Adidas ၊ Mango ၊ Oakley ၊ Gucci တို့ အပါအ၀င် နာမည်ကျော် ကုန်ပစ္စည်း ၂၀ ကျော်ကို Creation(Myanmar) ကုမ္ပဏီမှ မြန်မာပြည်တွင်း တရားဝင်ရောင်းချခွင့် ရရှိ |
တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ adidas စတိုးဆိုင်တစ်ခုအား တွေ့ရစဉ်
''၂၀၁၂ ခုနှစ်ထဲမှာ Adidas နဲ့ Mango တို့လို နာမည်ကျော် ကုန်ပစ္စည်းတချို့ကို တရားဝင် ရောင်းချခွင့်ထပ်ပြီးရခဲ့တယ်။ လက်ရှိအချိန်ထိ ကုန်ပစ္စည်း ၂၀ ကျော်ကို တရားဝင် ရောင်းချခွင့်ရထားပါတယ်။ တ ခြား ထိပ်တန်း ကုန်ပစ္စည်းတွေလည်း ၀င်ရောက်ဖို့ ချိတ်ဆက်နေတာလည်း ရှိတယ်။ Adidas ကတော့ လောလောဆယ် တစ်ဆိုင်ဖွင့်ထားပြီးပြီ။ Mango ဆိုင်ကိုတော့ သြဂုတ်လမှာ ဖွင့်သွားမှာပါ''ဟု Creation (Myanmar) ကုမ္ပဏီမှ Brand မန်နေဂျာ ဒေါ်ချမ်း မြချောက ပြောကြားပါသည်။ အဆိုပါ Creation (Myan- mar) ကုမ္ပဏီမှ မြန်မာနိုင်ငံအတွင်း တရားဝင် ရောင်းချခွင့်ရရှိထားသော နိုင်ငံတကာ ကုန်ပစ္စည်းများမှာ Smipod ၊ Dadida ၊ Mango ၊ Adidas ၊ Dapper ၊Oakley ၊ Ashworth ၊ Espada ၊ Rider/ Ipanema ၊ Bonia ၊ Giordano jun-ior ၊ BSX ၊ Giordano ၊ Charles & Keith ၊ Gucci sunglass ၊ Sembonia ၊ Cherilon ၊ Guess timepieces ၊ The Face Shop ၊ Clark ၊ Jaspal စသည်တို့ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် Creation(Myanmar) ကုမ္ပဏီလီမိတက်သည် လက်လီအရောင်းလုပ်ငန်းနှင့် ဈေးဝယ်စင်တာလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိပြီး Orange Supermarket ရှစ်ဆိုင်၊ Blazon Department စတိုးနှစ်ဆိုင်နှင့် Skywalk ဈေးဝယ်စင်တာလုပ် ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်ပြီး ၂၀၀၈ ခုနှစ်က မီးလောင်ပျက်စီးသွားသည့် Skywalk ဈေးဝယ်စင်တာ ပြန်လည်တည်ထောင်နိုင်ရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း သိရပါသည်။ Creation (Myanmar) ကုမ္ပဏီ ကို ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ အုပ်ချုပ်မှုဒါရိုက်တာအဖြစ် ဦးကျော်မြင့်က တာဝန်ယူထားပြီး ၎င်း၏သားများဖြစ်ကြသည့် ဦးဟန်ကြည်၊ ဦးဟန်စိန်၊ ဦးဟန်အောင်တို့က ဒါရိုက်တာများအဖြစ် တာဝန်ယူ လုပ်ကိုင်နေသည်။ ယင်းကုမ္ပဏီအနေဖြင့် အထက်ပါလုပ်ငန်းများအပြင် Otis Escalator ၊ Carrier Aircon ၊ Bowers & Wilkins ၊ Clas- se Audio Product ၊ NVC Lighting ၊ Optoma Projectors စသည့် ကုန်ပစ္စည်းများ၏ မြန်မာနိုင်ငံဆိုင် ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ယူ လုပ်ကိုင်ပေးနေသည်။ ဂျပန်၊ အမေရိကန်နှင့် ဒူဘိုင်းတို့မှ မော်တော်ယာဉ်များ တင်သွင်းရောင်းချသည့် လုပ်ငန်းကိုလည်းလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ |
No comments:
Post a Comment