Tuesday, October 30, 2012

ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပေါ်နေသော ပဋိပက္ခများအပေါ် ရန်ကုန်မြို့ရှိ ရခိုင်အသင်းအဖွဲ့များ၏ သဘောထား ထုတ်ပြန်


ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပေါ်နေသော ပဋိပက္ခများအပေါ် ရန်ကုန်မြို့ရှိ ရခိုင်အသင်းအဖွဲ့များ၏ သဘောထား ထုတ်ပြန်


The Voice Weekly , 29 October 2012  —-
ရန်ကုန်မြို့ရှိ ရခိုင်အသင်းအဖွဲ့များ၏ ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပေါ်နေသော ပဋိပက္ခများအပေါ် သဘောထား ထုတ်ပြန်ချက် (၁/၂၀၁၂)

                                                  နေ့စွဲ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်
 
တစ်ကျော့ပြန် ဖြစ်ပွားလာသော ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် အသက်အိုးအိမ်စည်းစိမ်များ အမြောက်အများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေရမှုကြောင့် ရန်ကုန်မြို့ရှိ ရခိုင်အသင်း အဖွဲ့များ ၏ အောက်ပါ သဘောထားများကို  ထုတ်ပြန် ကြေငြာအပ်ပါသည်။


၁) ရန်ကုန်မြို့ရှိ ရခိုင်အသင်းအဖွဲ့များ၏ သဘောထားသည် ရခိုင်ပြည်နယ်ရှိ ရခိုင်လူမျိုးများ၏ သဘောထားနှင့် အမြဲတမ်း ထပ်တူထပ်မျှ ရှိနေမည် ဖြစ်ပါသည်။

၂) ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နှင့် တွေ့ဆုံခဲ့စဉ် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ပြောကြားခဲ့သော အောက်ဖော်ပြပါ အချက်များအား ရန်ကုန်မြို့ရှိ ရခိုင်အသင်းအဖွဲ့များမှ ခြွင်းချက်မရှိ လက်ခံပြီး အမြန်ဆုံး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန်လည်း နိုင်ငံတော် အစိုးရအား လေးစားစွာ တိုက်တွန်းအပ်ပါသည်။

*  တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း
*  ခိုးဝင်လာသော ရိုဟင်ဂျာများနှင့် ပတ်သတ်ပြီး နောက်ဆုံး ဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း
*  UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း
*  တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည် ဖြစ်ကြောင်း
*  သမိုင်းကြောင်းအရ ဘင်္ဂလီများ ဝင်ရောက်လာသည်မှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမရခင် အင်္ဂလိပ် နယ်ချဲ့များက လယ်ယာ လုပ်ကိုင်ရန် ခေါ်သွင်းလာခြင်း ဖြစ်ကြောင်း
*  အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချ နေထိုင်သူများလည်း ရှိကြောင်း
*  မိမိတို့ ဥပဒေအရ ၁၉၄၈ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း
*  ရခိုင်ပြည်နယ်ကို လေ့လာကြည့်ပါက ၁၉၄၈ ခုနှစ် မတိုင်မီ ဘင်္ဂလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာ အမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျှက် ရှိကြောင်း
*  နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း
*  ထိုကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက် ရှိပါကြောင်း
*  မိမိတို့ တိုင်းရင်းသားများကို တာဝန်ယူမည် ဖြစ်ကြောင်း

၃) ပစ္စုပ္ပန်တွင်ဖြစ်စေ၊ အနာဂတ်တွင်ဖြစ်စေ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို ထိခိုက်နစ်နာစေမည့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကိုမျှ နိုင်ငံတော်၏ ပိုင်နက်နယ်မြေအတွင်း ဝင်ရောက်ခွင့် မပြုရန်ကိုလည်း နိုင်ငံတော် အစိုးရအား တိုက်တွန်း နှိုးဆော်အပ်ပါသည်။

၎) ၁၉၈၂ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၄)တွင် ပြဌာန်းထားသော မြန်မာနိုင်ငံသားဥပဒေအတိုင်း တိကျစွာ လုပ်ဆောင်ပေးရန်လည်း ရန်ကုန်မြို့ရှိ ရခိုင်အသင်းအဖွဲ့များမှ လိုလားပါသည်။

၅) ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများ အမြန်ဆုံး ချုပ်ငြိမ်းပြီး တည်ငြိမ် အေးချမ်းလာရေး အတွက်လည်း အထူးလိုလားလျှက် ရှိပါသည်။

၆) ရန်ကုန်မြို့ရှိ ရခိုင်အသင်းအဖွဲ့များအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရ၊ ရခိုင်ပြည်နယ်အစိုးရ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။


သဘောထား ထုတ်ပြန်သော ရန်ကုန်မြို့ရှိ ရခိုင်အသင်းအဖွဲ့များ


၁။ ရခိုင်သဟာယအသင်း(ရန်ကုန်)

၂။ ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)

၃။ ရက္ခိုင်မောင်မယ် တံမျက်စည်းလှည်းအသင်း(ရန်ကုန်)

၎။ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)

၅။ ဂျပန်ပြန် ရခိုင်လူမှုရေးအသင်း(ရန်ကုန်)

၆။ ရခိုင်သင်္ဘောသားများလူမှုရေးအသင်း

၇။ ကျောက်တော်မြို့နယ်အသင်း(ရန်ကုန်)

၈။ ကျောက်ဖြူမြို့နယ်အသင်း(ရန်ကုန်)

၉။ ဂွမြို့နယ်အသင်း(ရန်ကုန်)

၁၀။ တောင်ကုတ်မြို့နယ်အသင်း(ရန်ကုန်)

၁၁။ ပုဏ္ဏားကျွန်းမြို့နယ်အသင်း(ရန်ကုန်)

၁၂။ ပေါက်တောမြို့နယ်အသင်း(ရန်ကုန်)

၁၃။ ဘူးသီးတောင်မြို့နယ်အသင်း(ရန်ကုန်)

၁၄။ မောင်တောမြို့နယ်အသင်း(ရန်ကုန်)

၁၅။ မြေပုံမြို့နယ်အသင်း(ရန်ကုန်)

၁၆။ မင်းပြားမြို့နယ်အသင်း(ရန်ကုန်)

၁၇။ မာန်အောင်မြို့နယ်အသင်း(ရန်ကုန်)

၁၈။ မြောက်ဦးမြို့နယ်အသင်း(ရန်ကုန်)

၁၉။ ရမ်းဗြဲမြို့နယ်အသင်း(ရန်ကုန်)

၂၀။ ရသေ့တောင်မြို့နယ်အသင်း(ရန်ကုန်)

၂၁။ လေးတောင်တိုက်နယ်အသင်း(ရန်ကုန်)

၂၂။ သံတွဲခရိုင်အသင်း(ရန်ကုန်)

၂၃။ အမ်းမြို့နယ်အသင်း(ရန်ကုန်)


http://rakhinethahaya.org/publications/

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။