မီးရှို့ခံ ရွာများအား စစ်တပ်မှ ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံ
ဆင်အိုးချိုင်ရွာ(၅၀၀၀၀ိ/-)ကျပ်၊ ဆင်အိုးချိုင်ရွာသစ်(၂၀၀၀၀ိ/-)ကျပ်၊ ဗျာလကျေးရွာ(၃၀၀၀၀ိ/-)ကျပ်၊ ပိုက်ဆိပ်ကျေးရွာ(၅၀၀၀၀ိ/-)ကျပ်စီဖြင့် စစ်တပ်မှ ခြိမ်းခြောက်ငွေတောင်းခံခဲ့ကြောင်း ဆင်အိုးချိုင်ရွာမှ ရွာသားတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။
အဆိုပါဒေသခံက ” အခု ခမရ(၃၇၅) ဗိုလ်မှူး သက်နိုင်မောင် ဦးဆောင်တဲ့အဖွဲ့က မီးရှို့ခံထားရပြီး ဒုက္ခရောက်နေကြတဲ့ ရွာတွေကို လိုက်ပြီးတော့ ခြိမ်းခြောက်ကာ ငွေတွေကောက်ခံနေပါတယ်။ အဲဒီရွာတွေက ရွာလူကြီး၊ ဥက္ကဌ၊ ရွာအုပ်ချုပ်ရေးမှူးတွေဆီကိုလာပြီးတော့ ပိုက်ဆံဘယ်လောက်ပေးရမယ်၊ ရွာသားတွေကို အသိပေးထားလိုက်ဆိုပြီးတော့ လာပြောပါတယ်။ ပြီးတော့ ပိုက်ဆံတောင်းတဲ့အချိန်မှာ မင်းတို့ရွာမှာ လက်နက်ရှိတယ်လို့ ကြားတယ်။ အဲဒီလက်နက်တွေကို ငါတို့ဆီကို အပ်ရမယ်။ မအပ်ရင်ဖမ်းမယ်။ အဖမ်းမခံချင်ရင် ပိုက်ဆံပေးရမယ်ဆိုပြီးတော့ ခြိမ်းခြောက်တောင်းသွားပါတယ်။ “ ဟု ပြောသည်။
ဒေသခံပြည်သူများမှာ ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းဒဏ်ကြောင့် အိုးအိမ်များ စွန့်ခွာထွက်ပြေးနေရသည့်အချိန်တွင် တပ်မတော်သားများအနေဖြင့် ကူညီထောက်ပံ့မှုမပေးသည့်အပြင် ယုခုကဲ့သို့ ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများ ရှိသည့်အတွက် ဒေသခံများမှာ ထပ်ဆင့်ဒုက္ခရောက် နေကြကြောင်းသိရသည်။
Written by ခိုင်ခိုင်
No comments:
Post a Comment