Monday, July 30, 2012

ဗိုလ်တစ်ထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေနေရာ တိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တည်ဆောက်သွားမည်


ဗိုလ်တစ်ထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေနေရာ တိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တည်ဆောက်သွားမည် 

Sunday, 29 July 2012 14:10
ဗိုလ်တထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေ နေရာတိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ ဗိုလ်တထောင်ဆိပ်ကမ်းအား မြေနေရာတိုးချဲ့ရာတွင် ဗိုလ်တထောင်ဆိပ်ကမ်း အမှတ်(၃) ဘောတံတားမှ အမှတ်(၁)ကုန်းတွင်း ကုန်သေတ္တာစင်ထိပ်ထိ ကမ်းနားတစ်လျှောက်အား ရေကာတံတိုင်း ဆောက်လုပ်၍ မြေဖို့ပြီးမြေနေရာ တိုးချဲ့ခြင်းအား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“မူလရေကာတံတိုင်း အစွန်နေရာကနေ မြစ်လယ်ဘက်ကို ပေ ၁၀၀ခန့်တိုးချဲ့ပြီး အရှည် ၂၄၄၀ ပေ ရှိတဲ့ ရေကာတံတိုင်း တည်ဆောက်သွားမှာပါ။ နောက်ခံဧရိယာကို သဲ ဖို့ပြီး မြေနေရာ ဖော်ထုတ်ပြီးတဲ့အခါ လက်ရှိထက်မြေ ၆ ဒသမ ၄ဧက ထပ်မံပေါ်ထွန်းလာမှာဖြစ်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အင်ဂျင်နီယာချုပ် ဦးမြသန်းက ပြော ကြားခဲ့သည်။

 ဗိုလ်တထောင် ဆိပ်ကမ်းအမှတ်(၃)ဘောတံတားမှ အမှတ်(၁) ကုန်းတွင်းကုန်သေတ္တာ စင်ထိပ်ထိ ကမ်းနားတစ်လျှောက်အား ရေကာတံတိုင်းဆောက်လုပ်၍ မြေဖို့ပြီး မြေနေရာတိုးချဲ့ခြင်းအား ပြုလုပ်သွားမည်ဖြစ် . . .

“ ဒီလိုဆိပ်ကမ်း မြေနေရာဟာ နိုင်ငံတကာမှာရော ပြည်တွင်း မှာပါ တန်ဖိုးရှိတဲ့မြေနေရာဖြစ်တဲ့အတွက် ဒါကိုအသုံးချပြီး ၀င်ငွေတိုးအောင် လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊ မြေနေရာတိုးချဲ့ရေး ဆောင်ရွက်တဲ့ နေရာမှာလည်း စီးပွားရေးအရ တွက်ခြေကိုက်မှုရှိ၊မရှိ ချိန်ဆပြီး အချိန်တိုအတွင်းပြီးစီးအောင်နှင့် ရေပေါ်ဟိုတယ်တွေ၊ စားသောက်ဆိုင်တန်းတွေနဲ့ စည်ပင်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပို့ ဆောင်ရေးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဦးဥာဏ်ထွန်းအောင်က ဇူလိုင်လ ၇ ရက်နေ့က အဆိုပါဆိပ် ကမ်းတိုးချဲ့မည့် နေရာသို့ရောက်ရှိစဉ် က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဗိုလ်တထောင်ဆိပ်ကမ်း၌ လှလှပပ ကုမ္ပဏီလီမိတက်မှ ရေပေါ်ဟိုတယ် တည်ဆောက်ရေး စီမံကိန်းအား စတင် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ယင်းကုမ္ပဏီမှ ပထမအဆင့် အနေဖြင့် ဗိုလ်တထောင်အမှတ် (၆) ဆိပ်ခံတံတားအထက်နှင့် အောက်ပြု ပြင်ခြင်းလုပ်ငန်းအား လုပ်ဆောင် လျက်ရှိသည်။
လှလှပပ ကုမ္ပဏီလီမိတက်မှ ရေပေါ်ဟိုတယ်အဖြစ် သင်္ဘောနှစ်စီး အသုံးပြုသွားမည် ဖြစ်ကာ အလျား ၂၂၈ ပေ၊ အနံပေ ၅၀ ရှိသော သင်္ဘောတစ်စီးနှင့် အလျား ၂၃၆ ပေ အနံပေ ၅၀ ရှိသော သင်္ဘောတစ်စီး ပါဝင်မည်ဖြစ်ပြီး သင်္ဘောတစ်စီးလျှင် အခန်းပေါင်း ၇၂ ခန်းပါဝင်ပြီး နှစ်ယောက်ခန်းများ ဖြစ်သည့် အတွက်လူဦးရေ ၁၄၄ ယောက်အထိ တည်းခိုနိုင်မည်ဟု သိရသည်။
 

Comments 

0 #12 blackberry 2012-07-30 13:11
Quoting USaytanar:
Please kindly show me a proper EIA report. Please do not disturb the nature without proper studies. Area of 100 ft x 2400 ft disturbance to a river might be dangerous. Even a bridge pier can damage a river. Therefore, do not say free hand please.
Frankly, I'm not a maritime specialist. And I'm not involved in this project and the developer company. :D I'm just sharing a different point of view.

However, we should know that this area is already a port (long time ago). In other word, it has been destroyed and not natural anymore. I think there is no tidal forest in that area (maybe a few trees there). I'm sure the projection of 100ft is shorter than a jetty currently using there.
I'm just telling that this project is a part of development of Yangon city. IMO, the extent of project is small and of course impact will be much less than that we faced in(Myit-Sone Dam), we should accept it for the sake of recreational zone after the development.
We cannot always get the situation/development project which has no impact on ecosystem.

Thanks.
 
+2 #11 myatminlwin 2012-07-30 12:55
အရင်တုန်းကရန်ကုန်မြစ်ရဲ့တစ်နေရာမှ ကောလာလို့ ရေကျချိန် လူတွေ ဘောလုံးကစားတဲ့သတင်း EMG မှာတွေ့ တော့ ကျနော်က မပူပါနဲ့ နောက်ဆိုရင် ထူး တို့  အေးရှားဝေါလ်တို့ က ရန်ကုန်မြစ်ကို ကတ္တရာလမ်းခင်းဖို့ လုပ်မှာပါလို့ ရွဲ့ ပြောခဲ့တာ အခု အရူးတွေက တကယ်ုပ်တော့မှာပဲ။ ဒါနဲ့ တောင် ရန်ကုန်ဆိပ်ကမ်းကို နိုင်ငံခြားစံချိန်မှီ ဆိပ်ကမ်းလုပ်ပြီး နိုင်ငံခြားသင်္ဘောတွေ ကပ်လို့ ရအောင်လုပ်ဦးမယ်။ လူမှန်နေရာမှန် မရောက်သရွေ့  မြန်မာပြည်သားတွေ ကိုယ် စိတ် နှစ်ပါး ဆင်းရဲကြဦးမှာပဲ။
 
 
+1 #10 USaytanar 2012-07-30 12:38
Quoting blackberry:
The report said reclamation is 100 feet towards the river over length of 2400feet.
I think 100 feet is not a big deal compare to the 3000feet-wide river at that location. If you have doubt, use Google map and see yourself. It's not blocking the whole river.
It's something like improving the river bank by constructing a retaining wall.
Please kindly show me a proper EIA report. Please do not disturb the nature without proper studies. Area of 100 ft x 2400 ft disturbance to a river might be dangerous. Even a bridge pier can damage a river. Therefore, do not say free hand please.
 
0 #9 USaytanar 2012-07-30 12:28
Quote:
လက်ရှိအချိန်တွင် ဗိုလ်တထောင်ဆိပ်ကမ်း၌ လှလှပပ ကုမ္ပဏီလီမိတက်မှ ရေပေါ်ဟိုတယ် တည်ဆောက်ရေး စီမံကိန်းအား စတင် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
It is interesting who own that company. Cronies? Why not the other companies? Why it is not calling for tenders in the newspaper if sincere?
EIA please!
Please do not ask "Hla Hla Pa Pa" or ministry of transport to do EIA, that will bias and useless study for river. Ask third party renowned company for EIA report.
EMG and all media, please kindly follow up this issue to save the river environment.
 
0 #8 blackberry 2012-07-30 09:41
The report said reclamation is 100 feet towards the river over length of 2400feet.
I think 100 feet is not a big deal compare to the 3000feet-wide river at that location. If you have doubt, use Google map and see yourself. It's not blocking the whole river.
It's something like improving the river bank by constructing a retaining wall.
 
+1 #7 tntun 2012-07-30 09:00
ဟိုဘက်ကမ်းကလူတွေပြေးဖို့ပြင်ထားကြ။
ရေစွယ်ထိုးပြီးကမ်းပါးပြိုတော့မယ်။
 
+7 #6 nga shwe 2012-07-30 07:24
ငါတို့ အစိုးဌာနတွေမှာလဲဥဏှောက်နဲ့ စဉ်းစားဆင်ခြင်ညဏ်မရှိတဲ့စောက်ရူးတွေဘဲခန့် ထားတာပါလား
လုပ်တော့ဆိပ်ကမ်းဌာန
ပိတ်ဆံရှာဖို့ စဉ်းစား တော့မြစ်ကို မြစ်လယ်အထိမြေဖို့ 
ရူးလဲရူးတဲ့ဥဏှေက်
အဲဒီအတားအဆီးကြောင့်နှုန်းတွေပိတ်ဆို့ ပြီးမြစ်ကြောင်းကျဉ်းလာမှာမတွေးမိဘူးလား ??????
ရေပေါ်ဟိုတယ်ဆိုတာသင်္ဘောပေါ်ကနေမြစ်ရဲ့စည်းစာအလှကိုခံစားနိုင်ဖို့ နဲ
မြစ်ကိုဖြတ်ပြီးတိုက်ခတ်လာတဲ့ လေကောင်းလေသန့် တွေရှုရှိုက်ခံစားဖို့ ပါ
မြစ်ကိုပိတ်ဆို့ ဖျက်စီးဖို့ မဟုတ်ဘူး
အဲအရူးဝန်ကြီးကလဲအားပေးအားမြောက်
 +6 #5 Zawtika 2012-07-30 05:45
ရူးပါ့ဗျာ...
စင်္ကာပူ မှာက မြေ မရှိလို့ မြေဖို့တာလေ....
စီးပွားရေးအရ တွက်ခြေကိုက်မှုရှိ၊မရှိ ချိန်ဆပြီး ဆိုတာတော့ကောင်းပါရဲ့
သဘာဝ ပါတ်ဝန်းကျင် နဲ့ မြစ်ကြောင်းထိခိုက်မှာ ကိုပါ ထည့်စဉ်းစားစေချင်ပါတယ်။
 
+6 #4 tntun 2012-07-29 21:21
ရေကိုမကြည့်၊ မြေကိုကြည့်သည်
CPI ထက်သာမည် ၊ Port Authority !
 
 +2 #3 tntun 2012-07-29 20:59
Save the Irrawaddy!
 
+44 #2 minhtetpaizin 2012-07-29 17:41
ဗိုလ်တထောင်ဆိပ်ကမ်းအထိ သင်္ဘောကြီးတွေဝင်လို့ရအောင် ရန်ကုန်မြစ်ကိုပြုပြင်မယ် ဆိပ်ကမ်းကိုကောင်းအောင်လုပ်မယ်မစဉ်းစားဘူး ။မြစ်ကိုမြေဖို့ပြိးဟိုတယ်ကိုရောင်းစားအုံးမယ် ။ တော်ကြပါပေတယ်။ ရန်ကုန်မြစ်ရဲ့ အနာဂါတ် ရင်လေးစရာ။
 
+20 #1 win khant 2012-07-29 16:52
ပဲကြီးဟင်း စားဦးမယ်တူတယ်..

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။