စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာအပေါ် ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
Popular News Journal, 2 December 2012 —-
လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာအပေါ် ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
——————————————————–
စာအမှတ် – ၃၁/ ၂၀၁၂(၈၈)
ရက်စွဲ – ၂၊ ဒီဇင်ဘာ၊ ၂၀၁၂
၂၈၄(က)၊ ၁၆/၃ ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း – ၀၁- ၅၇၇ ၆၅၆
Email – 88generation@gmail.com
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉၂/၂၀၁၂ အရ ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာအပေါ် ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်။
အထက်ပါကိစ္စနှင့်ပတ်သက်ပြီး လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ကျွန်ုပ်တို့ အနေဖြင့် တောင်းဆိုခဲ့ပါသည်။
သို့သော် ယခု ဖွဲ့စည်းလိုက်သည့် ကော်မရှင်တွင် ၈၈မျိုးဆက်ကျောင်းသားများ အနေဖြင့် ပါဝင်ဆောင်ရွက်လိုသည့်ဆန္ဒမရှိပါကြောင်း အသိပေးအပ်ပါသည်။
၈၈မျိုးဆက်ကျောင်းသားများ။
(88 Generation Students facebook စာမျက်နှာမှ)
မုံရွာဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် ဒဏ်ရာရ သံဃာတော်များအား ကိုမင်းကိုနိုင်ဦးဆောင် သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ယနေ့မွန်းလွဲ ၂ နာရီခန့်က လှူဖွယ်ပစ္စည်းများလာရောက်လှူဒါန်းခဲ့သည်။
(ဓာတ်ပုံ – အောင်နေမျိုး)
Popular News Journal, 2 December 2012 —- မုံရွာ၊ ဒီဇင်ဘာ ၂
မုံရွာသို့ရောက်ရှိနေကြသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေးနှင့် ကိုဂျင်မီတို့သည် နေပြည်တော် တွင်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ ဒီဇင်ဘာ(၂)ရက်နေ့ ညနေ ၃ နာရီခန့် တွင် တွေ့ဆုံရန်ရှိသဖြင့် မကြာမီတွင်(၀၉း၀၀ ခန့်)ပင် မုံရွာမှ နေပြည်တော်သို့ ထွက်ခွာကြတော့ မည်ဖြစ်ပြီး၊ ကျန်အဖွဲ့သားများသာလျှင် လက်ပံတောင်းတောင် ဒေသခံများနှင့်တွေ့ဆုံကြမည်ဖြစ်ကြောင်း မုံရွာသတင်းထောက်မှ သတင်းပေးပို့ပါသည်။
No comments:
Post a Comment