ကြေးနီတောင် သပိတ်စခန်းဖြိုခွဲမှု ဆန့်ကျင် ဆန္ဒပြ
Yangon Press International, 2 December 2012 —- ရန်ကုန် ၊ ဒီဇင်ဘာ
၂၊မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ကြေးနီတောင် သပိတ်စခန်းကို အင်အားသုံး
ဖြိုခွဲမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုများ ရန်ကုန်မြို့၌ ဖြစ်ပွားလျှက်ရှိရာ
ယနေ့ညနေပိုင်းတွင်လည်း လူ ၃၀ ခန့်က ရွှေတိဂုံစေတီအရှေ့ဖက်မုခ်
ကြေးသွန်းဘုရားအနီးမှ စတင်ကာ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြသည်။
ယင်းသို့ဆန္ဒပြကြရာတွင် ဦးဆောင်သူများ အနက်မှ ၂ ဦးကို ရွှေဂုံတိုင်
ခြောက်ထပ်ကြီး ဘုရားအနီးအရောက်တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုမိုးသွေးနှင့်
ကိုအောင်စိုးတို့ဖြစ်သည်။မျိုးဆက်သစ် လူငယ်အစည်းအရုံး Generation Wave မှ
ကိုမိုးသွေး အား ယမန်နေ့ညနေပိုင်း စမ်းချောင်းမြို့နယ်တွင် ဆန္ဒပြမှုအတွက်
ရဲစခန်းမှ အလိုရှိနေပြီး ၎င်းနှင့် အတူအခြား ၄ ဦးကိုပါ ရဲစခန်းမှာ စာဖြင့်
ဆင့်ခေါ်ထားကြောင်းလည်း ခေါ်ယူခံရသူ တစ်ဦးဖြစ်ကYPI သို့ပြောသည်။
အခြားခေါ်ယူခံရသူများမှာ ကိုဒီငြိမ်းလင်း၊ ကိုစိုးမိုးထွန်း၊ မသန္တာ
အခြားတစ်ဦးဖြစ်သည်။
ဆန္ဒပြသူများအား ငြိမ်းချမ်းစွာ စုဝေးခွင့် စီတန်းလှည့်လည်ခွင့် မရပဲ
ပြုလုပ်သည့် ပုဒ်မ ၁၈ ဖြင့် သို့တည်းမဟုတ် ရာဇသတ်ကြီး ၅၀၅ ဖြင့်
အရေးယူမည်လား မသဲကွဲကြောင်း မသိရှိရသေးဟု ခေါ်ယူခံရသူများက ပြောသည်။ ။
YPI
No comments:
Post a Comment