မြေပုံမြို့နယ်တွင် မီးရှို့မှု ဆက်လက်ဖြစ်ပွားနေ
မီးရှို့တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိသူများမှာ (၃၀)နီးပါးခန့် ရှိနေပြီဖြစ်ကြောင်း ရခိုင်အိမ်ခြေ ပျက်စီးဆုံးရှုံးမှုများမှာ ခန့်မှန်းခြေ (၂၀)နီးပါးခန့် ရှိနေပြီး အသက်ဆုံးရှုံးမှုတစ်ချို့ ရှိနေသော်လည်း အတိအကျ အတည်မပြုနိုင်သေးပေ။
မြေပုံမြို့ အခြေအနေ စိုးရိမ်နေရပုံကို ဒေသခံတစ်ဦးအား မေးမြန်းရာ ” ထိခိုက် ဒဏ်ရာရတဲ့သူတွေကတော့ (၂၀)ကျော် (၃၀)နီးပါးလောက် ရှိနေပြီးတော့ အိမ်ခြေပျက်စီးဆုံးရှုံးမှုကတော့ (၂၀)ထက်မနည်း ရှိနေပါတယ်။ ဘင်္ဂလီတွေက သချုင်္ံင်းတောင်ကုန်းပေါ်ကနေပြီးတော့ မီးခွေတွေ၊ ဂျင်ကလိတွေနဲ့ ပစ်ခတ်နေကြတော့ အနားကို ကပ်လို့မရ ဖြစ်နေကြပါတယ်။ လုံခြုံရေးအင်အားကလည်း အရမ်းနည်းနေပါတယ်၊ ဘယ်လောက်ချထားတယ်ဆိုတာ ခန့်မှန်းပြောလို့ မရဖြစ်နေပါတယ် “ ဟု ပြောပြသည်။
ဒေသခံအမျိုးသမီးတစ်ဦးကလည်း ဆက်လက်၍ ” အသေအပျောက်တော့ မကြားရသေးပါဘူး၊ ဆေးရုံမှာတော့ မီးလောင်ပြီး တစ်ယောက်ရောက်တယ်လို့ ကြားရပါတယ်။ နောက် ဂျင်ဂလိတွေ ထိပြီးတော့ ရောက်နေကြတဲ့သူတွေ ရှိတယ် လို့ ကြားရပါတယ်။ ကျမတို့လည်း ကြောက်လို့ အပြင်ကို မထွက်ဝံ့ ဖြစ်နေပါတယ်။ “ဟု ပြောသည်။
မနေ့ညကတည်းကဖြစ်နေသော ဘင်္ဂလီမီးရှို့တိုက်ခိုက်မှုသည် ယခုအချိန်ထိ ဖြစ်ပွားလျှက်ရှိနေပြီး ရွာသူ ရွာသားများလည်း စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သိရသည်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များ၊ စစ်တပ်များကလည်း လုံခြုံရေးများ ယူပေးလျှက် ရှိနေကြောင်းသိရသည်။
Written by ခိုင်ခိုင်
No comments:
Post a Comment