မြောက်ဦးမြို့နယ်တွင် ရခိုင်(၁)ဦးတိုက်ခိုက်ခံရ
ကျွဲတဲရွာမှ ရွာခံတစ်ဦးက “ညနေ ၈ နာရီလောက်မှာဖြစ်တာပါ။ ဦးမောင်ကြီးတို့ အလုပ်လုပ်နေတဲ့အချိန်မှာ ဘင်္ဂလီ (၂၀)လောက်က ဝိုင်းပြီးတိုက်ခိုက်တယ်။ ဘင်္ဂလီတွေ တိုက်ခိုက်တော့ ဦးမောင်ကြီးနဲ့အလုပ်လုပ်နေ ကြတဲ့သူတွေလည်း ထွက်ပြေးတာပေါ့။ ထွက်ပြေးလို့တော့ လွတ်လိုက်ပါတယ်။ ဒါပေမယ့် ဦးမောင်ကြီး ခြေဖနှောင့်မှာ လှံထိသွားပါတယ်။ အရင်တုန်းကဆိုရင် ကွမ်းခြံမှာ သူ့မိသားစုနဲ့ အတူနေပြီး အလုပ်လုပ်တာ။ ကံကောင်းချင်တော့ ဖြစ်တဲ့နေ့က သူ့မိသားစုတွေ မြောက်ဦးမြို့ကို ရောက်နေကြပါတယ်။ မဟုတ်ရင်တော့ မတွေးရဲစရာဘဲ။” ဟု ပြောသည်။
ယခုအချိန်တွင် ဒဏ်ရာရရှိသူ ဦးမောင်ကြီးမှာ မြောက်ဦးဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေကြောင်းနှင့် အဆိုပါတိုက်ခိုက်သည့် ဘင်္ဂလီအုပ်စုအား မြောက်ဦးရဲစခန်းမှ စုံစမ်းနေကြောင်းနှင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာဒေသတစ်ချို့တွင် လုံခြုံရေးများ ချပေးထားသည့်ကြားမှ ယခုကဲ့သို့တိုက်ခိုက်မှု ပေါ်ပေါက်လာသည့်အတွက် ဒေသခံများ၏ လုံခြုံရေးနှင့်ပတ်သက်၍ အလွန်စိုးရိမ်နေကြကြောင်းလည်း သိရှိရသည်။
မြောက်ဦးမြို့နယ်တွင် အောက်တိုဘာလ(၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ ပုရိန်ကျေးရွာနှင့် ယိုင်သည်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအတွင်း သေဆုံးသူ(၁၆)ဦးနှင့် ဒဏ်ရာရသူ စုစုပေါင်း(၄၀)ကျော်ရှိသွားပြီဖြစ်သည်။
Written by ခိုင်ခိုင်
No comments:
Post a Comment