ABSDF အဖွဲ့ ၈၈ ကျောင်းသား များနှင့် တွေ့ဆုံခဲ့
အဆိုပါ တွေ့ဆုံ ပွဲတွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသော ကိုကိုကြီး၊ကိုမင်းဇေယျ၊ ကိုဌေးကြွယ် ၊ ကိုမြအေး၊ကိုပြုံးချို တို့က လက်ခံ တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်ဟု ဆိုပါသည်။ မည်သို့ ဆွေးနွေး ကြသည်ကို ထုန်ပြန်ခြင်း မရှိ သော်လည်း ABSDF ၏ အနာဂတ် နိုင်ငံရေး အခန်း ကဏ္ဍ အတွက်နှင့် လက်တွဲ ဆောင်ရွက် ကြမည့် ကိစ္စများ ဆွေးနွေး ကြဖွယ် ရှိသည်ဟု ကျောင်းသား အသိုင်းအ၀ိုင်းမှ ပြောပါသည်။
ABSDF အဖွဲ့သည် ပြည်တွင်းရှိ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့နှင့် နက်ဖြန်တွင် တွေ့ဆုံရန် ရှိပြီး၊ အစိုးရ သစ်၏ ပြုပြင် ပြောင်းလဲရေး အပေါ်၌ အခြေခံပြီး အမြင် ဖလှယ်ကြမည်ဟု တိုင်းရင်းသား မဟာမိတ် အဖွဲ့မှ သိရ ပါသည်။
၈၈ ရုံးခန်းသို့ မကဒတ လာရောက် တွေ့ဆုံ ခဲ့စဉ် (ဓါတ်ပုံ – ၈၈ မျိုးဆက်ကျောင်းသားများ)
ABSDF အဖွဲ့သည် တိုင်းရင်းသား မဟာမိတ်များ အဖွဲ့နှင့် တွေဆုံ ပြီးနောက် နေပြည်တော်သို့ သွားရန် ရှိပါသည်။ နေပြည်တော်တွင် မည်သူနှင့် တွေ့ဆုံ နိုင်သည်ကို မသိရ သေးသော်လည်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နယ်စပ် ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီး ဌာန များမှ တာဝန် ရှိသူ များနှင့် တွေ့ဆုံရန် ၀န်ကြီး ဦးအောင်မင်း တို့နှင့် ကနဦးက ဆွေးနွေး ထားခဲ့ ပါသည်။
ထို့အပြင် ABSDF အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကသများ၊ Generation Wave၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ မကဒတ ရဲဘော်ဟောင်းများ၊ (၆၂)zW<~oY?Mwင်း သား ခေါင်းဆောင် ဟောင်းများ၊ ဝါရင့် နိုင်ငံရေး သမား များနှင့်လည်း တွေ့ဆုံရန် ရှိသေး သည်ဟု ခရီးစဉ် အစီအစဉ် အရ သိရှိ ခဲ့ပါသည်။
Written by ရွှေဟင်္သာသတင်းဌာန
No comments:
Post a Comment