မြောက်ဦးမြို့ဆူပူအကြမ်းဖက် မီးရှို့တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားလျှက်ရှိ
ယနေ့တိုက်ခိုက်မှုမှာ နေ့လည် (၁)နာရီခန့်၌ မြောက်ဦးမြို့အနီးတွင်ရှိသော ရခိုင်ရွာတစ်ရွာသို့ ဘင်္ဂလီများ၏ အကြမ်းဖက်မီးရှို့ရန် ဝိုင်းထားခြင်းကို ရခိုင်များကဝင်ရောက်တားဆီးရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် ရခိုင်(၃)ဦး ထပ်မံကျဆုံးသွားကြောင်း သတင်းရရှိသည်။ ကျဆုံးသွားသူ(၃)ဦးမှာ မောင်ထွန်းချေ (ကြက်ဈေးရွာ)၊ မောင်ခင်(ကြက်ဈေးရွာ)၊ ကိုထွန်းမောင်(ထမရိတ်ရွာ)များမှဖြစ်ပြီး၊ မောင်ခင်မှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။ သေဆုံးသူများ၏ ဒဏ်ရာများမှာ ဓါးဒဏ်ရာ၊ လှံဒဏ်ရာနှင့် သေနတ်ဒဏ်ရာများကိုတွေ့ရကြောင်းနှင့် ထိုအလောင်းများကို နာရေးအသင်းမှ ယူဆောင်သွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဒုက္ခသည်(၅၀၀)ကျော်ခန့် မြောက်ဦးမြို့အလိုတော်ပြည့်ကျောင်းတွင် ရောက်ရှိနေပြီး ဘင်္ဂလီရွာအနီးတွင်ရှိသော ရခိုင်ရွာများမှ ရွာသူ ရွာသားများလည်း ဆက်လက်ပြောင်းရွှေ့လာနေကြောင်း သိရသည်။
ယခုလက်ရှိအခြေအနေများနှင့် ပြဿနာများကို ငြိမ်းချမ်းရန်အတွက် လုပ်ဆောင်သင့်သည့် အစီအစဉ်များကို (RNDP)အတွင်းရေးမှူး ဦးခိုင်ပြည်စိုးအားမေးမြန်းရာ “လုံခြုံရေးအခြေအနေကတော့ တင်းတင်းကြပ်ကြပ် ချထားတယ်လို့ ကြားရပါတယ်။ ကျွန်တော်တို့လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အဲဒီနေရာကိုမရောက်နိုင် ဖြစ်နေပါတယ်။ ဦးသာလူချေ ခေါင်းဆောင်တဲ့အဖွဲ့ကလည်း မင်းပြားကို ရောက်နေကြပါတယ်။ ယခု ဖြစ်နေတဲ့ကိစ္စငြိမ်းချမ်းဖို့ဆိုတာက လွယ်လွယ်နဲ့ပြီးသွားမယ့်ကိစ္စမဟုတ်ပါဘူး။ ဘင်္ဂလီတွေမှာက ရည်ရွယ်ချက်ရှိရှိ၊ ကြိုတင်ပြင်ဆင်မှုရှိရှိနဲ့ လုပ်ဆောင်နေတာဆိုတော့ အိပ်မောကျနေကြတဲ့ ရခိုင်သားတွေမှာက တစ်ရေးနိုးမှ အစီအစဉ်မရှိ ထလုပ်ကြတာဆိုတော့ ဒီလိုခံရတာက အထူးအဆန်းမဟုတ်တော့ပါဘူး။ အဲဒါကြောင့် ဒီကိစ္စကို နိုင်ငံတော် အစိုးရအနေနဲ့ ပြတ်ပြတ်သားသား မလုပ်ဆောင်ရင် ရခိုင်ပြည်မှာ နောက်ထပ်လည်း ဒီလိုပြဿနာမျိုးတွေ ထပ်ဖြစ်နေဦးမှာ ဖြစ်ပါတယ်။ တစ်ခြားနိုင်ငံက တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂလီတွေက ရခိုင်ပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကို ဗိုလ်ကျနေတဲ့ပုံစံဟာ အိမ်ရှင်နှင့် ဧည့်သည်၊ ဧည့်သည်ကအိမ်ရှင်စိတ်မျိုး ရှိနေတဲ့ ပုံစံဖြစ်နေပါတယ်။ ဒီနေ့ရခိုင်ပြည်သူတွေမှာ ရခိုင်ပြည်မှာနေပြီး ဘင်္ဂလီတွေကို ကြောက်နေရတယ်။ ဒီအတိုင်း ဆက်လက်ဖြစ်ပေါ် နေမယ်ဆိုရင် တိုင်းပြည်လည်း မအေးချမ်း၊ ရခိုင်ပြည်သူတွေလည်း လုပ်ကိုင်စားသောက်လို့ မရတဲ့အပေါ်မှာ နိုင်ငံတော်အစိုးရအနေနဲ့ ဒေသခံတွေနှင့် တရားမဝင်ခိုးဝင်လာတဲ့ ဘင်္ဂလီတွေရဲ့ကြားမှာ ဥပဒေအရ တိကျပြတ်သားတဲ့ မူဝါဒတစ်ခုကိုကိုင်ပြီး ဖြေရှင်းဖို့ လိုပါမယ်။” ဟု ပြောပြသည်။
ယခုတစ်ကြိမ် ပြန်လည်ဖြစ်ပေါ်လျှက်ရှိသော အဓိကရုဏ်းတွင် မြောက်ဦးမြို့၌ (၅၀၈)အိမ်နှင့် မင်းပြားမြို့၌ (၅၁၃)အိမ် မီးလောင်သွားကြောင်း၊ သေဆုံးသူများမှာ (၁၅)ဦးခန့်ရှိပြီး အများအပြား ဒဏ်ရာရရှိကာ မြောက်ဦး၊ မင်းပြားဆေးရုံများတွင် ပို့ဆောင်ထားရပြီး အရေးပေါ်လူနာများကို စစ်တွေမြို့သို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။
Written by ခိုင်ခိုင်
No comments:
Post a Comment