ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ရောက်ရှိ
Tue, 10/23/2012 - 12:02
နေပြည်တော် အောက်တိုဘာ၂၃
ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များအား ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ဝင်း၊ စစ်သံမှူးဗိုလ်မှူးကြီး
ဝင်းမောင်နှင့် သံရုံးဝန်ထမ်းများက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့မှ
လေကြောင်းခရီးဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ ညနေ(၃)နာရီမိနစ်(၂ဝ)တွင်
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ ရောက်ရှိသည်။
ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များအား ကမ္ဘောဒီးယားနိုင်ငံ
ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီး Mr. Thong Khom၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ
မြန်မာနိုင်ငံသံအမတ်ကြီး ဦးချိုထွန်းအောင်၊ စစ်သံမှူး
ဗိုလ်မှူးချုပ်ရဲနိုင်မျိုး၊ သံရုံးနှင့်စစ်သံရုံးတို့မှ ဝန်ထမ်းများက
ဖနောင်ပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည်
ခေတ္တတည်းခိုမည့် ဖနောင်ပင်မြို့ရှိ Cambodiana ဟိုတယ်သို့
မော်တော်ယာဉ်များဖြင့် ရောက်ရှိကြသည်။
No comments:
Post a Comment