လက်ပံတောင်း အကြမ်းဖက်မှုကိစ္စ ဒေလီမြန်မာများ ဆန္ဒပြ
လက်ပံတောင်း
ကြေးနီစီမံကိန်းသပိတ်မှောက်သူများအားအကြမ်းဖက်ဖြိုခွင်းမှုအား ရှုတ်ချသည့်ဆန္ဒပြပွဲကိုအိန္ဒိယနိုင်ငံနယူးဒေလီရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများ
စနေနေ့က ပြုလုပ်ခဲ့ကြစဉ်။ (ဓာတ်ပုံ - Burma Center Delhi)
နယူးဒေလီ မြို့လယ်ရှိ လူစည်ကားရာ ဂျန်တားမန်တားအရပ်၌ သံဃာများနှင့် တိုင်းရင်းသားပေါင်းစုံ ၁၀၀ ခန့်က နိုဝင်ဘာ ၂၉ အကြမ်းဖက်ဖြိုခွင်းမှုအား နိုင်ငံတကာ ကျွမ်းကျင်သူများဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် မြန်မာနှင့် တရုတ်အစိုးရတို့အား တောင်းဆိုကြသည်။
ထို့ပြင် ကြေးနီစီမံကိန်းကို ချက်ချင်းရပ်တန့်ရန်လည်း တောင်းဆိုထားသည်။
တရုတ်အစိုးရအနေဖြင့် လက်ရှိပြဿနာများ ပြေလည်သွားပြီး ဒေသခံပြည်သူများအနေဖြင့် စီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် ဆုံးဖြတ်ချက် ချရာတွင် ပါဝင်နိုင်သည်အထိ ဝမ်ပေါင်ကုမ္ပဏီအား ပြန်လည်ဆုတ်ဆိုင်းထားရန် တောင်းဆိုလိုက်ကြသည်။
မဇ္ဈိမသတင်းဌာန
No comments:
Post a Comment