မြန်မာ့စီးပွားရေးဝန်ဆာင်မှု ၂၀၁၃ တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း
7 Day News Journal, 19 December 2012 —- ဘန်ကောက်၊ ဒီဇင်ဘာ – ၁၉
ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသော်လည်း မြန်မာသည် ယခုအထိ အာရှ၏ အဆင်းရဲဆုံးနိုင်ငံများတွင် တစ်ခုအပါအ၀င်ဖြစ်နေဆဲရှိကာ လူဦးရေ၏ ၂၆ ရာခိုင်နှုန်းကျော်မှာလည်း တစ်နေ့ ၀င်ငွေ တစ်ဒေါ်လာ အောက်သာရရှိသည့် ဆင်းရဲမွဲတေမှု မျဉ်းအောက်ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ် နှစ်စဉ်နှစ်ကုန်ကာနီး ထုတ်ပြန်လေ့ရှိသော အရှေ့အာရှနှင့် ပစိဖိတ်စီးပွားရေးဆိုင်ရာ အစီရင်ခံစာတွင် ယခုနှစ်မှ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းဖော်ပြခံရခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်က “မြန်မာကိုသုံးထပ်ကွမ်း ပြောင်းလဲမှုလမ်းကြောင်းပေါ်တွင်ရှိနေသော နိုင်ငံတစ်နိုင်ငံအဖြစ် အကောင်းဆုံး သရုပ်ဖော်သတ်မှတ်နိုင်ကြောင်း” ဆိုထားသည်။
ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော ယင်းအစီရင်ခံစာတွင် မြန်မာသည် ပြောင်းလဲမှုများဆီ ဦးတည်နေသော်လည်း ထူးခြားသည့် စိန်ခေါ်မှုများ ရင်ဆိုင်ရန် ကျန်နေကြောင်း ယင်းတို့တွင် အခြေခံအဆောက်အအုံဆိုင်ရာ အခက်အခဲများ၊ ဘဏ္ဍာရေးကဏ္ဍတိုးတက်ရေးများ၊ ဆက်သွယ်ရေးကဏ္ဍနှင့် သဘာဝရင်းမြစ်များ စီမံခန့်ခွဲရေးတို့ ပါဝင်နေကြောင်း ဖော်ပြထားသည်။
ကမ္ဘာ့ဘဏ်၏ ယခု အရှေ့အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးဆိုင်ရာ အစီရင်ခံစာကို တစ်နှစ်နှစ်ကြိမ် ထုတ်ပြန်လေ့ရှိပြီး ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးအလားအလာများကို ဖော်ပြလေ့ရှိသည်။
Ref : World Bank Bangkok Post
No comments:
Post a Comment