Monday, July 30, 2012

ပေကျင်းရေကြီးမှုကြောင့် ပျက်စီးမှုများအတွက် မြို့တော်ဝန်က ဒေသခံများအား တောင်းပန်


ပေကျင်းရေကြီးမှုကြောင့် ပျက်စီးမှုများအတွက် မြို့တော်ဝန်က ဒေသခံများအား တောင်းပန် 
Sunday, 29 July 2012 17:40
တရုတ်နိုင်ငံ ပေကျင်းတွင် သီတင်းတစ်ပတ်အတွင်း ရေကြီးခဲ့မှုများကြောင့် အဆိုးရွားဆုံး ပျက်စီးခဲ့မှုများအတွက် ပေကျင်းမြို့တော်ဝန်က ပေကျင်းမြို့တော်နယ်နိမိတ်အတွင်းရှိ ဖန်ရှန်းခရိုင်မှ ဒေသခံများကို ဇူလိုင် ၂၆ ရက်နေ့တွင် တောင်းပန်ခဲ့သည်။
ဇူလိုင် ၂၆ ရက်နေ့တွင် ပေကျင်း၌ နောက်ထပ်မိုးသည်းထန်စွာ ရွာသွန်းမည်ဟု ခန့်မှန်းခဲ့သော်လည်း ပေကျင်းအနီးဝန်းကျင်ရှိ Tianjin မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။
ပေကျင်းတွင် သီတင်းတစ်ပတ်ကျော် ရေကြီးမှုများကြောင့် လူ ၇၇ ဦးသေဆုံးခဲ့သည်ဟု ပေကျင်းမြူနီစပယ် အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ရေကြီးမှု အဆိုးရွားဆုံး ဖြစ်ပွားခဲ့သည့် ပေကျင်းရှိ ဖန်ရှန်းခရိုင်တွင် လူ ၈၈၀၀၀၀၀ ကျော်ရေဘေးဒဏ်ခံခဲ့ရမှုကြောင့် မြို့တော်ဝန်က လူထုကို တောင်းပန်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဖန်ရှန်းတွင် ရေကြီးမှုကြောင့် လယ်ယာသုံး တိရစ္ဆာန် ၁၇၀၀၀ ကျော် သေဆုံးခဲ့ပြီး လယ်ယာမြေ ဟက်တာ ၅၀၀၀ ကျော် ရေလွှမ်းခဲ့ပြီး စီးပွားရေးအရ ဒေါ်လာ ၉၅၅ သန်း ဆုံးရှုံးခဲ့သည်။

Ref:CNN
Comments 
+4 #2 myint thein 2012-07-30 12:06
ဒီကရှေ့လျှေက် ကျွန်တော်တို့ မြန်မာနိုင်ငံလည်းဘဲ ဒီမိုကရေစီ စံနစ်ကျင့်သုံးတော့မှာမို့လို့ ကြိုးနီ ဗျူရိုကရက် အာဏာရှင်စံနစ် ကျင့်သုံးလို့ မရတော့ပါဘူး။ နိုင်ငံ့ဝန်ထမ်းအားလုံးသည် ပြည်သူကိုအလုပ်အကျွေးပြုရမည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သစ္စာရှိရှိ ဖြူစင်ရိုးသားစွာ အလုပ်လုပ်ကြရတော့မည်ဖြစ်ပါသည်။ သို့မှလည်းဘဲ တိုင်းပြည် အမှန်တကယ်တိုးတက်နိုင်ပါမည်။
+6 #1 myatminlwin 2012-07-30 09:58
ကျနော်တို့ နိုင်ငံက အုပ်ချုပ်သူတွေနဲ့ ကွာပါ့။ မတောင်းပန်တဲ့အပြင် အချုပ်ထဲတောင်ဆွဲထည့်ဦးမယ်သူတို့ ကို အပြစ်ပြောလို့ကတော့

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။