Wednesday, October 24, 2012

ရခိုင်ပြည်တွင်းဒုက္ခသည်များအတွက် ဒုက္ခသည်များကူညီထောက်ပံ့ရေးကော်မတီ(ထိုင်းနိုင်ငံ)မှ တတိယကြိမ် လှူဒါန်း


ရခိုင်ပြည်တွင်းဒုက္ခသည်များအတွက် ဒုက္ခသည်များကူညီထောက်ပံ့ရေးကော်မတီ(ထိုင်းနိုင်ငံ)မှ တတိယကြိမ် လှူဒါန်း 


Arakan Times, 24 October 2012  —-  ရခိုင်ပြည်တွင်းတွင် ဇွန်လက ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုကြောင့် ရခိုင်ပြည်တွင်းရှိ ဒေသခံပြည်သူများမှာ လက်ရှိအခြေအနေထိ ဒုက္ခရောက်လျှက်ရှိရာ အဆိုပါ အခက်အခဲများအား ကူညီဖြေရှင်ပေးနိုင်ရန် ရခိုင်ပြည်ဘေးရန်သင့် ဒုက္ခသည်များ ကူညီထောက်ပံ့ရေးကော်မတီ(ထိုင်းနိုင်ငံ)မှ တတိယအကြိမ် အနေဖြင့် မြန်မာကျပ်ငွေသိန်း(၂၀) ထိုင်းဘတ်ငွေအဖြစ် (၇၄၂၀၀)အား လှူဒါန်းခဲ့သည်။

အဆိုပါ သိန်း(၂၀)မှ မေယုဒေသအထူးကော်မတီအား(၁၀)သိန်း၊ ရခိုင်ရဟန်းတော်များသမဂ္ဂအား(၅)သိန်း၊ ရက္ခအလင်းတန်းအဖွဲ့အား(၅)သိန်းအား ရခိုင်ပြည်တွင် ဒုက္ခသည်များအား ကူညီကယ်ဆယ်နိုင်ရန် အောက်တိုဘာလ(၂၁)ရက်နေ့က ပံ့ပိုးလှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်ဘေးရန်သင့် ဒုက္ခသည်များကူညီထောက်ပံ့ရေးကော်မတီ(ထိုင်းနိုင်ငံ) ပေါ်ပေါက်လာရခြင်းနှင့်ပတ်သက်၍ ကော်မတီ၏ လုပ်ငန်းများကို အဓိကတာဝန်ယူလုပ်ကိုင်နေသော ဦးရေ၀တမှ (M.A Buddhist Studies, second year – မဟာချုလာတက္ကသိုလ်) အခုလိုပြောပြသည်။
” ကော်မတီပေါ်ပေါက်လာဖို့အတွက် ဦးဇင်းတို့ အများကြီး ကြိုးစားခဲ့ရတယ်၊ ကိုယ်တော်တို့မှာလည်း ပညာရေးတစ်ဖက်၊ သံဃာတွေဖြစ်တော့ လူ့တွေကြားထဲမှာဝင်လုပ်ရတာ အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်းစိတ်ရှိခဲ့ကြတယ်၊ အမျိုးသားရေးအတွက် အရေးကြီးနေတဲ့ အချိန်ကာလမှာ ဒါတွေ စဉ်းစားနေလို့မရဘူး၊ အဆင်ပြေတဲ့ အခြေအနေတစ်ခုကို ဖန်တီးနိုင်အောင် ကြိုးစားရမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်၊ ဦးဇင်းနှင့် ဦးဇင်းရဲ့သူငယ်ချင်း ဦးခေမာနန္ဒတို့ အဓိကဦးဆောင်ပြီး ထိုင်းနိုင်ငံအနှံ့အပြားမှာရှိကြတဲ့ ရခိုင်အဖွဲ့အစည်းအတွေနဲ့တိုင်ပင် စည်းရုံးပြီး ဇွန်လ(၁၂)ရက်နေ့ ဘန်ကောက်မှာကော်မတီကို ဖြစ်အောင် ဖွဲ့စည်းခဲ့တာဖြစ်တယ် “ ဟု သူကပြောသည်။
ကော်မတီသည် ပထမအကြိမ်အဖြစ် ဇူလိုင်လ(၁)ရက်နေ့က (၅၂)သိန်း (၉)သောင်းကျပ်၊ ဒုတိယအကြိမ်အဖြစ် (၂၂)ရက်နေ့က (၁၀၈)သိန်း (၈)သောင်းကျပ်အား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှတစ်ဆင့် ရခိုင်ပြည်တွင်း ဒုက္ခသည်များအားကူညီပံ့ပိုး လှူဒါန်းခဲ့ပြီး ယခုတတိယအကြိမ်အဖြစ် လှူဒါန်းခြင်းဖြစ်သည်။
Written by Marm Khant

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။