Written by မောင်သွေးချွန်
|
Monday, 12 November 2012 13:46 |
မြန်မာအစိုးရနဲ့ နိုင်ငံတကာ ဆက်ဆံရေး ပိုစိပ်လာချိန် မှာ
မြန်မာ့ပုံရိပ်ဟာ ဒဏ်ရာအနာတရတွေ ပိုများလာ တာ တွေ့နေ ရပါတယ်။ ၂၀၁၂
အောက်တိုဘာလ ၂၁ ရက်မှာ နိုင်ငံတော် သမ္မတကြီးက မီဒီယာတွေနဲ့
တွေ့ဆုံအောင် ပွဲခံပြီးချိန်မှာပဲ ရခိုင် ဘင်္ဂါလီ ပဋိပက္ခကြီးဟာ
ထိန်းမနိုင်သိမ်းမရ မရှုမလှ ပေါက်ကွဲခဲ့ ပါတယ်။
သမ္မတကြီးရဲ့ အမေရိကန်ခရီးစဉ်
အပါအ၀င် နိုင်ငံတကာဆက်ဆံရေးဟာ အမှန်တကယ်ပဲ အောင်မြင်ခဲ့ ပါတယ်။ ဒါပေမဲ့
ပြည်တွင်းရေးကိစ္စ တွေမှာတော့ လုံးဝနီးပါး မအောင်မြင်သေးဘူးဆိုတာ ရခိုင်အရေး
ကချင်အရေးနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီး အပါအ၀င်အခြားများပြား လှစွာသော ပြဿနာ ပေါင်း သောင်းခြောက်ထောင်က သက်သေခံချက်
ရှိပါတယ်။
အထူးဖြင့် အစိုးရသစ်ပေါ်ပေါက်လာပြီး တစ်နှစ်ခွဲကျော်ကာလအတွင်းမှာ
ပြည်သူလူထုရဲ့ စီးပွားရေးဘ၀ စားဝတ်နေရေး အခြေအနေဟာ ပိုပြီးတော
့နိမ့်ကျမွန်းကျပ်လာလျက်ရှိပါတယ်။ အောက်ခြေဆင်းရဲသား တွေကိုမဆိုထားနဲ့
လူလတ်တန်းစား ပညာတတ်များပင်လျှင် ဘာလုပ်ရမှန်းမသိအောင် လမ်းလျှောက်ရင်း
လမ်းပျောက်နေကြပါတယ်။အသေးစားလုပ်ငန်းရှင် ဆိုသူများတောင်
မျောက်သစ် ကိုင်းလွတ်ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီမှာ စီးပွားရေးအဆင်မပြေမှုတွေက
ပြည်သူလူထုကြီးကို ရာဇ၀တ်မှု ထောင်ချောက်ကြီးထဲ တွန်းပို့လိုက်သလို
ဖြစ်လာခဲ့ပါတယ်။ နှစ်လုံးထီ သုံးလုံး ထီ လောင်းကစား၊ အလွဲသုံးစားလုပ်မှုတွေ
တစ်ပူပေါ်နှစ်ပူဆင့်လာတာပဲ တွေ့နေရပါတယ်။
ပြည်တွင်းမှာ ဆင်းရဲနွမ်းပါးမှု ၂၆ ရာခိုင်နှုန်းရှိတယ်လို့
အစိုးရက၀န်ခံထားပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကိုလည်း မူဝါဒ ၈ ချက်နဲ့အညီ
လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဆင်းရဲခြင်းရဲ့ အကြောင်း ရင်းတရားခံအဖြစ်
နှစ်လုံးထီ သုံးလုံးထီကို စီးပွားရေးပညာရှင်ကြီးများက
လက်ညှိုးထိုးပြ လိုက်တာနဲ့ ရဲစခန်းတွေကလည်း ထီထိုးထီရောင်းသူကို
ဖမ်းပြရရှာတယ်၊ ဖမ်းမိတာတွေက ကျပ်သောင်းဂဏန်းဝန်းကျင် မျှသာ၊
သိန်းရာထောင်ချီနေတဲ့ လောင်းကစားနဲ့ အလျော်အစား အပေးအယူတွေ ဖမ်းမိတယ်လို့
တစ်ခါမှ မကြားမိပါဘူး။
ချဲထီလောင်းကစားမှုကို အဖမ်းအဆီးပြတယ်ဆိုတာ သတင်းစာထဲ ပါကောင်းရုံမျ
အစီရင်ခံစာထဲ ပါရုံမျှလောက်နဲ့တော့ ရပ်ထဲရွာထဲက အသေးစားလောင်းကစားမှုတွေဟာ
ပပျောက်သွားမှာ မဟုတ်ပါဘူး။ နှစ်လုံးထီ သုံးလုံးထီဆိုတာ ပြည်သူတွေရဲ့
ဘ၀အစိတ်အပိုင်း တစ်ခုတောင် ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင်
အလုပ်အကိုင် အခွင့်အလမ်းတွေ မယ်မယ်ရရ မရှိလို့ပါပဲ။ သရဲတစ်ကောင်သတ်
နှစ်ကောင်ပွားဆိုသလို မဆိုစလောက် ပြောက်ကျား အရေးယူမှုတွေကြားမှာ
ချဲထီလောင်းကစားခြင်းဟာ တောရောမြို့ပါ ကြီးထွားပြန့်ပွားနေဆဲ ရှိပါတယ်။
အဓိကလက်သည်တရားခံကတော့ ဆင်းရဲမွဲတေခြင်းပါပဲ။ ဆင်းရဲမွဲတေခြင်းဟာ
ပြည်သူလူထုကြီးရဲ့ ရန်သူနံပါတ်တစ် ဖြစ်ပါတယ်။
အဏုမြူဗုံးနဲ့ဒုံးပျံပညာရှင် အိန္ဒိယသမ္မတကြီး အဗ္ဗဒူကလမ်ဟာ
သူရဲ့များပြားလှတဲ့ အလုပ် တာဝန် တွေကြားထဲကပဲ ကျောင်းသားလူငယ်တွေနဲ့
အမြဲထိတွေ့နိုင်အောင် ကြိုးစားခဲ့ပါတယ်။ အိန္ဒိယရဲ့ အနာဂတ်ဟာ
ကျောင်းသားလူငယ်တွေရဲ့ လက်ထဲမှာရှိနေတာမို့ လူငယ်တွေရဲ့ အသိအမြင်တွေ
ဘယ်လောက်ထိ လေးနက်ကျယ်ဝန်းမှုရှိမရှိ သိရအောင် သမ္မတကြီးဟာ လူငယ်တွေဆီ
အရောက်သွားပြီး စကားပြောကြားနာလေ့ ရှိပါတယ်။ မေးခွန်းတွေဖန်တီးပေးပြီး
လူငယ်တွေ ရဲ့အသိပညာကို စုံစမ်းလေ့လာ မှတ်သားလေ့ ရှိပါတယ်။
ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုတာ လယ်သမားအရေး အလုပ်သမားအရေး အပေါ်မှာ
အခြေခံရပါလိမ့်မယ်။ ပြည်သူလူထုကြီးရဲ့ ဆင်းရဲဒုက္ခတွေကို
နိုင်ငံတော်အစိုးရက မျှယူကူထမ်းပေးရပါလိမ့်မယ်။ ပြည်သူ တွေရဲ့ဘ၀ဟာ
နူရာဝဲစွဲ လဲရာသူခိုးထောင်းပမာ ဖြစ်နေတာမို့ ဒီဆင်းရဲမွဲတေမှုကို
ရန်သူနံပါတ်တစ်အဖြစ် စစ်ကြေညာပြီး ချေမှုန်း တိုက်ထုတ်သင့်ပြီဖြစ် . . .
|
၂၀၀၂ ခုနှစ် ဧပြီလမှာ သမ္မတကြီးဟာ ဂူဂျာရပ် (Gujarat) နယ် အနန်း (Anand) သို့ ရောက် လာပြီး ကျောင်းသားတစ်စုနဲ့ စကားပြောပါတယ်။
အလွန်ထက်သော ကောင်လေးတစ်ယောက်က မြင့်သောမေးခွန်းတစ်ခု မေးလာသည်။
ကျွန်တော်တို့ ရန်သူဘယ်သူလဲတဲ့။ ဤမေးခွန်းကို ကျွန်တော်ကြိုက်သည်။
ကျောင်းသားများကို မင်းတို့လည်း စဉ်းစားဖြေကြစမ်းပါဆိုပြီး ဤမေးခွန်းပင်
ပြန်မေးလိုက်ပါ၏။ အဖြေပေါ်လာပါသည်။
''ဆင်းရဲမွဲတေမှုပါပဲ'' တဲ့။
ကောင်းလိုက်သည့် အဖြေ၊ ပညာကြီးပါပေ့။ ဤအဖြေပေးသောကလေးမငယ်ကို
ဤစာအုပ်ဖြင့် ဂုဏ်ပြုသည့် စာအုပ်အစတွင် ဖော်ပြထားသော ရည်စူးချက်
(dedication) ကို ပြန်လည် ဖော်ပြပါရစေ။
ဤစာအုပ်ကို ၁၂ နှစ်အရွယ် ကလေးများ၏ စာသင်ခန်းမှ ကလေးမအတွက် ရည်စူးပါ၏။
သူ့အမည် ''သဏီဟာသက္ကား'' ဖြစ်၏။ ၂၀၀၂ ဧပြီ ၁၁ ရက် ညနေပိုင်းတွင်
ကျွန်တော်ကားဖြင့် အနန်းသို့ ဆိုက်ရောက်စဉ်က လူထုရုန်းရင်းဆန်ခတ်ဖြစ်၍
ညမထွက်ရအမိန့် ရှိနေ၏။ နောက်နေ့တွင် ကျွန်တော်အနန္ဒလယ အလယ်တန်းကျောင်း၌
ကျောင်းသားများကို စကားပြောစဉ် ဤမေးခွန်းပေါ်လာသည်။
''ကျွန်တော်တို့ရန်သူ မည်သူနည်း''
အဖြေတွေ မျိုးစုံပေးကြသည်။ အားလုံး သဘောတူလက်ခံသော အဖြေကို သဏီဟာသက္ကားက ဖြေ၏။
''ကျွန်မတို့ရန်သူက မွဲတေခြင်းပါ''
ကျွန်တော်တို့ ရှိသမျပြဿနာအားလုံး၏ အရင်းအမြစ်ဖြစ်သော ဤရန်သူကို တိုက်ခိုက်ရန် ဖြစ်၏။ အချင်းချင်း တိုက်ခိုက်နေရန် မဟုတ်ပါချေ။
၂၀၀၄ ခုနှစ် နိုဝင်ဘာလထုတ် ဆရာဘိုးလှိုင်မြန်မာပြန် ''ဦးနှောက်များကို မီးညှိခြင်း'' စာ-၃၂
ဆင်းရဲမွဲတေခြင်းဟာ ပြည်သူလူထုကြီးကို အစဉ်အမြဲ ခြိမ်းခြောက်နေတဲ့
ရန်သူဆိုတာ ထင်ရှားပေါ်လွင် နေခဲ့ပါပြီ။ ဗုဒ္ဓမြတ်စွာဘုရား
ကိုယ်တော်တိုင်ကလည်း ဆင်းရဲခြင်းဟာ ရှိရှိသမျ အနာရောဂါတွေထဲမှာ အ ကြီးမား
အနက်ရှိုင်းဆုံး အနာရောဂါအဖြစ် ဧကနိပါတ် ဇာတ်တော်မှာ ဟောကြားတော်မူခဲ့ပါတယ်။
ဘုရားရှင်ရဲ့ တတိယမြောက် သာဝကကြီး ပထမသင်္ဂါယနာတင် ဓုတင်ဧတဒဂ်ရ အရှင်မဟာကဿပ
ရဟန္တာအရှင် မြတ်ကြီးဟာ ဆင်းရဲသားတွေရဲ့ရောဂါကို ကုစားသောအားဖြင့်
ဆင်းရဲတဲ့အိမ်တွေမှာချည်း ဆွမ်းခံကြွ ချီးမြှောက်တော် မူခဲ့ပါတယ်။ ဘုရင်
မှူးမတ် သူဌေးသူကြွယ်တွေက ဆွမ်းခံကြွဖို့ ဖိတ်မန်သော်လည်း ဥပေက္ခာ ပြုကာ
ဆင်းရဲသားတွေဆီသာ ကြွသွားတော်မူပြီး ချီးမြှောက်တော်မူလေ့ ရှိခဲ့ပါတယ်။
ကျွန်တော့်တင်ပြချက် လွန်အံ့မထင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ရဲ့
၃၀ ရာခိုင်နှုန်းသော လူဦးရေဟာ ကျေးလက်နေတောင်သူ လယ်သမားတွေဖြစ်နေလေရာ ဒီနေ့
လယ်သမားတွေရဲ့ ဖွတ်ကျောပြာစု ခရုဆံကျွတ် ဘ၀အခြေအနေတွေက ဆင်းရဲခြင်းကို
ဖုံးဖိလိမ်ညာလို့ မရအောင် ဖော်ပြနေလို့ပါပဲ။ ''ငါ မွဲသွားပြီ'' ဆိုတဲ့
ကျက်သရေမရှိတဲ့စကားကို ဘယ်သူ ပြောချင်ပါ့မလဲ။ လယ်သမားတွေမှာ မွဲရုံမျမက
ပြာကျတဲ့အဆင့်ကို ထိုးစိုက် ဆင်းသွားခဲ့ပါပြီ။ လယ်ယာမြေတွေ
အဓမ္မသိမ်းယူခံရခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ ကူရာကယ်ရာမဲ့ခြင်း
စတဲ့အကြောင်းရင်းတွေဟာ ဆင်းရဲမွဲတေမှု ချောက်ကမ်းပါးကြီးထဲ တွန်းချသလို
ဖြစ်ခဲ့ပါတယ်။
လယ်ယာမြေအပေါ်မှာ ဘာမှမျှော်လင့်ချက် မရှိတော့တဲ့အဆုံး လယ်သမားလူငယ်တွေဟာ
တိုင်းတစ်ပါးထွက်ခွာပြီး အလုပ်ကြမ်းတွေ လုပ်ကြရတော့တယ်။ ရွာတွေမှာ
သန်မာအားကောင်းသူ လူငယ်တွေ မရှိတော့သလောက် ရွာလုံးကျွတ်နီးပါး
အမိမြေကိုစွန့်ခွာ ပြည်ပမှာရရာကြုံရာ အလုပ်ကြမ်းတွေနဲ့ နပန်းလုံးနေရပါတယ်။
သြော်. . . သခင်မျိုးဟေ့ ဒို့ဗမာတွေ ကမ္ဘာပတ်ပြီး ကျွန်ခံနေရလေပြီ။
နိုင်ငံတော် သမ္မတကြီးကိုယ်တိုင်က . . .''သူများတိုင်းပြည်တွေမှာ
သွားပြီးအလုပ်လုပ်နေရတဲ့ ရွှေ့ ပြောင်းအလုပ်သမား
သုံးသန်းကျော်လောက်ရှိပါတယ်'' လို့ ၁၇ ဇန်န၀ါ ရီ ၂၀၁၂ က ၀ါရှင်တန်ပို့စ်
သတင်း စာကြီးနဲ့ တွေ့ဆုံစဉ်က ကမ္ဘာသိအောင် ၀န်ခံ ပြောကြားခဲ့ရပါတယ်။
(နောင်အခါမှာလည်း အကြိမ်ကြိမ် ထုတ်ဖော်ဝန်ခံ နေရရှာပါတယ်။)
ဒါ့ကြောင့် ထိတွေ့ဆက်ဆံနေရသမျ နိုင်ငံကြီးတွေကို ''ရင်းနှီး
မြှုပ်နှံကြပါ။ စက်ရုံအလုပ်ရုံတွေ လာဆောက်ပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေ
ဖန်တီးပေးကြပါ'' လို့ မေတ္တာရပ်ခံ တင်ပြနေရပါတယ်။ယခု နိုဝင်ဘာလဆန်းထဲ
မြန်မာပြည်ရောက်လာကြတဲ့ ဆွစ်ဇာလန်၊ ဖင်လန်၊ နော်ဝေ စတဲ့နိုင်ငံကြီးတွေက
တာဝန်ရှိပုဂ္ဂိုလ်ကြီးတွေကို ဒီအတိုင်းပဲ ပြောခဲ့ရပါတယ်။
လောလောဆယ်အားဖြင့် နိုင်ငံတော် သမ္မတကြီးဟာ နိုဝင်ဘာလ ၆ ရက်နေ့က လာအိုမှာ
ကျင်းပတဲ့ (၉) ကြိမ်မြောက် အာရှဥရောပ မျက်နှာစုံညီ
ထိပ်သီးအစည်းအဝေးကြီးမှာ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေးတို့ နှင့်
စပ်လျဉ်းပြီး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။
မြန်မာပြည်ရဲ့အခြေအနေကို သမ္မတကြီးက ခုလိုတင်ပြခဲ့ပါတယ်။
'နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေ ပြည်သူများဖြစ်ကြပြီး
လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းတို့အပေါ်မှာ မှီခိုလုပ်ကိုင်
နေကြသူများပဲ ဖြစ်ပါတယ်။
'မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က ဈေးကွက်စီးပွားရေးစနစ် စတင်အကောင်
အထည်ဖော်ဆောင်ရွက်စဉ်ကတည်းက လယ်ယာကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အပါအ၀င်
ပုဂ္ဂလိကမှ ပါဝင်ဆောင်ရွက်နိုင်ဖို့ မူဝါဒများချမှတ် ဆောင်ရွက်ခဲ့သော်လည်း
သိသာတဲ့တိုးတက်မှုများ မရှိသေးကြောင်း၊ ပြည်တွင်းနဲ့ နိုင်ငံတကာပညာရှင်များက
ထောက်ပြပြောဆိုနေကြပါတယ်။
'ယခုမြန်မာနိုင်ငံမှာ ကျွန်တော်တို့အစိုးရအဖွဲ့သစ် စတင်တာဝန်ယူခဲ့တဲ့
အချိန်ကစပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ကဏ္ဍပေါင်းစုံမှာ
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိနေရာ
လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်နေပြည်သူများဘဝ
ဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် ဆင်းရဲနွမ်းပါးမှုလျော့ချ ရေးကို
နိုင်ငံတော်ရဲ့ အဓိကဦးစားပေး အစီအစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော်
ဆောင်ရွက်လျက် ရှိပါ တယ်'။
'ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက် ၈ ချက်ချမှတ်ထားတဲ့အနက်က ပထမဆုံး
ရည်မှန်းချက်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်မှုလျော့ချရေးအရ လာမယ့်
၂၀၁၅ ခုနှစ်မှာ မူလအခြေအနေမှ ထက်ဝက်သို့ လျော့ ချရန် ဖြစ်ပါတယ်'။
(နိုဝင်ဘာ ၇/၂၀၁၂ ထုတ် ကြေးမုံသတင်းစာမှ)
လယ်သမားအရေးဆိုရင် လယ်ယာမြေပြဿနာတွေ အလိုလိုပါဝင်သွားပြီ ထင်ပါတယ်။
လယ်ယာ မြေစုံစမ်းရေးကော်မတီရဲ့ လေ့လာတွေ့ရှိချက်အရ လယ်ယာမြေတွေ
အဓမ္မသိမ်းယူခံရခြင်းမှာ ကုမ္ပဏီကြီး တွေနဲ့ အာဏာပိုင်တွေ
ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဒီနေ့ လွှတ်တော်က
အတည်ပြုလိုက်ပြီးဖြစ်တဲ့ လယ်ယာမြေဥပဒေဟာ လယ်သမားတွေရဲ့ဘဝ
ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ မပေးနိုင်ကြောင်း လယ်သမားတွေကိုယ်တိုင်
ရင်ဖွင့်ပြောဆိုနေကြပါတယ်။
ဒီနေ့အထိ ရန်ကုန်မြို့လယ်ကောင် လသာမြို့နယ် ၀ါဝါ၀င်းကုမ္ပဏီရှေ့မှာ
လယ်သမားတွေနစ်နာခဲ့သမျ ဆန္ဒပြတောင်းဆိုနေတာ တစ်ပတ်ခန့် ရှိခဲ့ပါပြီ။
သက်ဆိုင်ရာမှ ဘယ်သူ တစ်ဦးတစ်ယောက်မှ လယ်သမားတွေ ဘက်က အကူအညီပေးတာ
ကာကွယ်စောင့်ရှောက်ပေးတာ မတွေ့ရပါဘူး။ တရားဥပဒေအရ ရင်ဆိုင်ရာမှာလည်း
လယ်သမားတွေဘက်ကသာ ဆုံးရှုံးနစ်နာနေလျက် ရှိပါတယ်။ ထုထည် ပမာဏ
အကြီးမားဆုံးကတော့ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့်
ဆုံးရှုံးနစ်နာနေခြင်း များပဲ ဖြစ်ပါတယ်။
ဆင်းရဲမွဲတေမှုကို တိုက်ဖျက်မယ်ဆိုရင် လယ်သမားဘ၀ တိုးတက်ဖွံ့ဖြိုးရေးကို
ဆောင်ရွက်မယ်ဆိုရင် လယ်သ မားတွေဘက်က ရပ်တည်ဆောင်ရွက်ပေးဖို့ လိုပါလိမ့်မယ်။
လယ်သမားတွေဟာ ကုမ္ပဏီကြီးများ အာဏာပိုင်များနဲ့ ဒီနေ့အထိ
ထိပ်တိုက်ရင်ဆိုင်နေရလျက် ရှိပါတယ်။ ၆-၁၁-၂၀၁၂ ညကလည်း RFA
ရေဒီယိုထုတ်လွှင့်ချက်မှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အ၀ ရွာ ၅ ရွာက
လယ်ယာမြေတွေအတွက် စစ်တပ်က သီးစားခ လာတောင်းကြောင်း ကြားသိလိုက်ရပါတယ်။
ဒီလောက် ပြဿနာတွေကြီးထွားပြီး အရူးမီးဝိုင်း ဖြစ်နေချိန်မှာ စစ်တပ်က
သီးစားခ လာတောင်းတယ်ဆိုတဲ့ သတင်းဟာ အလွန်အံ့သြစရာ ကောင်းလှပါတယ်။
ရခိုင်ပြည်နယ် ဂွမြို့နယ်ထဲက သတင်းတစ်ပုဒ်ကို ကောက်နှုတ်ဖော်ပြပါဦးမယ်။
ဂွမြို့ နိုဝင်ဘာ ၃ ။ ။ အရပ်သားအစိုးရသစ် တက်လာပြီး လယ်ယာမြေနှင့်
အခြားမြေများ သိမ်းဆည်း မှုစုံစမ်းရေးကော်မရှင် ဖွဲ့စည်းလိုက်ရာ
ဂွမြို့နယ်အတွင်းရှိ လူဦးရေ ၂၆၈ ဦး ပိုင်ဆိုင်သော မြေဧက ၇၄၇ဒသမ ၄၅ကို
၂၀၀၁ခုနှစ်က ခလရ-၅၅ မှ သိမ်းယူထားမှုကို သိမ်းဆည်းခံပြည်သူများက
ပြန်လည်ရရှိရန် မျှော်လင့် နေကြသည်။ (၈ နိုဝင်ဘာ၂၀၁၂ ထုတ်
မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်၊ စာ-၂၃)
သတင်းနိဒါန်းမျသာ ဖြစ်ပါတယ်။ အကျယ်ကိုမဖော်ပြလိုတော့ပါ။
တစ်တိုင်းပြည်လုံးမှာ ဒီလိုပြဿ နာတွေ မှိုလိုပေါက်နေပါတယ်။ ဒီလို
ပြဿနာတွေကြောင့် သမ္မတကြီးရဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချရေး စီမံကိန်းကြီးဟာ
မုချ နှောင့်နှေးစရာ ဖြစ်နေပါတယ်။ ခေတ်မီ စက်မှုအတတ်ပညာ စိုက်ပျိုးရေး
နည်းပညာတွေနဲ့ လယ် သမားဘ၀ကို အထက်သို့ဆွဲတင်ဖို့ ခဏထားလိုက်ပါဦး၊
အောက်ခြေမှာ ဒုက္ခနွံထဲရုန်းမထွက်နိုင်အောင် နစ်နေ ရှာတဲ့
လယ်သမားတွေရဲ့ဘ၀ကို ဘယ်သူက ဆွဲထုတ်ကူညီ ကာကွယ်ပေးမှာလဲလို့
မေးစရာဖြစ်လာပါတယ်။
နိုင်ငံတော် သမ္မတကြီးက တိုင်းပြည်ရဲ့စီးပွားရေးကို အဟုန်မြင့်
တိုးတက်စေချင်နေတာ သိသာထင်ရှားပါတယ်။ နိုင်ငံတကာ
ရင်းနှီးမြှုပ်နှံမှုတွေကို တစာစာ တောင်းခံနေပါတယ်။ အလုပ်အကိုင်တွေ
ဖန်တီးပေးပါလို့ ပြောနေပါတယ်။ ရှိပြီးသား အလုပ်သမား လူတန်းစားတွေရဲ့
ဘ၀တိုးတက်ရေး၊ အလုပ်သမား အခွင့်အရေး ဖော်ဆောင်ရေးများပင် နိုင်ငံတော်က
လုံးဝအကူအညီ အကာအကွယ် မပေးနိုင်ဘဲ မျက်နှာလွှဲနေတဲ့ သဘောမျိုးကို
တွေ့နေရပါတယ်။
မရမ်းကုန်းမြို့နယ် ပြည်လမ်းမကြီးပေါ်က တိုင်းအလုပ်သမား
ညွှန်ကြားရေးရုံးရှေ့မှာ ရွှေပြည်သာ ၀ါးတစ်ရာရွာ တော်ဝင်သစ်အချောထည်စက်ရုံက
အလုပ်သမား ၁၅၀ ကျော် ရောက်ရှိ ဆန္ဒပြနေပါပြီ။ ဆန္ဒပြနေတာ ၇-၁၁-၂၀၁၂ ထိဆိုရင်
နှစ်ပတ်ရှိသွားပါပြီ။ ဘာတုံ့ပြန်မှုမှမရလို့ အစာငတ်ခံ ဆန္ဒပြတဲ့အဆင့်ထိ
တိုးမြှင့်လိုက်ပါပြီ။ မူးမိုက်လဲကျ သေလုမြောပါးဖြစ်နေချိန်မှာ
စည်ပင်ကလာပြီး နှင်ထုတ်သတဲ့။ RFA က အလုပ်သမားရုံးကို ဖုန်းဆက်မေးတော့
ဘာဖြေသံမှ မကြားရ။ သမ္မတကြီးက မီဒီယာတွေက မေးရင်ဖြေပါလို့ ၂၁-၁၀-၂၀၁၂ ရက်က
ဌာနဆိုင်ရာတွေကို အသိပေးထားပြီးသား။ အလုပ်ရှင်နဲ့ အလုပ်သမားကြား
အလုပ်သမားရုံး က ဘယ်လိုစေ့စပ်ညှိနှိုင်း ဖြေရှင်းပေးနေတယ်ဆိုတာ ၁၅
ရက်ကြာတဲ့အထိ မထူးခြား၊ ၇-၁၁-၂၀၁၂ မှာ RFA ကမေးတာလည်း ဖြေသံမကြားရ။
ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုတာ လယ်သမားအရေး အလုပ်သမားအရေးအပေါ်မှာ
အခြေခံရပါလိမ့်မယ်။ ပြည်သူလူထုကြီးရဲ့ ဆင်းရဲဒုက္ခတွေကို နိုင်ငံတော်အစိုးရက
မျှယူကူထမ်းပေးရပါလိမ့်မယ်။ပြည်သူတွေရဲ့ ဘ၀ဟာ နူရာဝဲစွဲ လဲရာသူခိုး
ထောင်းပမာဖြစ်နေတာမို့ ဒီဆင်းရဲမွဲတေမှုကို ရန်သူနံပါတ်တစ်အဖြစ်
စစ်ကြေညာပြီး ချေမှုန်းတိုက်ထုတ်သင့်ပြီ ဖြစ်ပါကြောင်း။
။ |
လူထုဟာ ဘယ်လို လုပ်ရမယ်ဆိုတာကို သိဖို့ မလိုဘူး၊ လူထုမှာ ဘာလိုနေတယ်ဆိုတာကိုပဲ သိဖို့ လိုတယ်။
ဆရာခင်ဗျား စိတ်တော့ သိပ်မရှိပါနှင့်၊
တစ်ချိန်က အက်ဂါစနိုးရဲ့ ဝတ္ထုကို မြန်မာလို ပြန်ထားတာ ပြန်ဖတ်ရသလို၊ စာသံ ဖြစ်နေတာက ဆောင်းပါးရှင် တွန်းပို့သလောက် မရောက်ခဲ့ဘူး ထင်မိပါတယ်။
it is very sticky situation.
Pyaw Dar Bae. . Kyundaw lae, Pyaw Dar Bae.
and there are lots of people spending their private time to express lots of things.
No good foundation in
education and ongoing good efficient training
trainers recruitment - to train the trainers
far sightedness
moral characters development
personal development
such philosophically valued question and answer - they will not comprehend well.
Even for those who comprehend, it is difficult for them to lead the ' The whole people and country ' as the leader needs to be respectable and by himself/ herself ' having leader-power ' .
Hahaahaaaaaaaaa ma Pyaw Chin Par Bu Byar; Sate Pein Tae. .. Ta khar Ta Lay, .. Pyaw lae, Maw Yone Bae. . ( I thought like this sometimes. )
I don't think current government can accomplish them. Even to very vitally important sections; essential components of quality of life - commuting, food supply, medical services and supply, .....efficient taxation system.
( so far, they all are doing lots of things - but not steps and steps in METHODICAL WAYS - doing a lot of things inefficiently in sluggish ways. ) - very sluggish. So there are lots of stagnation.
Thanks you SaYa Maung Tway Choon. I don't know who you are.