ရထားလမ်းကြီများ ပေါက်လို့ကတော့ မှောင်ခိုလမ်း ကြောင်းက ဘင်္ဂလားရှေ့အထိ ပေါက်မလားမသိဘူးနော်။
 
 
+3 #4 ဥုံဖွ 2012-11-01 15:11
ဒါဆိုနောက်နောင်သူတို.နဲ.ညှိရမှာပေါ့နော်
 
 
+16 #3 O SA KI 2012-11-01 06:50
လုပ်ပါသေချာအောင်လုပ်ပါ ဒါပေမယ့် တန်တူပေါ့ မရှိလို့လုပ်စားတဲ့သူတွေဥပဒေချိုးဖောက်လို့ ထောင်ဒဏ်တစ်နှစ်ဆို
မင်းတို့ပထွေးတွေရဲ့သားသမီးတွေ ချိုးဖောက်ရင်လဲတစ်နှစ်ပေါ့..မင်းတို့ပထွေးတွေရဲ့ သားသမီးတွေ
မင်းတို့ပထွေးတွေရဲ့ ကပ်ပါးတွေ မယားငယ်တွကို မသိချင်ယောင်
လွတ်ပေး မရှိလို့လုပ်စားတဲ့ သူတွေကြတော့ ရုပ်ပြကောင်အောင်
ကြိုးစားပမ်းစားဖမ်းပြ ဆီးပြ မင်းတို့လုပ်ရပ် မင်းတြို့ပန်စဉ်း
စားပေါ့ လူတွေဆိုရင်ပေါ့လေ လူမဟုတ်ဆိုရင်တော့ လဲ?
 
 
+22 #2 naynyoaung 2012-10-31 19:41
another team another way to get black money
 
 
+41 #1 chitmyo 2012-10-31 18:04
လိုချင်တာ မှန်သမျှ အကုန်သွင်းလို.၇ပါတယ် ။ လူကြီးသား သမီးတွေ ပဲလုပ်နေတာ ။ ငွေပေး၇င် လ၀က ကလည်းအဆင်ပြေတယ် ။ စီးပွားကူးသန်းကလည်း အဆင်ပြေတယ် ။ ဒါအမှန် ပြောနေတာနော် :lol: :lol: :lol:

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။