ကလေးစစ်သားနဲ့ အဓမ္မခိုင်းစေမှု နည်းပါးလာသော်လည်း တိုင်ကြားမှု ရှိနေဆဲ
Photo:
AFP ကလေးစစ်သားအဖြစ်အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရစဉ် ၂၀၀၆ခုနှစ် နိုဝင်ဘာလကအသက်၁၆နှစ်မပြည့်သေးသော မောင်ဆန်းဦးအား ၂၀၀၇ခုနှစ်ဇူလိုင်၁၇ရက်ကစစ်ဝတ်စုံဖြင့် သေနတ်ထမ်းပြီးရိုက်ကူးထားသောပုံ
ပြီးခဲ့တဲ့ ဇွန်လက ကလေးစစ်သား စုဆောင်းမှု တားဆီးကာကွယ်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ချိန်ကစလို့ အရွယ်မရောက်သေးတဲ့ ကလေးစစ်သား ၄၂ ယောက် ပြန်လည်လွှတ်မြောက်လာခဲ့ကြောင်း၊ ဒီနှစ်စပိုင်းကနေ အခုထိ ကလေးစစ်သား ၄၆ ယောက် ပြန်လွှတ်ပေးလိုက်တဲ့အတွက် ဒီသဘောတူစာချုပ်ဟာ ထိထိရောက်ရောက် အလုပ်လုပ်နေပြီလို့ ဆိုရမှာဖြစ်ကြောင်းလည်း ILO က ပြောပါတယ်။
ဒါပေမဲ့ ကလေးစစ်သားနဲ့ အဓမ္မခိုင်းစေခံရတဲ့ အမှုတွေနဲ့ပတ်သက်ပြီး ဒီနှစ် ဇွန်လ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၁ ရက်နေ့အထိ တိုင်ကြားစာ ၁၅၈ စောင် ရရှိခဲ့ပြီး၊ မနှစ်က အလားတူကာလအတွင်း တိုင်ကြားစာ ၁၄၈ စောင် ILO က ရရှိခဲ့ပါတယ်။ ဒါကြောင့် ရလာဒ်ကောင်းတွေ ရရှိဖို့အစပျိုး နေပြီဖြစ်ပေမဲ့၊ အရင်က အကျင့်ဟောင်းတွေကတော့ ရှိနေတုန်းပဲ လို့ပြောနိုင်ကြောင်းလည်း ILO က ဆိုပါတယ်။
မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအတွင်း အသက် ၁၈ နှစ်အောက် ကလေးစစ်သားအရေအတွက် ဘယ်လောက်ရှိမယ်ဆိုတာ အတိအကျ မပြောနိုင်ပေမဲ့၊ ထောင်နဲ့ချီပြီးရှိနေတယ်လို့ ယုံကြည်ကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ကတည်းက ILO ဟာ အဓမ္မ ခိုင်းစေမှု နဲ့ပတ်သက်တဲ့ ပညာပေး လက်ကမ်းစာရွက် တစ်သန်းကျော်ကို ဗမာစာအပါအ၀င် တိုင်းရင်းသားဘာသာ ၇ မျိုး နဲ့ ရိုက်နှိပ်ပြီး ဝေငှခဲ့ပါတယ်။
No comments:
Post a Comment