Monday, July 30, 2012

မြန်မာနိုင်ငံတွင် ဘတ်သန်း ၃၀ ရင်းနှီးမြှုပ်နှံကာ ကားဆားဗစ်စင်တာတစ်ခုကို မြန်မာနိုင်ငံသား လုပ်ငန်းရှင်များဖြင့် ပူးပေါင်းတည်ထောင်မည်ဟု ထိုင်းနိုင်ငံမှ TSL ကားကော်ပိုရေးရှင်း ကုမ္ပဏီ ထုတ်ပြန်


မြန်မာနိုင်ငံတွင် ဘတ်သန်း ၃၀ ရင်းနှီးမြှုပ်နှံကာ ကားဆားဗစ်စင်တာတစ်ခုကို မြန်မာနိုင်ငံသား လုပ်ငန်းရှင်များဖြင့် ပူးပေါင်းတည်ထောင်မည်ဟု ထိုင်းနိုင်ငံမှ TSL ကားကော်ပိုရေးရှင်း ကုမ္ပဏီ ထုတ်ပြန် 

တည်ဆောက်မည့် SMRT စင်တာပုံစံအား smrtservice.com တွင် ဖော်ပြထားစဉ်
ထိုင်းနိုင်ငံမှ TSL Auto Corporation Co.,ltd. သည် မြန်မာနိုင်ငံတွင် ကားဆားဗစ်စင်တာ တည်ထောင်သွားမည်ဟု ထိုင်းနိုင်ငံ The Nation သတင်းစာ၏ ဖော်ပြထားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ကားဆားဗစ်စင်တာ တည်ထောင်ရာ၌ အဆိုပါကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များဖြင့် အကျိုးတူ ပူးပေါင်းတည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။
TSL မှာ ထိုင်းနိုင်ငံ၏ ဇိမ်ခံကား တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများတွင် အကြီးဆုံးကုမ္ပဏီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံဖြစ်ခဲ့ပါက TSL ကုမ္ပဏီအနေဖြင့် ထိုင်းနိုင်ငံပြင်ပ၌ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်လာလိမ့် မည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် One Stop Service စင်တာအဖြစ် တည်ထောင်လုပ်ကိုင်သွားမည်ဖြစ်ပြီး ဘတ်သန်း ၃၀ အထိ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အကျိုးအမြတ်အနေဖြင့် မြန်မာလုပ်ငန်းရှင်များက ၆၀ ရာခိုင်နှုန်း TSL Auto Corporation Co.,ltd. မှ ၄၀ ရာခိုင်နှုန်းအချိုးဖြင့် သဘောတူညီမှုရယူကာ ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ကြောင်း TSL  Auto Corporation Co.,ltd. ၏ CEO မှ ပြော ကြားခဲ့သည်။
''ထိုင်းနိုင်ငံမှာရှိတဲ့ စင်တာပုံစံအတိုင်း မြန်မာနိုင်ငံမှာလည်း တည်ထောင်သွားမှာပါ။ မြန်မာနိုင်ငံရဲ့ လတ်တလော ကားဈေးကွက်က ကျယ်ပြန့်ကြီးမားနေတယ်။ ကားတင်သွင်းမှုတွေ ရှိနေပေမယ့် ပြင်ဆင်ထိန်းသိမ်း တဲ့နေရာမှာတော့ အား နည်းနေတယ်လို့ ထင်တယ်။ ကျွန်မတို့အနေနဲ့ ပြင်ဆင်ထိန်းသိမ်းမှု ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်ပညာရှင်တွေကို မြန်မာနိုင်ငံကို စေလွှတ်သွားဖို့ ရှိပါတယ်''ဟု TSL ၏ CEO ဖြစ်သူက ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။ 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။