မုန်တိုင်းသင့်သူတွေ အိုဘားမား ကူညီမယ်
အားပေး နှစ်သိမ့်နေတဲ့ အိုဘားမား
BBC News, 1 November 2012 — အမေရိကန် ပြည်ထောင်စု
အရှေ့မြောက်ဖက်ပိုင်းမှာ ပြန်လည် ထူထောင်ရေးတွေ လုပ်ပေးဖို့ မုန်တိုင်းသင့်
ပြည်သူတွေနဲ့ အစိုးရက အတူ ရှိနေပါတယ်လို့ နယူး ဂျာဆီ ပြည်နယ်က ထိခိုက်
ပျက်စီးမှုတွေကို လာရောက် ကြည့်ရှုရင်း သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။မုန်တိုင်းသင့်တဲ့ ပြည်နယ် ကိုးခုမှာ လူငါးဆယ်ကျော် သေဆုံးခဲ့ရပြီး သန်းနဲ့ချီတဲ့ လူတွေ လျှပ်စစ်မီး ဖြတ်တောက်ခံထားရပါတယ်။
မီးပြန်ရဖို့ အတွက်က ပထမ ဦးစားပေး ဆောင်ရွက်ရမှာပါလို့ မစ္စတာ အိုဘားမားက ပြောပေမယ့် ပုံမှန် အခြေအနေ ရောက်ဖို့ အရိပ် လက္ခဏာ မတွေ့ရသေး ပါဘူး။
နယူးယောက် မြို့မှာတော့ ငွေကြေးဈေးကွက် အရောင်းအဝယ် ပြန်စခဲ့ပြီး လေဆိပ်နှစ်ခုလည်း ပြန်ဖွင့်ခဲ့ပါတယ်။
မန်ဟတ်တန် ကျွန်းကို လူသုံးယောက်ထက် ပိုပြီး သယ်လာတဲ့ ကားတွေကို မဝင်ရ ဆိုပြီး နယူးယောက် မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘတ်ဂ်က ကန့်သတ်ထားပါတယ်။
No comments:
Post a Comment