Tuesday, October 23, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် အာရှဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ


နိုင်ငံတော်သမ္မတဦးသိန်းစိန် အာရှဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ 


နေပြည်တော် အောက်တိုဘာ ၂၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို အခြေစိုက် Asia Foundation  ဥက္ကဋ္ဌ  Mr.David Arnold ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


ယင်းသို့ တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ဦးတင်နိုင်သိန်းတို့ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေးနှင့် အသိအမြင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၌ ကူညီထောက်ပံ့နိုင်ရေးနှင့် ဝန်ထမ်းများအရည်အသွေး မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။