Tuesday, October 30, 2012

မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ် အလုပ်လက်မဲ့နှုန်းမှာ လေးရာခိုင်နှုန်းသာရှိပြီး နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါကများသည်ဟု မဆိုနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးပြောကြား


မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ် အလုပ်လက်မဲ့နှုန်းမှာ လေးရာခိုင်နှုန်းသာရှိပြီး နိုင်ငံ တကာနှင့် နှိုင်းယှဉ် ပါကများသည်ဟု မဆိုနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးပြောကြား   PDF Print
Tuesday, 30 October 2012 11:07
AddThis Social Bookmark Button
ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံ၏ ၂၀၁၁ ခုနှစ် အလုပ်လက်မဲ့နှုန်းမှာ လေးရာခိုင်နှုန်းသာရှိပြီး နိုင်ငံတကာနှင့်နှိုင်းယှဉ်ကြည့်ပါက များလှသည်ဟု မဆိုနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးမြင့်သိန်းက အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မင်းလှမဲဆန္ဒနယ်မှ ဦးမောင်တိုး၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ယာယီစာရင်းများအရ မြန်မာနိုင်ငံကြွေးမြီ (Public Debt)၊ လည်ပတ်နေသော ငွေကြေး( Currency in Circulation) ၊ အလုပ်လက်မဲ့အခြေအနေ၊ နိုင်ငံခြား အရန်ငွေနှင့်ရွှေ (Foreign Exchange and Gold Reserve) တန်ဖိုးမည်မျှရှိသနည်းဆိုသော မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၁၉၉၀ ခုနှစ်တွင် မြန်မာနိုင်ငံ အလုပ်သမားအင်အားစစ်တမ်းကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကောက်ယူခဲ့ပြီးနောက်ပိုင်းတွင် ကောက်ယူနိုင်ခြင်းမရှိခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ခုနှစ်တွင် ကောက်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးက ပြောကြားခဲ့သည်။
'' အလုပ်သမားအင်အားစာရင်း ကို ကောက်ယူရာမှာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ နှစ်စဉ်ရရှိသော လူဦးရေတိုးနှုန်းပေါ်အခြေပြု၍ လုပ်သားအင်အားတိုးနှုန်းကို တွက်ချက်ရယူပြီး ၁၉၉၀ ခုနှစ် လုပ်သားအင်အားစာရင်းမှ ကောက်ယူရရှိခဲ့သော အချက်အလက်များကိုမူတည်၍ လုပ်သားအင်အား၊ အလုပ်လက်ရှိ၊ အလုပ်လက်မဲ့၊ အလုပ်လက်ရှိနှုန်း၊ အလုပ်လက်မဲ့နှုန်း၊ လုပ်သားအင်အားပါဝင်မှုနှုန်းတွေကို ခန့်မှန်းတွက်ချက်ရခြင်းဖြစ်ပါတယ်။ ၎င်းခန့်မှန်း တွက်ချက်မှုများအရ ၂၀၁၁ ခုနှစ် အလုပ်လက်မဲ့နှုန်းမှာ ၄ ရာခိုင်နှုန်း ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်'' ဟု ဒုဝန်ကြီးက ပြောကြားခဲ့ပါ သည်။
ဆက်လက်၍ ဒုဝန်ကြီးက အခြားနိုင်ငံများနှင့် အလုပ်လက်မဲ့ နှုန်းနှိုင်းယှဉ်ပြောကြားခဲ့ရာတွင် ၂၀၁၂ ခုနှစ်စာရင်းများအရ အမေရိကန် ၇.၈ ၊ ပြင်သစ် ၁၀.၂၊ ဂျာမနီ ၆.၈ ၊ စပိန် ၂၄.၆ ၊ မလေးရှား ၃.၂ ၊ ထိုင်း ၀.၉ ၊ ဖိလစ်ပိုင် ၇ ၊ အင်ဒိုနီးရှား ၆.၃ ရာခိုင်နှုန်းများဖြစ်ကြောင်းနှင့် ဘရူနိုင်း (၂၀၁၀) ၂.၂ ၊ ဗီယက်နမ် (၂၀၁၁) ၂.၃ ၊ ကမ္ဘောဒီးယား (၂၀၀၈) ၁.၇ ၊ လာအို (၂၀၀၉) ၂.၅ ရာခိုင်နှုန်းများဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် နိုင်ငံတကာနှင့် နှိုင်းယှဉ်ကြည့်ပါက များလှသည်ဟု မဆိုနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။
''ဒီနှစ် ဆယ်လပိုင်းအထိ စာရင်းအရ အလုပ်တကယ်ရှာပေးနိုင်တာက လေးဆယ်ရာခိုင်နှုန်းလောက်အထိပဲ ရှာပေးနိုင်တယ်။ ဒါကလည်း တကယ်လုပ်ငန်းခွင်တွေမှာ ကျွမ်းကျင်တဲ့သူတွေပါလာလို့။ ၆၀ ရာခိုင်နှုန်းကကျတော့ အလုပ်ပေးလို့ကို မရတာ။ သူတို့ကိုယ်တိုင်က အလုပ်အတွက် အဆင်သင့်မဖြစ်ကြသေးဘူး။ လေးဆယ်ရာခိုင်နှုန်းလောက်ပဲ အလုပ်ပေးနိုင်ပေမယ့် တစ်ကယ်တမ်းအလုပ်ထဲမှာ ထပ်ပြီးမြဲတာက  ခြောက်လအထက်ပေါ့လေ။ တစ်ကယ်အလုပ်ရတဲ့သူရဲ့ တစ်ဝက်လောက်ပဲ ထပ်မြဲတယ်'' ဟု CRANE ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ထွေးက ပြောပါသည်။
'' ကိန်းဂဏန်းတစ်ခုကို ရွတ်ဆိုပြီး အများသိအောင် တင်ပြပြောဆိုမယ်ဆိုရင် ပကတိအခြေအနေနဲ့ ကိုးကားမယ့်အရင်းအမြစ်တွေအပေါ်မှာ ခိုင်လုံမှုရှိမရှိ အနီးစပ်ဆုံးကောက်ချက်ဆွဲနိုင်တဲ့ အရင်းအမြစ်ဖြစ်မဖြစ် အသေးစိတ်လေ့လာပြီးမှ ခန့်မှန်းတွက်ချက်မှုတွေကို ထုတ်ပြန်သင့်တယ်လို့ယူဆပါတယ်။ ဒါဟာလည်း အလုပ်လက်မဲ့ ပပျောက်ရေးအတွက် စီမံလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လုပ်သားအင်အားစုတွေအပေါ် အကျိုးသက်ရောက်မှု ကြီးမားနိုင်ပါတယ်'' ဟု ဦးကျော်ထွေးက ဆက်လက်ပြောကြားခဲ့သည်။
Comments 
 
+2 #31 shwe phyu 2012-10-31 09:27
Quoting u naing:
အခုလိုစကားကိုလွယ်လွယ်ပြောတတ်တဲဝန်ကြီးကိုရာထူးမှ
အမြန်ဆုံးဖယ်ရှားပေးပါ
အဲဒီလိုသာရာထူးကအမြန်ဆုံးဖယ်ရှားလို့ရရင် လွတ်တော်မှာခုံတွေတော်တော်လွတ်သွားပြီးတော့ တော်တော့်ကိုကောင်းသွားမယ့်အခြေအနေဘဲ...
 
+2 #30 u naing 2012-10-31 09:11
အခုလိုစကားကိုလွယ်လွယ်ပြောတတ်တဲဝန်ကြီးကိုရာထူးမှ
အမြန်ဆုံးဖယ်ရှားပေးပါ
 
+12 #29 yinyin 2012-10-31 08:09
စင်ကာပူလို လူတိုင်းအလုပ်လုပ်တဲ့ နိုင်ငံမှာတောင် အလုပ်လက်မဲ့ ၃ရာခိုင်နှုန်း နှင့် ၄ရာခိုင်နှုန်း ကြားတွင်ရှိသည်။ ကျွန်မတို့နိုင်ငံတွင် အလုပ်လက်မဲ့ ၄ရာခိုင်နှုန်း ရှိပါသည်ဟု ပြောနေသော ဒုဝန်ကြီး ဦးမြင့်သိန်း မည်သိုတွက်ချက် ပြောလိုက်သည်ကို အလွန်အံသြ မိသည်။ ဒါပင်မဲ့လည်း မအံသြမိပါ။ ဒုဝန်ကြီး ဦးမြင့်သိန်းက ခေါင်းမှ မရှိတာ။ နောက်ဆိုဒီထက်ပိုပြီးပြောပေါ့။
 
+2 #28 kowuntho 2012-10-31 08:09
တွက်ချက်မှုများအရ ၂၀၁၁ ခုနှစ် အလုပ်လက်မဲ့နှုန်းမှာ ၄ ရာခိုင်နှုန်း ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်'' ဟု ဒုဝန်ကြီးက ပြောကြားခဲ့ပါ သည်
GO
AND DIE MAN. FUCK U! Fuck all soldiers!
 
+7 #27 nga shwe 2012-10-31 06:30
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်သိန်းခင်ဗျား English လိုဖတ်တတ်ရင်
အလုပ်လက်မဲ့နှုန်းဘယ်လိုထွက်ချက်ရတယ်ဆိုတာ အောက်ကလင့်မှာဖတ်ကြည့်ပါခင်ဗျား
http://www.ehow.com/how_4621309_calculate-unemployment-rate.html
 
+13 #26 nga shwe 2012-10-31 06:18
နိုင်ငံတော်သမ္မတကြီးအနေနဲ့ 
ဘယ်လိုအရည်အချင်းကြည့်ပြီး ဝန်ကြီး ၊ဒုဝန်ကြီးရွေးချယ်ခန့် အပ်သလဲတော့ကျနော်မသိဘူး
နိုင်ငံတော်သမ္မတကြီး ခန့် အပ်ထားတဲ့ဝန်ကြီး၊ဒုဝန်ကြီးတွေစကားပြောလိုက်တာ ကြည့်ပြီးသုံးသပ်ရရင်တော့
အထုံဆုံးနဲ့ အနုံဆုံးသူများ ဝန်ကြီးဖြစ်သည်လို့ ပြောရမလိုဖြစ်နေပြီ
ဝန်ကြီး၊ ဒုဝန်ကြီးတွေစကားပြောလိုက်တာနဲ့ သူတို့ ဟာသူတို့ တာဝန်ယူထားတဲ့ ဝန်ကြီး ဌာနရဲ့လုပ်ငန်းအကြောင်း လုံးဝ လုံးဝ မသိဘူးဆိုတာ
လယ်ပြင်မှာဆင်သွားသလိုရှင်းရှင်းလင်းကြီးပေါ်လာပါတယ်

မြန်မာနိုင်ငံကပညာတတ်လို့ ယူဆရမဲ့ဘွဲ့ ရလူငယ်တွေတခုထဲ ကွက်ပြီးသုံးသပ်ရရင်တောင်
ဘွဲ့ ရလူငယ်တွေ ရဲ့ (၉၆) ရာခိုင်နှုန်းအလုပ်ရနေသလားဆိုတာ လူမှန်ရင်သိပါတယ်
 
-3 #25 supersoul 2012-10-31 01:48
I think it is not the real rate. There are plenty of people who really want to work and make money.
But, there are also plenty of people who do not want to work. They just want to cheat, scam, fraud and trick other people in Myanmar. They want to get easy money. They have to change their ethic and moral first.
Another thing is that everybody in Myanmar now want to talk about politics, blame on someone and they are not doing their job. It is not the good thing because people do not do their own job and talk bad things about other people.
Before nobody dares to talk about politics. It is not the good thing too. Therefore, Daw Su stimulated this reaction to people. Now, everybody is participating. It is too much.
I see a lot of people want to protest whatever it is. I never see that kind of protesting in our country. Everything is overreacted. They would have protested in the future if someone farted.
+5 #24 Si Thu Htet 2012-10-31 00:57
Wikipediaမှာက၂၀၁၁ခုနှစ်မှာမြန်မာနိုင်ငံရဲ့အလုပ်လက်မဲ့နှုန်းက၅.၅ရာခိုင်နှုန်းရှိမယ်ဆိုပြီးခန့်မှန်းထားတာကိုဖော်ပြထားပါတယ်။Camobodiaရဲ့အလုပ်လက်မဲ့နှုန်းကWikipediaမှာ၃.၅ရာခိုင်နှုန်းရှိတယ်လို့ဖော်ပြထားပြီးဝန်ကြီးက၂၀၀၈ခုနှစ်မှာCambodiaကအလုပ်လက်မဲ့နှုန်း၁.၇ရာခိုင်နှုန်းပဲရှိတယ်လို့ပြောထားပါတယ်။အလုပ်သမားဝန်ကြီးဌာနအနေရဲ့ဘယ်လိုစံနှုန်း(Criteria)ပေါ်မှာအခြေခံပြီးအလုပ်လက်မဲ့နှုန်းကိုတွက်ချက်တာလဲဆိုတာထုတ်ဖော်ပြောကြားဖို့လိုပါတယ်။အမှန်တကယ်အလုပ်လုပ်နိုင်တဲ့အရွယ်အသက်၁၈နှစ်ကနေ၆၅နှစ်အထိလူဦးရေထဲကအချိုးနှုန်းကိုတွက်တာလား၊ဒါမှမဟုတ်တစ်နိုင်ငံလုံးရဲ့လူဦးရေအပေါ်မှခြုံငုံပြီးတွက်တာလား၊ဒါမှမဟုတ်အလုပ်သမားမှတ်ပုံတင်ရုံးမှာမှတ်ပုံတင်ထားတဲ့အလုပ်သမားဦးရေအပေါ်ကိုအခြေခံပြီးတွက်တာလားဆိုတာကိုဖော်ပြပေးစေချင်ပါတယ်။အမှန်တကယ်အလုပ်လုပ်နိုင်တဲ့အရွယ်၁၈နှစ်ကနေ၆၅နှစ်အထိကိုအခြေခံပြီးတွက်ချက်မယ်ဆိုရင်မြန်မာနိုင်ငံရဲ့အလုပ်လက်မဲ့နှုန်းဟာ၁၀ရာခိုင်နှုန်းဝန်းကျင်ရှိနိုင်ပါတယ်။
+12 #23 Mr.talkative11 2012-10-30 22:20
ဆွမ်းကြီးဝိုင်းလောင်းကြပါဗျို ။သရက်စိ အလှူခံ ကြွလာပါပြီခင်ဗျား ။ :lol:
 
+25 #22 Change 2012-10-30 21:32
Quoting Zawtika:
၂၀၁၂ အကောင်းဆုံး လူပြက် (တစ်ကိုယ်တော် ၀မ်းမင်န်းရှိုး)
ပထမဆု - မြင့်သိန်း (ဦး-၀န်ကြီး)[ဆိုင်းမပါ]
ဒုတိယဆု - မြင့်သိန်း(ဦး-၀န်ကြီး)[မင်းသမီး မပါ]
တတိယဆု - မြင့်သိန်း(ဦး-၀န်ကြီး)[ဇာတ်ခုံ မပါ]
အထူးဆု - မြင့်သိန်း(ဦး-၀န်ကြီး)[ဦးခေါင်း နှင့် အရှက် မပါ]
 
+30 #21 pengtut 2012-10-30 21:05
၉၀ခုနှစ်တုန်းက ဒေတာကိုသိချင်တာမဟုတ်ဘူးဟေ့. . ဒီနှစ်ဒေတာတွေကိုသိချင်တာ။ ပြောလိုက်တိုင်း မလိမ့်တစ်ပတ်တွေချည်း။ ဒီလိုတိုင်းပြည်သာယာပါကြောင်း ပြောတတ်တဲ့လူတွေကြောင့် မြန်မာပြည်ဒီဘဝရောက်ရတာ။ အဲလေ. . . ၁၉၉၀ ခုနှစ်ကစာရင်းကို အခြေခံတယ်ဆိုတော့ သူတို့ဌာနလည်း အလုပ်လက်မဲ့နှင့်လခစားလာတာ ၂၂နှစ်တောင်ကြာရောပေါ့။
 
+30 #20 kinglakeshore 2012-10-30 21:00
အလုပ်လက်မဲ့နှုန်းမှာ လေးရာ "..." ခိုင်နှုန်းသာရှိပြီး ....
"ရာ" တစ်လုံး ကျန်သွားလို့ ဗျို့.... ဆောရီးးနော်... :-*
 
+28 #19 Aung Zeya 2012-10-30 20:47
မင်းကို ဒုဝန်ကြီးလို့တောင်မခေါ်ချင်ဘူး သောက်ရူးမြင့်သိန်းရဲ့
မင်းတို့အစိုးရကခန့်ထားတဲ့တစ်ချို့ဌာနကဝန်ထမ်းတွေတောင်ဘာအလုပ်
မှမရှိဘူး အဲဒါတွေရောသိရဲ့လား ပြည်သူတွေကလွှတ်တော်ကိုယ်စားလှယ်
တွေလိုအချင်ယောင်မဆောင်တတ်ဘူး မဟုတ်တာပြောရင်တော့ဆဲမှာပဲ။
 
+19 #18 Zawtika 2012-10-30 20:26
၂၀၁၂ အကောင်းဆုံး လူပြက် (တစ်ကိုယ်တော် ၀မ်းမင်န်းရှိုး)
ပထမဆု - မြင့်သိန်း (ဦး-၀န်ကြီး)[ဆိုင်းမပါ]
ဒုတိယဆု - မြင့်သိန်း(ဦး-၀န်ကြီး)[မင်းသမီး မပါ]
တတိယဆု - မြင့်သိန်း(ဦး-၀န်ကြီး)[ဇာတ်ခုံ မပါ]
 
+23 #17 Public Servant 2012-10-30 20:19
Quote:
..........လုပ်သားအင်အားတိုးနှုန်းကို တွက်ချက်ရယူပြီး ၁၉၉၀ ခုနှစ် လုပ်သားအင်အားစာရင်းမှ ကောက်ယူရရှိခဲ့သော အချက်အလက်များကိုမူတည်၍ လုပ်သားအင်အား၊ အလုပ်လက်ရှိ၊ အလုပ်လက်မဲ့၊ အလုပ်လက်ရှိနှုန်း၊ အလုပ်လက်မဲ့နှုန်း၊ လုပ်သားအင်အားပါဝင်မှုနှုန်းတွေကို ခန့်မှန်းတွက်ချက်ရခြင်းဖြစ်ပါတယ်။ ၎င်းခန့်မှန်း တွက်ချက်မှုများအရ ၂၀၁၁ ခုနှစ် အလုပ်လက်မဲ့နှုန်းမှာ ၄ ရာခိုင်နှုန်း ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်'' ဟု ဒုဝန်ကြီးက ပြောကြားခဲ့ပါ သည်။
၁၉၉၀ ကိုအခြေခံထားတယ်ဆိုတော့ တော်တော့်ကို reliable ဖြစ်တာကိုးဗျ.... :lol:
 
+31 #16 White Flag 2012-10-30 20:03
အမှားပြင်ဆင်ချက် ။ ။ DSA ကျောင်းဆင်းများကို ဆိုလိုရင်း ဖြစ်ပါသည်။
 
+20 #15 han gyi 2012-10-30 19:56
Impossible. I think his brain is something wrong la
 
+33 #14 ညိုမြ 2012-10-30 19:52
ဘဘ ဦးမြင့်သိန်း..ခင်ဗျားကို မွေးတဲ့ အမေကို အားနာတယ်ဗျာ..မွေးတာ ဆေးရုံမှာ မမွေးဘဲ ရပ်ကွက် ၀မ်းဆွဲသယ်နဲ့ မွေးတယ်နဲ့ တူတယ်။ ရှက်ကြောနဲ့ ချက်ကြောမှားဖြတ် တာကိုး..
 
+22 #13 salamander 2012-10-30 19:47
Quote:
ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံ၏ ၂၀၁၁ ခုနှစ် အလုပ်လက်မဲ့နှုန်းမှာ လေးရာခိုင်နှုန်းသာရှိပြီး နိုင်ငံတကာနှင့်နှိုင်းယှဉ်ကြည့်ပါက များလှသည်ဟု မဆိုနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးမြင့်သိန်းက အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
၎ရာခိုင်နှုန်း? ဖြစ်နိုင်ပါ့မလား ၀န်ကြီးရာ။ အလုပ်လုပ်သူ ရာခိုင်နှုန်းနဲ.များ မှားနေရော.မလား။ ခင်ဗျားတို. ကိန်းဂဏန်းတွေဆိုရင် ယုံချင်လွန်းလို.။ :lol:
 
+52 #12 tntun 2012-10-30 19:33
ဘယ်လိုပါးစပ်ကြီးနဲ့များပြောထွက်ပါလိမ့်။
အံ့သြကုန်နိုင်ဖွယ်ပါပဲ။
သူများနိုင်ငံတွေမှာ ဘွဲ့ရတစ်ယောက်ဟာ သူဘွဲ့ရထားတဲ့ဘာသာရပ်နဲ့တိုက်ရိုက်မသက်ဆိုင်တဲ့အလုပ်ကို
“အခြေအနေအရ” လုပ်နေရတယ်ဆိုရင် အလုပ်လက်မဲ့လို့သတ်မှတ်တယ်လို့သိရပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ရထားတဲ့ဘွဲ့နဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်ရကြသူတွေ ဘယ်နှစ်ရာခိုင်နှုန်းများရှိပါသလဲ။
ကျွန်တော်တို့ကျောင်းမှာ ဒုတိယနှစ်အောင်လို့ တတိယနှစ်အတက်မှာ major တွေရွေးရပါတယ်။
အဲဒီတုန်းက ပေါ်ခါစဖြစ်ပြီး hot နေတဲ့ လေကြောင်းပျံသန်းမှု ဘာသာရပ်ကို ရွေးချင်လို့ ဆရာတစ်ယောက်နဲ့
တိုင်ပင်ကြည့်ပါတယ်။(ဘာသာရပ်နာမည်ကို အကြမ်းဖျင်းမျှသာဖော်ပြခွင့်ပြုပါ။မိမိ၏ သီးခြားရည်ရွယ်ချက်ဖြင့်
ထိုဘာသာရပ်ကို သင်ယူခဲ့သော သူငယ်ချင်းများကိုလည်း တောင်းပန်အပ်ပါသည်။)
ဆရာ့အဖြေကရှင်းလွန်းလို့ မျက်စိတောင်လည်သွားပါတယ်။ဆရာက
“မင်းမှာ လေယာဉ်ပျံရှိလား။လေယာဉ်ပျံရှိရင်တော့ အဲဒီ major ယူပေါ့” လို့ ပြောပါတယ်။
ကျွန်တော်က အံ့အားသင့်သွားပြီး “ဗျာ..ဆရာ” ဆိုတော့မှ ဆရာက ဝေးလွန်းတဲ့ ကျွန်တော့်ကို ထပ်ရှင်းပါတယ်။
“အေးလေ...မင်းကိုယ်ပိုင်လေယာဉ်ရှိမှ အလုပ်အတွက် စိတ်ချရမှာပေါ့” တဲ့ ခင်ဗျာ။
(အခုထိလည်း လေကြောင်းနှင့်အာကာသသိပ္ပံ ဆိုလားကြီးကြီးကျယ်ကျယ်ကြားမိသေးတယ်။
အနာဂတ်အတွက် plan ဆိုရင်လည်း ဖြစ်နိုင်တာလေး နီးနီးစပ်စပ်လုပ်ပါတော့လား။)
ဒါနဲ့ ကျွန်တော်လည်း ဆရာ့စကားနားထောင်ပြီး အခြား major ယူလိုက်တာ (ဘ၀မှာ ဆုံးဖြတ်ချက်တစ်ခုမှန်သွားလို့
ဘ၀တစ်လျှောက်လုံး သာယာချမ်းမြေ့ပျော်ရွှင်ပြီး..... ဘာညာနဲ့ policy ဇာတ်ကားတွေလို ပြောချင်ပေမယ့် တကယ်
တန်းမှာတော့) လက်ရှိမှာလဲ နိုင်ငံခြား “စံ” နဲ့ကြည့်ရင် အလုပ်လက်မဲ့ပါပဲ။
ဒါကိုဝန်ကြီးက အလုပ်လက်မဲ့ လေးရာခိုင်နှုန်းဆိုတော့ ၀န်ကြီးသိတဲ့ပတ်ဝန်းကျင်ကပဲအခြေအနေကောင်းလွန်းနေတာလား။
ဝန်ကြီးတိုင်းတာတဲ့“စံ”ကပဲ တစ်မျိုးဖြစ်နေတာလား။(ဥပမာ ကိုယ်နဲ့နှိုင်းပြီး လူဆိုတာ တနည်းနည်းတော့ဥပဒေကို ချိုးဖောက်
နေကြတာပဲဆိုပြီး သူခိုး၊ဂျပိုး၊ခါးပိုက်နှိုက်၊420၊ဓားပြ၊ဖောက်ထွင်း၊လူပွဲစား၊မူးယစ်ထုတ်လုပ်ရောင်းဝယ်၊
သူတောင်းစား၊-ာ၊-ာခေါင်း...
စတာတွေကိုပဲ တရားဝင်အလုပ်အကိုင်တွေအဖြစ်သတ်မှတ်နေသလား) ဆိုတာ ၀န်ကြီးမှပဲ ဖြေနှိုင်မယ်ထင်ကြောင်းပါ။ 
 
+59 #11 visuta 2012-10-30 17:44
ဒီလိုပါဘဲခင်ညာ။မြန်မာပြည်က ဝန်းကြီးများသည် သူတို့ကို ကာကွယ်ဘို့ဆို နိုင်ငံခြားတိုင်းပြည်က ကိန်းတွေနဲ့နှိုင်းယှဉ်တတ်ပါတယ်။ သူတို့ခံရတော့မယ်ဆို ဒီမိုကရေစီးထွန်းကာပြီးသား နိုင်ငံတွေနဲ့ မနှိုင်းနဲ့လို့ ပြောလေ့ရှိပါတယ်။ ဒီလက်သုံးစကားဟာလဲ သမ္မတကြီးကစပြီး ဝံကြီးဝံငယ်တွေ လှိုင်လှိုင်သုံးနေတာပါ။ မှတ်မိနေသေးတယ် ရွေးကောက်ပွဲအပြီး ဝံကြီးတွေဖွဲ့တော့ များတယ်ဆိုပြီး ဒေါက်တာမြတ်ညာဏစိုး အဆိုတင်သွင်းတော့ ဝံကြီးကျော်ဆန်းက အိန္ဒိယနိုင်ငံနဲ့ နှိုင်းယှဉ်ရင် ဘယ်လိုဆိုတာဖြေသွားပါတယ်။
တခြားနိုင်ငံနဲ့နှိုင်းယှဉ်ရင်တော်သေးတယ် ခုတော့ လူဦးရေ သန်းထောင်ကျော်တဲ့ နိုင်ငံနဲ့ သန်း ခြောက်ဆယ်နိုင်ငံနိုင်းယှဉ်တာဆိုတော့ ဒီဝန်ကြီးတွေရဲ့ အသိညာဏ် ဦးနှောက်ခန့်မှန်းကြည့်ပေတော့။ ဒီလိုမဟုတ်တာတွေပြောတာကို လွတ်တော်အမတ်တွေက ထိုင်နားထောင်နေရသလား၊ ဂျာနယ်လစ် ဂျာနယ်များ ခင်မျာ ဒီလိုကိစ္စတွေကို မညှာမတာ သေချာလေ့လာပြီးဖော်ထုတ်ရေးသားပြီး ပြည်သူကို လိမ်နေတဲ့ ဝံကြီးတွေကို အပြစ်ပေးပေးပါခင်မျာ။
 
+42 #10 yellowstone747 2012-10-30 17:35
၎ ရာခိုင်နှုန်းတဲ့... မိုးပေါ်ကကျလာတဲ့ ဂဏန်းပဲနေမှာပါ။ သန်းခေါင်စာရင်း မကောက်တာလဲ ဆယ်စုနှစ် ဘယ်နှစ်ခု ရှိပြီမှန်းတောင် မသိ၊ အလုပ်လုပ်တဲ့သူနဲ့ အလုပ်လက်မဲ့နဲ့ကို ခွဲခြားပြီး မှတ်တမ်းတင်ထားတာလည်း မရှိနဲ့။ ပြည်ပထွက်ပြီး အလုပ်လုပ်နေတဲ့သူဦးရေကကော စုစုပေါင်း အလုပ်လုပ်ကိုင်နိုင်သူဦးရေရဲ့ ဘယ်နှရာခိုင်နှုန်းတောင် ရှိနေပြီလဲ။
 
+52 #9 ဦးလေးကြီး 2012-10-30 15:55
အလုပ်လက်မဲ့ ရာခိုင်နှုန်းစာရင်းက နည်းတော့မပေါ့...
အိမ်နီးချင်းနိုင်ငံတွေမှာ သူတို့နိုင်ငံသားတွေ မလုပ်ချင်တဲ့ 3D အလုပ်တွေကို ရသလောက်နဲ့ အောက်ကျခံသွားလုပ်နေကြတာကိုး..ရွှေဥာဏ်တော်စူးရောက်(ေ-ာက်ရူး)များရဲ့...
အဲဒီလူတွေက ဒီမှာဆက်နေလဲ မဝရေစာပဲစားနေရလို့ သူများနိုင်ငံမှာ တရားမဝင်ခိုးနေပြီး ရရာအလုပ်ရှာလုပ်နေကြရတာလေ...
 
+59 #8 Rain 2012-10-30 15:48
ဒုဝန်ကြီးဦးမြင့်သိန်းကို ယခုလိုအချက်အလက်ခိုင်ခိုင်မာမာကိုင်ပြီး
နိုင်ငံတကာနဲ့ နှိုင်းယှဉ်ပြသွားတဲ့အတွက်ကျေးဇူးပါ...
ဒါမှပဲနိုင်ငံတကာရောက်နေတဲ့ သန်းပေါင်းများစွာသောမြန်မာရွေ့ ပြောင်းအလုပ်သမားတွေကသူတို့ ရောက်ရှိနေကြတဲ့နိုင်ငံကလူတွေကို မင်းတို့ နိုင်ငံထက်စာရင်ငါတို့ 
ရွှေပြည်ကြီးကမှ ပိုပြီးအလုပ်လက်မဲ့နှုန်းနည်းသေးကကွ လို့ ကြွား
လို့ ရမှာ...
နို့ မို့ ဆိုရင် ဒင်းတို့ ကကျုပ်တို့ တွေကိုမြန်မာနိုင်ငံမှာအလုပ်မရှိ
လို့ သူတို့ ဆီလာပြီးအလုပ်လာလုပ်နေကြတယ်လို့ ထင်နေကြ
တာလေ...ဟွန်း... :zzz
 
+21 #7 dewa 2012-10-30 14:37
It can be true. Even underage children have to work in our country. If u dont believe, just go and have a look in the army :-D
#6 Shwebothu 2012-10-30 13:47
တို့ နိုင်ငံက လူကြီးမင်းများ ဘယ်နိုင်ငံသွားပီး နိုင်ငံရေး သမားလုပ်လုပ် အောင်မြင်မှာ သေချာပါ့.. မျက်နှာပြောင်လွန်းလို့
 
+82 #5 Mr.talkative11 2012-10-30 13:08
Quote:
၁၉၉၀ ခုနှစ် လုပ်သားအင်အားစာရင်းမှ ကောက်ယူရရှိခဲ့သော အချက်အလက်များကိုမူတည်၍ လုပ်သားအင်အား၊ အလုပ်လက်ရှိ၊ အလုပ်လက်မဲ့၊ အလုပ်လက်ရှိနှုန်း၊ အလုပ်လက်မဲ့နှုန်း၊ လုပ်သားအင်အားပါဝင်မှုနှုန်းတွေကို ခန့်မှန်းတွက်ချက်ရခြင်းဖြစ်ပါတယ်။ ၎င်းခန့်မှန်း တွက်ချက်မှုများအရ ၂၀၁၁ ခုနှစ် အလုပ်လက်မဲ့နှုန်းမှာ ၄ ရာခိုင်နှုန်း ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်'' ဟု ဒုဝန်ကြီးက ပြောကြားခဲ့ပါ သည်။
ဟားဟား၊ လာပြန်ပြီ သောက်ကျိုးနဲ ပြက်လုံး နောက်တခု ။
ခုပြောတဲ့ အလုပ်သမား ဝံ#ကိုယ်တိုင်ကော အလုပ်တကယ်လုပ်ရဲ့လား။ အိမ်မှာ အိမ်ဖော်တွေကို ကွပ်ကဲပြီး အိမ်အလုပ်လုပ်တဲ့ ဝံ#ကတော်ကိုကော အလုပ်လုပ်သူစာရင်းမှာ ထည့်ထားရဲ့လား။
နှစ်၃၀ကျော် သန်းခေါင်စာရင်းတောင် မကောက်ခဲ့တဲ့ (ကိုးကား၊ လဝကဝံ#) မြန်မာပြည်မှာ အလုပ်လက်မဲ့နှုန်းကို ခန့်မှန်း တွက်ချက်လိုက်တာ တော်ပါပေ့ဗျာ။
အကောင်းဆုံး အကြံပြုချင်တာက ဝံ#တွေ ၃နှစ်လောက် ဂူအောင်းပြီး ဝစီပိတ်ကျင့်ပါ။ ဘာလို့ဆိုတော့ ပညာမတတ်တာလူသိမှာစိုးလို့။ (လွှတ်တော်ကိုယ်စားလှယ်တွေက 'ကင်' ရင်တော့လဲ တတ်နိုင်ဘူး)
ရှက်တတ်ရင်တော့ ငရဲသားတွေလို အဖန်ဖန်သာ လဲသေလိုက်ပါ။ (မရှက်တတ်ဘဲ ဗြောင်လိမ်နိုင်လို့ မတန်မရာ ရာထူးတွေ ယူထားတာလို့တော့ မဖြေပါနဲ့ဗျာ၊ ကျနော်ပဲ ကိုယ့်ကိုယ်ကို သတ်သေမိမှာ စိုးလို့ပါ။)
 
+92 #4 myomin19 2012-10-30 12:42
ဒုဝန်ကြီးက အခြားနိုင်ငံများနှင့် အလုပ်လက်မဲ့ နှုန်းနှိုင်းယှဉ်ပြောကြားခဲ့ရာတွင် ၂၀၁၂ ခုနှစ်စာရင်းများအရ အမေရိကန် ၇.၈ ၊ ပြင်သစ် ၁၀.၂၊ ဂျာမနီ ၆.၈ ၊ စပိန် ၂၄.၆ ၊ မလေးရှား ၃.၂ ၊ ထိုင်း ၀.၉ ၊ ဖိလစ်ပိုင် ၇ ၊ အင်ဒိုနီးရှား ၆.၃ ရာခိုင်နှုန်းများဖြစ်ကြောင်းနှင့် ဘရူနိုင်း (၂၀၁၀) ၂.၂ ၊ ဗီယက်နမ် (၂၀၁၁) ၂.၃ ၊ ကမ္ဘောဒီးယား (၂၀၀၈) ၁.၇ ၊ လာအို (၂၀၀၉) ၂.၅ ရာခိုင်နှုန်းများဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် နိုင်ငံတကာနှင့် နှိုင်းယှဉ်ကြည့်ပါက များလှသည်ဟု မဆိုနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အလုပ်လက်မဲ. က ၄ ရာခိုင်နှုန်းတဲ.လား ဝန်ကြီးရယ်။
ဒီလို ဒီမိုကရေစီခေတ်ပြောင်းခေတ်လွဲ အကူးအပြောင်း အချိန်မှာ ဒီလို ဗြောင်လိမ် ဗြောင်စား ဝန်ကြီးတွေ ရဲ. တာဝန်မဲ.ပြောဆိုမှုတွေ ကို မီဒီယာ တွေ မှ အချက်အလက် မှန်ဖော်ထုတ်ပြီး လွှတ်တော်မှ ဝန်ကြီးကို စွတ်စွဲ ပြစ်တင်သင်.ပါသည်။
 
+98 #3 pstmynt 2012-10-30 12:32
အလုပ်တကယ်မလုပ်တဲ့အလုပ်သမားဒုဝန်ကြီး
ဒီလောက်နည်းပညာတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ
အလုပ်လက်မဲ့နှုံးက၄ရာခိုင်နှုန်းပဲရှိသတဲ့တစ်သက်လုံး
ညာဖြီးလာတာတွေရပ်သင့်နေပါပြီအိမ်ရှိလူအကုန်လုပ်လုပ်နေတဲ့
မြန်မာနိုင်ငံထက်အစစအရာရာသာတဲ့ဖွံဖြိုးပြီးနိုင်ငံတွေမှာတောင်
အနည်းဆံုး၃၊၄ရာခိုင်နှုန်းရှိနေတာညာနေတာတွေရပ်ပါတော့ဗျာ။
 
+96 #2 David1970 2012-10-30 12:23
Hi Minister,
A big joke for year 2012!
Congratulation , you win the first prize.
You may be correct 4% have no jobs.
Another 40% have Alibaba Jobs.
 
+64 #1 pyilone 2012-10-30 11:29
အလုပ်လက်မဲ့နှုန်းကနိုင် ငံတကာနဲ့ယှဉ် ရင်မများဘူးပြောတဲ့လူကြီး မင်းကိုဒိပြင် ဟာ တွေဖြစ်တဲ့ ပညာ ရေး စီးပွား ရေး ဥပ ဒေစိုးမိုး ရေး အားကစား စတဲ့ဟာ တွေကို ရော ကျေးဇူးပြုပြီးနှိုင်းယှဉ်ပြ ပေးပါလို့ ပြောကြားလိုပါတယ်။
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။