လက်ပံတောင်းတောင် စီမံကိန်း၌ ပါဝင်ဆောင်ရွက်ခဲ့ခြင်းသည် ယင်းဒေသ အကျိုးတစ်ခုတည်းအတွက် မဟုတ်ဘဲ နိုင်ငံ၏ အနာဂတ်ကို မျှော်ကိုး၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
- Created on Wednesday, 13 March 2013 10:38
ထို့အပြင် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး၊ တပ်မတော်နှင့် ဆက်ဆံရေးကို အဓိကထား လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ တိုင်းပြည် အနာဂတ်ကို အဓိကထား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ တိုင်းပြည်၏ သိက္ခာ နိုင်ငံတိုးတက်မှုအတွက် အင်အားရအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်လို့ ၀င်ပြီးတော့ လုပ်တာဟာ ဒီဒေသလေးအတွက် မဟုတ်ဘူး။ တစ်နိုင်ငံလုံးအတွက်၊ နိုင်ငံရဲ့ အနာဂတ်ကိုကြည့်ပြီး၊ ဒီနိုင်ငံရဲ့ အနာဂတ်ကို ဘယ်လိုဖြစ်သင့် ဖြစ်ထိုက်တယ် ဆိုတာကို လေ့လာစုံစမ်းပြီးတော့ လုပ်သွားတာပဲ။ ဒီရည်ရွယ်ချက်နဲ့ပဲ လုပ်တယ်။ ဒီရည်ရွယ်ချက်နဲ့ပဲ ဆက်သွားမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့အပြင် အများပြည်သူ ပြောဆိုနေသော မီးလောင်ဗုံးမှာ မဟုတ်ဘဲ မီးခိုးဗုံးသာဖြစ်ကြောင်း၊ မိမိကိုယ်တိုင် လက်တွေ့စမ်းသပ် စစ်ဆေးမှုများကို ကြည့်ရှုခဲ့ရကြောင်း၊ သို့ရာတွင် မီးခိုးဗုံးကို အသုံးပြုရာ၌ သုံးပုံသုံးနည်း မကျွမ်းကျင်၊ မလေ့ကျင့် စမ်းသပ်ထားမှု မရှိဘဲ အသုံးပြုခဲ့သည့်အတွက် မလိုလားအပ်သည့် ကိစ္စများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အများပြည်သူ ပြောဆိုနေသော မီးလောင်ဗုံးမှာ မဟုတ်ဘဲ မီးခိုးဗုံးသာဖြစ်ကြောင်း၊ မိမိကိုယ်တိုင် လက်တွေ့စမ်းသပ် စစ်ဆေးမှုများကို ကြည့်ရှုခဲ့ရကြောင်း၊ သို့ရာတွင် မီးခိုးဗုံးကို အသုံးပြုရာ၌ သုံးပုံသုံးနည်း မကျွမ်းကျင်၊ မလေ့ကျင့် စမ်းသပ်ထားမှု မရှိဘဲ အသုံးပြုခဲ့သည့်အတွက် မလိုလားအပ်သည့် ကိစ္စများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း... |
အဆိုပါ လက်ပံတောင်း စီမံကိန်း စုံစမ်းစစ်ဆေးခဲ့ရာ၌ ကော်မရှင် အဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ခဲ့မှုနှင့် အားလုံးက ၀ိုင်းဝန်းကူညီခဲ့သည့် အတွက် မိမိအနေဖြင့် ကျေနပ်ကြောင်း၊ ယင်းကဲ့သို့ ကူညီခဲ့သည့်အတွက် သိသင့်သိထိုက်သော အချက်အလက်များကို အခက်အခဲ သိပ်မရှိဘဲ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက် တွင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်တွင် ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ကော်မရှင်အနေနှင့် စီမံကိန်းနှင့် ပတ်သက်သည့် အစီရင်ခံစာကို မတ်လ ၁၁ ရက် မွန်းလွဲ ၄ နာရီ ၃၀ မိနစ်အချိန်က သမ္မတထံသို့ တင်သွင်းခဲ့သည်။
No comments:
Post a Comment