သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီအစုရှယ်ယာများအား ၂၀၁၃ ခုနှစ်
နှစ်ဆန်းပိုင်းမှ စတင်ရောင်းချရန် ပြင်ဆင်မှုများပြုလုပ်နေကြောင်း
ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားခဲ့ပါသည်။
အဆိုပါ အထူးစီးပွားရေးဇုန်အတွင်း ပါဝင်သည့် မြေဟက်တာပေါင်း ၂၄၀၀ တွင်
ပါဝင်သည့်နေရာများ၌ စက်ရုံအလုပ်ရုံများတည်ဆောက်၍ ဂျပန်နိုင်ငံနှင့်
မြန်မာနိုင်ငံတို့က အများပိုင်ကုမ္ပဏီများ နိုင်ငံ အလိုက်
တည်ထောင်ကာအစုရှယ်ယာများ ရောင်းချသွားမည်ဖြစ်သည်။
''သီလ၀ါအထူးစီးပွားရေးဇုန်အတွက် မြန်မာနိုင်ငံက တည်ထောင်မယ့်
အများပိုင်ကုမ္ပဏီရှယ်ယာတွေကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ
စတင်ရောင်းချနိုင်ဖို့ လုပ်ကိုင်နေပါ တယ်''ဟု ဦးဝင်းအောင်က
ပြောကြားခဲ့ပါသည်။
သီလ၀ါအထူးစီးပွားရေးဇုန်အား ဂျပန်နိုင်ငံ၏ ပံ့ပိုးမှုဖြင့်
တည်ဆောက်နေသည်ဆိုသော်လည်း တရုတ်၊ စင်ကာပူ၊ မလေးရှား စသည့် နိုင်ငံများမှ
မြေဧကများ အပိုင်းလိုက်ရယူထားသည်ဟု သတင်းများထွက်ပေါ်နေကြောင်းလည်း သိရှိရပါ
သည်။
''အခုလက်ရှိအထိတော့ သီလ၀ါ အထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံနဲ့ပဲ
ဖက်စပ်လုပ်ကိုင်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ တခြားဘယ်နိုင်ငံမှ
ပါဝင်တယ်လို့ မသိရသေးပါဘူး။ ပါဝင်တယ်ဆိုလည်း
တခြားနိုင်ငံကမြှုပ်နှံသူတွေကို နစ်နာအောင်လုပ်သွားမှာ မဟုတ်ပါဘူး'' ဟု
ဦးဝင်းအောင်က ပြောပါသည်။
သီလ၀ါအထူးစီးပွားရေးဇုန်ရှိ စီမံကိန်းမြေကွက် ၃၇ ကွက်အား စင်ကာပူ၊
တရုတ်၊ မလေးရှား၊ ဂျပန် နိုင်ငံနှင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီ ၅၀၀ မှ
အပိုင်းလိုက်ခွဲဝေရယူထားကြောင်း စက်မှုဝန်ကြီးဌာနမှ လက်ထောက်
ညွှန်ကြားရေးမှူးဒေါ်အေးအေးဝင်းက ပြောသည်။
အဆိုပါ ပြောကြားချက်အား စက်တင်ဘာလ ၂၂ ရက်နေ့က ပါရမီ အင်နာဂျီဂရု(ပ်)မှ
ကြီးမှူးကျင်းပသည့် တတိယအကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အ၀န်းဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အထူးစီးပွားရေးဇုန်အဖြစ် ဖော်ဆောင်မည့် သီလ၀ါအထူးစီးပွားရေးဇုန်
အောင်မြင်စွာဖော်ဆောင်နိုင်ရန် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမည့်
ကုမ္ပဏီများမှ လုပ်ငန်းများ လွယ်ကူမြန်ဆန်စွာ ပြီးမြောက်ရေးအတွက်
စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီ ၅၀၀မှ ကုမ္ပဏီများအကြား
နားလည်မှုစာချွန်လွှာရေးထိုးရန် စီစဉ်နေကြောင်း စက်မှုဝန်ကြီးဌာနမှ သတင်း
ရရှိပါသည်။
ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်နေသည့်
သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်းအား ၂၀၁၅ ခုနှစ်တွင် အပြီးသတ်ဖော်ဆောင်
သွားနိုင်ရန် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။
''ဒီစီမံကိန်းမှာဆို အပိုင်းလိုက် ရယူထားတဲ့နိုင်ငံတွေလည်းရှိတယ်။
နောက်ပြီး မြန်မာကုမ္ပဏီတွေလည်းပါတယ်။ အခုဆို ဒီစီမံကိန်းမှာ
ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီ ၅၀၀ ကလည်း
ရင်းနှီးမြှုပ်နှံမယ့်ကုမ္ပဏီအချင်းချင်းစီမံကိန်း
အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ နားလည်မှု စာချွှန်လွှာရေးထိုးဖို့အတွက်
ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြထားတယ်လို့ သိရပါတယ်။ ကျွန်မတို့
စက်မှုဝန်ကြီးဌာနနဲ့ထိုးမှာမဟုတ်ပါ ဘူး''ဟု ဒေါ်အေးအေးဝင်းက
ပြောကြားခဲ့ပါသည်။ |
No comments:
Post a Comment