Sunday, December 2, 2012

လက်ပံတောင်းတောင် သပိတ်စခန်းရှိ သံဃာတော်များ ဖြိုခွင်းခံရသည့်အရေးကို ဗြိတိန်နိုင်ငံ လူ့အခွင့်အရေး အထူးအကြံပေးအဖွဲ့မှ လာရောက်စုံစမ်း


လက်ပံတောင်းတောင် သပိတ်စခန်းရှိ သံဃာတော်များ ဖြိုခွင်းခံရသည့်အရေးကို ဗြိတိန်နိုင်ငံ လူ့အခွင့်အရေး အထူးအကြံပေးအဖွဲ့မှ လာရောက်စုံစမ်း 

ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံး
Messenger News Journal, 1 December 2012  —–  လက်ပံတောင်းတောင် သပိတ်စခန်းရှိ သံဃာတော်များ ဖြိုခွင်းခံရသည့် အရေးကို ဗြိတိန်နိုင်ငံ လူ့အခွင့်အရေးအထူးအကြံပေးအဖွဲ့မှ လာရောက် စုံစမ်းပြီး  ဂျီနီဗာရုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါ အကြံပေးအဖွဲ့နှင့် ဆွေးနွေးခဲ့သည့် အလုပ်သမား အခွင့်အရေး လှုပ်ရှား သူများအဖွဲ့မှ ပြောသည်။

လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာရှိတဲ့ သံဃာတော်တွေရဲ့ အခွင့်အရေးချိုးဖောက်ခံရခြင်းတွေကို ဗြိတိန်လူ့အခွင့်အရေး အကြံပေးက  သေချာစွာ ဆွေးနွေးသွားတယ်။ လတ်တလောဖြစ်ပွားနေတဲ့ လက်ပံတောင်းတောင် ဖြစ်ရပ်ကိုလည်း ဆွေးနွေးသွားပါတယ်..ဟု အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများအဖွဲ့မှ ဦှးုဂမ္ဘီရ(ခ) ကိုညီညီဇော်က ပြောသည်။
ဂျီနီဗာ အခြေစိုက်လူ့အခွင့်အရေးရုံးမှ အကြံပေးအဖွဲ့သည် မျက်မှောက်ခေတ်နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် သံဃာတော်များနှင့် အကျဉ်းကျ သံဃာတော်များ ရပိုင်ခွင့် အခွင့်အရေးများ၊ အလုပ်သမားအခွင့်အရေးများနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလှုပ်ရှားမှုများကို ဦးဂမ္ဘီရ(လက်ရှိလူဝတ်လဲ)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာတပ်ပေါင်းစုမှ အထွေထွေအတွင်းရေးမှူး ဦးသာဂရ၊ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများအဖွဲ့တို့နှင့် ဗြိတိန်သံရုံးတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အကျဉ်းကျသံဃာတော်များ လွတ်မြောက်လာပြီးနောက်ပိုင်း ၄င်းတို့၏ ဘ၀များသည် ကစဉ့်ကလျားဖြစ်နေ ကျန်ခဲ့တာတွေ ဆွေးနွေးခဲ့တယ်။ ဒီိမိုကရေစီအရေးဦးဆောင်ပါဝင်ခဲ့တဲ့ အကျဉ်းကျခံသံဃာတော်တွေကို ကျောင်းတွေမှာ နေခွင့်မပြုဖို့ တားမြစ်မှုတွေကြောင့် လူ့အခွင့်အရေးနစ်နာမှုတွေရှိတယ် .. ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုမှ အထွေထွေအတွင်းရေးမှူး ဦးသာဂရက ပြောသည်။
နိုင်ငံရေးတွင် လှုပ်ရှားနေသည့် သံဃာတော်များကို နိုင်ငံတော် သံဃာနာယကအဖွဲ့မှ ထိရောက်သော အကာအကွယ်များကို ပေးရန်လိုကြောင်းကို ဗြိတိန်လူ့အခွင့်အရေးအကြံပေး Mr.Bob Last နှင့် ဆွေးနွေးခဲ့ကြကြောင်း ဦးဂမ္ဘီရက ပြောသည်။
သံဃာအဖွဲ့ကြီးအတွင်းမှာ အစိုးရမူဝါဒ လွှမ်းမိုးမှုတွေရှိတယ်။နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့ သံဃာတော်တွေအပေါ်မှာ တာဝန်မယူမှုတွေ ရှိနေပါတယ်… ဟု ၄င်းကပြောသည်။
အေးမြင့်စန်း
(Messenger News Journal Volume 3, No. 28)

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။