NLD ပညာရေးရန်ပုံငွေအတွက် ပြည်တွင်းကုမ္ပဏီကြီးတွေ ငွေသိန်း ထောင်ချီပေးအပ်
(ဓာတ်ပုံ - ဒီဗွီဘီ)
ပြည်တွင်းကုမ္ပဏီကြီးတွေက အခုလို သိန်းရာထောင်ချီ လှူဒါန်းထားတဲ့ အကြောင်းကို ဒီဇင်ဘာ ၁၈ ရက်နေ့က တော်ဝင်နှင်းဆီမှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်တာပါ။
ထည့်ဝင်ငွေပမာဏကတော့ SkyNet၊ Shwe FM ၂ ခုပေါင်း သိန်းပေါင်း ၁၃၀ဝ ၊ Air Bagan နဲ့ AGD Bank ၂ ခုပေါင်း သိန်း ၇၀ဝနဲ့ Myanmar Distribution Group (MDG) က သိန်း ၁၀ဝ၊ Excel ကုမ္ပဏီက ၂၅ သိန်း စသည်တို့ ဖြစ်ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲကို ပြည်တွင်း ပြည်ပ မီဒီယာတွေ တက်ရောက်လာတာ တွေ့ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဦးတင်ဦးအပါအဝင် ပညာရေးကွန်ယက် တာဝန်ရှိသူတွေက သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ပြန်လည် ဖြေကြားပေးခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်အဖွဲ့က လာမယ့် ဒီဇင်ဘာလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ ပြည်သူ့ရင်ပြင်မှာ ရန်ပုံငွေဂီတေဖျာ်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော် ကျင်းပဖို့ ရှိပြီး ပါတီဥက္ကဋ္ဌဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အမှတ်တရပစ္စည်း ၂ ခုကို လည်း လေလံတင် ရောင်းချဖို့ရှိပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း မြန်မာကွန်ဗင်းရှင်း စင်တာမှာ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတေဖျာ်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော် တခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပထမဆုံး ကျင်းပခဲ့ဖူးပြီး အဲ့ဒီပွဲတုန်းက ရန်ပုံငွေ သိန်း ၅၀ဝ ကျော် ရရှိခဲ့ပါတယ်။
by ဒီဗွီဘီ
No comments:
Post a Comment