Monday, July 30, 2012

နန်းအောင်ထွေးကြည်နှင့်ပက်သက်သည့်သဘောထား (ဆမား) ညီညီ


နန်းအောင်ထွေးကြည်နှင့်ပက်သက်သည့်သဘောထား (ဆမား) ညီညီ:






ပြည်ထောင်စုနေ.(၁၅)ယောက်သတ်ဖြတ်မှုကိုတရားဝင်အောင်ကြိုးပမ်းမှုတစိတ်တပိုင်း
ABSDF စစ်ရုံးချုပ်မှာ ဖမ်းဆီးထားတဲ့သူလျှို့တရားခံတွေထဲကသီမ်းဆည်းရရှိထားသောသက်သေခံပစ္စည်းများ ပြပွဲတခုကိုလုပ်ပြခဲ့ပါတယ်။မြောက်ပိုင်းကျောင်းသားတပ်ဖွဲ.ဝင်ဘယ်သူကမှစိတ်မဝင်စားပေမဲ့ တောင်ပိုင်း
ကလာတဲ့ ဒေါက်တာနိုင်အောင်တို.အဖွဲ.ကတော့တော်တော်လေးကိုစိတ်ဝင်စားပြီး အဖမ်းခံရတဲ့သူတွေကိုစိတ်နာပြီးနောက်ပိုင်း ရာဇဝတ်မှုတွေမှာပါဝင်ပက်သက်တော့တာပါပဲ။ပြပွဲီမှာပြထားတဲ့အထဲက ဆက်သွယ်ရေးစက်တွေဆိုတာက ရိက္ခာဌာနက ရဲဘော်အောင်မျိုးလွင် အိပ်ရာဘေးကနေသွားသိမ်းထားတာတွေပါ။ဒါပေမဲ့အောင်မျိုးလွင်ကိုတော့မဖမ်းပါဘူး။အောင်မျိုးလွင်ရဲ.
ဆရာရင်းဖြစ်တဲ့ ကျားလေး(ခ)အောင်စိုး ကနမ္မားသားဖြစ်ပြီးသံချောင်းရဲ.တပည့်ရင်းဖြစ်နေလို.ပါ။အဲဒီစက်တွေကကျောင်းသားတပ်အတွင်းသုံးခဲ့တဲ့ ICON စကားပြောစက်အပျက်တွေပါ။အောင်မျိုးလွင်က သံချောင်းတဲ ကနေတောင်းယူလာပြီးသူ.ရိက္ခာတဲထဲမှာ ခဲဂွေနဲ.ဂဟေဆော်တဲ့ဂေါက်နဲ.ထင်းရူးဆီ နဲ.ဟိုဖြုတ်ဒီတပ်လုပ်ပြီး ဆော့နေတဲ့စက်အပျက်တွေပါ။နောက်ထပ်စက်တလုံးက ဝဏ္ဏဇော် တို.သုံးနေတဲ့ FM RADIO ဖမ်းလို.ရတဲ့ကက်ဆက်ပါ။အောင်မျိုးလွင်နေတဲ့တဲက စက်အပျက်တွေကို သန်းဇော်နဲ.ဇော်ဇော်မင်း တို.ကသီမ်းသွားပြီးပြပွဲတင်ပြသလိုက်တာပါ။နောက်တခါ ဓါတ်ခဲကိုခွဲပြီးတော့အတွင်းကထွက်လာတဲ့ ကာဗွန်မှုန်.အမဲတွေ၊ဦးစိန်က လေနာရင်သောက်ရအောင်ဆောင်ထားတဲ့ ဆိုဒါမှုန်. တွေကိုဖမ်းဆီးရမိတဲ့ အဆိပ် များဆိုပြီးပြထားတာပါ။အဲဒီပစ္စည်းတွေထဲက ဝဏ္ဏဇော်ရဲ. ကက်ဆက်ကလွဲရင် ကျန်ပစ္စည်းတွေဟာ အဲဒီပြပွဲဖြစ်မြောက်ရေးကော်မတီဝင်တွေကစီစဉ်ထားတဲ့ပစ္စည်းတွေပါ။ဘယ်တရားခံဆိုသူတွေကမှထုတ်ပေး
ထားတဲ့ပစ္စည်းတွေမဟုတ်ပါဘူး။အဲဒီပွဲဟာ လီမ်ပွဲကြီးဆိုတာကိုကျောင်းသားတပ်မှာအဖမ်းမခံရပဲ ကျန်နေတဲ့သူတွေအားလုံးသိကြပါတယ်။ဘယ်သူကမှဘာမှမပြောကြပါဘူး။နိုင်အောင်တို.အဖွဲ.က အားသိပ်ကြီးနေလို.လားတော့မသိပါဘူး။သေချာတာကတော့ အဖမ်းမခံခဲ့ရသူတွေဟာ ဒီရာဇဝတ်မှုကိုကျုးလွန်ခဲ့တဲ့အစီအမံတွေ၊လုပ်ရပ်တွေကို ရေငုံနှုတ်ပိတ်နေခဲ့ကြပြီးပူးပေါင်းပါဝင်ခဲ့ကြ
တာပဲဖြစ်ပါတယ်။အဲဒီချိန်ကကြောက်လို.မပြောခဲ့တာပါဆိုရင်တောင် ခု နှစ် ၂၀ ကျော်တဲ့အထိ ဘာလို.ရေငုံနှုတ်ပိတ်နေ နေကြတာတုန်းဆိုတာကိုတော့ကာယကံရှင်တွေဖြေရှင်းပေးကြပါအုံးဆို
တာပြောချင်ပါတယ်။

ဆမားညီညီ (OSC)
၃၀-ရ-၂၀၁၂







နန်းအောင်ထွေးကြည်နှင့်ပက်သက်သည့်သဘောထား (ဆမား) ညီညီ (၂၉-ရ-၂၀၁၂) ပထမတော့ဘာမှမပြောပဲနေမလို.ပဲ။ဒါပေမဲ့ဒီထက်ပိုကြီးကျယ်လာပြီးအတွင်းထဲမှာလှိုက်လောင်နေတာ
မျိုးဖြစ်မသွားအောင်ဖွင့်ချလိုက်ပါမယ်။နန်းအောင်ထွေးကြည်နဲ. ခင်ချိုဦးကို ထောက်လှမ်းရေးလို.ဆိုပြီး သံချောင်းနဲ.မျိုးဝင်းက ၁၉၈၉ ကတည်းကစွတ်စွဲပြီး ကျွန်တော်တို.မန္တလေး UG အဖွဲ.ကိုစုံစမ်းပေးဖို.နဲ.ဟုတ်ရင်အရေးယူမှာဖြစ်တယ်လို. စာပို.ဖူးပါတယ်။ကျွန်တော်တို.သိထားတာတွေအရ သူတို. ၂ ဦးစလုံးထောက်လှမ်းရေးမဟုတ်တဲ့အကြောင်းစာပြန်ခဲ့ပါတယ်။စာပြန်တဲ့အထဲမှာ ကျွန်တော်တို. ABSDF မြောက်ပိုင်းရဲ. စည်းရုံးရေးနဲ.ဝါဒဖြန်.ချီရေးကော်မတီဝင် ၄ ဦးဖြစ်သော သံဃသမဂ္ဂီ ဥက္ကဌ ဆရာတော် ဦးရေဝတ၊ကိုချိုကြီး၊ကိုမောင်ခိုင်၊ကျနော်ညီညီ၊(ကျန်ကော်မတီဝင်တဦးဖြစ်သောကိုခင်မောင်ညွန်.နှင့်
အဆက်အသွယ်မရ)၊တို.က နန်းအောင်ထွေးကြည်နဲ.ခင်ချိုဦး တို.ဟာထောက်လှမ်းရေးမဟုတ်တဲ့အကြောင်းစာပြန်ခဲ့ပါတယ်။
နန်းအောင်ထွေးကြည်ကိုကယ်ဖို.အတွက် KIA ကစစ်မေးရာမှာလည်း သူ.ရဲ.ကေ့စ် တခုလုံးကိုအိတ်သွန်ဖာမှောက် စစ်ဆေးဖို.အတွက် တာဝန်ခံအဖြစ် ဗိုလ်ကြီးသိန်းဆွေကို တာဝန်ခံအဖြစ်စစ်ဆေးစေခဲ့ပါတယ်။အဲဒီတာဝန်ခံရဲ.အထက်မှာ ဗိုလ်မှုး ဆမ်လီ၊ဗိုလ်မှုးကြီး ပန်းအောင်တို. ရှိကြပါသေးတယ်။အဲဒီအဖွဲ.က နန်းအောင်ထွေးကြည်ကို ထောက်လှမ်းရေးမဟုတ်တဲ့အကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။သူဟာစစ်တပ်က ဗိုလ်တဦးဆိုရင် Australia မှာအနှစ် ၂၀ ကျော် ဘာလုပ်နေတာတုန်းလို.မေးရမှာပါ။ကျွန်တော်ဥာဏ်မမှီပါ။နန်းအောင်ထွေးကြည်ကို သံသယ ရှိသလိုမျိုးစကားလုံးတွေ Online မှာလုပ်နေတာနဲနဲကြာသွားပါပြီ။ကျွန်တော်တို.အဖမ်းခံရတဲ့ထဲက ပြန်လွတ်လာတဲ့လူတဦးက ရူးကြောင်ကြောင်နဲ.ဝင်ရှုတ်နေတာ နောက်ပိုင်းသူ.ဘာသာသူပေါ်လာပါလီမ်.မယ်။အထက်ကပြောသလို နန်းအောင်ထွေးကြည် သာ တကယ်မရိုးသားခဲ့ဘူးဆိုရင်တော့ ကျွန်တော်တို.တကယ်ညံ့ခဲ့ပါတယ်။နောင်မြန်မာပြည်အနာဂတ် နိုင်ငံရေးမှာဆက်မပါသင့်လောက်အောင်ကို ညံ့ခဲ့ပါတယ်။ဒါပေမဲ့ နန်းအောင်ထွေးကြည် ဟာ ထောက်လှမ်းရေးမဟုတ်ခဲ့ဖူး ဆိုရင်တော့ ဝိုင်းစွတ်စွဲ တဲ့သူတွေကို အမှုမှန်ပေါ်ခါနီးမှာဝင်မွှေနေတဲ့ နိုင်အောင်နဲ. အောင်နိုင်တို.ရဲ.လူအဖြစ် သတ်မှတ်ရပါလီမ့်မယ်။ ကျွန်တော် လူညံ့တယောက်မဖြစ်အောင်ဆုတောင်းနေပါတယ်။
မှတ်ချက်။ ။နန်းအောင်ထွေးကြည်နှင့်ပက်သက်၍မေးမြန်းလာသူများကိုဖြေကြားခဲ့ခြင်းဖြစ်ပါသည်။မေးမြန်းသူများ

အနေဖြင့်ဘာကြောင့်မေးမြန်းရသည်ကိုပြန်ရေးပေးလီမ့်မည်ဟုယုံကြည်ပါသည်။အဖျဉ်းဆုံးကျွန်တော်
ညံ့သွားလျှင်လည်း ဘယ်နားညံ့နေကြောင်းသိနိုင်ရန်ဖြစ်ပါသည်။





No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။