Tuesday, November 27, 2012

မြောက်ကိုရီးယားမှ စိုးမင်းထိုက် ကုမ္ပဏီသို့ တင်ပို့သော လက်နက်အဆင့် ထုတ်လုပ်နိုင်သည့် ပစ္စည်းများပါ သင်္ဘောကို ရှာဖွေခဲ့ကြောင်း ဂျပန်သတင်းစာ၏ ဖော်ပြချက်သည် ကုမ္ပဏီနှင့်သာ ဆိုင်မည်ဖြစ်ပြီး အစိုးရနှင့် ပတ်သတ်ခြင်း လုံးဝမရှိဟု သမ္မတရုံး ညွှန်ကြားရေးမှူးပြောကြား


မြောက်ကိုရီးယားမှ စိုးမင်းထိုက် ကုမ္ပဏီသို့ တင်ပို့သော လက်နက်အဆင့် ထုတ်လုပ်နိုင်သည့် ပစ္စည်းများပါ သင်္ဘောကို ရှာဖွေခဲ့ကြောင်း ဂျပန်သတင်းစာ၏ ဖော်ပြချက်သည် ကုမ္ပဏီနှင့်သာ ဆိုင်မည်ဖြစ်ပြီး အစိုးရနှင့် ပတ်သတ်ခြင်း လုံးဝမရှိဟု သမ္မတရုံး ညွှန်ကြားရေးမှူးပြောကြား   PDF Print
Monday, 26 November 2012 17:05
AddThis Social Bookmark Button

nm1

မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားမှ လက်နက်အဆင့် ထုတ်လုပ်နိုင်သည့်ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောအား ဂျပန်ဆိပ်ကမ်းတွင် ရပ်နားစဉ် ၀င်ရောက်ရှာဖွေခဲ့ကြောင်း ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းတွင် သတင်းဖော်ပြထားသည်။အဆိုပါသတင်းပါ အကြောင်းအရာများနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး
ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြန်လည် ငြင်းဆိုထားသည်။
" အကယ်၍ ဒီသတင်းမှန်တယ်ဆိုရင်တောင် အဲဒီသတင်းမှာပါတဲ့ သက်ဆိုင်ရာ ကုမ္ပဏီနဲ့သာ ဆိုင်ပါလိမ့်မယ်။ မြန်မာအစိုးရနဲ့ ပတ်သက်ခြင်း လုံးဝမရှိပါဘူး" ဟု နိုင်ငံသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ငြင်းဆိုထားသည်ဟု ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားသည်။
ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းက ယူရေနီယမ်သန့်စင်ခြင်း သို့မဟုတ် ဒုံးကျည်ထုတ်လုပ်ခြင်းအတွက် အသုံးပြုနိုင်သော ပစ္စည်းများကို မြောက်ကိုရီးယားက တရုတ်မှတစ်ဆင့် မြန်မာသို့ သင်္ဘောဖြင့်ပေးပို့ရန် ယခုနှစ်တွင် ကြိုးပမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား၏ ယခုလုပ်ရပ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်မည် ဖြစ်သည်ဟုလည်း သုံးသပ်ထားသည်။
ယင်းသင်္ဘောတွင် သတ္တုပိုက်လုံး ၅၀ ခန့်၊ အထူးပြုလုပ်ထားသော အလူမီနီယံ အလွိုင်းဘား ၁၅ ခုခန့် တို့အပါအ၀င် အခြားပစ္စည်းများကို တင်ဆောင်လာခြင်းဖြစ်ပြီး ယင်းပစ္စည်းများမှာ အနည်းဆုံးအားဖြင့် နျူကလီးယားလက်နက် စီမံကိန်းအတွက် လိုအပ်သော စက်ဒလက်များ ပြုလုပ်ရာတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်ဝမ် ရေကြောင်းကုမ္ပဏီတစ်ခုက တာ့လျန်တွင် ဇူလိုင်လ ၂၇ ရက်က စင်ကာပူ၌ မှတ်ပုံတင်ခဲ့သော တန်ချိန် ၁၇၁၃၈ တန်ရှိသော Wan Hai 215 သင်္ဘောပေါ်တွင် ယင်းပစ္စည်းများ တင်ဆောင်လာခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သြဂုတ်လ ၉ ရက်တွင် ယင်းပစ္စည်းများကို တရုတ်နိုင်ငံ၊ Shekou ၌ တန်ချိန် ၂၇၈၀၀ တန်ရှိ Wai Hai 313 သင်္ဘောသို့ ရွှေ့ပြောင်းခဲ့သည်။ သြဂုတ်လ ၁၄ ရက်တွင် ယင်းသင်္ဘောသည် မလေးရှား၌ သင်္ဘောပြန်ပြောင်းရန် စီစဉ်ထားပြီး သြဂုတ်လ ၁၅ ရက်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ရန် စီစဉ်ထားကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုက ကုန်သေတ္တာအတွင်း ပါဝင်သည့် ပစ္စည်းများနှင့်ပတ်သက်ပြီး သံသယရှိသောကြောင့် မလေးရှားတွင် သင်္ဘောလွှဲပြောင်းမှု မလုပ်ရန် ထိုင်ဝမ်သင်္ဘောကုမ္ပဏီအား တောင်းဆိုခဲ့သည်။
Wai Hai 313 သည် တိုကျိုဆိပ်ကမ်းသို့ သြဂုတ်လ ၂၂ ရက်နေ့တွင် ဆိုက်ကပ်လာခဲ့သည်။ တိုကျိုအကောက်ခွန်၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် အခြားအေဂျင်စီများက အရာရှိများက ကာဂိုကို စစ်ဆေးခဲ့သောအခါ မေးခွန်းထုတ်ဖွယ်ရာ ပစ္စည်းများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အမေရိကန်၏ တောင်းဆိုချက်အရ သြဂုတ်လ ၂၂ ရက်တွင် တိုကျိုဆိပ်ကမ်း၌ ကပ်ထားသော ယင်းသင်္ဘောကို ဂျပန်တာဝန်ရှိသူများက စီးနင်းရှာဖွေခဲ့ပြီး ယင်းသင်္ဘောပေါ်ရှိ ပစ္စည်းများအား သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက အဆာဟိသို့ ပြောကြားခဲ့သည်။ ယင်းသင်္ဘောပေါ်တွင် တွေ့ရသော အလူမီနီယံ အလွိုင်းဘားများ၌ DPRK ဟု တံဆိပ်နှိပ်ထားသဖြင့် ယင်းသင်္ဘောသည် မြောက်ကိုရီးယားမှ စတင်ထွက်လာခြင်း ဖြစ်မည်ဟု တာဝန်ရှိသူများက ကောက်ချက်ချခဲ့သည်။ သို့သော် ယင်းသင်္ဘော၏ မှတ်တမ်းများ သို့မဟုတ် သင်္ဘောသားတို့၏ မူရင်းအကြောင်းအရာများကိုမူ စုံစမ်းစစ်ဆေးသူများက အတည်မပြုနိုင်သေးကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားမှ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သယ်ယူလာသည်ဟု သံသယရှိသော သင်္ဘောများမှ ကာဂိုများကို အစိုးရက စစ်ဆေးခွင့်ရှိသော အထူးဥပဒေတစ်ရပ်ကို ဂျပန်အစိုးရ ပထမဆုံးအကြိမ် အသုံးချခဲ့ခြင်း ဖြစ်သည်။
ယင်းပစ္စည်းများကို ရန်ကုန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် စိုးမင်းထိုက် ကုမ္ပဏီအတွက် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရပြီး ယင်းကုမ္ပဏီသည် မြန်မာစစ်ဘက်က အပေါ်ယံဗန်းပြထားမှု တစ်ခုဖြစ်ကြောင်း အမေရိကန်အစိုးရက ယုံကြည်ထားသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၊ တာ့လျန်အခြေစိုက် ကုမ္ပဏီတစ်ခုနှင့် အဆာဟိသတင်းစာ အင်တာဗျူးတစ်ခုတွင် ယင်းကုမ္ပဏီက အလူမီနီယံ အလွိုင်းဘားများကို မြန်မာသို့ပို့ရန် ကြိုးစားခဲ့ဖူးကြောင်း အတည်ပြုခဲ့သည်။ ကုမ္ပဏီ၏ တောင်းဆိုချက်အရ မိမိတို့ကုမ္ပဏီသည် ယင်းသင်္ဘောပိုင်ရှင်ဖြစ်ခဲ့ကြောင်း၊ ယင်းသင်္ဘော အဖမ်းခံရကြောင်း ကြားသိရပြီး အဘယ်ကြောင့် အဖမ်းခံခဲ့ရသည်ကိုမူ မသိခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

nm

မြောက်ကိုရီးယားသည် အလူမီနီယံ အလွိုင်းဘားများကို တရုတ်မှတစ်ဆင့် ရရှိခဲ့သည်ဟု ဂျပန်အစိုးရ တာဝန်ရှိသူများက ယုံကြည်ထားပြီး မြောက်ကိုရီးယားတွင် ယင်းပစ္စည်းများ ထုတ်လုပ်နိုင်သော နည်းပညာ မပိုင်သေးကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသို့ ယင်းပစ္စည်းများ ပေးပို့ရန် တရုတ်စစ်ဘက်က အတည်ပြုချက် ပေးခဲ့ဖွယ်ရှိသည်ဟု ဂျပန်အစိုးရက ယုံကြည်ခဲ့သည်။
မြန်မာသည် တစ်ချိန်က ကြိုးပမ်းခဲ့သော နျူကလီးယားလက်နက် စီမံကိန်းရည်မှန်းချက်များကို စွန့်လွှတ်လိုက်ပြီဟု အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က ယုံကြည်ထားသည်။ သို့သော် ယခုတွေ့ရှိထားသော အလူမီနီယံ အလွိုင်းဘားများသည် ဒုံးကျည်များထုတ်လုပ်ရာတွင် အသုံးပြုနိုင်ခြေရှိသည်ဟု တာဝန်ရှိသူများက မသင်္ကာဖြစ်နေသည်။ မြန်မာသည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ပြဿနာများအတွက် ရည်ရွယ်ပြီး တာတိုပစ်ဒုံးကျည်များ ထုတ်လုပ်ရန် ယုံကြည်ရသည်ဟု တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၁၉ ရက်တွင် ရန်ကုန်သို့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် အိုဘားမားက မြန်မာနှင့်မြောက်ကိုရီးယားအကြား စစ်ရေးဆက်ဆံမှုအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားနှင့် ဆက်ဆံမှု ရပ်ဆိုင်းရန် မြန်မာအပေါ် အမေရိကန်က ဖိအားပေးမှုအား ပြုံယမ်းက ဝေဖန်ခဲ့သည်။
တွေ့ရှိမှုများကြောင့် ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ မြောက်ကိုရီးယားတို့အနေဖြင့် ၄င်းတို့၏ နျူမပြန့်ပွားရေး မူဝါဒကို ပြန်လည်သုံးသပ်ရမည့် အနေအထားသို့ ရောက်သွားခဲ့သည်။
မြောက်ကိုရီးယားသည် လိုအပ်သော အလူမီနီယမ် သတ္ထုစပ်များကို အခက်အခဲမရှိ ထုတ်လုပ်နိုင်သောကြောင့် နျူစက်ရုံအတွက်သုံးသည့် စက်ဒလက် အမြောက်အများကိုလည်း  ယခုအချိန်တွင် ပိုင်ဆိုင်ထားပြီဟု ယူဆဖွယ်ရှိနေသည်ဟု ဂျပန်အစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် မြောက်ကိုရီးယားက ယုံပြောင်ရှိ နျူဆက်စပ်ပစ္စည်း စက်ရုံတစ်ခုရှိ စက်ဒလက်အမြောက်အများကို အမေရိကန်ပညာရှင်အဖွဲ့ကို ပြသခဲ့သည်။ သွားရောက်ကြည့်ရှုခွင့် ရခဲ့သူများအဆိုအရ စက်ဒလက် ၂၀၀၀ ခန့်ရှိပြီး အခြေအနေအရပ်ရပ် ပြည့်စုံပါက တစ်နှစ်အတွင်း အဆင့်မြင့်သန့်စင်ပြီး ယူရေနီယမ် ကီလိုဂရမ် ၄၀ အထိ ထုတ်လုပ်နိုင်ရန် လုံလောက်သည့် အနေအထားတွင်ရှိကြောင်း တွေ့ရှိခဲ့သည်။
မြောက်ကိုရီးယားသည် နေရာအနှံ့အပြားတွင် မြေအောက်ယူရေနီယမ် သန့်စင်စက်ရုံများ ထပ်ဆောင်းတည်ဆောက် လည်ပတ်နေသည်ဟု အမေရိကန်နှင့် တောင်ကိုရီးယား ထောက်လှမ်းရေးများက သံသယရှိနေသည်။
''မြောက်ကိုရီးယားဟာ ဘယ်တော့မှ သူ့ဖဲချပ်တွေ အကုန်လှန်ပြမှာ မဟုတ်ပါဘူး။ တစ်ခြားဆက်စပ် စက်ရုံတွေ အများကြီး ရှိနေပါဦးမယ်'' ဟု တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
ဗုံးအတွက် ပလူတိုနီယမ် ထုတ်ပေးရန်လိုသော ဓာတ်ပေါင်းဖိုများနှင့် ယှဉ်လျှင် စက်ဒလက်များ မည်သို့ရွှေ့ပြောင်းနေသည်ကို ထောက်လှမ်းရေးဂြိုဟ်တုမှ စောင့်ကြည့်ရန်မှာ နေရာအရွယ်အစား သေးငယ်ခြင်းကြောင့် ခက်ခဲသည့်ကိစ္စ ဖြစ်သည်။
မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား စစ်ဘက်ဆက်ဆံရေး ရှိခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းက မကြာသေးမီကာလအတွင်း ဂျပန်အစိုးရ အရာရှိများကို ပြောခဲ့သည်မှာ မြောက်ကိုရီးယားသည် ယခင်က မြန်မာနိုင်ငံမှ မှာယူထားခဲ့ပြီးဖြစ်သော လက်နက်အချို့ကို တင်ပို့ရန် ရှိနေသေးသည်ဟု ပြောကြားထားခဲ့သည်ဟုလည်း အဆာဟိရှင်ဘွန်းက ဖော်ပြထားသည်။ သို့ရာတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားမှ နောက်ထပ်လက်နက်သစ် မှာယူထားခြင်း မရှိတော့ကြောင်းလည်း  လွှတ်တော်ဥက္ကဋ္ဌက ပြောခဲ့သည်ဟုဆိုသည်။ ၂၀၁၁ ခုနှစ် နွေဦးမှစတင်ပြီး မြန်မာနှင့် မြောက်ကိုရီးယားအကြား စစ်ရေးအရ လဲလှယ်လွှဲပြောင်းမှုများ မရှိတော့ဟု မြန်မာအရာရှိများက ပြောကြားထားခဲ့သည်များနှင့် မူကွဲလွဲလျက် ရှိသည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလက စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးအဖြစ် သူရဦးရွှေမန်းက သွားရောက်ခဲ့စဉ်တွင် စစ်လက်နက်ပစ္စည်းများ မှာယူခဲ့ဖူးသည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားက ယူဆထားသည်။ သွားရောက်ခဲ့သည့် နေရာများတွင် မြောက်ကိုရီးယား ဒုံးကျည်ဆက်စပ် စက်ရုံများလည်း ပါဝင်ခဲ့သည်။
ဇန်န၀ါရီလတွင် တရုတ်မှတစ်ဆင့် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသော သင်္ဘောတစ်စင်းတွင် ပါရှိလာသည့် ကာဂိုသည် မြောက်ကိုရီးယားနိုင်ငံ နမ်ပိုဆိပ်ကမ်းမှ လာခြင်းဖြစ်ပြီး မြန်မာစစ်ဘက်နှင့် ပတ်သက်သော အဖွဲ့အစည်းတစ်ခုမှ မှာယူခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။
''ဒီကုန်သေတ္တာမှာ လက်နက်ထုတ်လုပ်ဖို့ အဓိကကျတဲ့ စက်ပစ္စည်းတွေ ပါပါတယ်။ မြန်မာနဲ့မြောက်ကိုရီးယားအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ မပြတ်တောက်သေးပါဘူး'' ဟု ရန်ကုန်ရှိ သံတမန် သတင်းရင်းမြစ်တစ်ဦးက ပြောကြားထားသည်ဟုလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် စိုးမင်းထိုက် ကုမ္ပဏီသည် လွန်ခဲ့သည့် နှစ် ၂၀ ၀န်းကျင်ခန့်အတွင်း တရုတ်နိုင်ငံထုတ် စစ်တပ်သုံး ထရပ်ကားများအပါအ၀င် စစ်တပ်သုံးပစ္စည်းအချို့ကို တင်သွင်းမှုများလုပ်ဆောင်ခဲ့သည်ဟု ယင်းကုမ္ပဏီနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။ ထို့ပြင် မြန်မာနိုင်ငံ၌ အခြားကုမ္ပဏီလုပ်ငန်း အကြောင်းပြ စစ်တပ်သုံးပစ္စည်း ၀ယ်ယူတင်သွင်းသည့် ကုမ္ပဏီအချို့ရှိနေသေးကြောင်းလည်း သိရသည်။

အဆာဟိ ရှင်ဘွန်းသတင်းတွင် ပါရှိသော မြောက်ကိုရီးယားမှ တင်ပို့သော ကုန်သေတ္တာကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ရှင်းလင်း ပြောကြားချက် အပြည့်အစုံ

၁။      အဆိုပါ ဖြစ်စဉ်မှ ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်ဖြစ်ကြောင်း ဖော်ပြထားပြီး ဂျပန်
အစိုးရထံမှ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မဟုတ်ကြောင်း တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့်လည်း နိုင်ငံတော်သမ္မတကြီးအနေဖြင့် မကြာသေးခင်ကပင် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံထိပ်သီအစည်းအဝေးတက်ရောက် စဉ် နှစ်နိုင်ငံတွေဆုံဆွေးနွေးမှုမျာ
း ဆောင်ရွက်ခဲ့သည် ဖြစ်၍ မြန်မာ-ဂျပန်ဆက်ဆံရေး အခြေအနေကောင်းများကို တွေ့ရှိနိုင်မည် ဖြစ်ပါသည်။

၂။      ၁၈-၁၁-၂၀၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်(၂/၂၀၁၂) တွင်လည်း အောက်ပါအတိုင်း အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါသည်-

      (က)       ပြည်ထောင်စုအစိုးရအနေနှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏နောက်တိုးလိုက်နာရန်အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော်သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါသည်။ (လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်မှလည်း လက်မှတ်ရေးထိုးရန် သဘောတူထားပြီး ဖြစ်၍ လက်မှတ်ရေးထိုးနိုင်ရန် ယခုအခါ ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။)

      (ခ)      မြန်မာနိုင်ငံအနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅၇ခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင် ခဲ့ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာတွင် အဏုမြူလက်နက်မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ခုနှစ်တွင် NPT ၏ နောက်တိုး သဘောတူညီချက် ဖြစ်သည့် Small Quantities Protocol စောင့်ကြည့်ထိန်းသိမ်းရေး စာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ် (Southeast Asian Nuclear-Weapon-Free Zone Treaty) များကိုလည်းကောင်း၊ ၁၉၉၆ခုနှစ် တွင် နျူကလီးယားစမ်းသပ်မှုတားဆီးရေး သဘောတူညီချက် (Comprehensive Nuclear Test Ban Treaty) တို့ကိုလည်းကောင်း လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါသည်။


      (ဂ)      ပြည်ထောင်စုအစိုးရအနေနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဆောင်ရွက်ရန်လည်း အခိုင်အမာ ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပါသည်။


၃။      ယခင်က သုတေသနနျူကလီးယားဓါတ်ပေါင်းဖို တစ်ခု တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတော်၏ ငွေကြေးတတ်နိုင်မှု၊ နည်းပညာ စသည့်လိုအပ်ချက်များကြောင့်လည်းကောင်း၊ နိုင်ငံတကာ အသိုင်း အဝိုင်းမှ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့ခြင်းကြောင့်လည်းကောင်း နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော အစိုးရလက်ထက်တွင် ယင်းသုတေသနစီမံကိန်းကို စွန့်လွှတ်ထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် အခွင့်အခါ ကြုံတိုင်း ရှင်းလင်း ပြောကြားလျက် ရှိကြောင်း အထင်အရှား တွေ့ရှိနိုင်ပါသည်။

သို့ပါ၍ အဆာဟိရှင်ဘွန်းသတင်းစာပါ သြဂုတ်လ ၂၂ ရက်နေ့နောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများအား ပြန်လည် လေ့လာကြည့်လျှင် ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေးမှု၊ နိုင်ငံတကာခေါင်းဆောင်များနှင့် စဉ်တိုက်ဆက်တိုက် တွေ့ဆုံမှုများ၊ အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်သွားခဲ့မှု စသည့် ကြီးမားလှသော ဖြစ်စဉ် ဖြစ်ရပ်များစွာ တွေ့မြင်နိုင်ခြင်းကြောင့် အဆာဟိရှင်ဘွန်းသတင်းစာပါ ဖော်ပြချက်နှင့်စပ်လျဉ်း၍ စဉ်းစားသုံးသပ် နိုင်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားလိုပါသည်။


Ref;Asahi Shinbum

Comments 

 
0 #28 USaytanar 2012-11-28 11:02
Quoting ဇမ္ဗူတလူ:
မြန်မာပြည်စစ်တပ်က PhD တွေကကော ဒါလေးတောင် ကိုယ့်ဘာသာစာဖတ်ပြီးတော့ မလုပ်နိုင်ဘူးလား။ ငါတို့လည်း စွမ်းတယ်ဆိုတာကို လုပ်ပြစေချင်တယ်။
As, everybody knows the quality of Ph.D under SPDC government of Russian graduates.
 
 +2 #27 USaytanar 2012-11-28 10:54
Quoting U Thant:
Our country need big weapon.Whoever is the president is not the matter to defense the country.

In case of emergency , no one will come and help. We are on our own.

I don't want you guy to blame to government. Because , If Daw Aung San Su Kyi is a president now, what you guy will say ?

Please forget about the government. Just think about the country. We need technology, weapon ,and better economic . For our country. Those technology need long time to get. If we do not start now , it will be too late when we need it.
So Stupid! We are having the most corrupted military in our country. All high ranking military officers except Mr. President is extremely and extraordinarily RICH.

On the other hand, look at our education and health care system. It has been neglected for 50 years.

That is more alarming than "military related challenges".

Although you pour huge budget to the military, it is nothing competitive under those selfish, headless and stupid BOGYOKEs. Remember, there is no transparency at all to your defense budget. No on is allowed to be checked.
 
-1 #26 U Thant 2012-11-28 10:37
Our country need big weapon.Whoever is the president is not the matter to defense the country.

In case of emergency , no one will come and help. We are on our own.

I don't want you guy to blame to government. Because , If Daw Aung San Su Kyi is a president now, what you guy will say ?

Please forget about the government. Just think about the country. We need technology, weapon ,and better economic . For our country. Those technology need long time to get. If we do not start now , it will be too late when we need it.
 
+1 #25 ငရဲသား 2012-11-28 10:32
ဖတ်ဖူးခဲ့တဲ့သတင်းလေးတွေကို ပြန်လည်ဝေမျှပါတယ်..။
--------------------------------------------------
25-11-2010 က ဗီအိုအေက မေးမြန်းခန်းတစ်ခုကပါ..။

ဦးမြင့်စိုး။ ။ စင်္ကာပူကနေပြီးတော့ တဆင့် စင်္ကာပူတရုတ်တွေကနေ တဆင့် ကြားခံပွဲစားတွေနဲ့ မြောက်ကိုးရီးယားကို စေလွှတ်ပြီးတော့ မြောက်ကိုရီးယားကပညာရှင်တွေကို သူတို့ခေါ်ယူဆွေးနွေးပြီးတော့ ကျနော်တို့ မြန်မာပြည်ထဲကို သူတို့ passport ၊ visa မလုပ်ဘဲနဲ့ တရုတ် ပြည်ကနေ အောက်လမ်းကနေ ကျနော်တို့မြန်မာနိုင်ငံထဲကို ခိုးသွင်းလာတာတွေ ဖြစ်လာတယ်။ ကျနော်တို့ မြန်မာနိုင်ငံက စိုးမင်းထိုက် ကုမ္ပဏီ က စင်္ကာပူအခြေစိုက်ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီးတော့ တရုတ်ကနေမှတဆင့် မြောက်ကိုးရီးယားကို စေလွှတ်ပြီးတော့ သွင်းတာပါ။ ကျနော်သိ သလောက်ကတော့ မြန်မာပြည်က ကိုယ်စားလှယ်က စိုးမင်းထိုက် တို့ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ စိုးမင်းထိုက်ကုမ္ပဏီက ပုဂ္ဂလိကကုမ္ပဏီ ပေါ့။

ဦးမြင့်စိုး။ ။ ဟုတ်ကဲ့။ ဦးစိုးမင်းထိုက်ကိုတော့ ကျနော်မြင်ဖူးတာ ကျနော်တို့ ကာကွယ်ရေးပစ္စည်းစက်ရုံ အားလုံးနဲ့ပတ်သက်ရင် ဦးစိုး မင်းထိုက်က ကျနော်တို့စက်ရုံတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို သူကနေ အားလုံး သွင်းပါတယ်။ စိုးမင်းထိုက်က ကျနော်တို့စက်ရုံအားလုံး အပေါ်မှာ သြဇာသက်ရောက်တာကိုလည်း ကျနော်တို့ သိရတယ်။
မူရင်းသတင်းလင့်
burmese.voanews.com/content/article-11-26-10-soldiers-talk036-110814889/1245622.html
--------------------------------------------------------------------------------------
20-11-2011 က ဖတ်ဖူးတဲ့ ဆောင်းပါးပါ။
မြောက်ကိုးရီးယားနိုင်ငံမှ စမ်းသပ် ဒုံးပျံ ပစ်လွှတ်နေစဉ် စက်ရုံစီမံကိန်းအတွက် ပညာရှင်များမှအစ လူအင်အားစုဆောင်းခြင်း၊ စက်ပစ္စည်းများ တင်သွင်းခြင်း၊ ငွေပေးချေခြင်းတို့ကို လျှို့ဝှက်လုပ်တာ ဖြစ်တဲ့အတွက် ကြားခံကိုယ်စားလှယ် ကုမ္ပဏီများထားပြီး လုပ်ခဲ့ပါတယ်။ ဒီကြားခံ ကိုယ်စားလှယ်ကတော့ စိုးမင်းထိုက် ကုမ္ပဏီပဲဖြစ်ပါတယ်။ ငွေပေး ငွေယူ ကိစ္စတွေမှာ အထူး လျှို့ဝှက် ဆောင်ရွက် ရတာတွေရှိတာကြောင့် အထက် အဆင့်အမြင့်ဆုံး အပိုင်းကသာ သိရှိနိုင်ပါတယ်။

နိုင်ငံခြားမှ လက်နက်များ၊ စစ်ပစ္စည်းများ၊ စစ်လေယာဉ်၊ ရဟတ်ယာဉ်၊ စစ်ရေယာဉ်၊ အမြောက်ကြီးများ၊ အစ ရှိသည်တို့ကို ၀ယ်ယူတင်သွင်းရာမှာ အဓိက ပါဝင်တဲ့ တေဇရဲ့ ကုမ္ပဏီများ ပါဝင်ခြင်းရှိမရှိ၊ စိုးမင်းထိုက်ဟာ တေဇရဲ့ လက်အောက်ခံ ကုမ္ပဏီ တစ်ခု ဟုတ် မဟုတ်တော့ မသိနိုင်ပါ။ ဒါပေမဲ့ ဒုထုတ်ချုပ်လို့ ခေါ်တဲ့ ဗိုလ်မှူးချုပ် ခင်မောင်ဝင်း တာဝန် ထမ်းဆောင်စဉ်ကတောင် ကပစ စက်ရုံများကို ၀င်ရင် စစ်ဆေးမြန်းခြင်း ခံရပေမဲ့ စိုးမင်းထိုက် ကိုတော့ မည်သည့် ကပစသို့ မဆို အစစ်အဆေး အမေးအမြန်း မရှိ ၀င်ခွင့်ပြုတာများကို ထောက်ရင်တော့ စိုးမင်းထိုက်ရဲ့ အရေးပါပုံကို သိသာနိုင်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီဟာ မြန်မာ့ကမ်းလွန်ရေနံနဲ့ ဓါတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေးမှာ အဓိကလုပ်ပိုင် ခွင့်ရနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ကမ်းလွန် ရေနံနဲ့ ဓါတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ရောင်းချရုံနဲ့ မြန်မာစစ်အစိုးရ အတွက် တစ်နှစ်ကိုဒေါ်လာ သန်းပေါင်း ထောင်ချီပြီး ၀င်ငွေများ ရနေပါတယ်။ ဒီဝင်ငွေ များဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ စာရင်းများထဲကို မရောက်ပဲ ပြည်ပနိုင်ငံ တချို့မှာ ငွေစာရင်းဖွင့်ပြီး ထည့်ထားပါတယ်။ ဒီငွေစာရင်းများကို သိသူ ထိန်းသိမ်းသူကတော့ ထိပ်ပိုင်းက တစ်ဦးနှစ်ဦးသာ ဖြစ်ပါတယ်။ အဲဒါတွေကို ဦးပိုင် ကုမ္ပဏီနဲ့ Myanmar Economic Holdings လို့ ခေါ်တဲ့ စစ်အစိုးရရဲ့ အလျှို့ဝှက်ဆုံး financial institution က ချုပ်ကိုင်ပါတယ်။ ဒီ ဦးပိုင် နဲ့ MEH တို့ကို တာဝန်ယူ လုပ်ကိုင်ရသူကတော့ ကကထုတ် ရဲ့ ထုတ်ချုပ်လဲ ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး ဖြစ်ပါတယ်။
မူရင်းသတင်းလင့်
photayokeking.org/armydevelopment/defense-factory/135-it-is-improtent-to-be-ngatay
-----------------------------------------------------
အဲဒီတုန်းက မဟုတ်မမှန် ၀ါဒဖြန့်တယ် ဆိုတဲ့သတင်းတွေက အခု ဘာ့ကြောင့်မှန်နေသလဲ.။
အဲဒီတုန်းက ပါဝင်ပတ်သက်သူတွေက အခု ပုဆိုးကြီးတွေနဲ့ ဘယ်လိုရာထူးတွေရနေကြသလဲဆိုတာ...... :P


အိုဘာမားကြီးက ဒါကိုသိလို့ တပ်မတော်နဲ့ အစိုးရကို ခွဲခြားပြသွားခဲ့တယ်ဆိုတာ... သဘောပေါက်..။
 
+3 #24 ciojio 2012-11-28 10:24
သို့ # ooookyaw
ခင်ဗျား ပြောတာ တွေ အကုန် လက်ခံ ပါတယ်။ နိင်ငံ ကာကွယ် ဖို့ ဘယ်လို လက်နက် မျိုး လို လည်း ဆိုတာတော့
ကိုယ့်ဘေး က အိမ်တွေ မှာ ဘာရှိ လည်း ကြည့် ရမှာ ပေါ့ဗျာ။ ရခိုင် မှာတုန်း ကလို ဘေးက ဘင်ဂလီ ရွာ မှာ တူမီး သေနတ် တွေ ရှိတာ ကို
ရခိုင် တွေ က ဒုတ်လောက်၊ ဓား လောက် နဲ့ သွား တော့ ဘယ်ရပါ့မလဲ။
ကျနော် က ရှိဖို့လိုအပ် တယ် ဆိုတာ လောက်ကို ပြောချင်တာပါ။ ဘယ်အချိန် မှာ မှ ဝယ်သင့်တယ်၊ ဘယ်သူ ဆီက ဝယ်သင့် တယ် ဆိုတာတော့
ဖြစ်နိင်ရင် အမေရိက မှာလို လွတ်တော် ဒါမှမဟုတ် လွတ်တော် က ဖွဲ့ စီး ပေး တဲ့ ပညာ ရှင်တွေ ပါတဲ့  အဖွဲ့ တစ်ခု က နိင်ငံ ရဲ့  စီးပွါးရေး အခြေအနေ၊
ဘေး အိမ် တွေ ရဲ့  ချိမ်းခြောက် မူ့ တွေ ကို အခြေခံ ပြီး ဆုံးဖြတ် ပေး သင့်ပါတယ်။
 
+4 #23 kowuntho 2012-11-28 09:21
နိုင်ငံတော်က ငွေတွေဟာ ဒီနည်းနဲ့ ကုန်နေတာပါ။။ ပေါ်လစီ မှန်အောင်လုပ်၊ ယူအက်စ နဲ့ အလွမ်းသင့်အောင်ပေါင်း၊ ပြီးရင် မင်းတို့ စစ်တပ်ဘာလို ချင်တုန်း? အပ်ကနေ လူမဲ့ လေယဉ် ထိ ဝယ်လို့ရတယ်။။ 8)
 
 +4 #22 ဇမ္ဗူတလူ 2012-11-28 08:54
Quoting ciojio:
နောက် ကို မှာ မရှိ မှ ဟို အိမ်နီးချင်း က ရန်ကုန် ကို ဘယ်နှစ်ခု၊ နောက် တယောက် က မန္တလေး ကို ဘယ်နှစ် ခု ချိန် ထားတယ် ဆိုမှ ဟိုလူ ပြေး အဖေ ခေါ် ရ၊ ဒီလူ့  မျက်နချို သွေး ရ ဖြစ်နေပါဦးမယ်။
အရင် MIG 29 တွေ မရှိ တုန်း က ဘေးအိမ် က F16 ခပ်မာမာ ဝင် ပျံ သွားတာ လည်း မမေ့ ကြ ပါနဲ့  ဦး။
ခင်ဗျားပြောတာ သဘောတူတယ်ဗျ။ ဒီကောင်တွေ အဖြစ်သည်းနေတဲ့ Aluminium 7000 Series ဆိုတာ တရုတ်မှာ ဖောချင်းသောချင်းထုတ်နေတာဗျာ။ မယုံရင် Alibaba မှာ ဝင်ရှာကြည့်။ (www.alibaba.com/showroom/7075-t6-aluminium-alloy-tube.html) မြန်မာပြည်က သွားဝယ်တော့မှပဲ လခွီး။ ကိုယ့်ဘာသာ အမြှောက်ဆံထုတ်ထုတ်၊ လေယာဉ်ပျံထုတ်ထုတ်၊ စက်ဘီးက စပုတ်တံထုတ်ထုတ် အချုပ်အခြာအာဏာပိုင်တဲ့တိုင်းပြည်အနေနဲ့ ရှိသင့်တဲ့ကိစ္စပဲ။ မြန်မာပြည်စစ်တပ်က PhD တွေကကော ဒါလေးတောင် ကိုယ့်ဘာသာစာဖတ်ပြီးတော့ မလုပ်နိုင်ဘူးလား။ ငါတို့လည်း စွမ်းတယ်ဆိုတာကို လုပ်ပြစေချင်တယ်။ သတ္တုချောင်းလေး လေး ငါးဆယ်ဝယ်တာကို သောက်ကြီးသောက်ကျယ်အပြောခံရတာကို ခံပြင်းလွန်းလို့။
 
+2 #21 Demoe 2012-11-28 08:25
Shamless government!

Like this VIP case, the MUU ZAW dare to say that "this is not concern with government!"
You all are very shamless peoples.
Why not investigate this company and send to jail?
Your god fathers' company?
Stupid government!
 
+18 #20 O SA KI 2012-11-28 07:27
Quoting maungmgu:
မြန်မာနိုင်ငံက နျုကxxxယားထုတ်ဘို့မဟုတ်ပဲ ဒုံးကျည် ထုတ်ဘို့ဆို ဘာဖြစ်လဲ၊ ကာကွယ်ရေးပစ္စည်းထုတ်ဘို့ ဘယ်သူနဲ့မဆို ပေါင်းနိုင်တာ လွတ်လပ်တဲ့နိုင်ငံတခုရဲ့ အခွင့်အရေးပဲ၊ ဘယ်သူကိုမှ ဘယ်သူနဲ့ မပေါင်းတော့ပါဘူး ကတိပေးစရာ မလိုဘူး၊ ဒါဆိုရင် သူတို့က လက်နက်အစား ရောင်းပေး မလား၊
ဒါဆိုလဲ ဖာသည်တွေလိုမလိမ်နဲ့ လေ လက်မှတ်လဲမထိုးနဲံ့ လေ
မင်းပထွေးတွေက စစ်သားသာဆိုတယ်..အခြောက် ဖာသည်တွေလောက်တောင်သတ္တိ မရှိ ကတိမတည်ဘူး...
 
+28 #19 ooookyaw 2012-11-28 04:08
သို့ #18 ciojio

တိုင်းပြည်ကာကွယ်ဖို့ လက်နက်လိုတယ်ဆိုတာကို အငြင်းမပွားလိုပါ။ ဒါပေမဲ့ ဘယ်လိုလက်နက်မျိုးလဲ၊ အနုမြူဗုံးတို့ တာဝေးပစ်ဒုံးပျံတို့မှ ဖြစ်မှာလားဆိုတာကိုတော့ ကိုယ့်အခြေအနေနဲ့ ကိုက်အောင် ဆုံးဖြတ် တတ်ရပါမယ်။ ငါတို့စစ်တပ် လုပ်တာ အကုန်မှန်၊ ငါတို့လောက် တတ်တာ၊ ငါတို့လောက် တိုင်းပြည်ချစ်တာ ဘယ်သူမျှ မရှိ ဆိုတဲ့ အပေါက်မျိုးကို ပြည်သူတွေက အော့နှလုံးနာနေတာပါ။ ပြီးတော့ ဗိုလ်အကုန်တတ်၊ ဗိုလ်ပြည်ချစ်ကြီးတွေကပဲ ရသမျှ အကုန်ယူ အိပ်ထဲအကုန်ထည့်ကြတယ်။ အဲဒီ အပေါက်မျိုးတွေကြောင့် စစ်တပ်၊ စစ်တပ် ကျောထောက် နောက်ခံပြုထားတဲ့အစိုးရ၊ တပ်ထွက်တွေ ဗိုလ်ကျစိုးမိုးနေတဲ့ အုပ်ချုပ်ရေး ယန္တယား တွေကို ပြည်သူတွေက အကောင်းမမြင်နိုင်ကြတာပါ။
 
+31 #18 ciojio 2012-11-27 20:50
စစ်တပ် နဲ့  အစိုးရ လုပ် ရပ် တိုင်း မှားတယ် လို့ ပြောကျတော့ မှာလားဗျာ။
နျူကလီးယားလက်နက် ခု မထုတ် ရင် ပြီး တာ ပါဘဲ။ ဒါတောင် ခု လောလောဆယ် အတွက် ပြောတာ နော်။
ကိုယ့် အိမ်နီးချင်း တွေ လည်း ပြန်ကြည့် ကြ ပါဦး။ လူမျို ချင်တဲ့  လူနဲ့ ၊ သယံဇာတ ထွက်တဲ့  မြေကို တရားဝင် ဘောင်ထဲ က လု ယူ တဲ့  လူ။
တရားမဝင် အောက်လမ်း နဲ့  ခိုး သယ် တဲ့ လူ၊ အရင် နှစ်တရာ ကျော် က သမိုင်း ကြောင်း ကြောင့် အငြိုး ထား တဲ့  လူ တွေ နဲ့ ။
ပြီး အင်အား ကြီး အိမ်နီး ချင်း တွေ က လည်း နူ လက်နက် ကိုယ်စီ နဲ့ ၊ ခု တောင် ကြောက်နေရပါတယ် လို့ ဝန်ခံ ထား ရပြီ။
ကိုယ့်  နိင်ငံ သာ တည် ငြိမ် တိုးတတ် ပြီး ၊ အမေရိက လို နေတိုး လို အဖွဲ့  တွေ နဲ့  အဆင်ပြေအောင် နေနိင် ရင် နူ လက်နက် တောင် ကိုယ့်ကို ကို ကာကွယ်ဖို့ ရှိ ထားသင့်တယ်။
သိပ်လည်း မစိုး ရိမ် ကျ ပါနဲ့ ၊ ဒုံးကျည် လို လက်နက် ကို ပြည်တွင်း အရေးအခင်း နိမ်နှင်း တာတို့ ၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့  ကို တိုက်တာ တို့ မှာ သုံးလို့ မရပါဘူး။
နောက် ကို မှာ မရှိ မှ ဟို အိမ်နီးချင်း က ရန်ကုန် ကို ဘယ်နှစ်ခု၊ နောက် တယောက် က မန္တလေး ကို ဘယ်နှစ် ခု ချိန် ထားတယ် ဆိုမှ ဟိုလူ ပြေး အဖေ ခေါ် ရ၊ ဒီလူ့  မျက်နချို သွေး ရ ဖြစ်နေပါဦးမယ်။
အရင် MIG 29 တွေ မရှိ တုန်း က ဘေးအိမ် က F16 ခပ်မာမာ ဝင် ပျံ သွားတာ လည်း မမေ့ ကြ ပါနဲ့  ဦး။
 
+26 #17 Naing Tun 2012-11-27 20:32
စိုးမင်းထိုက် ဆိုတာအလုပ်သင်ဗိုလ် တစ်ဦးပါ
စစ်ဗိုလ်အလုပ်ကလွဲပြီး ကျန်တဲ့အလုပ်အကုန်လုပ်တတ်တယ်
မြန်မာပြည်မှာ စင်တင်,kTV,အနှိပ်ခန်း စခဲ့တဲ့ ဂုရုထဲမှာပါတယ်။။
 
 +47 #16 Snipher 2012-11-27 18:42
အဲဒီ ကုမ္မဏီကို ချက်ချင်းစီးနင်းဖမ်းဆီးစစ်ဆေးကြပါလားဗျာ။ ဘာ
မှ ငြင်းချက်ထုတ်နေစရာလို့ လိုလဲ။ ဥပဒေရဲ့ အထက်မှာ ဒီကုမ္မဏီက ရှိနေလို့လားဗျာ။ ခင်ဗျားတို့ရဲ့(အာဏာပိုင်) ကိုင်တွယ်ပုံပျော့ညံ့မှု တွေကြောင့် အမျိုးမျိုးအနယ်နယ်မှာ ရာဇ၀တ်
မှု ထူပြောလာနေပါပြီ။ သူတို့လည်း ချိုးဖောက်၊ ကျုပ်တို့လည်း
ချိုးဖောက်တယ် ဆိုပြီး လုပ်နေကြမှာဖြင့် တိုင်းပြည် မငြိမ်ဝပ် နိုင်ပါဘူး။ တိုင်းပြည်ငြိမ်ဝပ်ပိပြားမှုဆိုတာ နိုင်ငံရေးသမား တွေအတွက် ချန်ထားတယ်ထယ်တယ်။
 
+82 #15 ညိုမြ 2012-11-27 18:22
လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံက သူ့ဘာသာ သုံးနိုင်လို့ စစ်ရေးအတွက် ဖြည့်တာ ဖြည့်လို့ရတယ်လို့ ဘဲ မြင်ပါတယ်။ အနုမြူဗုံးမထုတ်ဘူး၊ လူဆိုး၊ သူခိုး၊ ဗိုလ်ကျ၊ စော်ကားမှု မလုပ်ရဲအောင် ရှိသင့်ရှိထိုက်တဲ့ လက်နက်အင်အား၊ အတတ်ပညာဆိုတာ ရှိကို ရှိသင့်တဲ့ ကိစ္စလို့ဘဲလို့ မြင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကတော့ ဒီအချိန်က အချိန်ကောင်း မဟုတ်သေးပါ။ ရှင်းစရာ၊ လင်းစရာကိစ္စတွေ တစ်ပုံတစ်ခေါင်းနဲ့ အချိန်မှာ သက်သက်မဲ့ အပိုဆောင်းပြီး ဒုက္ခရှာနေသလိုဖြစ်နေမှာပါ။ အစိုးရနဲ့ မဆိုင်ဘူးလို့ ပြောသွားတာပါ။ စစ်တပ်နဲ့ မဆိုင်ဘူးလို့ မပြောပါဘူး။ စစ်တပ် လိုတာမှန်သမျှ ဦးပိုင်က သိသိသာသာတစ်မျိုး၊ မသိမသာ ခိုးကြောင် ခိုးဝှက်တစ်မျိုး သွင်းပေးနေတာ သက်ဆိုင်သူတိုင်းသိကြတဲ့ လျို့ဝှက်ချက်ကြီးပါ။ အရပ်သားအစိုးရပြောင်းခါနီးပြီဆိုပြီး သူတို့ စက်ယန္တရားတွေအတွက် spare parts တွေကို ဒေါ်လာသန်း ဆယ်ပေါင်းများစွာ ၀ယ်ထားတာ သိတဲ့သူတွေ အများကြီးပါ။ အခုလဲ ဒီကစ္စမှာ စစ်တပ်က ကုမ္ပဏီကို တစ်ဆင့်ဝယ်ခိုင်းတာဘဲ ဖြစ်ဖို့များပါတယ်။ ၀ယ်ပါ..မ၀ယ်နဲ့လို့ မပြောပါဘူး။ အိမ်တွင်း ရန်ဖြစ်နေတာတွေ အရင် ရှင်းကြပါ။ အချင်းချင်း ချစ်ခင် ကြင်နာမှုနဲ့ ရှေ့ကို အရင်ရောက်အောင် သွားကြရအောင်ပါ။ ပြီးရင် နိုင်ငံကို ကာကွယ်တဲ့၊ ပြည်သူ့မျက်နှတစ်ခုတည်းသာကြည့်တဲ့၊ သူခိုး၊ ဂျပိုး လက်ကိုင်တုတ်ကြီး မဖြစ်အောင်သာ ကြိုးစားကြစမ်းပါ။ ပြည်သူတွေက တောက်ပ ပြောင်လက်နေအောင် စစ်တပ်ကို မထားရင် ကျနော့်ကို အရင် ပါးရိုက်လှည့်ပါ။ စစ်တပ်ကို မမုန်းပါ။ စစ်တပ်က သူခိုးကြီးများကိုသာ ရွံ့တာပါ။
 
 +15 #14 rootkit 2012-11-27 16:01
A Rangoon-based company, Soe Min Htaik Co. Ltd, plays a central role in weapons procurement from China, South Korea, North Korea and Russia.

Soe Min Htaik Co. Ltd is a private company that was formed by Burma’s Defense Industry in the early 1990.

Analysts say Soe Min Htaik Co. procured surface-to-surface missiles (SSMs) from China and North Korea.

The Burmese military also has created two military-managed economic organizations: the Myanmar Economic Corporation (MEC) and Union of Myanmar Economic Holding Limited (UMEHL), established in 1989 and 1990 respectively.
 
 +41 #13 rootkit 2012-11-27 15:33
စိုးမင်းထိုက် Co.,Ltd.
အမှတ် ၄/အေ/၆၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်
Ph: 666591, 664184, 666590
 
 +45 #12 ဇမ္ဗူတလူ 2012-11-27 15:16
မြန်မာပြည်က လူတွေ Metallurgy ပညာအတော်အဆင့်မြင့်ရင် ဒီလိုလူပြောသူပြောခံရမှာတောင် မဟုတ်ဘူး။ နှစ်ပေါင်းများစွာ ပညာရေးအဆင့်နိမ့်ကျခဲ့တဲ့ အကျိုးဆက်တွေပေါ့ဗျာ။ :P
 
+32 #11 USaytanar 2012-11-27 14:26
Who is the real owner of "Soe Min Htike Co. Ltd.,"?

Then, this issue would be quite clear. It can be a good question in the next parliament.
 
+89 #10 thaungmt 2012-11-27 14:14
အန်တီစုကပြောပြီးသားပဲ။ စစ်တပ်နဲ့ သမတက သပ်သပ်ဆီပါလို့။ စစ်တပ်ကဆက်သွယ်ချင် ဆက်သွယ်မှာပေါ့။ ဦးဇော်ဌေးသိတာကျလို့။
 
 64 #9 maungmgu 2012-11-27 14:02
မြန်မာနိုင်ငံက နျုကလီးယားထုတ်ဘို့မဟုတ်ပဲ ဒုံးကျည် ထုတ်ဘို့ဆို ဘာဖြစ်လဲ၊ ကာကွယ်ရေးပစ္စည်းထုတ်ဘို့ ဘယ်သူနဲ့မဆို ပေါင်းနိုင်တာ လွတ်လပ်တဲ့နိုင်ငံတခုရဲ့ အခွင့်အရေးပဲ၊ ဘယ်သူကိုမှ ဘယ်သူနဲ့ မပေါင်းတော့ပါဘူး ကတိပေးစရာ မလိုဘူး၊ ဒါဆိုရင် သူတို့က လက်နက်အစား ရောင်းပေး မလား၊
 
+43 #8 heinsithant 2012-11-27 13:44
ကာဂိုလို့ မရေးဘဲ ကုန်သေတ္တာ ဟုရေးသင့်ပါသည်။
 
+66 #7 kinglakeshore 2012-11-27 12:19
မုန်လာဥ လုပ်နေတယ်…….ဆောင့်ဆွဲလိုက်လို့ မျိုးတုန်းသွားမယ်…. :o
 
+65 #6 Mr.talkative11 2012-11-27 11:49
အန်ကယ်ဆမ် လာခါနီး ကမန်းကတန်း အရူးချီးပန်းနဲ့ ' နောင်မလုပ်တော့ပါဘူး ကြောက်ပါပီဂျ' လုပ်တာကို ဂျပိတွေက ကြည့်မရလို့ ဆော်ထည့်လိုက်တာ ဖြစ်မယ်။ ကောင်းတယ်၊ မှတ်ကရော။
အားကစားသမားတွေ ဆုတံဆိပ်ရရင် တောင် ဂုဏ်ယူတတ်သေးတာပဲ။ ဒါလဲ ဂုဏ်ယူလိုက်ပေါ့ဗျာ။
 
+54 #5 aungnaing2000 2012-11-27 11:49
How can trust our GOV? Lie Lie Lie..... can't end .... !
 
 
+142 #4 Change 2012-11-27 11:29
Quoting ooookyaw:
ဒါတွေက ဂျင်ဂလိလုပ်ဖို့မှ မဟုတ်ဘဲ။ အဆင့်မြင့်လက်နက်လုပ်နိုင်တဲ့ဟာတွေလေ၊ ကုမ္ပဏီနဲ့ပဲ ဆိုင်တယ်ဆိုရင် အဲဒီစိုးမင်းထိုက်ကုမ္ပဏီကို ဘာလို့ အရေးမယူတာလဲ၊ ငြင်းရန်လည်း ယုတ္တိရှိရှိလဲ လုပ်ပါ ညွှန်မှူးအကောင်းစားကြီးရယ်။
သတ္တုပိုက်လုံးတွေက တီဗီအင်တီနာလုပ်ဖို့ပါ...
:P#3 linthet 2012-11-27 11:29
တိုင်းပြည်မျက်နှာပျက်တယ်... ဟိုတလောကပဲ N kroea နဲ့ အဆက်အသွယ်တွေ လျှော့ချနေတာ တွေ့တယ်လို့ US emb က ပြောနေတာ... ခုကြည့်ဦး.... အားလုံးငြိုငြင်အောင်လုပ်ပြန်ပီ...
တို့တတွေ လူတောတိုးမယ်ကြံတယ်... ငါးခုံးမတစ်ကောင်က လာပြီ
မြောက်ကိုရီးယားက လက်နက်က ပိုကောင်းလို့လား... ဘယ်သူကို သတ်ဖို့လိုနေပြန်ပြီလဲ...
 
 +144 #2 ooookyaw 2012-11-27 11:14
ဒါတွေက ဂျင်ဂလိလုပ်ဖို့မှ မဟုတ်ဘဲ။ အဆင့်မြင့်လက်နက်လုပ်နိုင်တဲ့ဟာတွေလေ၊ ကုမ္ပဏီနဲ့ပဲ ဆိုင်တယ်ဆိုရင် အဲဒီစိုးမင်းထိုက်ကုမ္ပဏီကို ဘာလို့ အရေးမယူတာလဲ၊ ငြင်းရန်လည်း ယုတ္တိရှိရှိလဲ လုပ်ပါ ညွှန်မှူးအကောင်းစားကြီးရယ်။
 
+109 #1 USaytanar 2012-11-26 23:06
We are strongly against those weapons. Mr. President, please use much more budget on "education" and "health care".

That will damage the relationship between western countries and our country.
:P

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။