ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း
ကမ္ဘောဒီးယားနိုင်ငံဘုရင်ဟောင်း နိုရိုဒွန် သီဟာနု၏ ဈာပနအခမ်းအနားသို့
တက်ရောက်၍ ရုပ်ကလပ်အား ပန်းခွေချအလေးပြု
Tue, 10/23/2012 - 12:02
နေပြည်တော် အောက်တိုဘာ၂၃
ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည်
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးချိုထွန်းအောင်၊
စစ်သံမှူး ဗိုလ်မှူးချုပ်ရဲနိုင်မျိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန
အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းနှင့်
တာဝန်ရှိသူများလိုက်ပါလျက် မွန်းလွဲ (၂)နာရီမိနစ်(၄ဝ)တွင်
ဘုရင့်နန်းတော်သို့ ရောက်ရှိရာ ဒုတိယဝန်ကြီးချုပ်နှင့် ဘုရင့်နန်းတော်
ဝန်ကြီးH. E. Samdech Chaufea Veang Kong Son Ol ဝါရင့်ဝန်ကြီး Mr. SM
KuySophall တို့က ကြိုဆိုကြသည်။
ထို့နောက် ဒုတိယသမ္မတသည် ကွယ်လွန်သွားပြီဖြစ်သည့်
ကမ္ဘောဒီးယားနိုင်ငံ ဘုရင်ဟောင်း နိုရိုဒွန်သီဟာနု၏ ရုပ်ကလပ်အား ပန်းခွေချ
အလေးပြုသည်။
ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ ဘုရင့်မယ်တော်နှင့်
ဘုရင် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ်နိုရိုဒွန် သီဟာမိုနီတို့အား
နှုတ်ဆက်အားပေးပြီး ဈာပန အခမ်းအနား ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင်
မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။
No comments:
Post a Comment